Wednesday, December 23, 2009
ရောင်းကုန်မဟုတ်ကြောင်း ကြေငြာချက်များ
Posted by တေလေ at 11:20 AM 0 comments
Labels: ကဗျာ
Sunday, December 20, 2009
ဝစ္စပေါက် သည် သိက္ခာဖြစ်ကြောင်း
Posted by တေလေ at 3:02 PM 0 comments
Labels: ကဗျာ
Friday, December 18, 2009
ရိုးရိုးလေးရေးထားသော
Posted by တေလေ at 10:21 AM 0 comments
Labels: ကဗျာ
Friday, December 11, 2009
အင်တာနက်သုံးပါတယ်။ ခင်ဗျားနဲ့လည်း ဆက်သွယ်ဖူးပါတယ်။
Posted by တေလေ at 11:29 AM 0 comments
Tuesday, December 8, 2009
အင်တာနက် သုံးတယ်မို.လား ကျွန်တော်နဲ. ဆက်သွယ်လိုက်ပါ
ငါဟာ စိတ္တဇ တပ်သားသစ်ပေါ့ သူတစ်ညလုံးငိုနေတာ သူသိတယ် ငါသိတယ် လူတွေမသိဘူး သူမကပြောတယ် ငါနတ္တိဖြစ်နေလားတဲ့ (ထိုလေသံတွင် စိုးရိမ်မှုပါနေသလား မပါဘူးလားဟု ကျွန်တော် မခွဲခြားတက်ပါ ) ဘ၀ရဲ့ပုစ္ဆာဟာ ဘာလည်း မင်းရဲ့ဘ၀ဟာ ....... ဘာ ...ပေါင်းများစွာ (ဒီပုစ္ဆာ) ဘာမှ မဖြစ်ပါဘူးဗျာ (ဆက်ပြောရန်မရှိ) မဖြစ်ရင် ပြောပြပါနော် (ဆက်ပြောရန်မရှိကြောင်း မသိပဲ မေးလိုက်ခြင်း) ဖြစ်အောင် ပြောပြရမယ်ပေါ့နော် "မဖြေချင်တာကို အတင်းအကျပ်မေးခြင်းဟာ အဲဒီလူကို လိမ်တက်အောင် သင်ပေးနေတာပဲ" (ကြားဖူးသော စကားတစ်ခွန်း ) မင်းရော ငါရော သူရော အခုစကားစပ်မိလို. ပြောကြည့်တော့ အားလုံး နတ္တိတွေဖြစ်နေပြီ......... ငါတို. မျက်ရည်တွေနဲ. ရယ်ကြရအောင် ဟေ့ကောင် မင်းဆက်မပြောနဲ.တော့ မင်းခံစားချက်ကို ငါတို.နားလည်တယ် ငါတို.သိတယ် ငါတို.ဟာလည်း... မင်းပါပဲ တော်တော်ပြောရ ခက်တာပဲ ခက်တာကို တော်တော်ပြောတာကိုး ဘယ်လိုလူလည်း မသိဘူး မသိတဲ့လူဟာ ဘယ်လိုလဲ ကောင်းကောင်းကို အပြောမခံဘူး အပြောမခံရတာ ကောင်းတယ် "သူ နဲ့ ငါ တကယ် ဝေးသွားပြီ မင်းသိလား ဟို ကဗျာ ဆန်ဆန် ပြောရရင်တော့ဦးနှောက်က အသိကို ရင်ဘတ်က မလိုက်နိုင်သေးဘူး" ငါ (ကျွန်တော့်သူငယ်ချင်း) နည်းနည်းပြုံးမယ်ထင်တယ် "နောက်တော့လည်း တစ်ယောက်တည်း နေရဲသွားမှာပါ'" အဝေးက ဖုန်ဆိုးလွင်ပြင်တွေ အဲ့စကား သိပ်ဟောင်းနေမလားမသိ အဝေးက ဖုန်ဆိုးလွင်ပြင်တွေ လည်ချောင်းထဲကို တစ်စချင်းတစ်ထစ်ချင်း နောက် နှလုံးသားထဲထိ သူငယ်ချင်းက ကျွန်တော်ကို ဟာသ တစ်ပုဒ်ပြောပြတယ် သူငယ်ချင်းး ဘုရားမဲ့ နဲ့ ဘုရားရှိ တို့တွေ့ကြတယ် ဘုရားကိုယုံတဲ့သူက ပြောတယ် လူတစ်ယောက် ဘုရားကျောင်းထိပ်က me: အင်း (ဒီအသံဟာ သူ.ကို အနှောင့်အယှက်မဖြစ်စေဘူး လို.ယုံတယ်) သူငယ်ချင်း : ခေါင်းလောင်းတိုင်ပေါ်တက်တယ်ပြုတ်ကျတယ်မသေဘူးဘုရားမဲ့က ပြောတယ် တိုက်ဆိုင်မှုပါ me: အင်း ဆက်ပြောလေကွာ ငါနားထောင်နေတယ် သူငယ်ချင်း: ဘုရားယုံ ဆက်ပြောတယ်နောက်တစ်ခါတက်တယ် ။ စောစောက တက်တဲ့သူပဲတဲ့ ထပ်ပြုတ်ကျတယ် မသေဘူး ဘုရားမဲ့ ပြောတယ် ဒါ တိုက်ဆိုင်မှု တဲ့ me: အင်း ဆက်ပြော သူငယ်ချင်း: နောက်တစ်ခါ ထပ်ဖြစ်တယ်စောစောကလူပဲတဲ့ ထပ်တက်တယ်တဲ့ ထပ်ပြုတ်ကျတယ်တဲ့ မသေပြန်ဘူးတဲ့ ဘုရားယုံတဲ့သူက ပြုံးပြီး ပြောတယ် ဒီတစ်ခါကိုရောမင်း တိုက်ဆိုင်မှုလို့ ပြောဦးမလားတဲ့။ ဘုရားမဲ့ ပြန်ပြောတယ်။ ဒါကတော့ လေ့ကျင့်မှုဖြစ်သွားပြီတဲ့ :) me: ဟဟား မင်းဘာကိုဆိုလိုချင်တာလည်းဟင် သူငယ်ချင်း: ဟာသ သက်သက်ရယ်ပါ ဒါဟာတကယ်ပဲ ဟာသသက်သက်လား ဒါဟာ ပုံပြင်တစ်ခုလား.ဒီစကားတွေက ဘုရားရှိနဲ.ဘုရားမဲ့က ပြောတာလား တကယ်က ဒါတွေအားလုံးကျွန်တော်သူငယ်ချင်းကပြောသွားတာပါ ခင်ဗျားမယုံဘူးလား နောက်တစ်ခေါက်ထပ်နားထောင်ကြည့်ပေါ့ ဒါပဲရှိတယ် အတိတ်ကံ ဆိုတာ မတရားမှသက်သက်ပဲ ငါတို.မှာ စိတ်ကျ ရောဂါရှိတယ်တဲ့ ဘယ်သူတွေပြောလည်းဆိုတော့ ဆေးပညာနယ်ပယ်က ချာတိတ်တွေပေါ့ အင်းငါတို.ဟာ အရူးတွေပေါ့ >>>တစ်ခါတစ်လေ ငါ လူသားအဓိက ၀ါဒီ ဖြစ်ချင်ဖြစ်နေမယ် ဥပမာ ကွာ မင်းရှေ့ မှာ (မြင်သာအောင်ပြောရရင်) ကောင်မလေး တစ်ယောက်ကို ခြေသေ့င်္ နှစ်ကောင်ဝိုင်းကိုက်ဖို့ကြံနေတယ်မင်းလက်ထဲမှာ သေနတ်ရှိနေမယ် မင်းဘာလုပ်မလဲ အသက်တစ်ချောင်းအတွက် အသက်နှစ်ချောင်းကို မင်းသတ်မလားငါတော့သတ်မယ် (လက်ဖြောင့်ပါစေလို့တော့ ဆုတောင်းတယ်) >>>ငါဆိုရင်တော့ကွာ ငါ့ပင်ကိုစိတ်နဲ.ဆိုရင်တော့ အဲဒီအဖြစ်အပျက်ကိုမြင်လိုက်ရရချင်းမှာဆိုရင်တော့ ကောင်မလေးကိုကယ်မိမယ်အဲဒီအဖြစ်အပျက်ကိုနည်းနည်းလေးစဉ်းစားချိန်ရမယ်ဆိုရင်တော့ ငါအဲနေရာကထွက်သွားမယ် ဒါပဲ >>>ဘာဖြစ်လို့လဲ မင်းက ဘာဖြစ်လို့ ထွက်သွားမှာလဲ (တကယ်က အဲ့လောက် မစိုးရိမ်သင့်ပါဘူး) ငါလား ငါ့အတွက်ကောင်မလေးကလည်းဘာမှမဟုတ်ဘူး အဲဒီအဖြစ်အပျက်ကလည်းဘာမှမဟုတ်ဘူး အရေးမကြီးဘူး အဲ့ဒီလိုငါထွက်သွားလို. လူမဆန်ဘူးလို. ငါ့ကိုကဲ့ရဲ့ကြရင်လည်းအဲဒါဘာမှမဟုတ်ဘူး အရေးမကြီးဘူးအဲ့လိုပဲခံစားမိတယ် >>> မင်းနဲ့ငါနဲ့ နည်းနည်းကွဲသေးတယ်ကွ ဒါပေါ့ လူပဲတစ်ယောက်နဲ့တစ်ယောက် တူလို့ ဘယ်ဖြစ်မလဲ (တွေ.လား ကျွန်တော်သူငယ်ချင်းက နတ္တိပီသစွာ လက်ခံသဘောပေါက်လွယ်တယ်) စဉ်းစားတယ် သူကပြောတယ် ငါသေရင်ငါ့အတွက်ကဗျာရေးပေးပါတဲ့ ကျွန်တော်ငြင်းလိုက်တယ် ဒါသူ.အသုဘရဲ့ ကဗျာပဲဆိုတာ သူ.ကိုပြောပြမယ် ထားပါဘာပဲပြောပြော မောင့်ဆီက ဝေးရာ ထွက်ပြေးတဲ့ မျဉ်းတစ်ကြောင်းရဲ့ ဆုံး(ဆုံ)မှတ်ဟာ ဘာများလဲလို့ ကျွန်တော်တို.ဟာ အရူးတွေပါလို.ထပ်ပြောရင်လေးနက်ပါလိမ့်မယ် မလေးနက်ချင်ပါဘူး လေးနက်နေပါတယ်
Posted by တေလေ at 12:01 PM 1 comments
Labels: ကဗျာ
Sunday, November 29, 2009
ခောတ်လွန်နေသော မဟားဒယား ဟိုဒင်းဟိုဟာ
ငါပြန်ရတော့လည်း အစုတ်၊ သူ.ကိုပေးတုန်းကလည်း အစုတ်.... ငါတို.အားလုံးဟာ အနုတ်(နှုတ်) တွေပဲ ကိန်းဂဏန်း ပြပုဒ်တွေ ငါတို.အားလုံးဟာ အပုတ်တွေ ၊ အသိုး(တိုး)စားကြတယ်ပေါ့.. ကိန်းဂဏန်း အမှန်စဉ် ထိုး(တိုး)ထား(တက်)တယ်/လာကြပြီ အမှတ်စဉ် ရွေးပါ Single Player Multi Player Internet Network Options Exit ဘယ်လိုဆော့ကြမလည်း ပျင်းတယ်...... ပြိုင်ရမှာပျင်းတယ်...တစ်ယောက်တည်း မပျော်ချင်ဘူး တစ်ယောက်တည်း ပျော်ရမှ ပျင်းတယ်...ဘယ်လို ဆော့ပြိုင်ကြမလည်း.. သူတို.ဟာ ပေါ့ ပေါ့ဆိုတာ ပေါ့ပ် သူတို.ဟာ ပေါ့ပ် ပေါ့ပ် ဆိုတာ ချိုသာပြီး လူတိုင်းနားစွဲလွယ်သော ပေါ်ပြူလာ ဂီတအမျိုးအစား ပေါပြူလာ ပေါ်ပင် ပေါ်လွင်ထင်ရှားသော လူသားများ သူတို.ဟာ ပေါ့ပ် သူတို.ကဗျာတွေဟာ ပေါ့ပ် Exit Are you sure you want to exit poem?
Posted by တေလေ at 9:14 AM 0 comments
Labels: ကဗျာ
Sunday, November 22, 2009
ဒီ ဖရိမ် ပေါ်က ဒစ် ရှင် န ရီ ထဲကမထွက်နိုင်သ၍ တို့တွေဟာ 'ဆင်' ၏ တစ်ပိုင်းတစ်ဆ ကိုဆက်တွေးခြင်း ဒါမှမဟုတ်လည်း ချခြင်း ဆိုင်ရာ အတွေးများ ဒါမှမဟုတ်လည်း
ဒီနေ.ပေါ့ လင်းနီညို ကဗျာတစ်ပုဒ် ဖတ်ရတယ် ၊ အခုအိမ်အပြန် သူ.ကဗျာကို ငါ မမှတ်မိဘူး...သေချာတာက ငါ့ကို ချကြတော့မယ် တဲ့ သူ.ကဗျာထဲ ပြောထားတယ် ဒါပဲ ငါသိတယ် ဒါပဲ ငါမှတ်မိတယ် ငါမှတ်မိတာ ဒါပဲ ငါ့ကိုချကြတော့မယ်တဲ့... ချ အဲဒါပဲ အဲဒါပဲ အဲဒါပဲ အဲဒါပဲ ငါ မှတ်မိတယ် ငါမှတ်မိ သိတာ အဲ ချ ဒါပါပဲ ဆိုတာ ပါပဲ သိပြီး မှတ်မိ တာပါပဲ သိလိုက်တာ မှတ်မိ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ သူတို. လား လင်းနီညိုလား ဘယ်သူတွေလည်း ငါ့ကို ချမှာ စဉ်းစား ငါ့ကို ဘာနဲ.ချမှာလည်း တုတ်နဲ.တဲ့ ဘာတုတ်လည်း သံတုတ်လား အေးစက်နေမှာပဲ.....ဦးအောင်ဇေယျ ကိုင်ခဲ့တဲ့ ၀ါးရင်းတုတ်နဲ.လား.....စစ်ပုလိပ်တို.ရဲ့ လက်ကိုင်တုတ် သစ်သားတုတ်ချောင်းတို.... ထင်းသားတုတ် ဒါမှမဟုတ် ယောင်္ကျားသားတစ်ယောက်ယောက်ရဲ့ ပူနွေးနေမယ့် တုတ်နဲ.လား ဟုတ်ပါပြီ ငါ့ကိုချကြပြီပေါ့ ဘယ်နေရာကို ချကြမှာလည်း ငါ့ ခေါင်းကို (ငါဟာ ခေါင်း(ဆောင်)လား) ချကြမှာလား ငါ့ကို ထိရင် အားလုံးပြီးပြီပေါ့....ငါ့ လက်မောင်းသားတွေ.....ငါ့ကျောကုန်း ငါခန္တာကိုယ် တစ်နေရာရာ သေသေချာချာ အင်း ချခြင်တဲ့နေရာကို ချကြ တစ်နေရာတော့ ချန်ထားဖို.လိုမယ် ထင် ချကြပြီဆို ဘာအသံထွက်မလည်း သံတုတ်နဲ. ချရင် ခေါင်းကို သံတုတ်နဲ.ချရင် ခွပ် ခနဲ.မြည်မလား ၀ါးတုတ်နဲ. ချရင်ရော အခြားနေရာတွေကို ချရင်ရော အဲဒီ သံတုတ် ၀ါးတုတ်တွေနဲ. အခြားနေရာတွေကို ချရင်ရော ဘာအသံထွက်မလည်း အခြား တုတ်တွေနဲ. ချမယ်ဆိုရင်ရော အင်း တကယ်လို.သာ ယောင်္ကျားသား တစ်ယောက်ရဲ့ ပူနွေးနေမယ့် တုတ်နဲ. မချသင့်တဲ့နေရာကို ချမယ်ဆို ဘာအသံထွက်မလည်း (လင်းနီညိုကတော့ သိလိမ့်မယ် အဲဒီ အသံကို) ချကြပြီဆို မာန်တွေ ဟန်တွေ အသံတွေ မှန်ကန်မှုတွေ ကြံဖန်မှုတွေ မြန်ဆန်မှုတွေ ဝေဖန်ခံရမှုတွေ ချကြပြီဆို လိုလိမ့်မယ် ကျွန်တော်အတွက် စဉ်းစားစရာ တစ်ခုရှိမယ် ချခံမလား ၊ခံ(ပြီးပြန်)ချမလား ၀န်ခံချက် >>>>လင်းနီညို၏ ကဗျာတစ်ပုဒ်အား ဖတ်ပြီး ဆက်လက်ရေးသားကြည့်ခြင်း လင်းနီညိုကဗျာအားဖတ်လိုက ကလစ်နှိပ်ပါ
Posted by တေလေ at 9:40 AM 1 comments
Labels: ကဗျာ
Saturday, November 7, 2009
အသက် ဆိုသည်မှာ
Posted by တေလေ at 9:37 AM 3 comments
Labels: ကဗျာ
Monday, November 2, 2009
မိမိကိုယ်ကို ပြန်လည် စီတပ်ကြည့်ခြင်း/သောအခါ
Posted by တေလေ at 10:28 AM 0 comments
Labels: ကဗျာ
Wednesday, October 21, 2009
ဖုန်းနဲ.ပြသာနာတက်တဲ့နေ.က ဖုန်းဘီလ်မဆောင်ရသေးကြောင်း ဖုန်းမဆက်ကြဘူး ဖုန်း
Posted by တေလေ at 11:38 AM 1 comments
Labels: ကဗျာ
Monday, October 19, 2009
Sunday, October 11, 2009
ဒီထဲအကုန်ထည့်ရေးလိုက်တယ်၊ အကုန်ဖတ်ပါ
Posted by တေလေ at 11:39 AM 1 comments
Labels: ကဗျာ
Tuesday, October 6, 2009
အိပ်စက်ခြင်း
Posted by တေလေ at 11:49 AM 1 comments
Labels: ကဗျာ
Friday, October 2, 2009
ယပ်တောင်ကမ်းခြင်း
အဲဒီလူရဲ့မယား သိပ်လှတယ်မို.လား
ခင်ဗျားဘာမှ ၀င်ပြောမနေပါနဲ.တော့
မြို.သစ်ကလည်း မီးမှိတ်ခဲ့ပြီပဲ။
ခင်ဗျားကလူဖြစ်သွားပြီတဲ့လား
ဒါဆိုလည်း
ခင်ဗျားကို ကျုပ်
ကယ်ဖို.လမ်းမရှိတော့ဘူးပေါ့
ဟိုဝေးဝေးက
ခပ်ပြုံးပြုံးလှုပ်ရွရွတွေဆီ….
မင်းရောက်သင့်ပြီ။
သေချာတယ်…သူငယ်ချင်း
မင်းကိုငါမကယ်နိုင်တော့ဘူး
မင်းဟာလူတစ်ယောက်အဖြစ်
စတင်
ဖောက်ပြားနေပြီပဲ။
မင်းလူဖြစ်သွားပြီ..သူငယ်ချင်း။
ငါ့နှာခေါင်းထဲ သွေးညှီနံတွေရတယ်
ဘွဲ.ရဆိုသူတို.နဲ…..
ပွေ.ဖက်မိခြင်းမှာ..
ကျောခိုင်း
ကျောခိုင်း
နောက်
တဖြည်းဖြည်းအဝေးဆုံးကို
ငါပြေးထွက်သွားလိုက်ပြီ….
ဝှါး…….
ရှုလိုက် ရှိုက်လိုက်….
အဆုတ်တစ်ခုလုံးပွင့်ထွက်သွားအောင်
ရှုလိုက်တာပေါ့
ငါ့နှလုံးသားတစ်ခုလုံး လင်းရှင်းထွက်သွားပြီ
ကျေးဇူးတင်ပါတယ်
တက္ကသိုလ်ဆိုသော
ဖုတ်ဆိုးမြေရယ်။
ပိုးဟပ်တစ်ကောင်လည်း
အခန်းထဲဝဲပျံ
သူထိတ်လန်.နေတာဗျ။
အကျီင်္အဖြူတစ်ထည်
ကျောကုန်းတစ်ခုလုံး အပေါက်ဗရပွနဲ..
လူတစ်ယောက်
Internet ဆိုင်တစ်ခုထဲဝင်သွားတယ်
သူ..
သူတောင်းစားတော့မဟုတ်ဘူး။
ကဗျာဆရာလိုလည်း
သူ.ကိုယ်သူ
တစ်ခါမှ
မကြွေးကြော်ခဲ့ရိုးအမှန်ပါ။
အဲဒီနေ.က
ယပ်တောင်တစ်ချောင်းရခဲ့ဖူးပါတယ်။
P.S ရေးထားတာတော်တော်ကြာပြီဖြစ်တဲ့ကဗျာလေးပါ၊ အသစ်မရေးဖြစ်တာနဲ.ပဲ
Posted by တေလေ at 10:12 AM 2 comments
Labels: ကဗျာ
Monday, September 28, 2009
ဘ နှင့်စ၍ တ နှင့်ဆုံးသော
Posted by တေလေ at 12:58 PM 5 comments
Labels: ကဗျာ
Wednesday, September 23, 2009
အမေအတွက် ဖတ်စာ (၂)
ကျွန်တော်ချစ်တက်ခြင်းတွေ အားလုံး သူ သိမ်းပိုက်သွားပြီအမေ...
Posted by တေလေ at 1:31 AM 3 comments
Labels: အက်ဆေး
Thursday, September 17, 2009
ညည်းဖြစ်တဲ့ သီချင်းများ
ညည်းဖြစ်တဲ့သီချင်းများဆိုတဲ့ ခေါင်းစဉ်နဲ. ကိုဇောင်း tag ထားတာလေးပါ ။ ကျွန်တော်ညည်းဖြစ်တဲ့သီချင်းတွေက တစ်ခါတစ်လေ အော်ကြီးဟစ်ကျယ်၊ တစ်ခါတစ်လေ တိုးတိုးလေး တစ်ခါတစ်လေ စိတ်ထဲ ညည်းဖြစ်ပါတယ်။ အချို. သီချင်းစာသားတွေက တော်တော်တော့ ကြမ်းတယ် ဒါပေမယ့် ဘယ်တက်နိုင်မလည်း ကိုယ်က အဲဒါတွေညည်းမိနေတာကိုး :P ကျွန်တော်အကြိုက်ဆုံး BIG BAG ရဲ့ မင်းမရှိနေ.များ ဆိုတဲ့ သီချင်းပေါ့ မင်းမရှိနေ.များရယ် စိတ်ဓါတ်တွေကျတယ် ခဏလောက်တွေ.ချင်တယ် ပြန်ခဲ့ပါ နေရာဟောင်းမှာ ဘာလို.ညည်းဖြစ်လည်းဆိုတော့ ကိုးတန်းတည်းက တစ်ဖက်သတ်ကြိုက်ခဲ့ရတဲ့ ကောင်မလေး ရည်းစားရသွားတာကို သတိရတိုင်း ညည်းဖြစ်ပါတယ် ။ :P နောက်တစ်ပုဒ်ကတော့ BIG BAG ရဲ့ စွန်တစ်ကောင်လို ထင်တယ် စွန်တစ်ကောင်လို ဝေဟင်မှာ ပျံဝဲ ဘ၀ အတ္တခရီးမှာ ငါမောနေပြီ အဲဒီသီချင်းလေး နည်းနည်းပင်ပန်းလာရင်ညည်းဖြစ်တယ် နောက်တစ်ပုဒ်ကလည်း BIG BAG ပဲ ဒီတစ်ခါတော့ ရောဂါ တဲ့ သီချင်းနာမည်က အဲ့လိုထင်တယ် ရောဂါ အသေအချာ အဖြေရှာကြည့်ပါ ငါဟာလိမ်ခဲ့ဖူးသလား မင်းပဲပြန်မေးကြည့် မကောင်းဘူး ငါဟာ........... ဘာလို.အဲ့သီချင်းကို ညည်းဖြစ်လည်း မသိ ဒီတစ်ခါတော့ ကိုလေးဖြူ ရဲ့ လေလွင့်လူ ဆိုတာလေးခိုက်တယ်ဗျ လေနှင်ရာ လွင့်ခဲ့တိမ်တိုက်တစ်ခုပါပဲကွယ် ........ မျှော်လင့်ခြင်းနဲ. ဖမ်းဆုပ်ထားတဲ့ လက်တွေ အားနည်းသွားပြီကွယ်.... တေလေဆိုတဲ့နာမည်ကိုယူထားလို.လားမသိဘူး အဲသီချင်းကိုအရမ်းကြိုက်တာဗျ အက်ဆေးတောင် ပြန်ရေးထားသေး (ဒီမှာဖတ်) (ကြေငြာထည့်ပစ်လိုက်တယ် ) နောက်ပြီး မျိုးကြီး ရဲ့ နေခဲ့တော့ ဆိုတဲ့သီချင်း အတွေးဟောင်းများတော့ သန်.စင်အောင် ချေးချွတ်လိုက် မြင့်မြတ်တဲ့ကတိတစ်ခုတော့ ပေးထားဦး ကောင်းမွန်စွာ သိမ်းကာထားမလို. ............ တစ်ခါတစ်လေ အယူအဆဟောင်းတွေ အကြောင်း လာပြောနေတဲ့ လူတွေကိုတွေ.ရင် ပြုံးပြီး စိတ်ထဲက အဲ့သီချင်းလေး ညည်းနေလိုက်တယ်ဗျ... ပြိုင်မငြင်းတော့ဘူး သူနဲ. :) နောက်တစ်ပုဒ်က The Ants ရဲ့ သီချင်းတစ်ပုဒ်ပါ နာမည်တော့မသိဘူး သိပ်ပြီးဦးနှောက် မခြောက်နဲ. ဘ၀ဟာ ခဏပါ ပျော်သလိုပဲသွား ကြိုတွေးထားလို.မရတဲ့လောကကြီးမှာ အကုန် မျက်နှာဖုံးတွေပါ တစ်ခါတစ်လေ စိတ်အရမ်းညစ်လာရင် ညည်းဖြစ်တဲ့ သီချင်းလေးပါ ။ အမှတ်တရ အနေနဲ. ဒီသီချင်းကို အိဖူး ကလည်း သူညည်းနေကျသီချင်းပါတဲ့ နောက်တစ်ပုဒ်က OFFKEY ရဲ့ သီချင်းပါ နာမည်တော့သိဘူးဗျ မြန်မာ Underground Band ဆိုတော့ FUCK THE WORLD တစ်ပုဒ်လုံးမှာ အဲ့နားလေးပဲ ကျွန်တော်ရတယ် အဲ့နားလေးကိုပဲ ညည်းဖြစ်တယ် နောက်တစ်ပုဒ်ကလည်း Underground Band တစ်ခုဖြစ်တဲ့ Name ရဲ့သီချင်းေ- -ိုး မတွေ (တော်တော်ကြမ်းတယ်) အဟိ တစ်ပုဒ်လုံးမှာ အဲတစ်လုံးပဲနားလည်တယ် အဲနားလေးပဲ စိတ်ထဲက ပေါက်ကွဲဖြစ်တယ် မမိုက်ဘူးလား ရေးမယ်ဆို အများကြီးရှိပါသေးတယ် ဒီလောက်ပါပဲ ဆက် tag လိုက်မယ် ထုံးစံအတိုင်း ရဲဘော်လင်းနီညို လင်းရမ္မာ စုဘူးမှာတည်းက ခင်ခဲ့တဲ့ ကိုကြီးစိုးမိုး( သားကြီး) ကျွန်တော်တို. ပရိုဂျူဆာ စောတာယာ တို. ကို ဆက် tag ပစ်လိုက်ပါတယ်
Posted by တေလေ at 9:34 AM 1 comments
Labels: tags
Tuesday, September 15, 2009
ကဗျာဆရာ မေ့လျော့ထားသော အနာတရများ
သူဟာ ကဗျာ ဆရာလို့ ပြောဆိုခဲ့ဖူးတယ်... ဘဝရဲ့ အနုမာန အနာတရမှာ.. ဒဏ်ရာတွေ ကဗျာဖြစ်လို့.. သူကိုယ်တိုင် ကဗျာတွေ မွေးဖွားခဲ့တာ.. ကဗျာတွေ သန်စွမ်းဖို့ ကဗျာဆရာ စဉ်းစားခဲ့သလား.... အစွမ်းအစ ရှိရှိနဲ့ အကျပ်အတည်း ကြားက ကဗျာများကို ညှစ်ထုတ်ခဲ့တော့.. တခြမ်းပဲ့ဘဝနဲ့ ကဗျာတွေဟာ...ဘယ်မှာ ဘယ်မှာ... ကဗျာထဲမှာ တကိုယ်ရေ တကာယ နာကျင်မှုများနဲ့ ပြွတ်သိပ်နေပေမယ့်.. ဘေးနားက အစာ မစားရသေးတဲ့ ကလေးငယ်တယောက်ပါမလာဘူး.. ကဗျာထဲမှာ ချစ်ခြင်းမေတ္တာဟာ. တယောက်ထဲအပေါ် သက်ရောက်လို့ အစွမ်းကုန်တောက်ပ နေခဲ့တာ... အိုးမဲ့ အိမ်မဲ့ မိသားတစုရဲ့ တောင့်တမှုမှာ . ကဗျာဆရာဟာ ဘာမှ ပါမလာဘူး... သူ့အပြုံးက ဂုဏ်သိက္ခာရှိပြီး.. အဆင့်အတန်းတခုမှာ ဆုံးတယ်.. ကဗျာဆရာဆိုတာတော့ သူ့ကိုယ်သူ မမေ့လျော့ဘူး.. အဲဒီအချိန်မှာ သူဟာ ကဗျာရေးတယ်... ဘာသာစကားကို တတ်နိုင်သမျှ ဒုက္ခပေးတယ်... သူ့သိရှိမှုကို တတ်နိုင်သမျှ ဒုက္ခပေးတယ်.. အဆိုး ဆုံးက ကဗျာကို ဘက်ပေါင်းစုံက ဒုက္ခပေးတယ်.. ကဗျာဆရာဟာ ပျော်ရွှင်လို့.. သူ့လုပ်ဆောင်မှုကို ကျေနပ်တယ်... အဲဒီမှာ မြို့ကြီး ပြကြီးရဲ့ ခမ်းနားမှုနဲ့.. တောအလှတောင်အလှတွေနဲ့ ကဗျာဟာ ဝေဆာလို့.. သက်ရှိတကောင်မှ မပါဘူး.. ဘာသာ စကား အကျဉ်းအကျပ်မှာ ကဗျာဆရာဟာ လှပစွာ လှည့်ထွက်လို့... အဓိပ္ပါယ်တွေ တခုမှ မပါဘူး.. ကဗျာဆရာရဲ့ အကြောင်းအရာ ပေါင်းစုံကြား ရုန်းကန်ရမှုမှာ.. သူ့အတ္တကို လက်တလုံးခြား ချကျွေးခဲ့ရပြီး.. သူ့ကိုယ်သူ ထူထောင်နေရတာ... ပတ်ဝန်းကျင်ဟာ..ကဗျာဆရာအတွက် သီးသန့် အရောင်ပြောင်းခဲ့သလား.. အနေအထိုင် မတတ်ခြင်း တချို့နဲ့ ကဗျာဆရာဟာ နေထိုင်ပြီး.. ယုံကြည်ခြင်း ..ပေးဆပ်ရခြင်းမှာ အသားကျလို့... ကဗျာဆရာဟာ ကဗျာတွေကို ကျလောက်အောင် ရေးလို့.... ကဗျာဖတ်သူကတော့ .... ဘာမှ မရေးတော့ခြင်းသည်သာ...ကဗျာလို့.
Posted by တေလေ at 2:05 PM 0 comments
Sunday, September 13, 2009
စိတ်ခံအားကျဆင်းမှုရောဂါ များ ကူး စက် ခံ ရ ခြင်း
ကိုယ်ခံအားကျဆင်းမှုရောဂါ အကြောင်းသင်သိပါပြီးပြီလား သင်မသိသေးပါက တစ်နေရာရာတွင်စုံစမ်းပါ ၊တစ်နေရာရာသည် သည်နေရာတွင်မဟုတ် တည်နေရာမသိ စိတ်ခံအားကျဆင်းမှုရောဂါ အကြောင်းသင်သိပြီးပြီလား သင်မသိသေးကြောင်းသင်သိပြီးပြီလား သင်သိထားသောအရာများ သင်ပြီးပြီလာိး စိတ်ခံအားကျဆင်းမှုရောဂါပြ ဇယား ရောဂါလက္ခဏာများ (၁) သနားတက်ခြင်း (၂)ယုံလွယ်ခြင်း (၃)သူ.ဖက်ကို.ဖက် မျှတွေးတက်ခြင်း (၄)လေးလေးပင်ပင်ရှိခြင်း (၅)ပြောပြရန် အကြောင်းအရာမဲ့ခြင်း (၆)မဲ့ခြင်းများကို လက်ခံတက်ခြင်း (၇)လက်ခံထားသော အရာများကို ပြောမပြခြင်း (၈)စကားမပြောခြင်း ယခုဖော်ပြထားသော ရောဂါလက္ခဏာ(နာရန်၊နာမကျန်းဖြစ်ရန်)များ သင့်တွင်တွေ.နေရပါသလား သနားပါတယ်ဆိုသော စကားရပ်အား ခွဲခြားစိတ်ဖြာကြည့်ရန် ပထမအဆင့် သူသနားတက်သောကြောင့် အခြားသူထံ သူ၏ ပါသွားတက်သည် ဥပမာ- သနား၍ ချစ်မိသွားသည် သနား၍ မုန်းလိုက်သည် သနား၍ ပေးလိုက်သည် သနား၍ စွန်.လိုက်သည် သနား၍ ယူလိုက်သည် သနား၍ သနားလိုက်သည် သနား၍ သနမှမှဝေးစေသည် စသည်ဖြင့် စသည် စသည်ဖြင့် ဆုံးသည် စသည်ဖြင့် ထိုသူထံတွင်ရှိသမျှဆုံးရှုံးသည်၊ သနားပါတယ်ဆိုတာ မိမိထံရှိသမျှ အသနားခံရသူထံ ပါသွားခြင်းသက်သက်သာဖြစ်ကြောင်း ဥပမာ ပထမအဆင့်မှာထစ်ထစ်သွားသောကြောင့် တစ်တစ်ခွခွအဆဲခံလိုက်ရ ဆက်မပါလာတော့ စက်ဟာဆက်ဖွင့်မရ
Posted by တေလေ at 9:18 AM 5 comments
Labels: ကဗျာ
Saturday, September 12, 2009
suicide club 5
ဒေါင်းမယ်ဆိုရင်တော့ http://ifile.it/3gtkbpz
Posted by တေလေ at 3:32 PM 1 comments
Labels: video
Thursday, September 10, 2009
ဖြတ်လမ်း
Posted by တေလေ at 11:03 AM 0 comments
Labels: ကဗျာ
Monday, September 7, 2009
မေ့ဆေးဆိုတာ မိုးညအိပ်မက်မြူ
မမေ့ခင်ကတည်းက မေ့တဲ့အကြောင်းတွေ ဘ၀ကို မေ့မေ့သွား(ချင်)တယ် မေမေ၊ အဲဒီတုန်းက ထုံးသုတ်ထားတဲ့ လမ်းဖြူဖြူတွေ တကျယ်တပြော တလွမ်းတဆွေး တသသ မေ့သွားတာပါပဲ မေ့ဆေး လို/မလို လိုလို မလိုလို လိုရမယ်ရ လူဟာ လူနဲ.လူအပေါ် လူလို ပြုကျင့်လိုက်တော့ လူ ဒါမှမဟုတ် လူ.တန်ဖိုး ကျ(ချ)သွား(လိုက်)တယ်။
Posted by တေလေ at 10:37 AM 3 comments
Labels: ကဗျာ
Sunday, September 6, 2009
လေလွင့်သူ
လေနှင်ရာလွင့်ခဲ့ တိမ်တိုက်တစ်ခုပါပဲကွယ်……
ကျွန်တော်ချစ်သူ……
ကျွန်တော်မှာ ချစ်သူတစ်ယောက်ရှိခဲ့ပါလိမ့်မည်…. ကျွန်တော်သည် လွတ်လပ်ခြင်းကို မြတ်နိုးသလို သူမသည်လည်း လွတ်လပ်စွာ ပျံဝဲသော တိမ်တိုက်တစ်ခု……၊ ထိုသို.နှင့် ကျွန်တော်တို.သည် လွတ်လပ်ခြင်းကို အဖော်ပြုခဲ့ကြသည်…. ကျွန်တော်ကိုယ်တိုင်သည်လည်း အရောင်အဆင်းကင်းမဲ့တဲ့ တိမ်တိုက်တစ်ခု
မျှော်လင့်ခြင်းနဲ. ဖမ်းဆုပ်ထားတဲ့လက်တွေ……
ညနေခင်းတစ်ခုရဲ့လက်တွေ.မှာ ကျွန်တော်မမျှော်လင့်ပဲ ဆုပ်ကိုင်လိုက်မိတာက သူမ သို.မဟုတ် တိမ်တိုက်ပျိုမလေးရဲ့ လွတ်လပ်ခြင်းတွေ ….. ထာဝရလွှတ်မပေးဖို. ကျွန်တော်နဲ.သူမ ကတိပြုလိုက်တယ်… ကျွန်တော်စိတ်ထဲကလည် လှိုက်လှဲစွာ ယုံကြည်………. တကယ်ကို လှိုက်လှိုက်လှဲလှဲပါ
ဘယ်လိုဖြေရမလည်း ပေါ့ပါးခြင်းနဲ.ဘ၀…… ဘယ်ကိုသွားမလည်း
အတိအကျမသိတဲ့ ခရီးသည်တစ်ဦးရဲ့ ညနေများ…..
ကျွန်တော်ကိုယ်တိုင်ကလည်း မျှော်လင့်ချက်တွေပျောက်ဆုံးနေတဲ့ လေလွင့်လူငယ်တစ်ယောက် အဖြစ်နဲ. ဒီအိပ်မက်တွေ ဒီနေ.လည်တွေ ..တစ်ခုခု ဘာမှတော့ မသေချာဘူး..။ အတိကျဆုံးကတော့်ညနေတိုင်း ကျွန်တော်ျချစ်သူတိမ်တိုက်လေးနဲ. ကျွန်တော်ပေါ့ပါးစွာ ပျံဝဲ… အကာပြင်ထက်မှာ ကျွန်တော်တို.က အခမ်းနားဆုံး အောင်ပွဲပဲ..။
ညတိုင်းအိပ်မက်ထဲမှာ တစ်စုံတစ်ယောက် ငါ့ကိုရပ်စောင့်နေခဲ့….
မျက်လုံးပိတ်ထားမှ အိပ်ပျော်တာများလား…. ကျွန်တော်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ပါတယ်…. ကျွန်တော်အိပ်မက်တွေမှာလည်း ကျွန်တော်နှစ်ခြိုက်ပျော်ရွှင်ပါရဲ့…………….. လူပေါင်းသောင်းခြောက်ထောင်ရဲ့ အိပ်မက်တွေက ဘယ်လိုလည်း၊ ကျွန်တော်အိပ်မက်အတွက် ကျွန်တော်အထီးကျန်မဆန်ခဲ့ဘူး.. ကျွန်တော်ကို အစိမ်းသေဆန်ဆန် အခိုးအငွေ.တွေနဲ. ဆန်းကြယ်မွှေးကြိုင်စွာ အုံ.ဆိုင်းထားတယ်… ဟုတ်ကဲ့ …. သူမကျွန်တော်ကိုလိုအပ်နေပါတယ်… ကျွန်တော်နဲ.သူမ ဘ၀နှစ်ခုပေါင်းစပ်ဖို. သူမ ကျွန်တော် အိပ်မက်ထဲကနေတစ်ဆင့် ကျွန်တော်ကို…….
တစ်ညလုံး ငါ့ရဲ့အနား သက်ပြင်းများကြွေကျ
ကျွန်တော်ရဲ့အိပ်ရာဘေး ဟိုဘက်ဒီဘက်နားမှာ အဆက်တစ်ဝက်နဲ. ပင်ပန်းလိုက်ကြတာဗျာ…. ကျွန်တော်တို.သက်ပြင်းမောတွေ ဒီတစ်ညလည်း ကျွန်တော်ဘယ်လိုဆုံးဖြတ်ရမှာလည်း သူမကို ကျွန်တော်ချစ်ပါတယ်… ဒါပေမယ့်
ကျွန်တော်က……လူသားတစ်ယောက်
သူမက ……တိမ်တိုက်တစ်ခု
ကျွန်တော်တို.ကြားက အောင်သွယ်တော် ညနေခင်းကို မေးကြည့်ရဦးမယ်.. သက်ပြင်းတွေ ခဏခဏကြွေကျတဲ့ ဒီလိုညတွေက လွန်မြောက်ဖို. နည်းတစ်ချို.ပေါ့ …. ဒီညရဲ့ ကြယ်တွေက ကျွန်တော်တို. လောက်မမောဘူး……
အရောင်လွင့်လို.သွားပြီကွယ်…. အိပ်မက်လေးရယ်…………. ငါအဝေးဆုံးသွားချင်တယ်….
ကောင်းကင်တစ်ပြင်လုံးကို မော့ကြည့်လို. ကျွန်တော်ရဲ့ဖိနပ်မပါတဲ့ ခြေဗလာတွေ လောင်လွန်းလှပြီ နေလည်ခင်းတစ်ခုလုံးက ငါတို.ရဲ့ညနေကိုစောင့်ရဖို. ကြားကာလတွေပေမယ့် ကျွန်တော်ပင်ပန်းလှပါပြီ… ကျွန်တော်ရဲ့ချစ်သူက ရောင်စုံစုတ်ချက်တွေအတွက် အဖိုးတန်လှပေမယ့် ကျွန်တော်ရဲ့လွတ်လပ်မှု ညနေခင်းအတွက် အရာအားလုံးအပေါ် ကျွန်တော်ရင်ဘက်တစ်ခုလုံးက တန်ဖိုးမဲ့ခဲ့ရပြီလေ… ဘာပဲဖြစ်ဖြစ်ပါ.. ညနေခင်းကတော့ ဟိုဘက်ကို မျက်နှာလှည့် ငါတို.ကို ကျောခိုင်းခဲ့ပြီပဲ…..
ယုံကြည်ကိုးစားထားတဲ့ မင်းမျက်လုံးတွေ မှိတ်ပစ်လိုက်ပါကွယ်……
ချစ်သူလေးရယ် ငါတို.ဘ၀တွေအတွက် အထူးသဖြင့် ငါတို.လူသားတွေအတွက်… ငါ..မင်းကို….
မင်းအတွက်ငါရှိမှဖြစ်မယ်ဆိုရင်တောင် ဒါဟာ ……
စိတ်ကူးနဲ.အိပ်မက်ရယ် တကယ်တမ်းဖြစ်မလာခဲ့……
လူ.ဘ၀ရဲ့စုတ်ကြမ်းတွေပေါ့….ငါသိထားတဲ့
ညနေခင်း
လွတ်လပ်ခြင်း
အဖြူရောင်အခိုးအငွေ.တွေ
နောက်ပြီး
တိမ်တိုက်လေး…မင်း
ဘယ်လိုကြေကွဲမလည်း ဘယ်လိုငိုကြွေးမလည်း ချစ်သူလေးရယ် မင်းအတွက်ပဲ
ငါတို.ရဲ့ ဝေးလွင့်ခြင်းဟာ ထပ်မံလွတ်လပ်ခြင်း မဟုတ်ဘူး… ငါတို. အချည်နှောင်ခံလိုက်ရတာပါ… တကယ်တော့ ငါတို.ချည်နှောင်ခံလိုက်ရပြီ…. ငါတို.မုန်းတဲ့အရာတွေနဲ.ချည်နှောင်ခံလိုက်ရပါပြီ…. ငါတို….
ကြွေကွဲကြပြီ အဲဒီညနေခင်းကစလို. မင်းစတင်ငိုကြွေးခဲ့တာပေါ့ …. ငါတို.ကြားမှာ တူညီတာတစ်ခုတည်းပါ….. မင်းရောငါရော………
မျှော်လင့်ခြင်းနဲ. ဖမ်းဆုပ်ထားတဲ့လက်တွေ အားနည်းသွားပြီလေ….
အဲဒီလိုနဲ. ကျွန်တော်နဲ.သူမဝေးသွားခဲ့ရပါတယ်… ကျွန်တော်ဟာ တိမ်တိုက်ပျိုမလေးနဲ. ချစ်သူဖြစ်ခဲ့ပြီးပြီ….. အဲဒီအချိန်ကစလို. သူမက ကျွန်တော်ကိုသတိရတိုင်း ငိုကြွှေးတက်ပါတယ်… အဲဒီလိုအချိန်တွေကို လူတွေက မိုးရွာတယ်လို.ခေါ်ကြတယ်..။ သူမက ကျွန်တော်ကိုတကယ်ချစ်ခဲ့တာပါ ကျွန်တော်အတွက် သူမကျခဲ့ရတဲ့ မျက်ရည်တွေ ဒီနေ.ထိ စီးဆင်းနေဆဲပါပဲ… ကျွန်တော်သူမကို တကယ်ချစ်ခဲ့တယ်ဆိုတာကိုရော သူမသိအောင် ကျွန်တော်ဘယ်လို သက်သေပြရမယ်မှာလည်း……….
ဝန်ခံချက် ..... ဒီခေါင်းစဉ်လေးဟာ ကိုလေးဖြူရဲ့ လေလွင့်သူဆိုတဲ့ သီချင်းလေးပါ..။ စာသားတွေကလည်း အဲဒီသီချင်းကို ကျွန်တော်ခံစားရတဲ့အတိုင်းပြန်ရေးချထားတာပါ။
Posted by တေလေ at 12:38 PM 2 comments
Labels: အက်ဆေး
Friday, September 4, 2009
ဘာသာစကား၏ အလုပ်ပြီးမြောက်မှု
မိတ်ဆွေ သင်ဘယ်နားမှာ ရှိနေပါသလည်း ၊ဘယ်မှာနားပါသလည်း ခရီးတစ်ထောက် သင် ဘယ်ရောက်ချင်လည်း ချောင်တယ် မြန်တယ် တစ်ယောက် နှစ်ရာ အခု သင် သေချင်နေပါသလား မိတ်ဆက်ပေးပါရစေ ချောင်တယ် မြန်တယ် တစ်ယောက် နှစ်ရာ ချောင်တယ် (ကားဘီး) မြန်တယ် (သေရန်) ဘာသာစကား လုပ်သားများ၏ မိတ်ဆက်ပေးမှု အချိုးကျ သင့်ကိုသင် စိတ်ပျက်မှု ဘာသာစကား လုပ်သားများ၏ စိတ်ပျက်မှု အချိုးကျ သင့်ကိုသင် မိတ်ဆက်ပေးမှု ဘာသာစကား လုပ်သားများ၏ မိတ်ပျက်မှု အချိုးကျ သင့်ကိုသင် စိတ်ဆက်ပေးမှု ဘာသာစကား လုပ်သားများ၏ စိတ်ဆက်မှု အချိုးကျ သင့်ကိုသင် မိတ်ပျက်လိုမှု သင်တွင် ဆန္ဒရှိ မရှိ ၊ ဘာသာစကား လမ်းကြောင်းတွင် လိုက်ပါ စမ်းသပ် စီးနင်းရန် သင့်တွင် ဆန္ဒရှိ ဘာသာစကား လမ်းကြောင်းတွင် လိုက်ပါ နင်းစီးရန်၊ သင့်တွင် ဆန္ဒမရှိ
Posted by တေလေ at 9:29 AM 3 comments
Labels: ကဗျာ
Thursday, September 3, 2009
Monday, August 31, 2009
ခရီး
တကယ့်ကို ကြောက်စရာပါအမေ အဲဒီညက အိပ်မက် နည်းနည်း ရှည်သွားတယ်။ (တာရာမင်းဝေ) အိပ်တော့... အိပ်လိုက်တော့...... အိပ်မက်တွေဆုံးတဲ့ထိအောင် အိပ်ရမှာပေါ့။ ဟင့်အင်း.... ကျွန်တော်အိပ်မက်တွေက ပရောမီးသီးယပ်(စ်)အတုပေါင်းများစွာရဲ့ ကပွဲလိုပါပဲ..... လေးဖြူရဲ့ အမဲလိုက်အကသံစဉ်လို မြူးကြွအဓိပာယ်ရှိနေရင်တော့ ကျွန်တော်လည်းရင်ခုန်တက်ကြွမိမှာပါအမေ။ အိမ်မက်တွေက နိုးထခွင့် ကျွန်တော်ကိုပေးပါတော့။ ထ... ထ... ထ... ထဖို.ကြိုးစားရင်း။ အိပ်မက်တွေက နိုးတော့ ကျွန်တော်အိပ်မက်ထဲ ပြန်ရောက်နေတယ်။ ဘယ်တော့မှ ဆုံးမယ့်အိပ်မက်ပါလိမ့် လမ်းထလျှောက်ပြီးတော့ရော ကျွန်တော်က ဘာလုပ်ရမှာလည်းဗျာ အိပ်မက်တစ်ခုရဲ့ အရှည်မှာ ကျွန်တော်ပင်ပန်ုးစွာ မောဟိုက်တယ်။ ဖြည်းဖြည်းရှု အသက်ကို ဖြည်းဖြည်းချင်းသာရှုလိုက်ပါ။ အိပ်မက်မှန်းသိနေလည်း အသက်ကို ဖြည်းဖြည်းရှုပါရစေ။ အိပ်မက်ပြီးရင် အိပ်မက်ထဲ ကျွန်တော်ပြန်သွားရဦးမယ်လေ။
Posted by တေလေ at 12:30 PM 6 comments
Labels: ကဗျာ
Tuesday, August 25, 2009
ကျွန်တော်အကြောင်းရေးတဲ့ ကဗျာ
Posted by တေလေ at 3:53 PM 3 comments
Labels: ကဗျာ
Monday, August 24, 2009
မြို.တည်ပြီးစစ်တိုက်ကြမယ် (သို.မဟုတ်) ikariam
ikariam.org Ikariam ဆိုတာ Realtime CityBuilding နဲ့ စစ်ဆင်ရေး Game လေးပါ။ ဘယ်သူတွေများ ကစားကြလည်းတော့မသိဘူး။ မကစားဖူးရင်လည်း ကစားဖို.တိုက်တွန်းချင်ပါတယ်။ ဒီနေ. အွန်လိုင်းမှာ ဆော့နေတဲ့ တီစီတို. Facebook က မာဖီးယားတို.ထက် ဆွဲဆောင်အားကောင်းပြီး ပိုဆော့လို.ကောင်းတယ်လို.တော့ ကျွန်တော်ထင်တယ်။ တော်တော်လေးကို ဆော့လို.ကောင်းတဲ့ webase game လေးပါ။ ဒီဂိမ်းကိုဆော့ဖို. register လုပ်မယ်ဆိုရင် မိမိဆော့မယ့် ဆော့လိုတဲ့ ဂိမ်းဆာဗာကိုရွေးပေးရပါတယ် ။ ကျွန်တော်ကတော့ Gamma ဆာဗာမှာ ဆော့ပါတယ်။ အားလုံးကိုလည်း Gamma ဆာဗာမှာ ဆော့ဖို.တိုက်တွန်းချင်ပါတယ်။ ကျွန်တော်သူငယ်ချင်းတွေကလည်း Gamma ဆာဗာမှာ ဆော့ပါတယ်။ အဲဒီလိုဆာဗာတူတဲ့အခါကျတော့ ကစားတဲ့သူငယ်ချင်းတွေ တစ်ဦးကိုတစ်ဦး အပြန်အလှန်ကူညီနိုင်တာပေါ့ဗျာ။
register လုပ်ပြီးသွားပြီ စဆော့မယ်ပေါ့ ဘယ်ကစဆော့ရမလည်း မသိဘူးဖြစ်နေပါလိမ့်မယ်။ အရမ်းကြီးလည်းမခက်ပါဘူး။ လွယ်ပါတယ် sign in ၀င်လိုက်ပြီဆိုတာနဲ. ကိုယ်ရဲ့ မြို.ကို မြင်ရမှာ ဖြစ်ပါတယ်။
အောက်ကလိုပေါ့။ ကျွန်တော် မြို.တော့မဟုတ်ဘူးပေါ့ ကျွန်တော်မြို.ကသေးတော့ သူငယ်ချင်းရဲ့မြို.ပဲ ကူးပြလိုက်ပါတယ် :P
စဆော့ဆော့ချင်းမှာဆိုရင်တော့ အဲလိုမြင်ရမှာမဟုတ်ပါဘူး မြို.တော်ခန်းမတစ်ခုပဲရှိဦးမှာ ဖြစ်ပါတယ် ကျန်တာတွေက ကိုယ်ဘာသာ ဆောက်ရမှာပါ။ မြို.တော်ခန်းမဆိုတာက အလယ်မှာ အလံပုံလေးပါတဲ့ အဆောက်အဦးပါ။ သိပ်ရှုပ်ရှုပ်ထွေးထွေးမဟုတ်ပါဘူး ။ စဆော့ဆော့ချင်း အဆောက်အဦးဆိုလို. မြို.တော်ခန်းမပဲရှိဦးမှာဆိုတော့လေ။
အဆောက်အဦးတွေဘယ်မှာဆောက်ရမယ်ဆိုတာ အရင်ရှင်းပြပါမယ် မြို.တော်ခန်းမနားက Free building ground ဆိုတဲ့ အလံနီလေးတွေမှာ ကလစ်နှိပ်ပြီး အဲဒီမှာ ပေါ်လာတဲ့ အဆောက်အဦးတွေထဲက တစ်ခုခု ကို မိမိမှာရှိတဲ့ resource ပမာဏနဲ. ချိန်ဆပြီးဆောက်နိုင်ပါတယ်။ Free building ground ဆိုပီး ကမ်းခြေနားမှာ အလံပြာနဲ. ပွိုင့်နှစ်ခုရှိပါတယ် အဲဒီမှာက သဘောင်္တပ်ထုတ်ဖို.နဲ. ကုန်တင်ကုန်ချ ဆိပ်ကမ်း တို.ဆောက်နိုင်ပါတယ်။ ဒါကအဆောက်အဦးတွေ ဆောက်တဲ့အပိုင်းပေါ့။
နောက်တစ်ပိုင်းက အဆောက်အဦးတွေဆောက်နိုင်ဖို.အတွက် resource တွေလိုပါတယ်။ resource တွေကိုကဘယ်ကနေရမလည်း resource ဆိုတာကဘာတွေလည်း ဟုတ်ကဲ့ resource တွေဆိုတာက ဒီလိုပါ။ ဒီဂိမ်းမှာ resource ပေါင်း ငါးမျိုးရှိပါတယ်။ အဲဒီငါးမျိုးက
Building material
Wine
Marble
Crystal Glass
Sulphur တို.ပဲဖြစ်ပါတယ်။ အဲဒီ resource တွေမှာ Building material က မြို.တိုင်းထုတ်နိုင်ပေမယ့် ကျန်လေးမျိုးကိုတော့ မြို.တိုင်းမထုတ်နိုင်ပါဘူး မြို.ဆိုတာထက် ဂိမ်းက ကျွန်းတွေနဲ.ခွဲထားတာဆိုတော့ ၀ိုင်ထွက်တဲ့ကျွန်း မာဘယ်ထွက်တဲ့ကျွန်း ခရစ်စတယ်ထွက်တဲ့ကျွန်း ခရစ်စတယ်ထွက်တဲ့ကျွန်းဆိုပြီး ကွာပါတယ်။ အားလုံးက သူ.ဟာနဲ.သူ အသုံးလိုတာတွေကြီးပါပဲ အဲဒါကြောင့် ကစားတဲ့လူတွေ အချင်းချင်း ကုန်သွယ်ဖို.လိုပါတယ် ကိုမှာမရှိတဲ့ဟာကို သူများဆီပို. သူများဆီက ထွက်ကုန်ကို ကိုယ်ကမှာ အဲလိုကစားရမှာပါ။ ဒါက resource တွေရဲ့ သဘောပေါ့ ။
resource တွေကိုဘယ်လိုထုတ်မရမလည်းဆိုတာ ပြောပါတော့မယ်။ ဘယ်နေရာကထုတ်ရမလည်းဆိုတော့ အဲဒီ web page မှာ show island ဆိုတဲ့ ကျွန်းပုံပြထားတာလေးကိုရှာလိုက်ပါ သူက show world , show island , show town ဆိုပြီး သုံးခုတန်းစီပြီးရှိနေပါမယ်။ အဲထဲက show island ပေါ့ ၊ ကလစ်နှိပ်လိုက်ပါ။ အဲဒီနေရာက ကိုယ်မြို.ရှိနေတဲ့ ကျွန်းကိုပြတာပါ။ တစ်ကျွန်းတည်းအတူတူရှိနေတဲ့ အခြားသော မြို.တွေကိုလည်းတွေ.ရမှာပါ။ အဲဒီမြို.တွေကို အလံနီလေးထောင်ထားတာ တွေ.ရမှာဖြစ်ပြီး မိမိမြို.ကိုတော့ အလံပြာလေးထောင်ထားတာ တွေ.ရမှာပါ။ သစ်ပုံလေးတစ်ခုရှိပါမယ် ကျွန်းမှာ pointer တင်ရင် forest လို.ပေါ်ပါလိမ့်မယ် ၊သူလည်း အလံပြာလေးထောင်ထားပါတယ်။ အဲဒီထဲကို ကလစ်နှိပ်ပြီးဝင်လိုက်ပါ။ အဲဒီမှာ building material ရှင်းရှင်းပြောရရင် သစ်ပေါ့ဗျာ။ သစ်ထုတ်ဖို. ကလစ်နှိပ်ပြီးဝင်သွားလိုက်ပါ။ သစ်ရုံထဲကို မိမိမှာရှိတဲ့ လူဦးရေ ထဲက မိမိထည့်ချင်သလောက်ထည့်ခဲ့လိုက်ပါ။ သူက လူဘယ်လောက်ထည့်ရင် သစ်ဘယ်လောက်ထွက်မယ်ဆိုတာပြပါမယ်။ ပြတဲ့အရေအတွက်က တစ်နာရီ အတွက်ဖြစ်ပါတယ်။ တစ်နာရီကို ဘယ်လောက်ထွက်မယ်ပေါ့ ။
နောက်တစ်ခုက မိမိကျွန်းက ဘာထွက်တဲ့ကျွန်းလည်းဆိုတာ ကြည့်ရပါမယ်။ အပေါ်မှာပြောခဲ့တဲ့လေးမျိုးထဲကပေါ့ ။ ဘာပဲထွက်ထွက်ပါ မိမိကျွန်းမှာထွက်တဲ့ ထုတ်ကုန်ကို ထုတ်ဖို.လိုပါတယ်။ ဘာလို.လည်းဆိုတော့ မြင့်လာတာနဲ.အမျှလိုလာမှာဖြစ်ပါတယ် အဲဒီထုတ်ကုန်တွေက အဲဒီအတွက် အလံပြာလေးပေါ်နေတဲ့ နေရာနောက်တစ်ခု ကျွန်းမှာရှိပါဦးမယ် အဲဒီကိုဝင်လိုက်ပါ ပြီးရင် သစ်ထုတ်သလိုပဲ လူထည့်ပြီးထုတ်နိုင်ပါတယ်။ အဲဒါက resource ထုတ်နည်းပေါ့။
စာရိုက်ရတာလည်းညောင်းနေပြီ။ အရေးကြီးတာလေးတစ်ခု ပြောပြီး အပိုင်းတစ်ကိုနားဦးမယ်ဗျာ...။ အဆောက်အဦးဆောက်တဲ့နေရာမှာ academy ဆောက်ပြီးရင် အဲဒီထဲကို သုတေသနလုပ်ဖို.လူတွေသွားထည့်ပေးဖို.လိုပါတယ် သစ်ရုံထဲကိုလူတွေထည့်ပေးရသလိုပေါ့ ။ သူကဘာလို.အရေးကြီးလည်းဆိုတော့ သုတေသနများများ လုပ်မှ အသစ်တွေ အသစ်တွေထွက်လို.ပါ။ အဆောက်အဦးတွေဆောက်ပြီးရင်လည်း upgrade မြှင့်ပေးလို.ရပါတယ် ။ မသိတာရှိရင်လည်း ကျွန်တော် 6libra@gmail.com ကိုလှမ်းမေးလိုက်ပါ။ ပစ္စည်းတွေဘာတွေလိုရင်လည်း ဆက်သွယ်လိုက်ပါ ကျွန်တော်ကျွန်းနံပါတ်က 27:32 ပါ ။ အဲ ကျွန်းရှာနည်းမပြောရသေးဘူးပဲ နောက်နေ.မှဆက်ပြောတော့မယ်။ စာရိုက်ရတာတော်တော်ညောင်းလာလို.။ အားလုံးပဲဆော့ကြဦးနော် :)
Posted by တေလေ at 10:46 AM 2 comments
Labels: game
Thursday, August 20, 2009
အမေအတွက် ဖတ်စာ
Posted by တေလေ at 4:38 PM 4 comments
Labels: အက်ဆေး
Wednesday, August 19, 2009
++++++++++++++
Posted by တေလေ at 10:17 AM 2 comments
Labels: ကဗျာ
Wednesday, August 12, 2009
ည၏ အလယ်ပိုင်းကို ဗဟိုပြုသော.....
Posted by တေလေ at 11:46 AM 2 comments
Tuesday, August 11, 2009
ဖွဲတစ်မှုန်ရဲ့ ရုပ်ကြမ်းပုံရိပ်
Posted by တေလေ at 11:13 AM 3 comments
Labels: ကဗျာ
Saturday, August 8, 2009
suicide club 4
Posted by တေလေ at 11:15 AM 0 comments
Labels: video
Friday, August 7, 2009
ချစ်လှစွာသော အစရှိသဖြင့်
Posted by တေလေ at 3:00 PM 0 comments
Tuesday, August 4, 2009
တေလေဧ။် ခုတလောများ
Posted by တေလေ at 9:55 AM 2 comments
Labels: tags
Monday, August 3, 2009
ကျွန်တော်မသိခြင်းများ ဒါမှမဟုတ် ဟိုတစ်စဒီတစ်စခိုးချထားခြင်း ဒါမှမဟုတ် မဟုတ်တာ (ဒါ) တွေ
Posted by တေလေ at 10:25 AM 0 comments
Labels: ကဗျာ
Saturday, August 1, 2009
suicide club 3
Posted by တေလေ at 1:59 PM 0 comments
Labels: video
Wednesday, July 29, 2009
ရင်ပူစေတဲ့ ရိုက်ချိုးမှုမှာ . . . အဖျက်သမားတွေ . . . ယောင်ကိုင်းနေကြတယ်
Posted by တေလေ at 5:49 PM 2 comments

