Monday, August 3, 2009

ကျွန်တော်မသိခြင်းများ ဒါမှမဟုတ် ဟိုတစ်စဒီတစ်စခိုးချထားခြင်း ဒါမှမဟုတ် မဟုတ်တာ (ဒါ) တွေ

လူ.ဘ၀အစကို မည်သို. စတင်ရမည်ကို သိပါသလား ( သိဖို.မလိုပဲ အလိုအလျှောက် စတင်ခဲ့ပြီး ဖြစ်ကြောင်း သိကြပါသည်။) လည်ပတ်နေသော ပတ်လည်နေသော ပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်တွင် လိပ်ပတ်လည်ပါသလား မိတ်ဆွေ(လိမ်ဖယ်လိမ်ဖယ်ဖြင့် ထထွက်သွားသည်။ မိတ်ဆွေဟု ပြောလိုက်ရသော်လည်း ရန်သူ =? မိတ်ဆွေ=?) (ပတ်ဝန်းကျင် အကြောင်း ဆက်ပြောရန် သင့် =? မသင့် =?) (ယခုပြောနေသည်တို.မှာ ပတ်ဝန်းကျင်အကြောင်း ပါ =? မပါ =?) (ယခု ပြောနေသည်တို.မှာ ပတ်ဝန်းကျင် ဟုတ် =? မဟုတ် =?) (ပတ်ဝန်းကျင်သည် ပတ်ဝန်းကျင် ဟုတ် =? မဟုတ် =?) ပျောက်ဆုံးနေပါတယ်ဆိုတဲ့ ဆိုဆုံးမမှု ခံယူမိခြင်းမရှိတဲ့ စုန်းမတစ်ကောင် ( စုန်းမတစ်ယောက် လို. သုံးရမလား စုန်းမတစ်ကောင် လို. သုံးရမလား/ စုန်းမဟာ လူလား / လူဆိုတာကရော / ) ဘာတွေထွင်ထုတ်လိုက်လည်း သိချင်လား။(ကျွန်တော် ပြောပြနိုင်မည် မဟုတ်ပါ၊ ထို ကိစ္စကို ကျွန်တော်စိတ်မ၀င်စားပါ။) စကားမစပ် စပ်ထားတဲ့ ကာရံလေးပြချင်လို. စပ်စုဦးမလားဗျာ (ကာရံနှင့် ကဗျာ ကျွန်တော်တစ်ပုဒ်မှ မရေးဖူးပါ။) လက်ဖက်ရည်ဆိုင်မှာ စကားလုံးသေနတ်တွေနဲ. ပစ်ထည့်လိုက်တယ်။ ငါကတော့ လုံးဝ ဗမာပြည် ကွန်မြူနစ် ပါတီပဲကွ (အလံနီအကြောင်း၊ အလံဖြူ အကြောင်း၊ သခင်သန်းထွန်း အကြောင်း သူ ဒါမှမဟုတ် ကျွန်တော် မသိပါ၊ သို.သော် ကျွန်တော်သည် ကွန်မြူနစ်ဖြစ်သည်) ဆက်ပြောမည် အကြောင်းအရာမှာ နားဝတွင် ကြားဖူးထားသော ကြားဖူးနာဝများ ဖြစ်သည်။ " အိပ်ပျော်သွားသည်နှင့် အိပ်မက်မက်တော့သည်။ အိပ်မက်ထဲမှာ ကျွန်တော်တောင်ထိပ်ပေါ်မှာ အနှစ် ၄၀ ကြာအောင် အိပ်ပျော်သွားတာ မဖြစ်နိုင်ဘူးဟု ကျွန်တော်သူငယ်ချင်းက ပြောသည်။ ကျွန်တော် အမှန်တကယ် အနှစ် ၄၀ လောက် အိပ်ပျော်သွားတာ ကျွန်တော်သာ သိသည်။" အနှစ်လေးဆယ် အိပ်ပျော်သွားသော ကျွန်တော်သည် နိုးလာသောအခါ အသက်နှစ်ဆယ်သာ ရှိပါသေးသည်။ ငယ်ရွယ်သူများသည် မှန်မှန်ကန်ကန် ပြောဆိုလုပ်ကိုင်တက်ဖို.လိုသောကြောင့် လာလတ္တံသော ကွင်းစကွင်းပိတ်ထဲမှ စာသားများကို ဆုံးအောင်ဖတ်ပါ။ ("........" သည် ဇော်ဇော်အောင် ၏ ၀တ္တုထဲမှ ယူသုံးထားခြင်းဖြစ်၊ ယခု တိုက်ဆိုင် ထင်၊ ကိစ္စ စာပေ သဘောတရား တစ်ခုခု အောက်ခြေတွင် ခေါင်းစဉ်ထိုး၊ ဘယ်သူတွေ ဘာပြော ကျွန်တော် လက်မထောင် သူ.အတွက် (သူသည် ကျွန်တော်) မွှေးပျံသော ဂုဏ်သတင်းတို.ဖြင့် ကြိုင်သင်းနေသော ဇာတိမဲ့ လူသားတစ်ယောက် ကမ္ဘာမြေပေါ် ရောက်ရှိနေသည်။ (အလကား ကိုယ်ကိုကိုယ် လူဝင်ဆန်.အောင် ပြောနေခြင်းဖြစ်သည်။ ဇာတိမဲ့ လူသားတစ်ယောက်တွင် မွေးရာပါ ဂုဏ်သတ္တိရှိသည်။ ထိုသူ.တွင် ဗလာ = နတ္တိ ) (ထိုသည်ကပင်) (ထိုသည်ကပင်) ဒီဟာက သီချင်းတစ်ပုဒ်မှ မဟုတ်ပဲဗျာ ပန်.ခ်လား... ကျောင်းတုန်းက ကျွန်တော်ကို ခေါ်တဲ့နာမည်လေ (အော... သူ အသေအလဲ ရူးသွပ်ခဲ့တာလား၊ မြောက်ကြွ မြောက်ကြွ အချိန်ဖြုးခဲ့တာလား ) အနေ.က အကြောင်းပြောမလို.ပါ၊ အချိန်အကြောင်းကို စဉ်းစားနေပါသည်၊ အချိန်အကြောင်းကို မစဉ်းစားတော့ပါ တော်ပါတော့ အချိန်အကြောင်း စဉ်းစားမိတော့ ကဗျာကို ရပ်ချင်သည်။ *(ကဗျာ... ဒါက ကဗျာတဲ့လား၊ ဟာ ... မသိဘူးဗျာ မဖတ်ချင်လည်း ဆက်မဖတ်နဲ.တော့၊ ကျွန်တော်လည်း ဆက်မရေးတော့ဘူး) * * လူတစ်ယောက် နှစ်ကိုခွဲပြောသွားသော စကားသံများ

0 comments: