Friday, December 11, 2009

အင်တာနက်သုံးပါတယ်။ ခင်ဗျားနဲ့လည်း ဆက်သွယ်ဖူးပါတယ်။

ဒီနေ့ နေ့လည်က ကျွန်တော်နဲ့ တေလေ စကားပြောဖြစ်တယ်။ အွန်လိုင်းမှာပါ။ အဲဒီ စကားတွေကိုပဲ တေလေက တစ်ချို့အရာတွေ ဖြည့်စွက်ပြီး ကဗျာ လုပ်လိုက်တယ်။ ကဗျာဆရာ တေလေဟာ စိတ်ကူးအဓိက၀ါဒီ (conceptualism) တစ်ယောက်”ဆန်ဆန်” ရှိပြီးသားအရာတွေကို collage လုပ်ပြီး ကဗျာ အဖြစ် ပြန်လည် အသက်သွင်းခဲ့တယ်။ ဒါကျွန်တော့် အမြင်ပါ။ Art Is Idea!!! ဆိုတဲ့ conceptual တွေရဲ့စကားက ကျွန်တော့် ကို ထိရှစေခဲ့တာ ကြာလှပေါ့။ “ငါဟာ စိတ္တဇ တပ်သားသစ်ပေါ့ သူတစ်ညလုံးငိုနေတာ သူသိတယ် ငါသိတယ် လူတွေမသိဘူး သူမကပြောတယ် ငါနတ္တိဖြစ်နေလားတဲ့ (ထိုလေသံတွင် စိုးရိမ်မှုပါနေသလား မပါဘူးလားဟု ကျွန်တော် မခွဲခြားတက်ပါ ) ဘ၀ရဲ့ပုစ္ဆာဟာ ဘာလည်း မင်းရဲ့ဘ၀ဟာ ....... ဘာ ...ပေါင်းများစွာ (ဒီပုစ္ဆာ) ဘာမှ မဖြစ်ပါဘူးဗျာ (ဆက်ပြောရန်မရှိ) မဖြစ်ရင် ပြောပြပါနော် (ဆက်ပြောရန်မရှိကြောင်း မသိပဲ မေးလိုက်ခြင်း) ဖြစ်အောင် ပြောပြရမယ်ပေါ့နော်” ကဗျာထဲက ”သူ”ဟာ တစ်ညလုံးငိုတယ်။ “ငါ” ဆိုတဲ့ကောင်က စိတ္တဇ တပ်သားသစ်။ “ငါ”ဆိုတဲ့ ဇာတ်ကောင် နိတ္တိ လားလို့ မေးခံ ထိတယ်။ မေးခံ ထိလောက်အောင် “ငါ” ဆိုတဲ့ကောင် ဘာတွေ လုပ်သလဲ။ ဘာတွေပြောသလဲ။ အပေါ်ယံ ရှပ်ကြည့်ရုံနဲ့ တေလေ ရဲ့ ဇာတ်ကောင်တွေက စိတ်ညစ်စရာတွေ ကြီးပါပဲလား။ စိတ်ညစ်စရာတွေကို ဘာလို့ ကျွန်တော့်ဆီကို ပစ်ပစ်ပေးနေတာလဲ ဆရာတေလေ။ ကျွန်တော်တို့ အသည်းကွဲ တာ မလောက်ငှသေးလို့လား . . . "မဖြေချင်တာကို အတင်းအကျပ်မေးခြင်းဟာ အဲဒီလူကို လိမ်တက်အောင် သင်ပေးနေတာပဲ" (ကြားဖူးသော စကားတစ်ခွန်း ) ဘာဖြစ်လို့ ဒီ စကားတွေကို ကျွန်တော် တို့ ဆီကို ဆရာ တေလေ ပစ်ထည့်လိုက်တာလဲ။ ဘယ်သူ က အတင်း မေး လို့ ဘယ်သူ က လိမ် ခဲ့လို့လဲ။ နောက်ကျိနေတဲ့ ကျွန်တော်တို့ စိတ်ကို ဘာဖြစ်လို့ ခဲလုံးပစ်ထည့်လိုက်တာလဲ ။ မင်းရော ငါရော သူရော အခုစကားစပ်မိလို. ပြောကြည့်တော့ အားလုံး နတ္တိတွေဖြစ်နေပြီ......... ငါတို. မျက်ရည်တွေနဲ. ရယ်ကြရအောင် ဟေ့ကောင် မင်းဆက်မပြောနဲ.တော့ မင်းခံစားချက်ကို ငါတို.နားလည်တယ် ငါတို.သိတယ် ငါတို.ဟာလည်း... မင်းပါပဲ သူနဲ့ ကျွန်တော် စကားစပ်မိတဲ့ဆီ သူ ခေါ်လာပါပြီ။ ကျွန်တော်တော့ရင်မောတယ်။ မျက်ရည်တွေနဲ့ ရယ် တော့ ဘယ်လှမလဲ။ မင်းရော ငါရော နိတ္တိ တဲ့။ ကဗျာ အစပိုင်းက “သူမ” ရဲ့ နိတ္တိ လား ဆိုတဲ့ အမေးကို ဖြေလိုက်ပြန်တယ်။ မင်းတို့ဟာ . . ငါလား။ မင်းခံစားချက် ကို ငါတို့ နားလည်တယ် ။ လူသားရဲ့ အထီးကျန်မှုကို မင်း အဲဒီစကားနဲ့ ဖြေလိုက်တာလား ဆရာတေလေ လို့ ကျွန်တော် မေးလိုက်ချင်ပါတယ်။ တော်တော်ပြောရ ခက်တာပဲ ခက်တာကို တော်တော်ပြောတာကိုး ဘယ်လိုလူလည်း မသိဘူး မသိတဲ့လူဟာ ဘယ်လိုလဲ ကောင်းကောင်းကို အပြောမခံဘူး အပြောမခံရတာ ကောင်းတယ် တေလေ ဟာ ကျွန်တော် မပြောဘူးလား။ ကတိ လုံးဝ မတည်ပါဘူး။ ကျွန်တော် တို့ ကို သူ ခေါ်လာတယ်။ ပြီးတော့ ဘယ်မှာ ထားခဲ့ပြီလည်း မသိဘူး။ ခက်တာကို ပြောတာက ဘယ်သူလဲ။ တော်တော်ပြောရခက်တာက ဘယ်ဟာလဲ။ ကျွန်တော့်ကို ပြောနေတာလား။ တေလေ ပြောထားသလိုပဲ ”အပြောမခံ ရတာ ကောင်းတယ်” အင်း . . . နာမ်စားတွေ ကျွန်တော့်အိမ်လို ရှုပ်ပွ သွားပြန်ပြီ။. "သူ နဲ့ ငါ တကယ် ဝေးသွားပြီ မင်းသိလား ဟို ကဗျာ ဆန်ဆန် ပြောရရင်တော့ဦးနှောက်က အသိကို ရင်ဘတ်က မလိုက်နိုင်သေးဘူး" ကျွန်တော်ပြောခဲ့တာပါ။ ကျွန်တော့် ရင်ဘတ်က နှေးတယ်။ နား ကို မလိုက်နိုင်ဘူး။ နားထဲက ကြားရတာတွေ ကို မလိုက်နိုင်ဘူး။ ငယ်ငယ်ကတည်းက ခြေထောက်ကျိုးဖူးခဲ့တာကို အပြစ်ပုံချလိုက်ရင် “သူ” ပြောဦးမယ် “ဘာမှလည်း မဆိုင်ဘူး” လို့ ။ ငါ (ကျွန်တော့်သူငယ်ချင်း) နည်းနည်းပြုံးမယ်ထင်တယ် ကျွန်တော့်ကို ပြောတာလား။ "နောက်တော့လည်း တစ်ယောက်တည်း နေရဲသွားမှာပါ'" ကျွန်တော် မမှီမကန်း လှမ်းပြောတဲ့ စကားပါ။ တကယ် နေရဲပါ့မလား။ တေလေ . . . မင်းဆိုရင်ရော လို့ ကျွန်တော်မေးချင်ပြန်တယ်။ အဝေးက ဖုန်ဆိုးလွင်ပြင်တွေ အဲ့စကား သိပ်ဟောင်းနေမလားမသိ အဝေးက ဖုန်ဆိုးလွင်ပြင်တွေ လည်ချောင်းထဲကို တစ်စချင်းတစ်ထစ်ချင်း နောက် နှလုံးသားထဲထိ အဝေးကဖုန်းဆိုးလွင်ပြင်တွေ ကျွန်တော်တို့ နှလုံးသားထဲမှာ ရှိနေပြီးသားပါ။ လည်ချောင်းထဲမှာလည်း ဖုန်းဆိုးလွင်ပြင်၊ နှလုံးသားထဲမှာလည်း ဖုန်းဆိုးလွင်ပြင် . . . . ဟုတ်ပါတယ် . .အဲ့စကား သိပ်ဟောင်းနေပါပြီ . . .ဒါပေမဲ့ နှစ်ချို့အရက်တွေကိုတောင် ကျွန်တော်တို့ တန်ဖိုးထားကြသေးတာပဲ . . . ကျွန်တော်တို့ကို မူးစေ သေးတာပဲဟာ . . . သူငယ်ချင်းက ကျွန်တော်ကို ဟာသ တစ်ပုဒ်ပြောပြတယ် သူငယ်ချင်းး ဘုရားမဲ့ နဲ့ ဘုရားရှိ တို့တွေ့ကြတယ် ဘုရားကိုယုံတဲ့သူက ပြောတယ် လူတစ်ယောက် ဘုရားကျောင်းထိပ်က me: အင်း (ဒီအသံဟာ သူ.ကို အနှောင့်အယှက်မဖြစ်စေဘူး လို.ယုံတယ်) သူငယ်ချင်း : ခေါင်းလောင်းတိုင်ပေါ်တက်တယ်ပြုတ်ကျတယ်မသေဘူးဘုရားမဲ့က ပြောတယ် တိုက်ဆိုင်မှုပါ me: အင်း ဆက်ပြောလေကွာ ငါနားထောင်နေတယ် သူငယ်ချင်း: ဘုရားယုံ ဆက်ပြောတယ်နောက်တစ်ခါတက်တယ် ။ စောစောက တက်တဲ့သူပဲတဲ့ ထပ်ပြုတ်ကျတယ် မသေဘူး ဘုရားမဲ့ ပြောတယ် ဒါ တိုက်ဆိုင်မှု တဲ့ me: အင်း ဆက်ပြော သူငယ်ချင်း: နောက်တစ်ခါ ထပ်ဖြစ်တယ်စောစောကလူပဲတဲ့ ထပ်တက်တယ်တဲ့ ထပ်ပြုတ်ကျတယ်တဲ့ မသေပြန်ဘူးတဲ့ ဘုရားယုံတဲ့သူက ပြုံးပြီး ပြောတယ် ဒီတစ်ခါကိုရောမင်း တိုက်ဆိုင်မှုလို့ ပြောဦးမလားတဲ့။ ဘုရားမဲ့ ပြန်ပြောတယ်။ ဒါကတော့ လေ့ကျင့်မှုဖြစ်သွားပြီတဲ့ :) me: ဟဟား မင်းဘာကိုဆိုလိုချင်တာလည်းဟင် သူငယ်ချင်း: ဟာသ သက်သက်ရယ်ပါ ဒါဟာတကယ်ပဲ ဟာသသက်သက်လား ဒါဟာ ပုံပြင်တစ်ခုလား.ဒီစကားတွေက ဘုရားရှိနဲ.ဘုရားမဲ့က ပြောတာလား တကယ်က ဒါတွေအားလုံးကျွန်တော်သူငယ်ချင်းကပြောသွားတာပါ ခင်ဗျားမယုံဘူးလား နောက်တစ်ခေါက်ထပ်နားထောင်ကြည့်ပေါ့ ဒါပဲရှိတယ် ဒါတွေက ဟာသ သက်သက်ရယ်ပါ ဆိုတာ တေလေ ကို ၀ိုင်းပြောလိုက်ကြပါ။ ကျွန်တော် တကယ် ဟာသ လုပ်ခဲ့တာပါ။ နောက်တစ်ခေါက်နားထောင်ချင်လည်း ပြောပြမယ်လေ ။ ဒါပေမဲ့ နားတွေကို ပိတ်ထားလိုက်ဗျာ။ ငိုသံကြီးနဲ့ ဟာသပြောရတာ အဓိပွါယ် မရှိဘူး။ အတိတ်ကံ ဆိုတာ မတရားမှုသက်သက်ပဲ တေလေရဲ့ ဇာတ်ကောင် ဟာ ကျားနာတစ်ကောင်လို မြင်မြင်ရာကို မဲ နေပြီ။ အဲဒီစကားတွေကို ဘယ်သူများပြောခဲ့တာပါလိမ့်။ လားလား . . ကျွန်တော် ကိုယ်တိုင်ပြောခဲ့တာပါလား။ ကျွန်တော် ဟာ လောကကြီးကို မကျေနပ်တဲ့ ကျားနာ တစ်ကောင် လို မျက်လုံးတွေ နောက်ပြန်လန်နေပြီပေါ့။ အတိတ် ကံ ဆိုတာ တရား ပါတယ်လို့ မွေးကတည်း လိုလေသေးမရှိတဲ့ သူဌေးသားလေး တစ်ယောက်က လမ်းဘေး က ခြေမသန်တဲ့ သူတောင်းစားလေးကို ကပ်ပြောလိုက်တာ တေလေ မင်း ရော ငါရော ကြားလိုက် တယ်လေ။ ငါတို.မှာ စိတ်ကျ ရောဂါရှိတယ်တဲ့ ဘယ်သူတွေပြောလည်းဆိုတော့ ဆေးပညာနယ်ပယ်က ချာတိတ်တွေပေါ့ အင်းငါတို.ဟာ အရူးတွေပေါ့ အင်းပေါ့။ နှစ်ချို့ လောကကြီးကို မော့သောက်ပြီး မူးရူးနေတာပေါ့။ >>>တစ်ခါတစ်လေ ငါ လူသားအဓိက ၀ါဒီ ဖြစ်ချင်ဖြစ်နေမယ် ဥပမာ ကွာ မင်းရှေ့ မှာ (မြင်သာအောင်ပြောရရင်) ကောင်မလေး တစ်ယောက်ကို ခြေသေ့င်္ နှစ်ကောင်ဝိုင်းကိုက်ဖို့ကြံနေတယ်မင်းလက်ထဲမှာ သေနတ်ရှိနေမယ် မင်းဘာလုပ်မလဲ အသက်တစ်ချောင်းအတွက် အသက်နှစ်ချောင်းကို မင်းသတ်မလားငါတော့သတ်မယ် (လက်ဖြောင့်ပါစေလို့တော့ ဆုတောင်းတယ်) >>>ငါဆိုရင်တော့ကွာ ငါ့ပင်ကိုစိတ်နဲ.ဆိုရင်တော့ အဲဒီအဖြစ်အပျက်ကိုမြင်လိုက်ရရချင်းမှာဆိုရင်တော့ ကောင်မလေးကိုကယ်မိမယ်အဲဒီအဖြစ်အပျက်ကိုနည်းနည်းလေးစဉ်းစားချိန်ရမယ်ဆိုရင်တော့ ငါအဲနေရာကထွက်သွားမယ် ဒါပဲ >>>ဘာဖြစ်လို့လဲ မင်းက ဘာဖြစ်လို့ ထွက်သွားမှာလဲ (တကယ်က အဲ့လောက် မစိုးရိမ်သင့်ပါဘူး) ငါလား ငါ့အတွက်ကောင်မလေးကလည်းဘာမှမဟုတ်ဘူး အဲဒီအဖြစ်အပျက်ကလည်းဘာမှမဟုတ်ဘူး အရေးမကြီးဘူး အဲ့ဒီလိုငါထွက်သွားလို. လူမဆန်ဘူးလို. ငါ့ကိုကဲ့ရဲ့ကြရင်လည်းအဲဒါဘာမှမဟုတ်ဘူး အရေးမကြီးဘူးအဲ့လိုပဲခံစားမိတယ် >>> မင်းနဲ့ငါနဲ့ နည်းနည်းကွဲသေးတယ်ကွ ဒါပေါ့ လူပဲ တစ်ယောက်နဲ့တစ်ယောက် တူလို့ ဘယ်ဖြစ်မလဲ (တွေ.လား ကျွန်တော်သူငယ်ချင်းက နတ္တိပီသစွာ လက်ခံသဘောပေါက်လွယ်တယ်) လက်ခံသဘောပေါက်လွယ်တာဟာ နတ္တိပီသ ခြင်းနဲ့ (ဆိုင်/မဆိုင်)?? ဇာတ်ကောင်ရဲ့ စိတ်ဓါတ်က နည်းနည်းတော့ ဆန်းကျယ်လာတယ်။ နှစ်ယောက်ရဲ့ စကားအသွားအပြန်မှာ ထူးဆန်းနေတယ်၊ အဲ့လောက် မစိုးရိမ်သင့်ပါဘူး လို့ ဘာလို့ တေလေ ထင်လိုက်တာလဲ ။ ကျွန်တော်မသိပါဘူး။ အဲဒီကောင်မလေး သာ . . . .“သူ” ဖြစ်ခဲ့ရင် . . . . ကျွန်တော့် လက်ထဲမှာ သေနတ်မရှိလည်း ကျွန်တော် ခြသေ့င်္ ဆီ ခုန်ဝင်သွားမှာပါပဲ . . . စိုးရိမ်မိတာ နတ္တိ ဖြစ်ခြင်း မဖြစ်ခြင်း နဲ့ ပတ်သက်ပါသလား . . စဉ်းစားတယ် သူကပြောတယ် ငါသေရင်ငါ့အတွက်ကဗျာရေးပေးပါတဲ့ ကျွန်တော်ငြင်းလိုက်တယ် ဒါသူ.အသုဘရဲ့ ကဗျာပဲဆိုတာ သူ.ကိုပြောပြမယ်. ကျွန်တော် မသိနိုင်တော့ဘူးလေ။ အဲဒီကဗျာကို သူ ဘယ်လို ရေးထားခဲ့သလဲ . . . ကျွန်တော် က သေသွားခဲ့ပြီပဲ . . .ဒါပေမဲ့ ကျွန်တော်မသေရဘူးတဲ့ . . . ဟင့်အင်း မောင် မသေရဘူးတဲ့ . . . ကျွန်တော် ပြန်ရှင်လာတယ် . . . . ထားပါဘာပဲပြောပြော မောင့်ဆီက ဝေးရာ ထွက်ပြေးတဲ့ မျဉ်းတစ်ကြောင်းရဲ့ ဆုံး(ဆုံ)မှတ်ဟာ ဘာများလဲလို့ ကျွန်တော်တို.ဟာ အရူးတွေပါလို.ထပ်ပြောရင်လေးနက်ပါလိမ့်မယ် မလေးနက်ချင်ပါဘူး လေးနက်နေပါတယ် ကျွန်တော်သာ အသိဆုံး စာသားတွေဟာ ကျွန်တော့်ကိုပဲ ငိုအောင် လုပ်နိုင်စွမ်းရှိပါလိမ့်မယ် . . ခင်ဗျားတို့ရော ငိုမလို့လား . . .ငိုချင်ငိုဗျာ . . . တစ်ညလုံးလိုက်ငိုဗျာ . . . ဆုံမှတ်ဟာဘာများလဲ . . . ကျွန်တော် ဖဲပွတ်ရတာ ၀ါသနာ မပါဘူးဗျာ . . အဲဒီဖဲကို . . . .ရိုက်ချပလိုက်မယ် . . . ၀ုန်း . . . . “မလေးနက်ချင်ပါဘူး။ လေးနက်နေပါတယ်။” လင်းနီညို မှက်ချက်၊ ။ ကျွန်တော်နောက်ဆုံးတင်ထားတဲ့ ကဗျာလေးကို ဖတ်ပြီး ကျွန်တော်သူငယ်ချင်း လင်းနီညိုက သူ.စိတ်ထဲဖြစ်လာတာကို ချရေးပြီး မေးပို.ထားတာလေးပါ အမှတ်တရအနေနဲ. ဖော်ပြလိုက်ပါတယ်...်

0 comments: