Thursday, September 10, 2009

ဖြတ်လမ်း

ကိုယ်ကိုကိုယ်ဘယ်လောက်ထိညာခဲ့ပြီးပြီလည်း ကိုယ်ကိုကိုယ်ဘယ်လောက်ထိညာရဦးမှာလည်း ကျုပ်တို.ကတော့အမှန်တရားဆိုတာကို လွယ်အိတ်ထဲထည့် တစ်ဘ၀လုံးလွယ်ခဲ့မိတာပါ။ ကြာတော့လည်း ကျုပ်တို.ပုခုံးတွေ စောင်းရွဲ.လာတာပေါ့။ များလွန်းလှတဲ့ သံဝေဂတွေ ခါးပုံစထဲထည့်လမ်းလျှောက်မိခဲ့ရင်ကောင်းသား အခုတော့ တစ်ခုချင်းလိုက်ကောက်ရတာ ပျင်းသွားပြီ။ အဲဒီလိုနဲ. သံချေးတွေတောင် စွန်းပေခဲ့ရပြီပဲ သို.မဟုတ်တွေများလွန်းလှတဲ့ ရွေးချယ်မှုတွေကြား ကျုပ်တို.ကကျုပ်တို.ကိုယ်တောင် အမှန်မခြစ်ချင်တော့ဘူးမို.လား။

0 comments: