Monday, December 29, 2008

ကဗျာတစ်ပုဒ်ကောက်ရထားသည်

ကောင်မလေးရေ နင်နဲ.ငါမတွေ.ရချိန်တွေမှာ တစ်ယောက်ကိုတစ်ယောက် သတိမရဘဲ နင်နဲ.ငါဝေးနေချိန်မှာ လွမ်းနေကြရအောင်နော်။ ကောင်မလေးရေ နင်နဲ.ငါ ပြသာနာတွေဖြစ်ရင် လက်ဆွဲနှုတ်မဆက်ဘဲ နင် နဲ.ငါပြန်ပြေလည်အောင် အနမ်းနဲ.နှစ်သိမ်.ကြရအောင်နော်။ ကောင်မလေးရေ နင်နဲ.ငါရဲ.အကြောင်းတွေကို ဦးနှောက်ထဲထည်.မထားဘဲ နင်နဲ.ငါအရေးကို နှလုံးသားထဲသိမ်းထားကြရအောင်နော်။ ကောင်မလေးရေ နင်နဲ.ငါသေမလောက်ဒုက်ခရောက်ရင် တစ်ယောက်ကိုတစ်ယောက်အားမပေးဘဲ နင်နဲ.ငါ......နင်နဲ.ငါ...... နှစ်ယောက်သားထွေးပွေ.လို.သေကြပါစို.နော်။ ကောင်မလေးရေ အဲဒီ အခွင်.အရေးတွေ နင်ငါကိုမပေးသေးလည်း ကိတ်စတော.မရှီပါဘူး။ ငါကိုကဗျာလှလှလေးပေးခဲ.တဲ. နင်ကိုကျေးဇူးပါ...။

ကျွန်တော်နှင့်ဆိုင်ကိုများ

လူတိုင်းမှာဆိုင်ကိုဆိုတာရှိတက်ကြပါတယ်။ အဲဒီဆိုင်ကိုတွေဟာ လူတွေကိုတော်တော်လေး ကသီကအောက် နိုင်စေပါတယ်။ အခြားသူအတွက်တော. အဲဒီဆိုင်ကိုတွေဟာ ဘာမှမဟုတ်ပေမယ်. ရယ်စရာကောင်းနေပေမယ်. ကာယကံရှင်အတွက်တော. အလွန်အရေးပါပါတယ်။ ကျွန်တော်မှာလည်း ဆိုင်ကိုတွေရျှိပါတယ်။ ဖျောက်လို.လည်း မရပါဘူး။ ကျွန်တော်ဆိုင်ကိုတွေကို ဖိတ်ပြီးရယ်နိုင်ကြပါစေ။ ကျွန်တော်ရဲ.ပထမဆုံးဆိုင်ကိုကတော. အင်ကျီဝတ်ရင် ရှိသမျှ ကြယ်သီးတွေအကုန်ဝတ်ရမှ ကျေနပ်တက်ပါ တယ်။ ဘယ်လောက်ပူအိုက်တဲ. ရာသီဖြစ်ဖြစ်ပေါ။အဲဒီလိုမှ မ၀တ်ရရင် လူကလုံခြုံမှုမရှိသလိုပဲ။ သူငယ်ချင်းတွေဆို အမြဲပြောတယ်`မင်းကိုကြည်.ရတာပူအိုက်လိုက်တာ´ တဲ.။ဘယ်လိုဖြစ်ဖြစ်လေနော် ကျွန်တော်ဆိုင်ကိုပဲလေ။ နောက်တစ်ခုကတော. ကျွန်တော်အိပ်ရင် စောင်တစ်ခုကို ပေါင်ကြားထဲခွ နောက်စောင်တစ်ထည်ုကို ခေါင်းမြီးခြုံပြီးမှအိပ်တက်တယ်။ ဘယ်လောက်ပူပူ၊ နိုမို.ဆို စိတ်ထဲလုံခြုံမှုမရှိသလိုပဲ။ နေ.ခင်းဘက်အိပ်လည်း ဒီအတိုင်းပဲ။ နောက်တစ်ခုက ကျောင်းမှာcanteenထိုင်ရင် ဘယ်တော.မှကိုဘာသာ မှာမစားတက်ဘူး။ သူငယ်ချင်းတွေ မှပေးရတယ်ဗျ။ သူငယ်ချင်းတွေပြောတာတော. မင်းက ကိုယ်နဲ.မသိတဲ.သူနဲ. အပိုစကားတွေမပြောချင်တဲ. ကောင်ပဲ တဲ.။ ဒါတွေကမြင်သာထင်သာရှိုတာတွေပေါ.။နောက်မသိသာတာတွေလည်းရှီသေးတယိဗျ။ ပြီးတော. ကောင်မလေး တွေကိုမြင်တဲ. ဆိုင်ကိုတွေလည်းရှိသေးတယ်ဗျ။ ကျွန်တော်က မိန်းကလေးတွေကို ငယ်ငယ်လေးကတည်းက ရွှေဝတ်တာမြင်ရင်လုံးဝကြည်.လို.ကို မရတာဗျ သူဘာသာဘယ်လောက်လှလှနော်။ ကြိုက်လို.ကိုမရတာ။ နောက်ထပ်ဆိုင်ကိုတစ်ခုက ရတာသိပ်မကြာသေးဘူး။ အဲဒါက မိန်းကလေးတွေ အင်းကျီလည်ဟိုက် ၀တ် တာ ကိုပါ။ သူကိုအရင်ကြိုက်ချင်ကြိုက်မယ်ဒါပေမယ်. သူကိုလည်ဟိုက်ဝတ်တာတွေ.ပြီးရင်တော. လုံးဝခံစား လို.ကိုမရတော.တာဗျ။ ဒါဆိုမင်းကရီုးရိုးလေးတွေကြိုက်တာပေါ. ဆို ဟုတ်ဘူးဗျ။ သူဘာသာသူ ဘယ်လောက် လန်ပြန်ထွက်နေပစေ ရတယ်။ လည်ဟိုက်ဝတ်ရင်သာမရတာဗျ။ ကျွန်တော်ဆိုင်ကိုတွေကဆန်းတော.ဆန်းတယ်နော် ။ရယ်ချင်ရယ်လို.ရပါပြီ။။။။။

သေသွားမှာပေါ့

ကျွန်တော်နဲ..သူငယ်ချင်းတစ်ယောက်လမ်းလျှောက်ထွက်လာရင်းကျွန်တော်သူ.ပခုံးကိုကျွန်တော်လက်လှမ်းတင် လိုက်မိတယ်။သူကပြောတယ်။ “ဟေ.ကောင်လက်မတင်နဲ.” “ဘာလို.လဲကွ” “ယောက်ခမနိုင်တယ်” “မင်းကမိန်းမရမှာလည်းမဟုတ်ပါဘူးကွာ” လို.ကျွန်တော်က ပြောတော့ ဘာပြန်ပြောတယ်မှတ်လည်း… “အာ ဘုန်းကံနိမ်.ပြီးရသွားရင်ဘယ်လိုလုပ်မလည်းတဲ.”်

Tuesday, December 23, 2008

ရေစုပ်စက်

မာနတွေကို ခံစားချက်ဆိုတဲ. ရေစုပ်စက်နဲ. အမြင်.ဆုံးရောက်အောင် ထိုးအန်ချလိုက်တယ် သောင်ပြင်ပေါ်ကို သဲထဲရေသွန်ဘာဖြစ်မှာလဲတဲ.။ ။ ဖြစ်နိုင်ပါတယ် အလေ.ကျပင်လေးတွေဖြစ်နိုင်ပါတယ်။ ။ ချစ်ခြင်းတွေကို နှလုံးသားဆိုတဲ. ရေစုပ်စက်နဲ. မထိန်းနိုင်တော.လို. ထိုးအန်ချလိုက်တယ် မင်းရဲ.နှလုံးသားဆီကို သဲထဲရေသွန်ဘာဖြစ်မှာလဲတဲ.။ ။ ဟုတ်ကဲ. ဒီကိတ်စမှာတော. ဘာမှမဖြစ်နိုင်ပါဘူး။ ။

Saturday, December 20, 2008

စာမရေးချင်သော အကြောင်း

မီးလင်းဖိုလေးဘေးမှာ ကျွန်တော်နဲ.ချစ်သူ နစ်ယောက်သား နွေးထွေးခဲ့ကြတယ်။ ဒီတစ်ဆောင်းကတော့ မင်းနဲ.ငါနဲ.ရဲ့ ချစ်ခြင်းတရားတွေ နောက် မီးလင်းဖိုလေးရဲ့ အနွေးဓါတ် အားလုံးက တစ်လောက လုံးကို နွေးထွေးစေပြီ။ ဘယ်တော့မှ မမေ့ပါနဲ. ။ မီးလင်းဖိုလေးရဲ့ မီးတောက်တွေထဲ အတူတူစိုက်ကြည့်လို. နွေးထွေးခြင်းတွေ သူရယ်ကိုယ်ရယ် ရင်ဖက်နှစ်ခုဆီကို စီးဆင်းသွားတယ်။ နောက်အတူဆုပ်ကိုင်ထားတဲ့ အကြင်နာလက်တွေရဲ့ တန်ခိုးလည်းပါပါလိမ့်မယ်။ ထိုသို. ကျွန်တော်တို. ချစ်သူနှစ်ယောက် နွေးထွေးဖူးသော မီးလင်းဖိုလေးဘေးက အခုတော့ တစ်ယောက်တည်း အက်ကွဲရှတ….. သူလည်းလွမ်းနေပါသည်တဲ့…။ ကျွန်တော်ရဲ့ချစ်သူ သူ.သခင်မကိုပေါ့…။ တော်ပြီ။မင်းတော်တော်လွန်နေပြီ……..။ ဒီလောက်ပဲ ကောင်းတယ်။ ဘယ်မှာလည်း မီးလင်းဖို မြင်ဖူးလို.လား…………။ မင်းဘယ်နှစ်ခါတွေ.ဖူးလို.လည်း။ ပြီးတော့ မင်းနေတဲ့ရန်ကုန်ဆောင်းက ဘယ်လောက်တောင်ချမ်းနေလို. မင်းက မီးလင်းဖိုတွေဘာတွေ လျှောက်ရေးနေတာလည်း ။ ရန်ကုန်ဆောင်းက တကယ်ချမ်းနေခဲ့ရင်တော့ မီးနဲ.မီးလင်းဖို ဘေးမှာ အတူထိုင်ပေးမယ် ချစ်သူကရော မင်းမှာရှိလို.လား။ အလကား အပိုတွေ…..။ တော်ပြီ … ဒီကဗျာကို စုတ်ဖြဲလိုက်တော့…….။ မလိုတော့ဘူး…..။ စုတ်ဖြဲပစ်လိုက်ပြီ။ တောင်ပံတစ်စုံနဲ.လောက တစ်ခွင်လုံးကို ဖြန်.ကျက်လိုက်တယ်။ တစ်လောကလုံးက ကျွန်တော်ရဲ့ တောင်ပံတွေအောက်မှာ မျှော်လင့်ချက်အကြီးကြီးတွေနဲ. သူတို.ဘ၀တွေအတွက် ကျွန်တော်…။ စာလောင်မွတ်သိပ်နေတဲ့ မျက်လုံးတွေ… လိုအပ်ချက်တွေနဲ. တလျှမ်းလျမ်းတောက်နေတဲ့ နှုတ်ခမ်းတွေ…. နောက်…. များစွာသော များစွာသော… ကမ္ဘာပျက်ကတော့ ဆိုက်ရောက်လာပြီလေ..။ သူတို… လူသားတွေပေါ့… သူတို.အတွက် ကျွန်တော်တောင်ပံတွေကို ဖြန်.ကျက်ပေးဖို. ဆုံးဖြက်လိုက်ချင်တယ်။ ဘာတွေများဆက်ဖြစ်လိမ့်ဦးမလည်း…။ ကျွန်တော်ကရော လူသားတွေအားလုံးအတွက် ကျွန်တော်ကတော့ ရှိချင်နေပြီ….။ ကျွန်တော်တောင်ပံတွေနဲ.သာ ကျွန်တော်အသက်ဆက်နေရတာပါ…။ မျှော်လင့်ချက်ရဲ့ ခွန်အားတွေအတွက် ကျွန်တော်အဆုံးရှုးခံလိုက်ပါရစေ…။ ဘုရားသခင် ခွင့်ပြုပါလော့…။ ကျွန်တော် အတောင်ပံတွေ တဖြည်းဖြည်း တဖြည်းဖြည်းချင်း မြောက်တက် မြောက်တက်……။ ဟာ…. ဘာတွေလည်းကွာ…။ မင်းမှာ ဘယ်ကတောင်ပံရတာလည်း ..။ ဘယ်ကတောင်ပံလည်း တောင်ပံရှိရအောင် မင်းကငှက်မို.လား…။ လူသားတွေက ဘာများဖြစ်နေလို.မင်းကကယ်တင်ရမှာလည်း မင်းတောင်ပံကြီး ကားယားကားယားနဲ. ၀င်ရှုပ်မှ အားလုံးဒုက္ခရောက်ဦးမယ်။ ပြီးတော့ မင်းက လူသားတွေကို ကယ်တင်ဦးမယ်ဟုတ်စ..။ ဟုတ်မှလည်း လုပ်ပါကွာ ။ မင်းလောက် အတ္တကြီးပြီး ကိုယ်အတွက်ပဲ ကိုယ်ကြည့်တဲ့ ကောင်က သူများကိုကယ်ဦးမယ် ဟုတ်စ..။ မင်းက ဘယ်တုန်းကများ ဘုရားသခင်နဲ.သိသွားရပြန်တာလည်း ဘုရားသခင်နဲ.စကားပြောရအောင် မင်းက မင်းကိုမင်းများ ပရောဖက်တစ်ယောက်လို.များ စိတ်ကြီးဝင်နေတာလားကွာ။ ဒီတစ်ခါတော့ ရိုးသားလိုက်ပါကွာ…။ ကဲံ… အခုမင်းရေးထားတာလေးလည်း စုတ်ဖြဲလိုက်ပါဦးကွာ…။ ထိုကဲ့သို.နှင့်ပဲ…။ ကျွန်တော်စာမေ၇းဖြစ်ခဲ့သလို စာလည်းမရေးချင်တော့ပါ ထိုကြောင့် ကျွန်တော်စာမရေးတော့ပါ။်

Monday, December 15, 2008

မန်းလေးသားနှင့်ရန်ကုန်သူ

မန်းလေးသား နဲ. ရန်ကုန်သူ တို. chatting ၀င်နေကြရာ အတော်လေးok နေပြီဖြစ်ရာ တစ်ယောက်ဆီတစ်ယောက် လာလည်ရန်အပြန်အလှန် ခေါ်နေကြသည်။ မန်းလေးသား ---- အစ်မကျွန်တော်တို.မန်းလေးလာလည်ပါလား။ ကျွန်တော် တောင် ပြမယ်လေ။ ရန်ကုန်သူ-------အစ်မတို.ရန်ကုန်လာလည်လေ။ အစ်မ နင်. ကို ကန် ပြမှာပေါ.။ မန်းလေးသား ပြန်ပြောလိုက်တဲ.စကားကြောင်. ရန်ကုန်သူလည်း တစ်ခါတည်း မန်းလေးသားကို block လုပ်ပစ်လိုက်လေသည်။ မန်းလေးသား ပြန်ပြောလိုက်တဲ. စကားက အစ်မဆီလာရင် ကျွန်တော်ကို ကုန်း ပြလေ။ကျွန်တော်ဆီလာရင်ကျွန်တော်လည်း အစ်မကို ကျုံး ပြမှပေါ.။ ဟူတည်း ။ သုတို.ပြောတဲ.နေရာတွေကဘယ်နေရာတွေပါလိမ်.။စဉ်းစားကြည်.ရအောင်။။။။။

Friday, December 12, 2008

ကျွန်တော်ကျွန်မတို.လက်ဖက်ရည်ဆိုင်ထိုင်ကြသည်

ကျွန်တော်သည် လူငယ်တစ်ယောက်ဖြစ်သည်နှင့်အညီ လက်ဖက်ရည်ဆိုင် ထိုင်ရခြင်းကို အလွန်နှစ်သက်ပါသည်။ သို.သော် ကျွန်တော်ယခု အသက်(၁၉) နှစ်အရွယ်အထိ လက်ဖက်ရည်ဆိုင်ကို အကြိမ်(၅၀) ထက်ပိုမထိုင်ဖူးပါ။ ဘာကြောင့်လဲ ။ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းသည် တစ်ယောက်တည်းထိုင်ခြင်းထကု သူငယ်ချင်းများနှင့် ၀ိုင်းဖွဲ့ကာထိုင်ရခြင်းက ပိုရ်ျ အရသာရှိသည်ဟု ထင်သောကြောင့်ဖြစ်ပါသည်။ ကျွန်တော်တွင် သူငယ်ချင်းအများကြီးမရှိပါ။ ရှိသောသူငယ်ချင်းများသည်လည်း လက်ဖက်ရည်ဆိုင် သိပ်မထိုင်တက်ကြပါ။ တုံးအလွန်းသည်ဟု ဟားတိုက်ကြပါကလည်းကျွန်တော်နှင့် သုငယ်ချင်းများ ခံကြရရုံသာ။ လက်ဖက်ရည်ဆိုင် ထိုင်ခြင်းကို နှစ်သက်ကြသည့် လူကြီး၊ လူငယ်လူအများကြားတွင် ကျွန်တော်လည်းပါဝင်ပါသည်။ ကျွန်တော်သည် လက်ဖက်ရည်ဆိုင်ထိုင်လေ့ထိုင်ထမရှိသောလည်း လက်ဖက်ရည်ဆိုင်တွင် ခံစားရသော အကြောင်းတရား၊ အကျိုးတရားများကို နားလည်ပါသည်။ အပေါင်းအသင်းများနှင့် လက်ဖက်ရည်ဆိုင် ထိုင်ခြင်းကို နှစ်သက်သော ကျွန်တော်သည် တစ်ယောက်တည်း အေးဆေးငြိမ်သက်စွာ သုံးဆောင်ရသော လက်ဖက်ရည်ဆိုင် တစ်မျိုးတွင်ထိုင်တက်လာသည်။ ထိုဆိုင်ကို လူအများက Internet cafe ဟု ခေါ်သည်။ cafe ဆိုသောစကားလုံးသည် coffee ဆိုသော စကားလုံးနှင့် ဆင်တူသောကြောင့် ထိုဆိုင်လေးများကို ကျွန်တော်က ကော်ဖီဆိုင်ဟု သုံးနှုန်းပါသည်။ လက်ဖက်ရည်ဆိုင်တွင် လူအများစားသုံးကြသည်မှာ လက်ဖက်ရည်တစ်မျိုးတည်း မဟုတ်ပဲ အရာပေါင်းများစွာသော လူမှုရေးရာကိစ္စရပ်များကိုပါ စားသုံးကြပါသည်။ ကော်ဖီဆိုင်လေးထဲသို. ကျွန်တော် တစ်ယောက်တည်းဝင်လာခဲ့ရသော်လည်းဆိုင်ထဲရောက်ပါက အပေါင်းအသင်းများနှင့် လက်ဖက်ရည်ဆိုင် အရသာကို အပြည့်အ၀ခံစားလိုက်ရသည်။ လက်ဖက်ရည်ဆိုင်ထိုင်သောအခါ ကျွန်တော်တို. လူငယ်များသည် အာရုံတစ်ချို.ကို ဖြတ်သွားဖြတ်လာများအပေါ် ရွှေ.ပြောင်းထားတက်ကြသည်။ ထိုဖြတ်သွားဖြတ်လာများတွင် ယောင်္ကျားလေးများ၊ မိန်းမငယ်များစသည့်ဖြင့် မျိုးစုံပါဝင်ကြလေသည်။ မည်သို.ပင်ဖြတ်သွားဖြတ်လာများပြားစေကာမူ လူငယ်အမျိုးသားထု အတွက် မျက်စိအကျဆုံးမှာ အမျိုးသမီးငယ်များဖြစ်သည်။ လူငယ်တို.သည် လူငယ်တို.ဘာဝ ထိတွေ.ကြသည်။ ကြိမ်ဖန်များစွာ လက်ဖက်ရည်ဆိုင်ထဲထိုင်ကာ အမျိုးမျိုး နောက်ပြောင်ကြသည်.။ အမျိုးသမီးငယ်များကို မိမိတို. အတွေးနှင့် မိမိတို. အမျိုးမျိုး ဝေဖန်ပိုင်းဖြတ်ခွဲခြားတက်ကြသည်။ ကျွန်တော်ထိုင်သော ကော်ဖီဆိုင်လေးတွင်လည်း ဖြတ်သွားဖြတ်လာများ ပျားပန်းခတ်မျှ ရှုပ်ပွနေသည်။ လက်ဖက်ရည်ဆိုင်လူငယ်များ၏ အတွေ.အကြုံနှင့်တူတူပင်ဖြစ်သည်။ ထိုဖြတ်သွားဖြတ်လာများထဲ့ ကျွန်တော်၏ အာရုံ့များစီးမျောခြင်းကို chatting ဟုခေါ်သည်။ လက်ဖက်ရည်ဆိုင်နှင့် တစ်ခုကွာသည်မှာ ကော်ဖီဆိုင်များတွင် အမျိုးသမီးငယ်များလည်း အာရုံကို ဖြန်.ကျက်ထားကြသည်။ ထိုကြောင့် ကျွန်တော်တို.သည်လည်း စောင့်ကြည့်ခံ ဖြတ်သွားဖြတ်လာများဖြစ်သွားရသည်။ ခောတ်စနစ်အရ အမျိုးသမီးငယ်များသည် ကျွန်တော်တို. အမျိုးသားထုအား မျက်လုံးချင်း ယှဉ်ပြိုင်လာနိုင်ပြီဖြစ်သည်။ ကော်ဖီဆိုင်လေးတွင် အမျိုးသားနှင့် အမျိုးသမီးတို. တန်းတူဖြစ်သွားခဲ့ရပြီ ဖြစ်သည်။ လူငယ်တို.သည် လက်ဖက်ရည်ဆိုင်တွင်ထိုင်ရ်ျ ဖြတ်သွားဖြတ်လာ အမျိုးသမီးများထဲမှ မိမိတို.နှစ်သက်မိသူအချို.အား ချစ်ခွင့်ပန်ကြသည်။ အချစ်ကို ရရှိရန် အမျိုးမျိုးကြိုးစားကြသည်။ ချစ်သူဖြစ်သွားကြသည်လည်း ၇ှိသည်။ အသဲကွဲကာ လက်ဖက်ရည်ဆိုင်ထဲ ကျန်နေခဲ့သူတွေလည်းတစ်ပုံတစ်ပင်။ တစ်ခါတစ်ရံဉ် ချစ်သူလာရာလမ်းကို စောင့်မျှော်ရသောနေရာသည်လည်းကောင်း၊ ချစ်သူနှစ်ဦးဆုံဆည်းရာ နေရာသည်လည်းကောင်း လက်ဖက်ရည်ဆိုင်ဖြစ်သည်။ ကျွန်တော်ထိုင်သော ကော်ဖီဆိုင်လေးတွင်လည်း ဖြတ်သွားဖြတ်လာများကြားမှ အချစ်ဇာတ်လမ်းလေးများက ကြည်နူးဖွယ်ပင်။ chatting ထဲမှ လွမ်းမောဖွယ် ချစ်သူစုံတွဲများ၏ ပိတိအပြုံးလေးများက ကော်ဖီဆိုင်လေး၏ ကျေးဇူးပင်မဟုတ်လော။ ဒူးတိုက်ဆွေးနွေးသော အကြောင်းအရာပေါင်းများစွာသည် လက်ဖက်ရည်ဆိုင်ထဲတွင် ဆူညံစွာထွက်ပေါ်နေသည်။ အချို.က ဘာသာရေး၊ အချို.က အချစ်ရေး၊ အချို.က ပညာရေး၊ အချိုက အလုပ်အကြောင်း၊ အချို.က မိမိတို. ၀ါသနာပါရာ စသည်ဖြင့် စသည်ဖြင့် လူငယ်များ အပြုံးကိုယ်စီဖြင့် ဆွေးနွေးနေကြသည်။ ပြသနာ၏ အဖြေများကို ပူးပေါင်းရ်ျရှာဖွေနေကြသည်။ ကျွန်တော်နှစ်သက်မိသော ကော်ဖီဆိုင်လေးတွင ရှိသော ဆွေးနွေးပွဲနေရာများကို ကျွန်တော်တိုက forum ဟုခေါ်သည်။ တစ်ယောက်နှင့်တစ်ယောက်မမြင်ဖုူးပဲ တိုင်ပင်နေကြသော လူငယ်ပေါင်းများစွာက ကော်ဖီဆိုင်လေးထဲတွင် အကြောင်းအရာပေါင်းများစွာကို သိသွားပြီဖြစ်သည်။ အကြောင်းအရာပေါင်းများစွာကို ခေါင်းစဉ်တပ်နေကြပြီဖြစ်သည်။ လက်ဖက်ရည်ဆိုင်လေးထဲတွင် စာရွက်တို အပိုင်းအစများ ဟိုမှဒီမှ လွင့်ပျံနေသည်။ လူငယ်ချင်းချင်း ဝေမျှဖတ်ရှုနေသော ကဗျာအတိုအစ ၀တ္တုများဖြစ်ကြသည်။ တစ်ချို. သီချင်းခွေကြမ်းလေးများ ပင်ပါလိုက်သေးသည်။ တစ်ယောက်ရေးသောစာ တစ်ယောက်ဖတ်ရှုဝေဖန်ရင်း အနုပညာပေါင်းများစွာကို ဖန်တီးကာညီရင်းအစ်ကို စိတ်ဓါတ်ဖြင့် မိမိတို. ယုံကြည်ရာကို လျှောက်လှမ်းနေသော လူငယ်လေးများလည်းရှိသည်။ ထိုကဲ့သို. လူငယ်လေးများစုဝေးနေသော နေရာကို ကျွန်တော်တို.ကော်ဖီဆိုင်လေးတွင် Blogger အသိုင်းအ၀ိုင်းဟုခေါ်သည်။ တစ်ယောက်နှင့်တစ်ယောက် မသိကြသော်လည်း စာပေစိတ်ဓါတ်ဖြင့် အားမာန်သစ်များဝေမျှကာ ခံစားချက်တို. တူညီလာကြသည်။ လားရာမတူသော ခံစားချက်များ ပေါင်းစုံမိကြပေပြီ။ ကော်ဖီဆိုင်လေးထဲတွင် Blog link လေးများက ဟိုမှဒီမှ လွင့်ပျံနေခဲ့သည်။ လူငယ်များတီးတိုးတိုင်ပင်ကာ ခိုးကြောင်ခိုးဝှက်ရှာဖွေနေကြသော အကြောင်းအရာများလည်းရှိသည်။ကော်ဖီဆိုင်လေးထဲတွင် ကျွန်တော်တို.မျက်လုံးများ ဟိုကြည့်ဒီကြည့်ဖြင့် အခြေအနေကောင်းများစောင့်ကာ ခိုးကြောင်ခိုးဝှက်ဖြင့် လိင်မှုဆိုင်ရာ website များဆီလည်းရောက်ခဲ့ကြသည်။ လူငယ်များသည် စာသင်ကျောင်းမှပေးလိုက်သော သင်ခန်းစာများကို လက်ဖက်ရည်ဆိုင်တွင် တစ်ခါတစ်ရံ ပြန်ကြည့်တက်ကြသည်။ နားမလည်သည်များကို အချင်းချင်းပြန်လှန်မေးခွန်းထုတ်ကြသည်။ ကော်ဖီဆိုင်လေးထဲတွင်လည်း ကျွန်တော်တို.သည်များစွာသော ပညာရပ်များကို ဆည်းပူးကြသည်။ ကော်ဖီဆိုင်လေးသည် ပညာစုံပေးနိုင်သော တက္ကသိုလ်ငယ်လေးတစ်ခုနှင့် အလားသဏ္စာန်တူပေသည်။ ကော်ဖီဆိုင်လေးတွင် ကျွန်တော်တို.သည် ပညာရည်နို.သောက်စို.ကာ ကြီးရင့်ရပေဦးမည်။ ၀ါး.............ပျင်းဖို.ကောင်းလိုက်တာ။ ကျွန်တော်မျက်လုံးအစုံက နာရီကို လှမ်းကြည့်ကာ ကော်ဖီဆိုင်လေးကိုထွက်ခဲ့သည်။ ယခုအချိန်ဆိုပါက ကော်ဖီဆိုင်လေးတွင် ကျွန်တော်ချစ်သူစောင့်နေပေမည်။ ထို.ပြင် စကြနောက်ကြနှင့် ပျော်ရွှင်တက်ကြွဖွယ်ရာ သူငယ်ချင်းများလည်း ရှိနေပေသည်။ သူငယ်ချင်းများနှင့် ကျွန်တော်ချစ်သူ ဖတ်ရန်အတွက် ကဗျာတစ်ပုဒ်လည်း ကျွန်တော် memory stick ထဲပါလာပါသေးသည်။ ကျွန်တော်ဒီနေ.အချိန်ရမည်ဆိုပါက ခိုးကြောင်ခိုးဝှက်ကြည့်ရသော website တစ်ခုဆီသို. အလည်သွားရန်လည်း ဆုံးဖြတ်ထားပါသေးသည်။်

Saturday, December 6, 2008

ခင်ဗျားသောက်မြင်ကပ်တဲ့ကျွန်တော်

တွေ.ဆုံခြင်းမှာ လေပြည်ညှင်းသံ မရှိဘူး..။ အသေချာဆုံးအပျော်တစ်ခုတော့ ရှိတယ်..။ နားထဲမှာ ကြားနေရတဲ့ အသံတွေဟာလည်း လေပြည်ညှင်းသံ မဟုတ်ဘူး..။ ကီးဘုတ်ခေါက်သံတစ်ချို. လွတ်လပ်ခြင်းကင်း..ကင်းဝေး နှုတ်ဆက်သံ ကွဲအက်ကင်း..ေ..၀း… နှုတ်ဆိတ်သံ ကွဲအက် ဆူညံ…. နှုတ်ဆက်သံ ကွဲအက်..ထွက်သွ..ား အားလုံး..ပြီးဆုံးသွ..ားတော့ စကားသံ တစ်ချို. လည်ချောင်းဝမှာ တစ်ဆို့….. ပြက္ခဒိန်တွေကို နှမြောလိုက်တာ.. အခုတော့ ကီးဘုတ်ခေါက်သံတွေက လွတ်လပ်စွာနဲ…. ရင်ဘက်ထဲ တစ်ဒေါက်ဒေါက်.. နောက်တစ်ခါ… ကံမကောင်း အကြောင်းမလှစွ..ာ တွေ.ခဲ….-့ပြန်ရင….-် အခုပြောထ..ားတာတွေ ခင်ဗျားးးးးးးးးးးးးးအတွက်သေချာာာပါပြီ။ နောက်တစ်ခါခင်ဗျား စိတ်မပျက်စေရဘူး………………..။

Friday, December 5, 2008

ရှိနေမှာ

အလွမ်း ပိုဒ်ခွဲ(၁) ဒီညဟာ ကြယ်တွေမစုံတဲ့ညဆိုရင်တောင် မင်းတစ်ယောက်ရှိတာနဲ. ငါ့ရဲ့ကောင်းကင်ဟာပြည့်စုံပါပြီ….။ လမင်းထက်ထွန်းလင်းတဲ့ ကောင်မလေးရေ မင်းရဲ့အတောင်ပံတစ်စုံနဲ. ပျံသန်းခဲ့ပါတော့ အလွမ်းတွေကျဲဖြန်.ထားတဲ့ ငါ့ရဲ့ရင်ခွင်တစ်စုံမှာ မင်းရဲ့အတောင်ပံခတ်သံတွေနဲ. ငါတို.အချစ်တွေကို စိုက်ပျိုးပေးပါ.။ ကောင်းကင်တံခါးကိုဖွင့်လှစ်ပေးဖို. လက်တစ်စုံဟာ မင်းဆီမှာသာရှိနေတာပါ…။ အလွမ်း ပိုဒ်ခွဲ(၂) ဖြစ်နိုင်ရင် ကောင်းကင်က ကြယ်တွေဆီ လက်ပစ်ကူးသွားလိုက်မယ်….။ ပန်းခြံတွေထဲတော့ ကျွန်တော်မသွားချင်ဘူး။ ပန်းရနံတွေကို မရှုရှိုက်ချင်ဘူး။ ခုံတန်းတွေပေါ်လည်း မထိုင်ချင်ဘူး။ တစ်ခုသော အရာကို ကြောက်မိလို.ပါ…… ကျွန်တော်ရဲ့လိပ်ပြာမလေးကို တွေ.ခွင့်မရလိုက်ရင် ပန်းခြံဆိုတာ ကျွန်တော်အတွက် ရွံဖို.ကောင်းသွားလိမ့်မယ်။ လိပ်ပြာမလေးရေ… ငါဟာ မင်းကိုလွမ်းတာတစ်ခုနဲ.တင် အရာအားလုံးကို လျစ်လျူရှုခဲ့တဲ့ကောင်ပါ။ အလွမ်း ပိုဒ်ခွဲ(၃) လွမ်းတယ်…………. ဒီညတွေနဲ.အတူလွမ်းတယ် ဒီနေ.တွေနဲ.အတူလွမ်းတယ် ဒီအချိန်တွေနဲ.အတူလွမ်းတယ် တကယ်တော့ ကျွန်တော်တို.နှစ်ယောက်က မျက်နှာချင်းဆိုင်ရှိနေကြချိန်တွေမှာတောင် တစ်ယောက်ကိုတစ်ယောက် လွမ်းနေခဲ့ရတာပါ…။ အခုလို အခြေအနေနဲ.ကတော့ လွမ်းချိန်တောင်မရ နိုင်လောက်အောင် လွမ်းနေရတော့တာပေါ့။ အလွမ်း ပိုဒ်ခွဲ(၄) ချစ်သူရဲ့လက်တစ်စုံဆိုတာ ဘာပါလိမ့်..။ နွေးထွေးနေမလား..အေးစက်နေမလား… မသိဘူး..။ ကျွန်တော်တို.နှစ်ယောက် မသိခဲ့ကြဘူးနော်….။ ချစ်သူရဲ့မျက်ဝန်းတွေက ကြင်နာနွေးထွေးနေမလား…စိမ်းကားထက်မြနေမလား.. မမြင်နိုင်ဘူး..။ ကျွန်တော်တို…နှစ်ယောက် မသိခဲ့ကြဘူးနော်…။ ချစ်သူရဲ့--------------- -----------------------…………---------------- ---------------------။ ကျွန်တော်တို. နှစ်ယောက် မသိခဲ့ကြဘူးနော်..။ ကျွန်တော်အတွက်ကတော့……….. ကျွန်တော်အတွက်ကတော့ ချစ်သူရဲ့လက်တစ်စုံဟာ ချစ်သူရဲ့မျက်ဝန်းတွေဟာ ချစ်သူရဲ့ပါးပြင်နုနုလေးတွေဟာ ချစ်သူရဲ့ နှုတ်ခမ်းတွေဟာ ချစ်သူရဲ့လည်တိုင်လေးတွေဟာ ချစ်သူရဲ……….. များစွာသော ချစ်သူရဲ့ပိုင်ဆိုင်ခြင်းတွေအတွက် နွယ်တစ်ယောက်ကိုတည်းကိုပဲ လက်ညှိးညွှန်ပြမိတာပါ..။ ကျွန်တော်တို.နှစ်ယောက်က ချစ်သူတွေပေါ့။ အလွမ်း ပိုဒ်ခွဲ(၅) ချစ်သူအတွက် ဖန်တီးပေးချင်တဲ့ အနုပညာတစ်ခုရှိတယ်..။ ကျွန်တော်အတွေးတွေရဲ့ ဟိုးအနက်ရှိုင်းဆုံးတွင်းတွေထဲမှာ ချစ်သူအတွက် ကဗျာတစ်ပုဒ် ရေးပေးရင်ကောင်းမလား။ ချစ်သူအတွက် သီချင်းတစ်ပုဒ် ဆိုပြရင်ကောင်းမလား။ ချစ်သူအတွက် ပန်းချီကားတစ်ချပ် ခြယ်မှုန်းပြရင်ကောင်းမလား။ ချစ်သူအတွက် ……………………………………………….။ ဘယ်လို အနုပညာဟာ… အို…..ချစ်သူကို ကျွန်တော်က ချစ်နေခြင်းက အပြောင်မြောက်ဆုံးသော ကျွန်တော်ဖန်တီးပေးနိုင်တဲ့ ချစ်သူအတွက် အနုပညာပါပဲ..။ ကမ္ဘာပေါ်မှာ ဒီထက် ချစ်ဖို. ကောင်းတဲ့ အနုပညာရှိနိုင်တော့မှာ မဟုတ်သလို ချစ်သူအတွက်လည်း…။ အလွမ်း ပိုဒ်ခွဲ(၆) ကျွန်တော်ဟာမိုးသားတိမ်တိုက်တွေအဖြစ် ရွာချခွင့်ရှိရင်တောင် ကျွန်တော်ရဲ့ အမြဲစိမ်းသစ်တောမှာ သစ်ပင်အဖြစ်နွယ် တစ်ယောက်ပဲရှိနေမှာပါ နွယ်သိပ်ချစ်တဲ့ မိုးရေစက်တွေအောက် အတူလက်တွဲလို. လမ်းမလျှောက်ဖြစ်သေးပေမယ့် အခုတော့ ကျွန်တော်တစ်ယောက်တည်း အလွမ်းတွေအောက်…။ ချစ်သူပေးတဲ့ ကဗျာတစ်ပုဒ်နဲ.အတူ အလွမ်းတွေအောက်မှာ အသက်ရှုနေရဆဲပါ..။ အလွမ်း ပိုဒ်ခွဲ(၇) ချစ်သူမင်းစိတ်ဓါတ်ကျပါ..။ ပျော်ရွှင်စွာ စိတ်ဓါတ်ကျပါ မင်းဘ၀ရဲ့သက်တမ်းတစ်လျှောက်လုံးစိတ်ဓါတ်ကျပါ.. မင်းဘ၀သက်တမ်းတစ်လျှောက်လုံးအတွက် အားပေးဖို. ကျွန်တော်ရှိနေသမျှတော့ ချစ်သူ…မင်း စိတ်ဓါတ်ကျဖို.ကို မင်းစိတ်ဓါတ်မကျပါနဲ.။ အမြဲတမ်းအတွက် အမြဲကျွန်တော်… ရှိနေမှာ…..ပါ။

Wednesday, December 3, 2008

အမေအတွက်ဖတ်စာ

အမေ..။ ကောင်းကင်က ကြယ်တွေကလည်း ကြွေလိုက်ကြတာနော်…။ ဆုတောင်းလိုက်ပါ..။ အဲဒီ ကြယ်ကြွေခြင်းမှာ လူသားတွေရဲ့ ဆုတောင်းက ပြည့်တက်တယ်တဲ့ဗျ..။ ကြယ်တွေကြွေကြနေတုန်း အမေဆုတောင်းလိုက်ပါ..။ ကြယ်အကြွေတွေနဲ. အတူပေါ့..။ နက္ခတ်ဆိုးတွေ အကြောင်းတော့ မမေးကြကြေး…..။ ပျော်ရွှင်စွာတက်ကြွပါ….အမေ။ စိန်ပန်းပွင့်တွေ နီရဲလို…။ သိပ်ကြည့်လို.ကောင်းတာပဲနော်…။ သူ.ပန်းပွင့်တွေက အရမ်းနူးညံမယ်ထင်တယ်ဗျ…။ ဟော…ကြည့် သိပ်လှပါတယ်ဆိုတဲ့ စိန်ပန်းပွင့်တွေ ကြွေနေကျပြန်ပြီလေ..။ တောင်အောက်ကို ဆင်းတဲ့ လမ်းလျှောက်သံတွေလိုတော့ ဘယ်ကြမ်းတမ်းဆူညံမနေဘူးဗျာ။ ဖြည်းဖြည်းချင်း လေမှာပျံဝဲလို….လေမှာဝဲပျံလို…။ ဘယ်လို ဖြစ်ဖြစ်ပါလေ.. အမေလျှောက်မယ့်လမ်းမှာ မကြမ်းတမ်းဖို… သူတို.ရဲ့ သစ်ပင်အောင်မှာ ကျောခင်းပေးထားကြပြီလေ…။ သူတို.ကိုယ်သူတို. အကျဆုံးခံလို. အမေအတွက် နူးညံပေးနေကြတာပါ။ ခြေဖ၀ါးသံ နုနုနဲ. လျှောက်လှမ်းခဲ့ပါတော့ အမေ…….။ မိုးစက်တွေ ကမ္ဘာပေါ် ရွာချနေပြန်ပြီအမေ..။ လူသားတွေ ပျော်နေကြပါတယ်။ ကောင်းကင်ဘုံနဲ. ကွာရှင်းပြက်စဲလာတဲ့ မိုးရေစက်တွေရဲ့ ငိုသံတွေကို အမေကြားဖူးပါစ။ အဲဒီ ရှိုက်သံတွေကို အမေတို. ကျွန်တော်တို.နေ.စဉ်သောက်သုံးလိုက်ကြတယ်…။ ဘာမှ ၀မ်းနည်းစရာ မရှိခဲ့ပါဘူး အမေ…။ ကျွန်တော်လည်း ၀မ်းမနည်းခဲ့ပါဘူးဗျာ…။ တစ်ခုလောက်တော့ ပြောကြည့်ချင်တယ်…. ကျေးဇူးပြုပြီး အဲဒီ မိုးရေစက်တွေကို ရေသန်.တစ်ခွက်လို. နာမည်ပြောင်းမတပ်လိုက်ပါနဲ. အမေ…….။ သစ်ပင်လေးတွေ ယိမ်းထိုးလို. သူလာရာ အရပ်ဆီ ပြေးဝင်နေကြတယ်…။ သူလည်း တန်ဖိုးရှိတာပဲနော်..။ သူဆိုတာလား… ဟုတ်တယ်…. အမေ။ အမေထင်တဲ့ အတိုင်းပဲ နေရောင်ခြည်တွေပေါ့…….။ နေကြာပင်တွေ သူရှိတဲ့ အရပ်ဆီ ပြေးဝင်ခိုကပ်နေလိုက်ကြတာ အမြင်ကပ်ဖို.တောင် ကောင်းတယ်နော်….။ နေရောင်ခြည်တွေ ဖြာကျနေတာများဗျာ မနာလိုဖြစ်ချင်လောက်အောင် ကျွန်တော်တို.အတွက် လိုအပ်တယ်မို.လား အမေ…။ အမေ ဖြေပါ…။ သဘာဝတရားကြီးရဲ့ ကျဆုံးခန်းတွေဟာ ဘယ်လောက်တောင် ချိုမြိန်ပြီး ကျွန်တော်တို.အတွက် လှပလက်ဆက်တယ်ဆိုတာကို…။ လမ်းပေါ်မှာ ကောင်လေးတစ်ယောက်နဲ. ကောင်မလေးတစ်ယောက် …..။ ကောင်မလေး မျက်နှာက သုန်မှုန်လို. စိတ်ဆိုးနေတယ်နဲ.တူတယ်..။ ကောင်လေးကတော့ ပါးစပ်က တတွတ်တွက်ရွတ်လို. ဘာတွေပြောနေပါလိမ့်.။ ဟော..ကြည့်အမေ ကောင်မလေး မျက်နှာတစ်ဖြည်းဖြည်း ပြုံးယောင်သန်းလာပါပြီ.။ သူတို. နှစ်ယောက်ပြန်အဆင်ပြေ သွားတာဖြစ်ပါလိမ့်မယ်။ ကောင်မလေးဟာ ကောင်လေးရဲ့ စကားလုံးတွေအောက်မှာ ကြွေကျသွားတာ ဖြစ်ပါလိမ့်မယ်…။ သူ.ရဲ့စိတ်တွေ အနူးညံဆုံး ကြွှေကျသွားတာ ဖြစ်ပါလိမ့်မယ်။ စကားလုံးတွေ ကြွေကျခြင်းဟာ တကယ်တော့ လူသားတွေကို ချစ်ခင်ရင်းနှီးစေလိုတဲ့ နွေးထွေးခြင်းပေါ့..။ နွေးထွေးစွာ ကြွေကျခြင်းတွေဟာ ဘယ်လောက်တောင်တန်ဖိုးရှိတယ်ဆိုတာ အမေမြင်ပြီမို.လားဗျာ..။ ကျွန်တော်တို. တန်ဖိုးရှိစွာ စကားလုံးတွေ ခြွှေချကြပါစို.. အမေ။ ဒီနေ.တော့ အမေက ကျွန်တော်ကျဆုံးခန်းအတွက် ကျွန်တော်ကိုယ်တိုင်ချိုမြိန်ဖို. ပိုက်ဆံတစ်ချို. ထုတ်ပေးတယ်နော်..။ ကျွန်တော်မသွားလို. မရဘူးလားဟင်…။ ဟုတ်ကဲ့ပါ…အမေ…။ ကျွန်တော်သွားလိုက်ပါဦးမယ်။ အမေရေ…….ပြောရင်းဆိုရင်းနဲ. ကျွန်တော်တို.အိမ်ရှေ့က သစ်ပင်တစ်ပင် (ဘာပင်မှန်းတော့ အမေရော ကျွန်တော်ရော မသိကြဘူးနော်..။) အရွက်တွေ ခြွှေချနေပြန်ပြီနော်။ အမေပြောသလိုပဲ အချိန်တောင်မတန်သေးဘူးကိုး..။ သူ.သစ်ရွက်တွေ ကြွှေကြဖို. အချိန်က စောလွန်းပါသေးတယ်..။ ဟုတ်တယ်အမေ…။ အဲဒီလိုပါပဲ… အဲဒီလိုပါပဲ…။ အမေသား ကျွန်တော်လည်း စာမေးပွဲကျတယ်ဗျ။ အဲဒီလိုပါပဲ.. အဲဒီလိုပါပဲ… အမေ…။