တွေးမိနေတာက
(၁) နောက်အပတ်ထဲ ကလပ်သွားမလားလို.
(ပိုက်ဆံဖြုန်းချင်သလိုဖြစ်နေတယ် လူက)
(၂) စာမူခွင့်ပြုချက်နဲ. ကဗျာစာအုပ်တစ်အုပ်လုပ်ချင်နေတယ်
(လူက ကိုယ်ကိုကိုယ် မာန်တက်နေလား မသိ)
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အော.. တစ်ခါက ရေးဖူးတဲ့ ကျွန်တော်သာအသက် (၂၀) ကျော်သွားခဲ့ရင် ဆိုတဲ့ကဗျာထဲက လူဖြစ်နေပြီ။
ကျန်းမာရေး
ဆေးလိပ်သောက်တာများလို. ဟိုသီချင်းညဉ်းနေရတယ်
ရင်ဘက်ထဲကအောင့်အောင့်လာ ကြာကြာခံပါမလား.....
ဖတ်ဖြစ်တဲ့ စာအုပ်တွေက
အရိုး(...ဆိုသည်မှာ (၂) )
ဇော်ဇော်အောင် (မိုးပိတောက် စကားပြေများ(လက်ရွေးစင် ၀တ္တုတိုများ စုစည်းမှု) )
ရောက်နေဖြစ်တာက
ဦးညို (Mr.Brown)
ရေးဖြစ်နေတာက
အယ်လ်ပီကဗျာတွေ
နားထောင်ဖြစ်နေတာက
ခံစားလို.မရတဲ့ ဟစ်ဟော့ပ်တွေ
ရွတ်နေမိတဲ့ကဗျာက
ရင်ပူစေတဲ့ ရိုက်ချိုးမှုမှာ အဖျက်သမားတွေ ယောင်ကိုင်းနေတယ်
(သူငယ်ချင်း အယ်လ်ပီသမား လင်းနီညိုဧ။် ကဗျာ)
ဖြစ်ချင်နေတာက
အရူး
စားဖြစ်နေတတ်တာက
အမေထည့်ပေးလိုက်တဲ့ ထမင်းချိုင့်ထဲပါသမျှ
သနားနေမိတာက
ဘယ်သူ.ကိုမှ မသနားတက်တော့တာ ကြာပေါ့
လွမ်းနေမိတာက
မညီသိပါတယ် (ပြောရင် Block သွားဦးမယ်)
မေ့လျော့ပစ်နေမိတာက
ကျွန်တော်ဟာ ဘာကောင်မှ မဟုတ်ဘူးဆိုတာ
ခါးသက်နေမိတာက
လူဖြစ်ရတာ (တစ်ဘ၀လုံး ဖြစ်နေမှာ သေချာတယ်)
တမ်းတနေမိတာက
ဆယ့်ခြောက်နှစ်သားအရွယ်နဲ. ဆံပင်ရှည်တွေ
ကြိတ်ပြီးချီးကျူးနေမိတာက
စောတာရာ
ကြိတ်ပြီးအထင်သေးနေမိတာက
ဘယ့်သူကိုမှ အထင်မသေးတက်တာ ဆယ့်ရှစ်နှစ်အရွယ်တည်းက
ဆန္ဒမရှိတဲ့နေရာ
လူ.လောက
ဆန္ဒရှိနေတဲ့ကိစ္စ
သေခြင်း
မုန်းတီးနေမိတာက
ဘုရားသခင် နဲ. နိဗာန်
ချစ်နေတာက
သုည ဆိုတဲ့ဘဝ
စိတ်ပျက်နေမိတာက
ikariam.org
စွဲလန်းနေမိတာက
နတ္တိဝါဒ
လိုအပ်နေတာက
အနူမြူဗုံး လေးလုံးလောက် (ဒါမှမဟုတ် လိုသလောက်)
တောင်းနေမိတဲ့ဆု
ဆုတောင်းတွေကို မယုံဘူး
တောင်းရမယ်ဆိုလည်း ကမ္ဘာမြန်မြန်ပျက်ပါစေ ဒါမှမဟုတ် လူသားမျိုးတုံးရေး
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
တင်းတယ် တင်းတယ် တင်းတယ် တင်းတယ် တင်းတယ် တင်းတယ်
ဝန်ခံချင်တာက
ကျွန်တော်မှ ဘာမှမဟုတ်တာ မလုပ်ထားတာ :P
ဒီလူတွေကို ဆက် tag မယ်
မသတ်ချင်သေးဘူး။
မနန်းညီရေ ရေးပြီးသွားပြီနော်........
Tuesday, August 4, 2009
Subscribe to:
Post Comments (Atom)

2 comments:
သာဓု သာဓု သာဓု သာဓု
ပေးချင်နေတဲ့ Comment
ဘာကို ဘယ်လို ခံစားပြီး ရေးရမှန်း မသိတာ.....
:P
Post a Comment