အမှတ်တမဲ့တွေ မဲ့ သွားတဲ့ ကာလ
အမှတ်တရတွေ ရ ခဲ့တဲ့ ကာလ
"အစ်ကိုအတွက် အရေးအကြီးဆုံးအချက်တွေက ဘာ(များ)ဖြစ်မလဲ ခင်ဗျ"
ကျွန်တော်အတွက် နံပါတ်(၁) အရေးကြီးဆုံးက " အနုပညာ" (လိမ်တာ)
ကျွန်တော်အတွက် နံပါတ်(၂) အရေးကြီးဆုံးက " အမေ" (နံပါတ်စဉ် မှားတပ်ပြီ ထင်တယ်)
ကျွန်တော်အတွက် တတိယမြောက် အရေးကြီးဆုံးက " ကျွန်တော့်ပရိသတ်" (ပရိသတ်၊ ဘယ်ကပရိသတ်လည်း
သူ/ကျွန်တော်မှာပရိသတ်ဆိုတာရှိလို.လား)
ကျွန်တော်အတွက် စတုတ္တမြောက် အရေးကြီးဆုံးက "အတ္တ" (နံပါတ်စဉ် (၁) သို. ရွှေ.ပေးကြပါခင်ဗျာ)
အရုပ်တွေလည်း မရှိ၊ အရောင်တွေလည်း မရှိ၊ ခံစားပါ (ဒါပေမယ့်) ခံစားပါ
အကြားအာရုံအတွက် အဲဒါကို ရေဒီယိုလို. ခေါ်တယ်။
ရေတွေယို စီင်္းလာတဲ့ စီးတီးအက်ဖ်အန်လည်း ငုပ်တုပ်မေ့ချင်ပြီ ထင်ရဲ့
"အဲဒါတော့၊ ခင်ဗျားစီပွားပျက်ကပ် ပွားစီးရှင်သန်လာတာနဲ. ဘာမှမဆိုင်ဘူးထင်တယ်၊ မလွန် (ကျူး)လာနဲ. "
ကျွန်တော်အလုပ်က လူနာစောင့်ပါ
ဝင်လာမဆဲ တသဲသဲ တစ်ရာတန် အပြဲတွေကို စောင့်ရှောက်ရပါတယ်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ကျွန်တော်မှာ တိပ်ခွေကြီးကြီးတစ်ခွေ(ကုသရေး/ကယ်ဆယ်ရေး ပစ္စည်း) ရှိပါတယ်။
ကျွန်တော်အတွက်အခက်ခဲဆုံးအလုပ်ကတော့
တစ်ရာတန် အစုတ်များ ပြန်လည်နေရာချထားရေး (ခွဲဝေသုံးစွဲရေး) ဖြစ်ကြောင်း
အလားတူစီမံကိန်းများသည် ကျွန်တော်တို.ဆေးရုံတွင်.......
ဝင်သွားပြီး ပြန်ထွက်လို.မရတဲ့ လူကြီးတစ်ယောက်ရဲ့ ခန္တာကိုယ်ထဲက "အတ္တ"
ကလေးတစ်ယောက်ဆီ အစွန်း(ရောက်)စွန်ဆိုး(သွမ်း) ၀င်ရောက်
သတိ......
အတ္တဗဟိုပြု မုန်တိုင်းများ နေရာဆက်ခြား မွှေနှောက်/မွှေနောက် တိုက်ခတ်နေကြောင်း (ပြင်းအားများကွာခြားနိုင်)
မုန်တိုင်းတိုက်ခတ်စဉ် (စိတ်)၊ မြေပြင် (ခန္တကိုယ်) တစ်နာရီလေတိုက်နှုန်း ..........
လေးလံနေပြီ အလံလေးတစ်ခုအတွက် ဦးညွှတ်ခဲ့ရတဲ့ ဦးခေါင်းတွေ
ဖျက်ခနဲ. တလက်လက် တစ်ခဏအတွင်း ခနဲ.တဲ့တဲ့ (ယိုင်နွဲ.) အထာနဲ. မီးဖြတ်သွားတယ်။
ဘာသီချင်းမှ နားထောင်ချင်စိတ်မရှိတဲ့အခါ ကိုယ်ကိုကိုယ် ပြန်နားထောင်တယ်
မိတ်ဆွေ.... သင့်ရဲ့အသံကို သင်ဘယ်လိုကြားလည်း
ကျွန်တော်ရဲ့ အသံကို ကျွန်တော်ဘယ်လို ကြားလည်း (လဲသွားပြီ) (ပစ်ခွေ)
အခုဆို ခဏ ခဏ နင် ငါ့ကို
အရမ်းဝတယ်ပြောမယ် ( The Ants)
ဘာဝတာလည်း၊ ဘာဝ=? ဘာကိုဆိုလိုတာလည်း
ကျွန်တော်ကတော့ ကျွန်တော်ကိုယ်ကျွန်တော် လူပါးဝလာတယ်ပဲ မြင်တယ်။
ဟိုနေ.ကဆို ကိုယ့်စကားလုံးတွေနဲ. ကိုယ်ရန်ဖြစ်စကားများခဲ့ရသေးတယ်
ဘယ်တစ်လုံး (ညာ (သောစကား) /တစ် လုံး)ပိုကောင်းမှန်းတောင် မသိဘူး။
စီးကရက်ဗူးခွံအတွင်းသားထဲကရနံကို ရင်ဘက်အတွင်းသားထဲကရနံနဲ. ပေါင်းစပ်ဖူးပါသလား
မွှေးလွန်းသည်ဟု မထင်မိပါက ဆေးလိပ်မသောက်ပါနှင့်
သင့်အား သစ္စာဖောက် အဖြစ်ကား(မောင်းရန်) စင်(ပြရန်) တင်ရပေမည်။
အတွင်းကြေတိမ်စွဲနေသော တစ်ရာတန်တစ်ရွက်အား ပြန်လည်ပြုပြင်ဖာထေးသုံးစွဲရန်....။
်
Friday, April 24, 2009
Sunday, April 19, 2009
အထားအသိုမှားရင်း
အထားအသိုမှားရင်း
အထားအသိုမှားရင်း
ပါးစပ်ထဲ ဆေးလိပ်နံဟောင်လာတယ်။
နောက်တစ်ရက်ပေါ.
လက်ကြားထဲထက်ရောက်လာမယ်.
ဂုဏ်ယူခြင်းမှာ
ချောင်းဟန်.သံပါတယ်။
တကယ်ကိုခပ်တည်တည်ပါပဲ။
ရောဂါတွေကို ဂုဏ်ပြုတဲ.လေသံ
ရန်ကုန်မြို.နဲ.အပြိုင်တိုးတက်လာခြင်းမှာ
အသိပညာရသပေး ပျောက်လုလု
မဂ္ဂဇင်းတစ်အုပ်ဖတ်မယ်.အစား
နိုင်းနိုင်းစနေရဲ. ဘလော.ဂ်ဝင်ဖတ်တာက
ငါ.စိတ်ကို အဆာပြေတယ်။
တိုက်တွေကြားက တိုးတက်မှုမှာ
ခပ်တည်တည်တိုက်ပွဲတွေသာ
တိုးတက်နေတယ်။
တဲပုတ်တွေရှားပါးသွားသလို
တကယ်.စာဆိုတာရှိမှရှိပါလေစ။
ပြောကြစတမ်းဆို
စာဆိုတာ တဲပုတ်မဟုတ်ပေမယ်.
ဒီနေ.မှာတော.
တဲပုတ်ထက်မက ယိုင်နဲ.နဲ………..နဲ.။
မနက်ဖြန်တွေရော
အထားအသိုမှားရင်း
အထားအသိုမှားရင်း
Posted by တေလေ at 3:57 PM 1 comments
Labels: ကဗျာ
Saturday, April 11, 2009
ကြတာပေါ့
နိုင်ငံရေးနှင့် ဘာသာရေးကဗျာတွေ မရေးရဘူးလား
ရေးပေါ့၊ ကိုယ့်လက်နဲ. ကိုယ်ရေးတာပဲ ဘယ်သူက ဘာပြောပိုင်မှာလည်း
ရော့
အဲဒီကဗျာတွေ လူထုကိုပြချင်လို.ပါ၊ လူထုကိုမျှချင်လို.ပါ
"ဟာ၊ မင်းဟာတွေက ဘာသာရေးနဲ.နိုင်ငံရေးကဗျာတွေပဲ"
"မရဘူး၊ ဘယ်လိုပြမလည်း မဖြစ်နိုင်ဘူး" (ပြောဖူးတာတွေမေ့(ချင်)လို.)တဲ့
ကဗျာမှာ လွတ်လပ်ခွင့်မရှိမှတော့ ရေမသောက်ချင်ဘူး
အာခေါင်တွေခြောက်သွေ.ကွဲအက်ချင်လို.ပါ၊ ကုလားအုတ်တွေ ဖြတ်လျှောက်ကြပစေပေါ့။
"ကျွန်တော်လား၊ ဟာ၊ ဘယ်ကလာ စာရေးဆရာ ဟုတ်ရမှာလည်း"
"ခင်ဗျားတကယ်ပေါက်တက်ကရပဲ" (သေးမပေါက်ရ သေးပေါက်ရန် ကြိုက်သလို )
ကျုပ်ပြောချင်တာတွေ နားထောင်ပေးမယ့်လူမရှိတဲ့အခါ
ကျုပ်ပြောတာတွေ လူလက်မခံနိုင်လောက်အောင် မိုက်မဲတဲ့အခါ
ကျုပ်ကိုယ်ကျုပ် အမှန်တရားလို. ဟန်ဆောင်ချင်တဲ့အခါ
ကျုပ် အာတွေရွှဲးချင်တဲ့အခါ ရေးချလိုက်တာပေါ့(အာရေးဆရာ)(အာရေးစရာ)
ဒါနဲ.၊ နေပူတော့ ခေါင်းမကိုက်ဘူးလားဗျာ
ကဗျာကတော့ နေပူစပ်ခါးလည်း လျှောက်သွားရဲတယ်တဲ့
(သူ.ကိုလက်တွဲခေါ်သူတွေက များသလို၊ လိုက်ရဲတာလည်း အံ့ပါရဲ့ဗျာ)
သြ၊
အားတဲ့အခါ၊ ပျင်းတဲ့အခါ၊ လုပ်စရာကိုင်စရာ မရှိတဲ့အခါ
အရည်မရ အဖတ်မရ တောင်ခြစ်မြောက်ခြစ်ပေါ့၊ အားမှခြစ်တာနော် (အားရေးဆရာ)
ကဗျာဆရာဆိုတဲ့ စကားနဲ. ကျွန်တော်ကို မနှိုင်းစမ်းပါနဲ.တော့
အတကြီးရမှာကြောက်လွန်း၊ အလွန်ကြောက်တက်လို.ပါ။
"သဒ္ဒါမတက်ရင် စာမတက်ဘူးတဲ့" ကဲ၊ ကြားဖူးမှာပေါ့
"သဒ္ဒါတက်ရင်တော့ ကဗျာဖတ်လို.ရမှာမဟုတ်ဘူး" ကဲ၊ မကြားဖူးကြဘူးမို.လား
ကဗျာမဖတ်ရရင်နေပါစေ သဒါတော့တက်ချင်တယ်။
ဟောဒီမှာ ကဗျာငတ်နေသူတွေအတွက်ရေးတဲ့ကဗျာ ဖတ်ချင်သေးလား
ကျွန်တော်က ကဗျာကိုမရှိသုံးအနေနဲ. ရေးတာဗျ
ဟေ့ကောင် မင်းအခုရေးနေတာ ကဗျာနော်..ကဗျာ
"ဟုတ်ကဲ့၊ အကြောင်းတရားဆိုင်ရာ မှန်ကန်ညီညွတ်မှုဗီဇ(visa) အကြောင်းပါဗျ"
လွတ်လပ်စွာ
အင်း၊ တစ်မျိုးပြီးတစ်မျိုး၊ တစ်ချိုးပြီးတစ်ချိုး၊ အင်း၊ အချိုးတစ်မျိုးနဲ.
ခင်ဗျားတို.ရော ကဗျာသစ်(အမျိုးအစား) ကိုယ်ပိုင်မဖန်တီး(ကြည့်)ချင်ဘူးလား
(နှစ်သက်ရာ စမိုင်အိုင်ကွန်းတစ်ခုခု ထည့်သွင်းအသုံးပြုရန်)
လုပ်မနေပါတော့ဗျာ၊ ကြာတော့လည်း ဒီကဗျာ လူတွေမေ့ဦးမှာပါ။
Posted by တေလေ at 12:31 PM 0 comments
Labels: ကဗျာ
Friday, April 10, 2009
သူငယ်ချင်းများနှင့်ကျွန်တော်( ကျွန်တော်လား.. ဆေးကုနေပါသည်။)
ဒီစာကိုဖက်နေကြတဲ့သူအားလုံးဟာ လူတွေဖြစ်ကြပါတယ်။ ဒီစာကိုရေးနေတဲ့ ကျွန်တော်ကလည်း ကိုယ်ကိုကိုယ် လူတစ်ယောက်လို. ထင်မှတ်ခဲ့ပါတယ်။ တကယ်လည်း ကျွန်တော်က လူတစ်ယောက်ပါ။ ခင်ဗျားလည်း လူတစ်ယောက်ပါ။ သို.သော်ငြားလည်း သိပ်မကြာသေးတဲ့ အချိန်က ခင်မင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်နဲ. စကားအနည်းငယ်ပြောပြီးတဲ့နောက်မှ ကျွန်တော်ကိုကျွန်တော် သိလိုက်ရတာတစ်ခုရှိပါတယ်။ အဲဒါကတော့ ‘ကျွန်တော် လူကောင်းမဟုတ်ဘူး’ ဆိုတဲ့ အသိပါပဲ။
အဲဒီလို သိလိုက်ရတဲ့အတွက် ကျွန်တော်မှာ အခြားလူတွေကို မေးစရာမေးခွန်းလေးတွေ ရှိလာပါတယ်။ ခင်ဗျားတို. သတ်မှတ်ထားတဲ့ လူကောင်းဆိုတာဘာလည်း။ ခင်ဗျားတို.က လူကောင်းလား။ လူ.ဘ၀ကို ဘယ်လိုဖြတ်သန်းရမယ်လို. ယုံကြည်ထားလည်း။ ဘယ်လိုဖြတ်သန်းနေကြလည်း။ နောက်ပြိး လူတစ်ယောက်အဖြစ် ဘယ်လိုရပ်တည်ကြမလည်း။ ကျွန်တော်ကို လူကောင်းမဟုတ်ဘူးလို. သိစေခဲ့တဲ့ ကျွန်တော်သူငယ်ချင်းနဲ. ခင်ဗျား စကားပြောကြည့်ချင်လား။ သူနဲ. စကားနည်းနည်းလောက် ပြောကြည့်ကြတာပေါ့။
ကျွန်တော်က လူကောင်းမဟုတ်ဘူး ဆိုတော့ဘာလည်း။ ကျွန်တော်က ဘာကောင်လည်း… သူငယ်ချင်းကပြောတယ်။
‘မင်းကိုအပ်နဲ.ထရင်ထိမှန်းတော့ မင်းသိရလိမ့်မယ်။ ဖြည်းဖြည်းလေးထိုးရင် စူးလိမ့်မယ်။ နည်းနည်းကြမ်းရင် မင်းအသားနာလိမ့်မယ်။ အရမ်းစောင့်ထိုးရင်တော့ သွေးပါထွက်လာလိမ့်မယ်။ အဲဒီလို အပ်နဲ.ထိုးတာကို မင်းမသိဘူးဆိုရင်တော့ အဲဒါ ထူးခြားဖြစ်စဉ်ပဲ။ မင်းက ထုံနေလို.ပဲ။ ထုံနေတယ်ဆိုတာ မင်းမှာအနာကြီးရောဂါရှိနေလို.ပဲ….. မင်းထုံနေလို.မရဘူး’
ကျွန်တော်အကြောင်းကိုသိထားတဲ့သူငယ်ချင်းဆက်ပြောပါတယ်။
‘မင်းကဘာခံစားချက်မှ မရှိဘူးဆိုတာ မဟုတ်သေးဘူးကွ။ မင်းမှာပျော်စရာရှိတဲ့အချိန်ဆို မင်းပျော်ကိုပျော်ရမယ်။ လူတစ်ယောက်ကို ရိုက်ချင်လောက်အောင် ဒေါသထွက်တဲ့ အခါကျရင် မင်းအနည်းဆုံးတော့ သူ.ကိုစိတ်တိုရမယ်။ မင်းစာမေးပွဲ ဒီလောက်တောင် တဖုတ်ဖုတ်ကျတယ်။ ၀မ်းမနည်းရင်တောင် အနည်းဆုံးတော့ မင်းစိတ်ညစ်သင့်တယ်။ လူဟာ ဖြစ်သင့်တဲ့ အချိန်မှာ ဖြစ်ကိုဖြစ်ရမယ်။ မဖြလို.မရဘူး။ အေး… အဲဒါကိုမှ မဖြစ်ချင်ဘူးဆိုရင်တော့ သူငယ်ချင်းရေ မင်းလည်းထုံနေပြီ။ ဦးနှောက်ကိုတော့ ထုံတယ်လို. ဘယ်သွားပြောလို.ရမလည်းနော်…။ မင်းရုးနေပြီ။’
‘မင်းကြားဖူးမှာပါ။ သူကကလေးဆန်ဆန်ပဲနေတက်တာလို. ပြောကြတဲ့စကား။ သိပ်လှတဲ့ စကားပေါ့။ ဒါပေမယ့် မင်းဟာ လူကြီးဆန်ရမယ့် အချိန်မှာ… လူကြီးတစ်ယောက်လို ရပ်တည်ရမယ့် အချိန်မှာ ကလေးဆန်ဆန် နေလို.ကိုမရဘူး။ အဲဒီအချိန်မှာ မင်းကို.. ‘ သူက ကလေးဆန်ဆန်ပဲ နေတက်တာ’ လို. ပြောလာကြရင်။ အေး… အဲဒီစကားလုံးက ‘ သူက ငပေါကြီးပဲ’ လို. ပြောတာ သေချာပေါက်ပါပဲ။
ဟုတ်ကဲ့ … ကျွန်တော်လား ရူးနေပါသည်ခင်ဗျာ……..။
ထိုဆရာဝန်ထံ ကျွန်တော်မောင်တေလေ ဆေးကုနေပါကြောင်း…။
/font>
Posted by တေလေ at 2:29 PM 0 comments
Labels: သူငယ်ချင်းများနှင့်ကျွန်တော်, အက်ဆေး
Sunday, April 5, 2009
မနက်ဖြန်ရောက်လာမည့် ပျော်ရွှင်ခြင်း
ကျွန်တော်ကိုတင်ဆောင်လာတဲ. ကားလေးဟာ `လွီုက်လွိုက်မန်.´ ဆိုတဲ. ဆိုင်းဘုတ်တွေကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ရင်း ဒီမြို့လေးကို ညင်သာစွာ ရောက်စေခဲ့တယ်။ ကျွန်တော့်ဘ၀မှာ တစ်ခါမှ မမြင်ဖူးတဲ့ တောင်စဉ်တောင်တန်း တွေနဲ့အတူ အချစ်ဆိုတာကိုလည်း စတင်သိရှိခွင့် ရခဲ့တယ်။ ဟုတ်ကဲ့ ကွာခြားတာဆိုလို့ သူမက ကျွန်တော့်နှလုံးသားကို မြန်မြန်ဆန်ဆန်ကြီး ရောက်ရှိခဲ့တယ်။ ဒီမြို့လေးကို ရောက်ခဲ့ရပုံနဲ့ သူမကို ချစ်မိခဲ့ပုံကတော့ အဲဒါလေးပဲ ကွာပါတယ်။ နှစ်မျိုးလုံးကတော့ ကျွန်တော့်အတွက် အသစ်အဆန်း ရင်ခုန်ဖွယ်ရာ တွေပါပဲ။
မနက်ခင်း ကျောင်းဖွင့်ရက် တစ်ရက်ကို သူမမျက်နှာကို ငေးကြည့်ခြင်းအားဖြင့် ကျွန်တော်က စတင်ခဲ့တယ်။ မနက်ခင်း နိုင်ငံတော် သီချင်းဆိုချိန်မှာ ကျွန်တော်က သူမနှုတ်ခမ်းလေးတွေကို ငေးပြီး သူမအတွက် အချစ်သူချင်းလေး တစ်ပုဒ်လောက် ဆိုပြချင်မိတယ်။ တစ်ခါတစ်ရံလည်း အမှတ်အမဲ့ ဆိုမိစေခဲ့တယ်။ ကျွန်တော့်အပြစ်တော့ မဟုတ်ပါ။ သူမနှုတ်ခမ်းလေးတွေက ကျွန်တော်ဟန်မဆောင် နိုင်လောက်အောင် လှလွန်းတယ်။ သူမဆိုသည်မှာ ကျွန်တော်တို့ အတန်းတွင်သာမက ကျွန်တော်တို့ ကျောင်းတွင်မှာ အလွန်နာမည်ကြီးလှသော ရှစ်တန်းကျောင်းသူလေး ဖြစ်သည်။ ကျွန်တော်သည် သူမနှင့် တစ်ခန်းတည်း စာသင်ကြားခွင့် ရသည့်အတွက် အလွန်ဂုဏ်ယူမိသည်။ တကယ်တော့ သူမ၏ မျက်နှာကို ငေးကြည့်နေခွင့်တွင် ပျော်ပိုက်နေခြင်းသာ ဖြစ်သည်။
ကျွန်တော် ယခုတက်ရောက်နေသော ကျောင်းလေးသည် ယခင် ကျွန်တော်တက်ခဲ့ဖုးသော မြေပြန့် ဒေသမှ အထက်တန်းကျောင်းလေးများနှင့် အလွန်ကွာခြားနေခဲ့သည်။ ဒီကျောင်းလေးမှ ကျောင်းသား ကျောင်းသူများသည် မနက်ပိုင်းသာ ကျောင်းတတ်ကြသည်။ ကျောင်းလေး၏ စာသင်ချိန်မှာ တစ်နေ့လုံး တက်ရောက်သော ကျောင်းဖြစ်သော်လည်း မနက်ကိုးနာရီမှ နေ့လည် ဆယ်နှစ်နာရီထိ တက်ပြီး ထမင်းစား ချိန်တွင် အိမ်ပြန်စားစေပြီး နေ့လည် တစ်နာရီမှ ညနေသုံးနာရီထိ ပြန်တက်ရသော ကျောင်းမျိုးဖြစ်သည်။ ထမင်း စားချိန်မှ အပြန်နေ့လည် ပိုင်းကျောင်းတက်ချိန်တွင် တက်ရောက်သော ကျောင်းသား ကျောင်းသူ အရေအတွက်မှာ နှစ်ဆယ်ထက်မပိုပေ။ ထိုနှစ်ဆယ်ခန့် ရှိသောအရေအတွက်တွင် သူမနှင့် ကျွန်တော်သည် အမြဲတမ်းပါဝင်သည်။ ရောက်ခါစက ထိုကျောင်းလေးသည် ကျွန်တော့်အတွက် အထူးအဆန်းဖြစ်နေစေခဲ့သည်။ ကျောင်းသားကျောင်းသူ အများစုမှာ အလွန်ရိုင်းစိုင်း၍ တစ်ခါတစ်ရံ ဆရာဆရာမများအား ပြန်ပြောတတ် ကြပေသေးသည်။ ကျွန်တော့်အတွက် ထိတ်လန့်စရာများနှင့် ပြည်နှက်နေသော်လည်း သူမရှိနေသည့် အတွက် ကျောင်းတက်ရသည်ကို ကျွန်တော် အလွန်ပျော်သည်။ သူမသည် ထိုလူအများစုနှင့် မတူ ကွဲပြားသည့် အတွက်လည်း ကျွန်တော်က မဆီမဆိုင် ကျေနပ်ရသေးသည်။
သူမအား အမြဲမပြတ် ကြည့်ငေးနေချင်သော ကျွန်တော်သည် ကျောင်းပိတ်ရက်များတွင် သူမကို တွေ့ခွင့်ရရန် ကချင်ဘုရားကျောင်းလေးရှေ့က အုတ်ခုံတွင် သူမကို စောင့်နေမိတက်သည်။ သူမသည် ကချင် မလေးတစ်ဦးဖြစ်သည်။ ဘုရားကျောင်းသို့ သူမရောက်လာလျှင် အမြဲလိုလို ပြုံး၍ပျော်ခဲ့ရသည်။ သူမထိုင်နေကြ ခုံတန်းလေး၏ နောက်ဖက် ခပ်စောင်းစောင်း တစ်နေရာမှ ခုံတန်းလေးသည် ကျွန်တော် ထိုင်နေကျ နေရာလေး ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။ ကချင်ဘာသာဖြင့် ဓမ္မသီချင်းများကို သီဆိုချိန်တွင်တော့ ကချင်စကား မတတ်သော ကျွန်တော့်အတွက်တော့ ဓမ္မတေးစာအုပ်ပေါ်တွင် သူမမျက်နှာကိုဖော်ပြီး အချစ်သီထချင်း အေးအေးလေးတွေကို သူမအတွက် ကျွန်တော်ညဉ်းနေမိသည်။ သူမ မည်သည့် သီချင်း ကြိုက်သည်ကို ကျွန်တော်မသိခဲ့ပါ။ တစ်ရက်သော ဘုရားကျောင်းလေးမှ အပြန် သူမနောက်မှ ကျွန်တော် အမှတ်မထင် လိုက်သွားမိခဲ့သည်။ ထိုနေ့က သူမ၏အိမ်ပုပုသေးသေးလေးကို သိခွင့်ရခဲ့သည်။
ခရစ္စမတ်နေ့နှင့် အခြားသော အခါကြီး ရက်ကြီး ရက်မြတ်များတွင် ကျွန်တော်၏ ညပိုင်းအချိန်လေး များကို ဘုရားကျောင်း၏ ထိုင်ခုံလေးတွင် ထိုင်ရင်း သူမ၏ တယောထိုးသံလေးကို မက်မက်မောမော နားစိုက်ရင်း အချိန်များကို အကျိုးရှိစွာ အသုံးချတတ်သည်။ တယောထိုးနေသော သူမ၏ လက်ချောင်းလှလှ လေးများကို ငေးကြည့်ရင်း တယောထိုးသံလေးကို နားဆင်ရင်း ကျွန်တော့်နှုတ်မှ သီချင်းသံစဉ် တစ်ပိုင်းတစ်စကို တိုးတိုးလေး ဆိုရင် ကျွန်တော်၏ မျက်စိနား နှုတ်ခမ်းတို့သည် အငမ်းမရ အလုပ်ရှုပ်နေခဲ့သည်။ သူမ၏ တယောဘိုးတံ ထိပ်ဖျားတွင် ကျွန်တော်၏ ၀ိညာဉ်သည် ကပ်ငြိသွားပြီး ထိုအချိန်၌ ကျွန်တော့်ဘ၀ တစ်ခုလုံးသည် တယောလေး တစ်လက်သာ ဖြစ်ပေသည်။ သူမအနေဖြင့် ကျွန်တော်၏ အသက်ဝိညာဉ်ကို တယောသံလေးဖြင့် နှုတ်သိမ်း သွားမည်ဆိုပါက ကျွန်တော် ငြင်းရက်နိုင်မည် မဟုတ်ပေ။
တဖြည်းဖြည်းနှင့် ရှမ်းပြည်နယ်နေ့ ကျင်းပသော ရက်များသို့ ရောက်လာခဲ့တယ်။ ထိုရက်များတွင် ထိုကျောင်းမှ ကျောင်းသား ကျောင်းသူ အားလုံး ပျော်ရွှင်နေကြသည်။ အလွန်စည်ကားလှသော လွယ်ကိန်းခမ်း တောင်ပေါ်ဘုရားပွဲလေးတွင် ညတိုင်းသူမကို ကျွန်တော် မသိမသာကော၊ သိသိသာသာကြီးပါ လိုက်ရှာ နေမိတယ်။ တစ်ညမှ သူမအား တွေ့ခွင့်မရ။ အိမ်အပြန် အိမ်မက်ထဲတွင်သာ သူမနှင့် ကျွန်တော် တောင်စောင်း လေးတွင် ယှဉ်တွဲကာ မီးရှုးတိုင်များ ပစ်ဖောက်ကာ ပျော်နေကြသည်။ ကျွန်တော် ကြိုထင်ထားသည့်အတိုင်း ကျောင်းလေးတွင် မနက်ပိုင်းသာ ကျောင်းတက်ကြသော ကျောင်းသူကျောင်းသားများက ပွဲတော်အား အကြောင်း ပြကာ ပျောက်နေခဲ့ကြသည်။ ထိုနေ့များတွင် ကျောင်း၌ စာမသင်သော်လည်း ကျွန်တော် နေ့တိုင်း ကျောင်းကို ရောက်သည်။ သူမသည်လည်း နေ့တိုင်းကျောင်းလာတတ်သည်။ ထိုရက်များတွင် သူမနှင့် ကျွန်တော် ပထမဆုံး စကားပြောခွင့်ရခဲ့သည်။
ထိုနေ့က လူရှင်းလှသော စာသင်ခန်းလေးထဲ၌ သူငယ်ချင်းတစ်ယောက်အား နောက်၍ ``မ၊ မလာရ´´ ဟူသော စာတန်းလေးကို မရည်ရွယ်ပဲ ရေးခိုင်းမိသည်။ ထိုစာတန်းလေးအား ဖက်၍ ကျွန်တော်၏ ရည်ရွယ်သူ သူမက ``မလာရ´´ ဟူသော စာတန်းအား ဆန့်ကျင်၍ သူမသည် ကျွန်တော့် သူငယ်ချင်းဆီ တန်းတန်းမတ်မတ်ကြီး ရောက်လာ၍ ရန်တွေ့ခဲ့သည်။ ကျွန်တော့်သူငယ်ချင်းက ကျွန်တော်ရေးခိုင်း၍သာ ဖြစ်ကြောင်းဆိုရာ သူမ၏ ဒေါသမြှားဦးက ကျွန်တော့်အား ``ဒါ ၊ နင်သဘောလဲ´´ဟူသော စကားနှင့် ပစ်ခွင်း လိုက်သည်။ ကျွန်တော် စက္ကန့် (၃၀)ခန့် သူမအား စိုက်ငေးကြည့်ကာ စကားရှာမရဖြစ်နေမိသည်။ ကျွန်တော့် စိတ်ထဲတွင် ပထမဆုံး ပျော်ရွှင်းခြင်း ဖြစ်ပြီးနောက် တစ်ဆက်တည်း ၀မ်းနည်းခြင်းကိုပါ ခံစားလိုက်ရသည်။ ပျော်ရွှင်ခြင်းမှာ သူမ၏ စကားသံသည် ကျွန်တော့်အတွက် ရည်ရွယ် ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်ပြီး ထိုစကားသည် သူမက ကျွန်တော့်အား မနှစ်မြှို့မှုမှဖြစ်ပေါ်လာခြင်းဟူသော အသိကြောင့်ဖြစ်သည်။ သူမအား ကျွန်တော် ``ဆောရီး´´ဆိုသော စကားတစ်ခွန်းသာ ဆိုနိုင်ပြီး တောက်ခေါက်ထွက်သွားသော သူမကို ကျွန်တော်၏ အသိစိတ်တွင် ထာဝရ ဝေးကွာခြင်းဟု နားလည်လိုက်မိသည်။
နောက်နေ. နောက်နေ.များတွင် သူမသည်ကျွန်တော်နှင်. အဖြစ်အပျက်များကို မေ.သွားမည်ဆိုသည်မှာ သေချာလွန်းလှပါသည်. ။တဖြည်းဖြည်းနှင်.ဆိုသလို ကျောင်းပိတ်ရန် ရက်များရောက်ဖို. ကျောင်းတော်လေးတွင် နှုတ်ဆက်ပွဲဆန်ဆန် ပွဲတော်လေးတစ်ခု နေ.တိုင်းကျင်းပနေသည်။ မြေပြန်.ဒေသမှကျောင်းများတွင် ကျောင်းသင်္ကြန် ကဲ.သို. ပုံစံမျိုးလေးဖြစ်သည်. ။ တောင်ပေါ်ဒေသဖြစ်သောကြောင်. ထိုပွဲတော်လေးသည် အလွန်သင်.တယ်သော ပုံစံဖြစ်သည်။ သူတို.သည် တစ်ယောက်၏ပါးကို တစ်ယောက်က နှုတ်ခမ်းနီနှင်. သုတ်လိမ်းသော ပွဲတော်လေးဖြစ်သည်.။ သူတို.သည်နှင်.ကျွန်တော်သည် တစ်သွေးတည်းတစ်သားတည်းဖြစ်၍ သူတို.၏အပျော်သည် ကျွန်တော်၏အပျော်ဖြစ်သော်လည်း ကျွန်တော်အဝေးကသာ ကြည်.ငေးနေမိသည်.။ တစ်ယောက်နှင်.တစ်ယောက် အပြန်အလှန်ဆော.ကစားရင်း သူမသည်လည်း ကျွန်တော်အနားသို. မကြာခဏ ရောက်လာတက်သည်.။ ထိုအချိန်မျိုးတွင် ကျွန်တော်အိမ်မှ အမှတ်မထင် ယူလာမိသော နှုတ်ခမ်းနီထောင်.လေး အား အဖုံးဖွင်.ပြီး သူမ၏ ပါးပြင်နုနုပေါ်တွင် အပြေးလေး ပွတ်သပ်ပေးလိုက်ချင်မိသည်။ သို.သော် သူမစိတ်အနှောင်. အယှက်ဖြစ်သွားမလားဆိုသော စိတ်ကို ၊ သူမ၏ ပါးပြင်ကို ကျွန်တော်ကြောင်. အနာတရ မဖြစ်စေလိုသော စေတနာတို.က ကျွန်တော်လက်ကို အနိုင်ယူသွားခဲ.သည်။ သူမသည် ကျွန်တော်အတွက်မဟုတ်သော်လည်း ကျွန်တော်ကရော။ ကျွန်တော်ကရော ။ ဘာပဲပြောပြော သူမကို ကျွန်တော်ချစ်မိခြင်းကိုတော. ကျွန်တော် လက်ထဲမှ နှတ်ခမ်းနီထောင်.လေးက သက်သေလိုက်ပးမည်ဟု ထိုနေ.က ပြောသော်လည်း ကျွန်တော် ငြင်းပယ်လိုက်မိသည်.။
ပြန်ရမည်ပေါ.။ ကျောင်းပိတ်ရက်များတွင်တော. ကျွန်တော်မချစ်နိုင်တော.သော မြေပြန်.ဒေသလေးဆီ တစ်ခါက အိမ်ဆီသို. ပြန်ပြောင်းရတော.ပေမည်။ ထို.နောက်တစ်နှစ်တာ ကျောင်းတက်ခြင်းကို မြေပြန်.ဒေသလေးတွင် ပြုလုပ်ရပေဦးမည်.။ သူမသည်လည်း အခြားသော မြေပြန်.ဒေသလေးတစ်ခုတွင် ထုံးစံအတိုင်း ကျောင်းသွားတက်မည်မှာ သေချာပါသည်.။ သူမနှင်. ကျွန်တော်ဝေးကွာခြင်းတွင် မြို.ကလေးက ကျွန်တော်တို.နစ်ဦးလုံးကို သာတူညီမျှ နှုတ်ဆက်ပါလေစ။ မြို.ကလေးရယ် နှုတ်ဆက်တဲ. အနေနဲ. သူမကို တင်းကျပ်စွာ တစ်ခေါက်လောက်တော. ဖက်ထားပေးပါ။ ပြီးရင် ကျွန်တော်ကိုလည်း တစ်ခေါက်လောက်တော. တင်းကျပ်စွာ ဖက်ထားပေးပါ။ စိတ်မပါလည်း ဖက်ထားပေးပါ။ သူမရဲ. ကိုယ်သင်းနံတွေ သင်.ဆီကနေတဆင်. ကျွန်တော်ကို ရှုရှိုက်ခွင်.ပေးပါ။ သူမကို ထာဝရသိနေစိတ် ပေးသနားပါလို. မည်သူဆီ တောင်းဆိုရမှန်း ကျွန်တော်မသိပါ။ သို.သော် ကျွန်တော်၏ အပြင်းထန်ဆုံး ဆန္ဒဖြစ်ပါသည်… ခွင်.ပြုကြပါ။
နောက်တစ်နှစ် နွေရာသီ ကျောင်းပိတ်ချိန်တွင် ကျွန်တော်သည် သူမ၏ အိမ်ရှေ.တွင် မည်သူ. ခွှုင်.ပြုချက်ကိုမှ မယူပဲရောက်နေပါမည်။ ထိုအချိန်တွင် ပြောင်းလဲနေမည် ဖြစ်သော သူမ၏ ရုပ်ပုံလွှာကိုမှန်းဆပြီး ကျွန်တော်စိတ်ကူး ပျော်မြူးနေလိမ်.မည်ဖြစ်သည်။ သူမသည် ဆံပင်လေးများရှည်လာပြီး ပိုလှလာမည်လား။ ဒါမှမဟုတ် နဂိုဆံပင်အတိုင်း ပိုလှလာမည်လား။ ဘယ်လိုပုံဖြစ်ဖြစ် သူမသည်ကျွန်တော်အတွက် တစ်ရက်ထက် တစ်ရက်ပိုလှနေမည်ဖြစ်ကာ ကျွန်တော်၏အချစ်သည်လည်း တစ်ရက်ထက်တစ်ရက် ပိုတိုးကာ ချစ်နေမည်မှာ စိတ်ကူးစရာပင်မလိုတော.ပါ။ နောက်တစ်နှစ် နွေရာသီ ကျောင်းပိတ်ရက်များကို မျှော်ရင်း……….မျှော်ရင်း……….။ ကျွန်တော် ပျော်ရွှင်နေပါတော.သည်။
်
Posted by တေလေ at 2:59 PM 0 comments
Labels: အက်ဆေး
Thursday, April 2, 2009
သုညဖြစ်သွားသော
ခင်ဗျားအမြဲပြောပြောနေတယ်။
ကျုပ်ကို
ယောကျာ်းမှန်ရင်
ဆေးလိပ်သောက်ဖူးရမယ်။
ကွမ်းစားဖူးရမယ်။
အရက်သောက်ဖူးရမယ်။
…………………ဖူးရမယ်။
………………..ဖူးရမယ်။
………………..ဖူးရမယ်။
လူလုပ်သင်.တာမှန်သမျှ
မလုပ်ဖူးတာမရှိစေရဘူး။
ဒါမှ
လုဖြစ်ရကျိုးနပ်မှာတဲ.လား။
အဲဒါဆို…..
သူတစ်ပါးအကျိုးအတွက်မကြည်.ဖူးတဲ.
ခင်ဗျားကရော………..
လူ……..ဟုတ်ပါ.မလား။
Posted by တေလေ at 12:31 PM 0 comments
Labels: ကဗျာ
Wednesday, April 1, 2009
ညဥ့်ငှက်အား သူကောင်းပြုခြင်း
ပြိုကျလာတယ်..
စကားလုံးတွေ…
ဝမ်းနည်းမှုတွေ..
ကိုယ်ချင်းစာတရားတွေ…
တောင်းဆိုမှုတွေ…
ကျွန်တော်လည်းဘာမှမတက်နိုင်လိုက်ဘူး။
ပြိုကျလာခြင်း အစုစုအတွက်
ကျွန်တော်စိတ်တွေလည်းပြိုကျသွားတယ်..
တောင်စွယ်နေကွယ်သလိုပါပဲ။
နာမည်…..
ကျွန်တော်မသိဘူး။
ဘာကြောင့်ဒီလိုဖြစ်လည်း
ကျွန်တော်မသိဘူး။
ဘယ်လိုအကြောင်းတရားတွေဖြစ်ခဲ့လည်း
ကျွန်တော်မသိဘူး။
မသိတာနဲ. မယုံရတော့ဘူးလား…။
လူတိုင်းပေါ်ယုံကြည်ပေးတက်တဲ့
ကျွန်တော် ဒီတစ်ခါလည်း
ယုံကြည်လိုက်ပါတယ်။
ကံကောင်းတယ်ပဲပြောမလား
ကံဆိုးတယ်ပဲပြောမလား
ကျွန်တော်အလိမ်ခံရတာမဟုတ်ခဲ့ဘူး။
သိလိုက်ရတော့ တစ်ခါ….
အရင်းအချာတစ်ယောက်နဲ.အတူ
ကျွန်တော့်တောင်စွယ်လည်း နေကွယ်ခဲ့ပါတယ်။
ငွေမျက်နှာတစ်ခုတည်းအတွက်နဲ.
ပြုံးနေရမယ့် မျက်နှာ
ကာမဘီလူးတွေရဲ့ အနား
မသာမယာထိုင်နေရမယ့် အဖြစ်
အို…..
တွေးကြည့်တာနဲ.တင် မတန်မဆ
ကြောက်စရာပါဗျာ….။
ကျွန်တော်ဖြင့် တွေးလို.တောင် မတက်တော့ဘူး။
ကျွန်တော်မှာ မေးခွန်းတစ်ခုရှိလာပါမယ်…
လူတစ်ယောက်ရဲ့ မွေးဖွားခြင်းဟာ….
လိင်ကျွန်တစ်ယောက် အဖြစ်
ကို့ကိုယ်ကို စတေးခံဖို.လား……….။
ကမ္ဘာပေါ်မှာ ဒီလိုအဖြစ်မျိုးတွေ…
ဒီလိုမိန်းကလေးမျိုးတွေ…
ဟုတ်ကဲ့…။
ကျွန်တော်နဲ.ဆိုင်တော့ ကျိန်းမိပါတယ်။
မျက်ရည်တွေလည်း မိုးလိုချိမ်းမိပါပြီ။
သူ.ထိုက်နဲ.သူကံဆိုပေမယ့်
အဲဒီကံကို ကျွန်တော်ကရော မဖန်တီးနိုင်ဘူးလို.
ဘယ်သူပြောရဲမှာလည်းဗျာ…။
ကိုယ်ထူကိုယ်ထနဲ. လူတစ်ယောက်ရဲ့
မာနတွေအတွက်
အဖြစ်တွေလည်း နစ်မွန်းခဲ့ပါပြီ။
နောက်ထပ်…..
ဘ၀ရောနစ်မွန်းခံလို.ဖြစ်မှာတဲ့လား။
ကိုယ့်အတ္တနဲ.ကိုယ်
လူလောကမှာ ဘာကိုတည်ထောင်ချင်သေးလည်းဗျာ။
အတွေးဆုံးတွေထိ
သူမအတွက်မိုက်ဖို. ကျွန်တော်ဆုံးဖြတ်လိုက်ပြီ။
Posted by တေလေ at 9:11 AM 0 comments
Labels: ကဗျာ
Subscribe to:
Posts (Atom)
