Friday, August 7, 2009

ချစ်လှစွာသော အစရှိသဖြင့်

ဝါဒရေးရာ အရ တရားသေ လမ်းခွဲလိုက်ကြဖို့ ငါတို့ ဖြစ်နိုင်ပါ့မလား ညီလေး.... အိပ်မက်တွေဟာ နတ္ထိဘဝမှာတင် ရပ်တန့်နေဖို့ မသင့်ပါဘူးကွာ..... မင်းလည်း မင်းကြိုက်သလို.. ငါလည်း ငါကြိုက်သလို... ငါတို့ နေထိုင်ခြင်းဟာ....ငါတို့ အလဟဿတွေချည်း မဟုတ်ပါဘူး... ငါတို့ သံတူကြောင်းကွဲ နေ့ရက်တွေမှာ .. ဟာသ တစုံတရာဟာလည်း ရသမြောက်လို့ ရပါတယ်.... မင်း လက်တစ်စုံရဲ့ ပညာတတ်ဆန်ဆန်.. ဥယျာဉ်မှူးမြောက်မှုမှာ ညီလေးဟာ အထင်းသား မြင်နေရပါတယ်.... တွန့်ခေါက်နေတဲ့ တဒင်္ဂတွေကို ခဏပဲ ဖြစ်ဖြစ် သည်းခံပါ ညီလေး.... မင်း အိပ်မက်ဟာ မင်းပါ... မင်းသီဆိုတဲ့ သီချင်းဟာ..မင်းအသံ... မင်း မလုပ်နိုင်သေးတဲ့ အရာတွေဟာ...မင်းအကြောင်းတရားတွေပါ.... နားတွေကို ပိတ်မထားပါနဲ့ ညီလေး... ဆူညံသံတွေကို မကြောက်ပါနဲ့... မျက်လုံးတွေကို ဖွင့်ထားပါ ညီလေး.... နှလုံးသားနဲ့သာ အားရုံခံစားနိုင်တဲ့ အကြောင်းတရားတွေ... ညီလေး အပြင် ဒီကမ္ဘာမှာ မရေတွက်နိုင်သေးဘူး...... နာကျင်မှုတွေကိုချည်း ချရေးနေလို့ မရပါဘူးကွာ.... ညီလေးရဲ့ စိတ်အလျဉ်ကိုလဲ ထိန်းချုပ်လို့ မရနိုင်ပါဘူး... အလွတ်လပ်ဆုံး နှလုံးသားတိုင်းရဲ့ ဘဝဟာ... ဘယ်တော့မှ သေလုမျောပါး မဖြစ်နိုင်ပါဘူး.....ညီလေး...... ခုနေခါ ညီလေးလက်ထဲက အိပ်မက်တွေကို... ဒဏ်ရာ အနာတရ အသွင် မဖန်ဆင်းလိုက်နဲ့....... အချိန်ကာလရဲ့ မပြီးဆုံးခြင်းတရားမှာ.... ညီလေးနဲ့ငါ......အနန္တတွေကို လိုက်ရှာကြမယ်....... ဟိုးရှေ့က သွားနှုင့်တဲ့ လူတွေလိုပေါ့......... တေဇာအောင် 5.Aug.2009(WED) ၀န်ခံချက်.... ဒီကဗျာလေးက ကျွန်တော်ရဲ့အစ်ကိုလို ခင်နေရတဲ့ ကိုတေဇာအောင်က ကျွန်တော်ရဲ့ တေလေ၏ ခုတလောများ ဆိုတဲ့ tags ပို.စ်လေးကို ဖတ်ပြီး သူ.စိတ်ထဲရှိတာလေးကို ရေးချထားတဲ့ ကဗျာလေးပါ... ကျွန်တော်ကလည်း ကြိုက်တာနဲ. အမှတ်တရအနေနဲ. ကျွန်တော်ဘလော့မှာ တင်လိုက်ပါတယ်... ။

0 comments: