အမေ သား စစ်ရှုံးခဲ့တာ အဲဒီနယ်ရုပ်ကလေးကိုပေါ့......
လဲလှယ်မှုတွေအကြောင်းဟာ ကြီးကျယ်ခမ်းနားပါသလားဗျာ၊ သူမဆီက ကျွန်တော်ဘာရတယ်တော့ မသိဘူး၊ ကျွန်တော်ကတော့ လဲလှယ်ခဲ့ပါတယ်။ တကယ်ကို ဘာရမယ်မှန်းမသိပါဘူး။ မနက်စောစော လက်ဖက်ရည် ချိုစိမ့်တစ်ခွက်၊ ခါးသက်သက် ဆေးလိပ်တစ်ပွဲ၊ အချိုနဲ.အခါးကို တစ်ပြိုင်နက်တည်း သုံးဆောင်ရတဲ့ အရသာ ၊ နောက်ပြီး သီချင်းအေးအေးလေး တစ်ပုဒ်နဲ. ချိုခါးကို တွဲဖက်သုံးဆောင်မှု အရသာ။ မြူးကြွတဲ့ သံစဉ်တွေနဲ. စည်းချက်လိုက်ပြီး ဘီယာစုပ်လိုက် မိုင်းဆဲဗင်း တစ်ဘူးကို ဘော်ဒါတွေစုပြီး ဖြည်းဖြည်းချင်း ရှိုက်သွင်းတဲ့ အရသာ၊ ဘာမှမဟုတ်ဘူးလို.ထင်တဲ့လူတွေအတွက်တော့ အဲဒါတွေက ဘာမှမဟုတ်ဘူးပေါ့၊ ဟုတ်တယ်ထင်တဲ့ ကျွန်တော်အတွက်တော့ ဘာနဲ.မှမလဲနိုင်တဲ့ စည်းစိမ်တွေပေါ့ အရသာ၊ အဲ့လို အဲ့လို အရသာတွေနဲ. သူမကို လဲခဲ့ရပါတယ်။ ဘာရမယ်မှန်းတော့ကျွန်တော်မသိသေးပါဘူးလေ။ အနှစ်သက်ဆုံး အရသာတွေကတော့ ဆုံးရှုံးခဲ့ရပါပြီ။ ထားလိုက်ပါ။ ညနေတစ်ခင်း အကြောင်း ကဗျာမစပ်လိုတော့ပါ ။
အဲဒီနယ်ရုပ်လေးက စကားနည်းတယ်အမေ
ဘာပဲဖြစ်ဖြစ် အဲနေ.က ငိုချင်နေတာ အမှန်ပါ ငိုတယ်ဆိုတာ ဘာလည်းဟင် သူသိလား ငိုတယ်ဆိုတာဘာကိုပြောတာလည်းလို. သူသိပါ့မလား သူ မငိုဖူးဘူးထင်တယ်လေ။ ဒါမှမဟုတ် သူ……… ကျွန်တော်မှာ ခန်.မှန်းနိုင်စွမ်း ဘာမှမရှိပါဘူးလေ။ အဲဒီနေ.က သူနဲ.စကား မပြောလိုက်ရဘူးလေ။ ဒါပေမယ့် သူ.စကားတစ်ခွန်းနဲ. ကျလုလု ကျွန်တော်မျက်ရည် ကြွေခဲ့ရပါတယ်။ သူရှိနေတုန်းချိန်တော့ မဟုတ်ဘူးပေါ့။ သူအဝေး ကျွန်တော်နဲ. အဝေးဆုံးထွက်သွားတဲ့အချိန် ။ ဘာတဲ့ ငါ့ရဲ့ကောင်းကင်တစ်ဖက် ကောင်လေး မရှိတော့ဘူးဆိုတဲ့ စာသား နဲ.သူထွက်သွားချိန် ကျွန်တော် အိမ်အပြန်လမ်း မျက်ရည်လွှမ်းခဲ့ရပါတယ်။ သူ.အတွက်ရေးတဲ့ သူမကြိုက်တဲ့ ကျွန်တော်ကဗျာတွေ အိမ်အပြန် မျက်နှာငယ်ခဲ့ရပါတယ်။ သူ.အတွက် အရုပ်လေး တစ်ရုပ်ကျွန်တော်မှာ ရှိနေပါတယ်။ နောက်တော့လည်း နေ.တိုင်းလွမ်းရတာပါပဲ။ သူရှိတော့လည်း လွမ်းရတာပါပဲ။ သူမှာ ကျွန်တော့်အတွက် ဘာသာစကားမရှိဘူးလေ။ သူရှိနေချိန်မှာ သူရှိမနေဘူး။ သူဟာ……..
အဲဒီနယ်ရုပ်လေးက သားအတွက်တော့ စစ်ဘုရင်မပါပဲ အမေ
ကျွန်တော်ချစ်တက်ခြင်းတွေ အားလုံး သူ သိမ်းပိုက်သွားပြီအမေ...

3 comments:
ညီ....အမေ့အတွက် ဖတ်စာ မှာ...သင်ရိုးညွှန်းတမ်းတွေက ပျော့တယ်ကွာ...ကလေးတယောက်ရဲ့ တောင်တောင်အီအီ အတွေးမျိုး မလုပ်စမ်းနဲ့..။ပို လေးနက်တဲ့ အကြောင်းအရာက အမေ့အတွက် ဆို ပိုမကောင်းဘူးလား..။
(တကယ်တော့ အဖေနဲ့ အမေဟာ ဖတ်စာ မလိုပါဘူးကွာ.)
အပြန်လမ်း မျက်ရည်လွှမ်းတယ်ဆိုပဲ...။ ဟ ဟ
အမေကို တိုင်တည်ထားတာလေးလား....
Post a Comment