Sunday, February 27, 2011

ဟာသတွေဟာ ဟာသတွေ ဖြစ်နေတဲ့အကြောင်းရယ်ပေါ့

ကျွန်တော်တို့ဆီက ဟာသတွေကိုပဲ လိုချင်နေတာလားဗျာ ကျွန်တော်တို့ အခြားဘာတွေပေးနိုင်သေးလည်း ခင်ဗျားတို့ ကျွန်တော်တို့ဆီက ရနိုင်တာတွေကို် မသိခဲ့လို့လား လူကောင်မကြီးတော့ဘူးလား ၊ အတွေးအခေါ်တွေ ၊ မကြီးထွားလာတော့ဘူးလား လူကောင်မကြီးတော့တဲ့ နောက်ပိုင်းအတွေးအခေါ်တွေ မကြီးလာတော့တာလား ဟာသတွေပဲရနိုင်သေးချိန်မှာ ကျွန်တော်တို့ လူကောင်မကြီးလာတော့ဘူး။ မွေးရာပါဖြစ်လာတဲ့ ဟာသတွေလား လုပ်ယူထားတဲ့ ဟာသတွေလား တဖြည်းဖြည်းချင်း ဖြစ်လာတဲ့ဟာသတွေလား ကျွန်တော်တို့ ဟာသတွေလုပ်နေပါတယ် ၊ ဟာသတွေ လုပ်ရတာအခက်ဆုံးပါပဲ ရှက်တက်ကြပါ ။ ရှက်တက်ကြပါ ။ ရှက်တက်ကြပါ ။ လောလောဆယ်တော့ ရယ်လိုက်တာပဲ ၊ မြေသြဇာကျွေးထားတဲ့ ဟာသတွေအတွက် ရပါသလား ၊ ရပါသလား ၊ လူကောင်မကြီးလာတော့တဲ့ ဟာသတွေ ရပါသေးရဲ့လား အခုစကားစုတွေကို ဟာသလို့သတ်မှတ်ပါ ။ အမှန်အကြောင်း မပြောကြပါနဲ့တော့ (မျက်နှာကြီးက ခက်ထန်ပြီး) အကြောင်းအရာတွေ မှန်တယ်ဆိုတာ ခေတ်ကုန်သွားပြီ ။ အခုက ဟာသခေတ် ကျွန်တော်က ရပ်နေတယ် ၊ ခင်ဗျားဘေးမှာ လာရပ်တယ် မင်းနဲ့ငါ အဆင့်တူသွားပြီဆိုတဲ့ မျက်နှာပေးနဲ့ ကျွန်တော်က ရပ်နေတယ် ၊ ခင်ဗှားက ကျော်တက်သွားတယ် ပြီး ကျွန်တော်ကို လှည့်ကြည့် မင်းကိုငါ ကျော်တက်နိုင်ခဲ့ပြီ ၊ မင်းဘယ်လိုလိုက်လိုက် မမှီစေရဘူးဆိုတဲ့ မျက်နှာပေး ဆက်လျှောက် သူတို့က ဟာသပဲလိုချင်တော့ ဟာသပဲပေးနေရတဲ့ ကျွန်တော်တို့လည်း ဟာသကြီးကို ဖြစ်လို့ ဟုတ်တယ် မှတ်လား ဟာသကြီးရယ် ဟာသကြီးက ပြောတယ် "ငါလည်းလျှောက်လာရတာ ကြာပြီ" တဲ့ တခါလောက် ပေးနားပါဆိုလား တခါတလေတော့လည်း သနားပေးကြပါ ။ ဟာသတွေ သနားစရာကောင်းလာပြီနော် စိတ်ညစ်တယ် ၊အော်ကြီးဟစ်ကျယ်နဲ့ အမှန်တရားတွေကို ဟာသလုပ်ပစ်ကြ အမှန်တရားတွေဟာ ဟာသဖြစ်ကုန်ကြပါပြီ ဟာသကြီးဟာ တဖြည်းဖြည်းချင်း တဖြည်းဖြည်းချင်း တဖြည်းဖြည်းချင်း တဖြည်းဖြည်းချင်း လုပ်ယူထားတဲ့ မွေးရာပါပေါ့ ။ ကျွန်တော်တို့ဟာသတွေဟာ ရယ်ရတယ် ၊ မရယ်ရဘူးဆိုတဲ့ အကြောင်းကို အခုလုံးဝမဆွေးနွေးထားပါဘူး ။