Monday, December 29, 2008
ကဗျာတစ်ပုဒ်ကောက်ရထားသည်
Posted by တေလေ at 12:37 PM 0 comments
Labels: ကဗျာ
ကျွန်တော်နှင့်ဆိုင်ကိုများ
Posted by တေလေ at 11:54 AM 0 comments
Labels: ခံစားချက်
သေသွားမှာပေါ့
Posted by တေလေ at 11:47 AM 0 comments
Labels: ဟာသ
Tuesday, December 23, 2008
ရေစုပ်စက်
Posted by တေလေ at 3:01 PM 0 comments
Labels: ကဗျာ
Saturday, December 20, 2008
စာမရေးချင်သော အကြောင်း
Posted by တေလေ at 11:45 AM 0 comments
Monday, December 15, 2008
မန်းလေးသားနှင့်ရန်ကုန်သူ
Posted by တေလေ at 10:20 AM 1 comments
Labels: ဟာသ
Friday, December 12, 2008
ကျွန်တော်ကျွန်မတို.လက်ဖက်ရည်ဆိုင်ထိုင်ကြသည်
Posted by တေလေ at 1:55 PM 0 comments
Labels: အက်ဆေး
Saturday, December 6, 2008
ခင်ဗျားသောက်မြင်ကပ်တဲ့ကျွန်တော်
Posted by တေလေ at 4:04 PM 0 comments
Labels: ကဗျာ
Friday, December 5, 2008
ရှိနေမှာ
Posted by တေလေ at 2:22 PM 0 comments
Labels: ကဗျာ
Wednesday, December 3, 2008
အမေအတွက်ဖတ်စာ
Posted by တေလေ at 6:53 PM 0 comments
Labels: အက်ဆေး
Friday, November 14, 2008
ခမ်းနားခြင်းများအကြောင်း
ငါ့ရဲ့မျက်နှာကို တစ်ချက်လောက်ကြည့်ပါ…သံစဉ်..။ လင်းပမှုတွေ ဖြိုးဖြိုးဖျက်ဖျက် တောက်ပဖို.တော့ မျှော်လင့်ပါရစေ……..။ ငါ့ရဲ့ နှလုံးသားကို မြင်သာအောင် ကြည့်ပေးပါဦး…။ ငါ့နှလုံးသားကနေတစ်ဆင့် မင်းနှလုံးသားကနေတစ်ဆင့် ငါတို…..ငါတို. နှစ်ယောက်ရဲ့ အတိတ်တွေအတွက် မင်းတစ်ချက်လောက်တော့ ပြုံးပြပေးပါ သံစဉ်…။ မြင်နေရတဲ့ ကောင်းကင်ပြာပြာကြီးအတွက်.. ပျံသန်းနေတဲ့ ငှက်ငယ်လေးတွေအတွက်.. အင်းယားကန်ရေပြင်ကို ဖြတ်သန်းလာတဲ့ လေနုအေးလေးတွေအတွက်.. အတူ လျှောက်လှမ်းဖူးတဲ့ မြေနီလမ်းလေးအတွက်..တိုးတိုးငြင်သာ ထွက်ပေါ်လာမယ့် စကားလုံးအချို.အတွက်.. ငါ့ပခုံးထက်က လွယ်အိတ်ခပ်ရွယ်ရွယ်တစ်လုံး အတွက်.. နောက်ပြီး.. ငါ့ရဲ့မနက်ဖြန်တွေအတွက်.. မင်းရဲ့ အပြုံးတစ်ချက်နဲ. အသက်သွင်းပေးပါ.. သံစဉ်..။ လောကမှာ အလိုအပ်ဆုံးဟာ ဘာလည်းဆိုတာကို ငါသေချာမသိခဲ့ပေမယ့် မင်းရဲ့ အပြုံးတွေကို မြင်တွေ.ခွင့်ရရင် ငါမှာလိုအပ်တာ ဘာတစ်ခုမှ မရှိတော့လို.ပါ သံစဉ်..။ အပြုံးတွေ အတွက် အချိုမြဆုံး တေးတစ်ပုဒ်မလိုပါဘူး.. ငြိမ်းချမ်းရေး အထိမ်းအမှတ် အပြာနုရောင်တွေလည်း မလိုပါဘူး.. ခပ်တေတေ စုတ်မွဲနေတဲ့ ခရီးဆောင်အိတ်ထဲက ဆွဲထုတ်ဖော်ပြဖို.လည်း မလိုပါဘူး.. ပီကာဆိုရဲ့ စုတ်ချက်တွေလည်း မဖြစ်နိုင်ပါဘူး.. မိုးခေါင်လို.တီးတဲ့ ဗုံသံကို တစ်ဝကြီးနားထောင်နေလို.လည်း ပြီးမြောက်သွားမှာ မဟုတ်ပါဘူး..။ သံစဉ်……အပြုံးတွေအတွက်.. ငါလိုတဲ….့ အပြုံးတွေအတွက် လိုအပ်တာက မင်းရဲ့……မင်းရဲ့… ငါပြောမပြတကိနိုင်တဲ့…့ငါ…..…ငါဘာမှန်းမသိတဲ့ ဖြူစင်လွန်းတဲ့ အတက်ပညာတစ်ချို.ပေါ့..။ မှော်မဆန်ဘူးဆိုတာတော့ သေချာပါတယ်…….။မင်းကိုငါ ချစ်စကားပြောခဲ့တဲ့တုန်းက မင်းမျက်နှာမှာ ဖြစ်ပေါ်သွားတဲ့ ရှက်ပြုံးလေးတွေက အရမ်းလှလွန်းတယ်ကွာ..။ မင်းရဲ့ရှက်ပြုံးလေးတွေ ယှက်ဖြာသွားတဲ့ အဲဒီညနေခင်းဟာ အသက်အ၀င်ဆုံး ညနေခင်း အဖြစ် အချစ်နတ်ဘုရားတို.ရဲ့်ရာဇ၀င်မှာ ရေးထိုးမှတ်တမ်းတင်လိုက်ကြတယ်…..ပန်းနုရောင်မင်ရည်ကျဲနဲ့ပေါ့…..။ အဲဒီအကြောင်းတွေ မင်းကို ငါပြန်ပြောမိတော့ မင်းကမယုံသလိုနဲ. မင်းကြိုက်တဲ့မင်းသမီးလေးရဲ့ အပြုံးနဲ. နှိုင်းယှဉ်ပြီး မေးလိုက်တော့ တကယ်ကို ငါ့မျက်လုံးတွေပြာဝေသွားခဲ့ရပါတယ်..။ ကောင်းကင်ကြီးတောင် အရောင်တွေ ပြယ်လွင့်သွားသလားမသိ…….။ဘယ်လိုများ မေးလိုက်တာလည်း.. သံစဉ်..။ငါ အမှန်အတိုင်းဖြေရရင်.. အဲဒီ မင်းသမီးလေးရဲ့ ရှက်ပြုံးလောက်တော့ မင်းအပြုံးက ဘယ်လှနေမလည်း.. သံစဉ်..။ ဒါပေမယ်..ဒါပေမယ်ပေါ့ကွာ…….အဲဒီမင်းသမီးလေးရဲ့ ရှက်ပြုံးမှာ သောကတွေပါတယ်.. ဖုံးကွယ်ခြင်းတွေပါတယ်.. သံမဏိဆန်တဲ့ စက်ရုပ်အပြုံးသာ ဖြစ်တယ်.. ကျီးကန်းတစ်ကောင်ရဲ့ အဖြူရောင်တောင်ပံတစ်စုံလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ခပ်ဝေးဝေးက လွင့်လာတဲ့ မသတီခြင်းတွေနဲ. ဆေးခြယ်ထားတဲ့ အပြုံးတစ်စုံပေါ့..။ အဲဒီအပြုံးမှာ ငွေသံတွေ တချွင်ချွင်နဲ. စိတ်ပျက်စရာကောင်းတယ်..။ အသေချာဆုံးကတော့ မင်းကြိုက်တဲ့မင်းသမီးလေးရဲ့ အပြုံးဟာ ဘယ်လောက်လှလှ ဘယ်သောအခါမှ အချစ်နတ်ဘုရားတို.ရဲ့ ရာဇ၀င်မှာ အရေးထိုးခံရလိမ့်မှာမဟုတ်ဘူး..။ ဘာလို.လည်း..။ ရာဇ၀င်မှာရေးထိုးနိုင်လောက်အောင် သံစဉ်.. မင်းရဲ့ ရှက်ပြုံးက ကြီးကျယ်ခမ်းနားလွန်းပါတယ်။ ကျင့်သားမရသေးတဲ့ နန်းဆောင်တစ်ခုရဲ့ မြင့်မြတ်မှုမျိုးပေါ့.. အရာရာကို မင်းက ထည့်သွင်းသတ်မှတ်နိုင်တဲ့ အပြုံးတွေပေါ့………။မင်းရဲ့ အပြုံးနဲ. ကံကောတစ်တောလုံးလည်း မွှေးခဲ့တယ်.. တောင်ကျစမ်းတွေလည်း အေးခဲ့တယ်.. ဂီတသံတွေလည်း ပိုပြီးသာယာခဲ့တယ်.. ကဗျာတွေလည်း ခမ်းနားခဲ့တယ်.. နောက်ငါဆိုတဲ့ ကောင်ကလည်း လူသားပို ဆန်လာခဲ့တယ်..။ အဲဒီတော့…….သံစဉ် မင်းပြုံးပါ..။ငါဘာမှန်းမသိတဲ့ မင်းရဲ့ ဖြူစင်လွန်းတဲ့ အတက်ပညာအချို.ဆိုတာ ရင်ခုန်သံကို မဖုံးကွယ်တက်တဲ့ မင်းရဲ့စိတ်ထားလေး (လူသားဆန်ခြင်း) ကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်..သံစဉ်..။မင်းရဲ့ အပြုံးတွေဟာ ရိုးသားမှုနဲ.ပျော်တက်တဲ့ အနုပညာတစ်မျိုးပေါ့။ သဘာဝက ပေးတဲ့ရိုးသားမှုဆိုတာဟာ မင်းရဲ့ အပြုံးတွေကို ရည်ညွှန်းတာ ဖြစ်ပါလိမ့်မယ်။ မင်းရဲ့ အပြုံးတွေလှပနေရတဲ့ အဓိက အကြောင်းအရင်းဖြစ်တဲ့ ရင်ခုန်သံတွေနဲ. အတူမင်းပြုံးပါ..။ မင်းရဲ့ ရင်ခုန်သံ အတက်အကျတွေနဲ. အတူ ကမ္ဘာမှာ အလှပဆုံး မင်းပြုံးပါ..။ ရင်ခုန်သံတွေနဲ. အတူထွက်ကျလာတဲ့ မင်းရဲ့ အပြုံးတွေဟာ အချစ်နတ်ဘုရားတွေရဲ့ မှတ်ကျောက်မှာ အစစ်ဆေးခံပြီးပြီမို. ရဲရင့်စွာပဲ မင်းအပြုံးတွေကို…………………..အလှတရားတွေအတွက် ဖြန်.ခင်းလိုက်ပါတော့။ အဲဒီညနေရဲ့ တောင်ပံတစ်စုံဟာ ဟိုးဝေးဝေးကို ပျံသန်းသွားမှာ မဟုတ်တော့ဘူး….. မေသံစဉ်။ လှပသောအပြုံး=ရင်ခုန်သံ
Posted by တေလေ at 1:14 PM 2 comments
Labels: အက်ဆေး
Saturday, November 8, 2008
တမ်းတခြင်း
သရုပ်မှန်ကဗျာ မော်ဒန်ကဗျာ ဘာလုပ်ဖို. ဖတ်ရမှာလဲ ငါ. နှလုံးသားရဲ. ကဗျာပဲ ငါဖတ်မယ်။ မိုနာလီဇာ အပြုံး ကိတ်ဝင်းစလက် မျက်လုံး ဘာလုပ်ဖို. မက်မောရမှာလဲ မင်းရဲ.ဖွင်.ဟနေတဲ. နှုတ်ခမ်းလေးပဲ ငါမက်မောတယ်။ ရိုမီယို နဲ. ဂျူးလီးယက် ရှင်မွေးလွန်းနဲ. မင်းနန်ဒ ဘာလုပ်ဖို. စိတ်ဝင်စားရမှာလဲ မင်းနဲ.ငါရဲ. အကြောင်းကိုပဲ ငါစိတ်ဝင်စားတယ်။ ကောင်းကင်ရဲ. ကြယ်တာရာ မြရာပင်ရဲ. သစ်ရွက် ဘာလုပ်ဖို. တမ်းတရမှာလဲ မင်းဆီက ချစ်စကားတွေကိုပဲ ငါတမ်းတတယ်။ ချစ်သူရယ် ငါအလွတ်ရနေတဲ. ကဗျာတစ်ပုဒ် နောက်ဆုံးအနေနဲ. ရွတ်ခွင်.ပေးပါ။ မင်းကိုငါချစ်တယ်။ ။
Posted by တေလေ at 2:24 PM 0 comments
Labels: ကဗျာ
Wednesday, November 5, 2008
မြေကြီးအောက်ကကြယ်
စာမျက်နှာ (၄) မကင်းတော့ဘူး။ နင့်ကို ငါအရမ်းတွေ့ချင်တယ်။ ပျင်းရိဖွယ် ညနေစောင်းက ကျွန်တော့်ကို ကျေနပ်နှစ်သိမ့်မှုကို ဖြစ်စေခဲ့တယ်။ ကျွန်တော့် သူငယ်ချင်း ပြန်ရောက်လာပြီး စန္ဒာရဲ့ အမည်၊ နေရပ်၊ လိပ်စာ အချက်အလက် သိခွင့်ရခဲ့သည်။ သူငယ်ချင်းကို ကျွန်တော့်ဘ၀ တစ်လျှောက်လုံးတွင် ဒီတစ်ကြိမ်တော့ အရမ်းကျေးဇူးတင်သွားမိသည်။ သူစုံစမ်းပေးခဲ့သော အချက်အလက်မှာ အနည်းငယ်သာ ဖြစ်သော်လည်း ကျွန်တော့်လို လောကကြီးမှ ထွက်သွားရတော့မည့် လူတစ်ယောက် အတွက် လုံလောက် ပေပြီ။ ပိုပင်ပိုနေသေးသည်ဟု ပြောနိုင်ပါသည်။ ကျွန်တော်က စန္ဒာဆီက ဘာမှမျှော်လင့် မထားပါ။ မမျှော်လင့်ရဲပါ။ မမျှော်လင့်ဝံ့ပါ။ မမျှော်လင့်ရက်ပါ။ ကျွန်တော်က စန္ဒာမျက်နှာလေးကို နောက်တစ်ကြိမ်တော့ ထပ်ပြီးမြင်ချင်မိသည်။ ကျွန်တော်ညဖက် အိပ်ယာဝင်တော့ အိပ်မက်ထဲမှာ စန္ဒာမပါဝင်စေဖို့ ကျွန်တော်တိတ်တိတ်လေး ဆုတောင်းပြီး အိပ်ပျော်နိုင်အောင် ကြိုးစားခဲ့ရသည်။ ကျွန်တော်သည် ဆုတောင်းတိုင်း တစ်ခါမှမပြည့်ခဲ့ဖူး။ ထို့ကြောင့် ကျွန်တော် ဆုမတောင်း ဖြစ်သည်မှာ အတော်ကြာပြီဖြစ်သည်။ ဒီတစ်ကြိမ်တော့ ကျွန်တော့်စိတ်ထဲက ယုံယုံကြည်ကြည် ဆုတောင်းလိုက်သည်။ ``အိပ်မက်ထဲမှာ စန္ဒာမပါဝင်ပါစေနဲ့´´။ ဘာကြောင့် ကျွန်တော်ထိုသို့ ဆုတောင်းမိသလဲ။ စန္ဒာကို တကယ်ပဲ အိပ်မက်ထဲမပါစေချင်လို့လား။ အိပ်မက်ထဲ ပါစေချင်လို့လား ကျွန်တော်မသိ။ ကံကြမ္မာရယ် ဒီတစ်ကြိမ်တော့ . . . ကျွန်တော့်ထို ညကအိပ်မက်မက်ပါသည်။ အိပ်မက်ထဲတွင် ကျွန်တော်ကံကောင်းလား မပြောတတ်။ အိပ်မက်တွင် ကျွန်တော်စန္ဒာနှင့် တွေ့ခဲ့ရသည်။ အိပ်မက်ထဲတွင် အိပ်မက်မှန်း ကျွန်တော်မသိ ရစ်မူးနေခဲ့ရသည်။ ဒီအိပ်မက်အကြောင်း အခြားသူတစ်ယောက်ကို ပြောပြမိရင် သူတို့က ကျွန်တော့်ကို မင်းကံကောင်းတယ်လို့ ပြောမှာသေချာတယ်။ ကျွန်တော့်ကို ကံဆိုးစေတယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်စန္ဒာကို တစ်ခါတွေ့တယ်။ အနည်းဆုံးနောက်တစ်ခါ ထပ်တွေ့ချင်တယ်။ ကျွန်တော်လောကကြီးကို နှုတ်မဆက်သွားရခင်ပေါ့။ ဒါပေမယ့် နှုတ်ဆက်ခွင့်တောင် ရမှာမဟုတ်ပါဘူး။ အခုအိပ်မက်ထဲမှာ ထပ်တွေ့တယ်။ နောက်တစ်ခါထပ်တွေ့ချင်တယ်။ ပြီးတော့ အိပ်မက်က လက်တွေ့မှ မဟုတ်တာ။ ကျွန်တော်လမ်းပေါ်မှာ ခြေလှမ်းတွေ ဘယ်နှစ်လမ်း လှမ်းခဲ့ပြီးပြီလဲဆိုတာ ရေတွက်လို့ မရေပေမယ့်။ ကျွန်တော့် ခြေလမ်းတွေ တက်ကြွနေတာကို မြင်သူတိုင်းက ငြင်းကြမယ်မထင်ဘူး။ ကျွန်တော့်ဘ၀ရဲ့ ပထမဆုံး ထားဖူးတဲ့ မျှော်လင့် ချက်အတွက် လျှောက်လမ်းခဲ့တဲ့ ခြေထောက်တွေပဲ မတက်ကြွပဲ နေမလားလို့ တစ်လောကလုံးကို အော်ပြောလိုက်ချင် မိတယ်။ ဒါပေမယ့် ကျွန်တော် ဘယ်သူနဲ့မှ စကားမပြောချင်ဘူး။ ဒီအချိန်မှာ ကျွန်တော့်နှုတ်ခမ်းထဲမှာ ပီတိတွေပဲ ရှိနေမှာကို လူတွေမနာလို ဖြစ်ကြဦးမယ်။ ဒီနေ့ ကျွန်တော် ဆေးရုံကနေ ခိုးထွက်လာတာ ဖြစ်ပေမယ့်။ မလျှောက်တာ ကြာပြီဖြစ်တဲ့ ဒီခြေလှမ်းတွေ ယိုင်မနေခဲ့ဘူး။ ပိုက်ဆံမကိုင်တာ ကြာပြီဖြစ်လို့ ပိုက်ဆံမပါပဲ စန္ဒာအိမ်အရောက် လမ်းလျှောက်ထွက်ခဲ့တယ်။ ညနေကတော့ တဖြည်းဖြည်း နေလုံးကို ၀ါးမြိုပြီး နေ့ကို အသွင်ပြောင်းဖို့ ကြိုးစားနေတယ်။ ခဏနေရင် လ ထွက်လာတော့မယ်။ ကျွန်တော် မှတ်သားဖူးတာက လဆိုတာ လူတွေရဲ့ တောင့်တချက်ကြောင့် ထွက်ပေါ်လာတဲ့အရာ၊ အဲဒါကြောင့် သူ့ကို ဆန္ဒလို့ ခေါ်ရာကနေ စန္ဒာဆိုပြီး ဖြစ်လာတာလို့ အဘိုးက အိပ်ယာဝင် ပုံပြင်အဖြစ် ပြောပြဖူးတယ်။ အဘိုးရေ အခုကျွန်တော် လနတ်သမီးလေးနဲ့ တွေ့ဖိုးထွက်လာခဲ့မိပြီး။ ကျွန်တော့် ဆန္ဒတွေ ပြည့်ဝမှာလားဗျာ။ ကျွန်တော့်ရဲ့ ခြေလှမ်းတွေက တစ်ခါမှ မရောက်ဖူးပေမယ့် စန္ဒာအိပ်ရှေ့ရောက်အောင် ခေါ်သွားနိုင်တာတော့ ကျွန်တော် ချီးကျူးမိတယ်။ စန္ဒာတို့ အိပ်ရှေ့မလှမ်းမကမ်းက အုတ်ခုံလေးမှာ ထိုင်ပြီး ကျွန်တော် မျက်လုံးတွေကို စန္ဒာရဲ့ အရိပ်ကို ရှာနေမိတယ်။ တွေ့ပါရစေ စန္ဒာရယ်။ စန္ဒာ ကိုတမ်းတရင်း စန္ဒာရဲ့ပုံရိပ် မျှော်မှန်းလို့ အနားမှာတွေ့ရတဲ့ မီးသွေး ခဲနဲ့ အဖြစ်ချင်ဆုံး အလွမ်းတွေကို ချရေးမိတယ်။ ပါးပြင်ပေါ်က သနပ်ခါးလေးကို လွမ်းတယ် စန္ဒာရဲ့ မျက်တောင်ကော့ကော့လေးကို ချစ်တယ် နှုတ်ခမ်းပေါ်က နှုတ်ခမ်း နီစိုလေးကို လွမ်းတယ် စန္ဒာရဲ့ မျက်လုံးဝိုင်းဝိုင်းလေးကို ချစ်တယ် နင်ရဲ့ပုံရိပ်လေးက အရမ်းလှတာပဲ။ ခဏလေး တွေ့ခဲ့ရတာတောင် ငါတစ်သက်လုံး စွဲထင်ကျန်နေတာ နင်ရဲ့ မျက်နှာလှလှလေးပေါ့။ စန္ဒာရယ် တွေ့ချင်လွန်းလွန်းလို့ အတွေးပုံရိပ်တွေ စိုးမိုးနေပြီ။ စာမျက်နှာ (၅) တဖြည်းဖြည်းညက နက်လာလေလေ ရန်ကုန်မြို့ရဲ့ ထုံးစံအတိုင်း လေအေးအေးလေးတွေ တိုက်လာပြီး တဖြည်းဖြည်းချမ်းလာတယ်။ ကျွန်တော့်မှာ ၀တ်နေကျ ဂျာကင်အင်္ကျီပါမလာဘူး။ ကျွန်တော် ခြေဖျား လက်ဖျားတွေ အေးလာတယ်။ ကျွန်တော့်တစ်ကိုယ်လုံးလည်း ချမ်းပြီးစိမ့်တက်လာတယ်။ ကျွှန်တော့် နှလုံးသားကတော့ နွေးထွေးလျှက်ပါ။ ဘာလိုလိုနဲ့ ကျွန်တော် စန္ဒာကို အိမ်ရှေ့ရောက်တာ ငါးနာရီ၊ ခြောက်နာရီလောက် ရှိပြီထင်တယ်။ ခု သန်းခေါင်ယံ ကြက်တွန်သံ တစ်ချက်ကြားလိုက်ရတယ်။ အခုထိ စန္ဒာနဲ့ မတွေ့ရသေးဘူး။ ကျွန်တော် အုတ်ခုံမှာ ထိုင်ရတာ ညောင်းလာတာနဲ့ ခဏလောက် လမ်းလျှောက်ပြီး စန္ဒာတို့ အိမ်ရှေ့က မြရာပင်ကြီး အောက်ကို ပြောင်းထိုင်မိတယ်။ ဒီနေရာက စန္ဒာတို့တိုက်ကို ပိုပြီးနီးနီးကပ်ကပ် မြင်နိုင်တယ်။ မြရာပင်က သစ်ရွက်တွေက တစ်ရွက်ပြီး တစ်ရွက် ကြွေနေတယ်။ မြရာပင်ကို မှီပြီး ကျွန်တော် ပန်ကာကြီးကို သတိရနေမိတယ်။ ကျွန်တော်နဲ့ ခုချိန်မှာ စကားပြောဖော်မရှိဘူးလေ။ ပန်ကာကြီးက ကျွန်တော့်ကို အချိန်တော်တော်များများ အဖော်ပြုခဲ့ ပေးပြီပြီလေ။ လူ့ဘ၀ရဲ့ အနှစ်သာရကို ခံစားခွင့်လည်း ကျွန်တော့်ကို ပေးခဲ့ပြီးပြီလေ။ ပန်ကာကြီးရေ ကျေးဇူးပါဗျာ။ ကျွန်တော်ကို စန္ဒာနဲ့ တွေ့ခွင့်ပေးတာ။ ကျွန်တော် ကောင်းကင်ကိုမော့ကြည့်မိတော့ လမင်းကြီးရဲ့ အဖော်ဖြစ်တဲ့ ကြယ်လေးတွေက တလက်လက် တောက်ပနေကြတယ်။ ကျွန်တော် အချိန်တော်တော်ကြာကြာ ကြည့်နေမိတယ်။ အဲဒီညက ကြယ်တစ်ပွင့်မှ မကြွေကျခဲ့ဘူုး။ လနတ်သမီးလေးရေ မင်းအတွက် အဖော်တွေ မဆုံးရှုံးဘူးပေါ့ကွာ။ ငါ့အတွက် ဆုတောင်းပြည့်ဖို့ ကြယ်တစ်ပွင့်လောက် ကြွေကျခဲ့ရင် ငါအရမ်းဝမ်းနည်းမိမှာပါ။ စန္ဒာနဲ့ ပက်သက်လာရင် စန္ဒာရဲ့ ပိုင်ဆိုင်မှုတွေ တစ်ခုမှမဆုံးရှုံး စေချင်ဘူး။ အထူးသဖြင့် ကျွန်တော့်ကြောင့်ပေါ့။ ကျွန်တော် အရင်ကလိုသာ ကိုယ်ခံအား ကောင်းနေခဲ့မယ်ဆိုရင် ဒီတစ်ညလုံး ကျွန်တော်မအိပ်ပဲ စန္ဒာကို အတွေးပုံရိပ် ဖော်ပြီး တမ်းတနေချင်တယ်။ အခုတော့ ကျွန်တော်ပင်ပန်းလှပြီ။ ကျွန်တော်ခဏလောက်တော့ အိပ်မှဖြစ်မယ်။ ဒါပေမယ့် ကျွန်တော် အိပ်လို့ဖြစ်ပါ့မလား။ အခုထိ စန္ဒာနဲ့ တွေ့ခွင့်မရသေးဘူးလေ။ ပြီးတော့ ကလေကချေတစ်ယောက်လို မြေပြင်ပေါ်မှာ အိပ်ရမှာလား။ ကျွန်တော် ပင်ပန်းလှပြီ။ ကျွန်တော်အိပ်ယာက နိုးလို့မျက်စိနှစ်လုံး ဖွင့်တာနဲ့ မြင်ချင်တာ စန္ဒာ မျက်နှာလေးပါ။ တမ်းတလိုက်မိတယ်။ တွေ့ခွင့်ရပါစေ။ ကျွန်တော်ခဏလောက် အိပ်လိုက်ပါရစေ။ စာမျက်နှာ (၆) ကျွန်တော် အိပ်မက်ဆိုးတွေ မက်ခဲ့ရတယ်။ အိပ်မက်ထဲမှာ ကောင်းကင်ကကြယ်တွေ တစ်လုံးပြီးတစ်လုံး တဖြုတ်ဖြုတ် ကြွေကျနေတယ်။ ကျွန်တော့် ဈာပနာအတွက် ငိုကြွေးနေတာတဲ့။ မြရာပင်ပေါ်က သစ်ရွက်တွေ တစ်ဖွဲဖွဲ ကျွန်တော့် ခန္တာကိုယ်ပေါ် သက်ဆင်းနေတယ်။ ကျွန်တော် ဈာပနာ အတွက် ဖုံးလွှမ်းပေးတဲ့ ပန်းခင်းတဲ့။ ကျွန်တော် အခုထိ စန္ဒာနဲ့ တွေ့ခွင့်မရသေးဘူး။ ကောင်းကင်ကို ကျွန်တော် အလန့်တကြားကြည့်လိုက်မိတယ်။ လမင်းရော ရှိနေပါ့မလား။ လမင်းရဲ့အနားမှာ တောက်တောက်ပပနဲ့ ကြယ်တစ်ပွင့်က မင်းကိုကိုယ်ရံတော်အလား စောင့်ရှောက်ပေးနေတယ်။ အဲဒီကြယ်ဟာ ကျွန်တော့်ဝိညာဉ်ပေါ့။ စန္ဒာကို စောင့်ရှောက်ချင်တဲ့ ကျွန်တော့် ၀ိညာဉ်ပေါ့။ ကျွန်တော် အာရုံထဲ ဆူညံညံသံတွေ ကြားလိုက်ရတော့။ မနက်လင်းနေပြီလို့ သိလိုက်ရတယ်။ ငှက်ကလေး တွေရဲ့ အော်မြည်သံပေါ့။ ကျွန်တော် မျက်လုံးနှစ်ခုကို အသာလေးဖွင့် ကြည့်လိုက်တယ်။ ကျွန်တော့်ကို အံသြတကြီး စိုက်ကြည့်နေတဲ့ ကောင်မလေးတစ်ယောက်၊ ကျွန်တော့်ရဲ့ သနပ်ခါးလေး၊ ကျွန်တော့်ရဲ့ မျက်တောင်လေး၊ ကျွန်တော့်ရဲ့ နှုတ်ခမ်းလေး၊ ကျွန်တော့်ရဲ့ မျက်ဝန်းလေး၊ စန္ဒာဖြစ်နေတယ်။ ကျွန်တော့်ဆန္ဒ ပြည့်ဝခဲ့ရပါပြီ။ ကျွန်တော် တစ်ချက်ပြုံးပြပြီး လှည့်ထွက်လာခဲ့တယ်။ ကျွန်တော့်အပြုံးကို စန္ဒာမမြင်နိုင်ပါ။ စန္ဒာမြင်နေရတာက ကျွန်တော့်ရဲ့ ----------------------။ ပြီးပါပြီ။
Posted by တေလေ at 10:01 AM 0 comments
Labels: ၀တ္တုတို
Monday, November 3, 2008
မြေကြီးအောက်ကကြယ်(၁)
ကျွန်တော်မျက်လုံးကို ဖြည်းညင်းစွာဖွင့်လိုက်တော့ ကျွန်တော့်မျက်စိရှေ့မှာ ကောင်းကင်ပြာကြီး ရှိမနေဘူး။ စိမ်းလန်းတဲ့သစ်ပင်ရိပ်တွေ ရှိမနေဘူး။ မျက်နှာကျက်ပေါ်က အကောက်အထည်မြင်ရပြီး သေခဲ့ဖူးတဲ့ ဖြူနွမ်းနွမ်း ပန်ကာတစ်ခု ကကျွန်တော့်ကို ဟားတိုက်နေတယ်။ ဟုတ်တယ် ဒီပန်ကာကလည်း မလည်တာကြာပြီ ဖြစ်ပေမယ့် ဒီနေ့တော့ ထူးထူးခြားခြား လည်နေတယ်။ အဲဒီလို ပန်ကာလည် နေတာကိုက ကျွန်တော့်ကို ဟားတိုက်နေသလိုပဲ။ အရင်ကဆို ကျွန်တော်က ဒီပန်ကာ အသေကြီးကို ကြည့်ပြီး ပြုံးနေခဲ့တာ။ ကျွန်တော်ထင်ထားတာက ဟောဒီတစ်လောကလုံးမှာ ခန္တာကိုယ်ကြီးကသာ တည်ရှိပြီး အရာရာနေတာ ကျွန်တော်နဲ့ ဒီပန်ကာပဲရှိမယ်လို့ မှတ်တာ။ ခုတော့ဒီကောင်က သူ့ရဲ့ရှင်သန်မှုအတွက် သက်သေပြနေပြီ။ ကျွန်တော်စိတ်ပျက်သွားမိတယ်။ ကိုယ့်ကိုကိုလည်း တော်တော်ရှက်သွားမိတယ်။ လောကမှာ ရှင်လျှက်နဲ့ သေနေတာ ကျွန်တော်တစ်ယောက်ပဲ ရှိတော့တယ်။ ပန်ကာကတော့ လည်ရင်းလည်ရင်းနဲ့ သူ့တာဝန်ကို ထမ်းစောင်နေတယ်။ တစ်ချက် သူခပ်ပြင်းပြင်း လေများတိုက် သလားမသိ။ ကျွန်တော်ရင်ထဲအေးခနဲ ဖြစ်သွားတယ်။ ကျွန်တော်စိတ်ထဲ တစ်လောကလုံးငြိမ်းချမ်းသွားတယ် ကျွန်တော်သိလိုက်ပြီ။ ပန်ကာကြီးက ကျွန်တော့်ကို ဟားတိုက်ချင်လို့ မဟုတ်ပဲ ကျွန်တော့်ကို လက်ဆောင်ပေးချင်လို့။ ကျွန်တော့်ကို သနားလို့ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ကို ပန်ကာကြီးက ပေးတဲ့လက်ဆောင်က လလေးတစ်စင်းဆို အံသြကြမလား။ သူမသည် လလေးတစ်စင်းဖြစ်သည်။ လနတ်သမီးလေး တစ်ပါးဖြစ်ပါလိမ့်မည်။ ပန်ကာကြီးက သူ၏လေအားဖြင့် ကမ္ဘာပေါ်က ကျွန်တော့်အတွက် များဆွဲချပေးလိုက်လေသလား ကျွန်တော်မသိ။ ဘာပဲဖြစ်ဖြစ်သူမက ကျွန်တော့်ကို လတ်တလော အေးမြမှုကို ဖြစ်စေတယ်။ ကျွန်တော် လောကကြီးပေါ်အသက် ရှင်ရသည်မှာ အဓိပ္ပါယ်များဖြင့် ပြန်လည် ပြည့်ဝလာပေပြီ။ ပန်ကာကြီးရေ ကျေးဇူးပါဗျာ။ ခင်ဗျားက ကျွန်တော့်အတွက် ရာသက်ပန် အဖော်ကောင်းပါပဲ။ သူမသည် ကျွန်တော်၏ဘေး ကုတင်မှ ကလေးလေး၏ အမလား အဒေါ်လား။ တစ်ခုခုတော့ ပက်သက်မှု ရှိပေမည်။ သူမသည် ထိုကလေးလေးဆီ လာခြင်းဖြစ်သည်။ သူမသည် ကျွန်တော့်အတွက် ငြိမ်းချမ်းမှုကို အပြည့်အ၀ ရရှိစေသည်။ ကျွန်တော့်အတွက်တော့ သူမသည် ငြိမ်းချမ်းရေး နတ်သမီးလေးဖြစ်သည်။ သူမနာမည် ဘယ်လိုခေါ်သလဲ။ လနတ်သမီးလေး၏ နာမည်သည် စန္ဒာမှလွဲ၍ တစ်ခြားမဖြစ်နိုင်။ သူမကို ဘယ်သူတွေဘယ်လို ခေါ်ခေါ် ကျွန်တော့်အတွက်တော့ သူမ၏နာမည်သည် စန္ဒာဖြစ်သည်။ ကျွန်တော့်ရင်ထဲမှ နက်ရှိုင်းစွား နှလုံးသားထဲထိ ကြားရအောင် အော်ခေါ်လိုက်မိသည်။ ကျွန်တော်ဒီဆေးရုံကို ရောက်နေတာ ကြာနေပြီဖြစ်သော်လည်း (ခြောက်လလား၊ တစ်နှစ်လား သေချာမမှတ်မိတော့) ထိုကလေးလေး ဆေးရုံကိုရောက်သည်မှာ သုံးရက်ခန့်သာ ရှိသေးလေသည်။ သို့သော် စန္ဒာ ကလေးဆီလာသည်ကို ကျွန်တော်တစ်ခါမှ မတွေ့ဖူး။ ယခုအကြိမ်သည် စန္ဒာကို ဤဆေးရုံတွင် ပထမဦးဆုံးတွေ့ ဖူးခြင်းဖြစ်သည်။ စန္ဒာဆေးရုံမစ္စည်းတွေကို သိမ်းနေသည်တွေ့မှ ယနေ့ထိုကလေးလေး ဆေးရုံမှ ဆင်းရမည်ဖြစ်ကြောင်း ဆရာမများ ပြောနေသည်ကို ကျွန်တော်သတိရသွားသည်။ ဒါဆိုစန္ဒာသည် ဆေးရုံကိုလာတာ ထိုကလေးလေးကို ဆေးရုံမှ ခေါ်သွားဖို့ လာခြင်းဖြစ်နေသည်။ ဒါဆိုသူတို့ သွားကြတော့မည်။ ကျွန်တော့်ရင်ထဲတွင် ဗလောင်ဆူသွားသည်။ ကျွန်တော် အေးချမ်းမှုရသည်မှ မကြာသေး။ ကျွန်တော်ကို ပူလောင်စေပြန်သည်။ တတ်လည်းတတ်နိုင်ပ စန္ဒာရယ်။ ထိုအချိန်တွင် ကျွန်တော်သူငယ်ချင်း တစ်ယောက်ရောက်လာသည်။ ကျွန်တော့်စိတ်ထဲ အတော်ကြီးကို ပျော်သွားသည်။ စန္ဒာနှင့် ကလေးလေးတို့ပြန်လျှင် ဒီကောင်ကို အနောက်ကလိုက်သွားပြီး စုံစမ်းခိုင်းရမည်။ ကျွန်တော့်အတွက် နည်းနည်းတော့ အခက်အခဲရှိနေပြန်သည်။ ဒီကောင်ကသူများ အကြောင်းကိုစုံစမ်း ပေးလေ့မရှိ။ ကျန်တာ ကြိုက်တာခိုင်း ကူညီလေ့ရှိသည်။ ဤသို့မိန်းကလေးများနှင့် ပက်သက်လျှင် ပို၍ပင် ကူညီလေ့မရှိ။ သို့သော် ကျွန်တော့် စိတ်ဓာတ်မကျ။ ဒီကောင်ကို ပြောကြည့်ရမည်။ ကျွန်တော်ဒီကောင့်ကို စန္ဒာနောက်က လိုက်သွားခိုင်းပြီး စန္ဒာတို့အိမ်ကို စုံစမ်းခိုင်းတော့ ကျွန်တော်ထင်သလောက် မခက်ခဲ။ ကျွန်တော့်ကို သူစကားတစ်ခွန်းသာမေးသည်။ ``မင်းဘာလုပ်ဖို့လဲကွ´´ ``ငါ့စိတ်ထဲတစ်မျိုးကြီးပဲကွ၊ အရမ်းသိချင်တယ်´´ ဒီကောင်ခဏတော့ တွေဝေသွားသည်။ ကူညီရင်ကောင်းမလား၊ မကူညီရင်ကောင်းမလား၊ ဘယ်လို ငြင်းပယ်ရမလဲ စဉ်းစားနေသလား။ နောက်ဆုံးဒီကောင် ကျွန်တော့်ကိုကူညီဖို့ ဆုံးဖျက်ချက်ချလိုက်သည်။ ကျွန်တော့်ကို ဘ၀တွင်နောက်ဆုံး ကူညီရခြင်းဟု မှတ်ယူထားပေလမ့်မည်။ ကျွန်တော့်အတွက်တော့ ကောက်ရိုးတစ်မျှင် အဖြစ်ကူညီခြင်းလား ကျွန်တော်မသိ။ စာမျက်နှာ (၃) စန္ဒာနှင့် ကလေးကို အထုတ်အပိုးများဖြင့် ဆေးရုံမှထွက်ချိန် ကျွန်တော့်သူငယ်ချင်းလဲ စန္ဒာနောက်မှ လိုက်သွားလေသည်။ ကလေးလေးရေ မင်းကတော့ ကံကောင်းတယ်ကွာ။ ဒီဆေးရုံမှာ မင်းတို့လို ရောက်လာပြီး ပြန်ထွက်သွားခွင့် ရသူတွေရှိသလို၊ ပြန်ထွက်သွားခွင့် မရှိသူတွေလဲ အများကြီးပါ။ စိတ်မပါပဲ လောကကြီးကို နှုတ်ဆက်သွား ရတဲ့သူရောပေါ့။ ကျွန်တော်ကတော့ လောကကြီးကို ကျောခိုင်းသွားသူတွေရဲ့ နောက်ကို အမြန်ဆုံး လိုက်သွားရမယ့် လူတစ်ယောက်ပေါ့။ ဒါပေမယ်။………… ဒါပေမယ့်။ ကျွန်တော့်စိတ်ကို ကျွန်တော် အကောင်းဆုံးလေ့ကျင့် ထားခဲ့တာပါ။ ဒီလောကကြီးကို နှုတ်ဆက် ထွက်ခွါသွားရချိန်မှာ အဓိက အရေးကြီးဆုံးက နောက်ကျောလုံဖို့ပဲလေ။ အဲဒီအတွက် ကျွန်တော့်မှာ ဘာသံယော ဇဉ်မှမရှိအောင် ကျွန်တော် အချိန်တွေ ပေးခဲ့ပြီးပြီလေ။ အခုတော့ အဲဒီအချိန်တွေကို ကျွန်တော်နှမျောလိုက်တာဗျာ။ ကျွန်တော် ရှေ့ဆက်ခံစားမှု ဘယ်လိုပြောင်းမယ်ဆိုတာကို ကြိုမသိပဲ မှားယွင်းလေကျင့် မိပြီလား။ ဟုတ်တယ်ဗျာ။ ။ ကျွန်တော့်ကို သံယောဇဉ်ကြိုးတစ်ချောင်းက ခပ်တင်းတင်းရစ်ဖွဲ့လိုက်ပြီ။ အဲဒီကြိုးလေးက ဘယ်လိုပုံစံရှိတယ်တော့ ကျွန်တော်မသိဘူး။ ကျွန်တော်ဘ၀ ခဏတာတွေ့ရခွင့်လေးမှာ အေးချမ်းမှု ပေးနိုင်ခဲ.တဲ. လမင်းလေး စန္ဒာငါမင်းကို အရမ်းတွေ့ချင်တယ်ကွာ။
Posted by တေလေ at 12:22 PM 0 comments
Labels: ၀တ္တုတို
Friday, October 31, 2008
တမ်းတခြင်း
သရုပ်မှန်ကဗျာ မော်ဒန်ကဗျာ ဘာလုပ်ဖို. ဖတ်ရမှာလဲ ငါ. နှလုံးသားရဲ. ကဗျာပဲ ငါဖတ်မယ်။ မိုနာလီဇာ အပြုံး ကိတ်ဝင်းစလက် မျက်လုံး ဘာလုပ်ဖို. မက်မောရမှာလဲ မင်းရဲ.ဖွင်.ဟနေတဲ. နှုတ်ခမ်းလေးပဲ ငါမက်မောတယ်။ ရိုမီယို နဲ. ဂျူးလီးယက် ရှင်မွေးလွန်းနဲ. မင်းနန်ဒ ဘာလုပ်ဖို. စိတ်ဝင်စားရမှာလဲ မင်းနဲ.ငါရဲ. အကြောင်းကိုပဲ ငါစိတ်ဝင်စားတယ်။ ကောင်းကင်ရဲ. ကြယ်တာရာ မြရာပင်ရဲ. သစ်ရွက် ဘာလုပ်ဖို. တမ်းတရမှာလဲ မင်းဆီက ချစ်စကားတွေကိုပဲ ငါတမ်းတတယ်။ ချစ်သူရယ် ငါအလွတ်ရနေတဲ. ကဗျာတစ်ပုဒ် နောက်ဆုံးအနေနဲ. ရွတ်ခွင်.ပေးပါ။ မင်းကိုငါချစ်တယ်။ ။
Posted by တေလေ at 2:09 PM 0 comments
Labels: ကဗျာ
ကျုပ်ကိုယ်ကျုပ်
ခင်ဗျားတို. ကိုယ်ကို ခင်ဗျားတို. ပြန်ဆန်းစစ်ဖူးသလား။ ဆံပင်အရှည်ထားတဲ. လူငယ်တစ်ယောက်ကို လမ်းသရဲလို.ခံယူထား ခင်ဗျားတို.အတွက် ကျုပ်ဆံပင်တွေရှည်လာတယ်။ အနက်ရောင်အကျီင်္တွေ ၀တ်ထားတိုင်း စိတ်ဓာတ်မဖြူစင်ဘူးလို.ခံယူထားတဲ. ခင်ဗျားတို.အတွက် ကျုပ်အကျီင်္တွေအနက်ရောင်သန်းလာတယ်။ ခေါင်းမော.ရင်ကော. လျှေက်သွားတိုင်း မာန်မာနတက်နေတယ်လို. ခံယူထားတဲ့ ခင်ဗျားတို.အတွက် ကျုပ်ခေါင်းမော.လျှောက်လာတယ်။ မျက်လုံးတွေက ကြောက်ဖို.ကောင်းအောင် တည်ငြိမ်နေတိုင်း ချစ်တက်တဲ.စိတ်မရှိဘူးလို. ခံယူထားတဲ. ခင်ဗျားတို.အတွက် ကျုပ်မျက်လုံးတွေစူးရှလာတယ်။ ပါးစပ်ပေါက်က ပေါက်ကွဲသံစဉ်တွေ ထွက်လာတိုင်း ရူးနေပြီလို. ခံယူထားတဲ. ခင်ဗျားတို.အတွက် ကျုပ် punk သီချင်းတွေကြိုက်လာတယ်။ ခင်ဗျားတို. ကိုယ်ကိုကော ခင်ဗျားတို. ပြန်ဆန်းစစ်ဖူးသလား။
Posted by တေလေ at 2:00 PM 0 comments
Labels: ကဗျာ
Monday, October 27, 2008
ကျွန်တော်သေသွားခဲ့ရင်
လူတစ်ယောက်သေခါနီးကျရင် ဘယ်လိုမျိုးထူးဆန်းတဲ့ အပြုအမှုတွေ ပြုလုပ်လိမ့်မယ် ဆိုတာ ကျွန်တော်မသိဘူး။ ကျွန်တော်ကတော့ ကိုယ့်ကိုကို သေခါနီးပြီလို့ ထင်တယ်။ ဘာရောဂါမှတော့ ပြစရာမရှိဘူး။ ဘာမှလည်းဖြစ်မနေဘူး။ စိတ်ထဲကထင်နေတာပါ။ ကိုယ့်ကိုကို သေခါနီးပြီလို့။ အခု နောက်ပိုင်း ကျွန်တော်နဲ့စကားပြောခဲ့တဲ့ လူတိုင်းကို ပြောမိတဲ့စကားလုံးတိုင်းမှာ ``နောက်ဆုံးအနေနဲ့´´ဆိုတဲ့ စကားလုံးပဲ ထပ်ကာထပ်ကာ ပြောနေမိတယ်။ သူတို့နဲ့ ကျွန်တော် စကားပြောခဲ့တာ နောက်ဆုံးအကြိမ်ပဲ ဖြစ်ပါလိမ့်မယ်လို့ စိတ်ထဲက အလိုလို ယုံကြည်နေတယ်။ ကျွန်တော် သေခါနီးလို့ ဖြစ်မှာပေါ့နော်။ ထားလိုက်ပါတော့။ ကျွန်တော်သေသွားပြီလို့။ ကျွန်တော်သေသွားတဲ့အခါ ကျွန်တော် ဘာဆက်ဖြစ်မလဲ နောင်တမလွန်ဘ၀တွေ၊ နိဗ္ဗန်တွေ၊ ငရဲတွေ၊ နောက်ဘ၀တွေ စသည်ဖြင့် ကျွန်တော့် အတွက်ဖြစ်လာနိုင်စရာ အကြောင်းတွေ၊ (လူတွေကသာပြောနေတာပါ၊ တကယ်ရှိမရှိ ဘယ်သူမှာ မသိပါဘူး)။ တစ်ခုမှ မရေရာတဲ့အတွက် မစဉ်းစားချင်ဘူး။ ကျွန်တော်သေသွားရင် လောကမှာ ဘာတွေဖြစ်ကျန်ခဲ့မလဲ တွေးကြည့်လို့ရတယ်။ နည်းနည်းလောက် တွေးကြည့်ရအောင်။ ကျောင်းကသူငယ်ချင်းတွေ ကျွန်တော်သေသွားတာကို ဘယ်သူမှမသိဘဲ အဝေးသင် ပြောင်းသွားပြီလို့ ထင်ကြလိမ့်မယ်။ Chatting ထဲကလူတွေလည်း ကျွန်တော်သူတို့နဲ့ မဆုံလို့ မ chat ဖြစ်တာပဲလို့ သူတို့တွေးကြမယ်။ My Suboo ကလူုတွေကလည်း ကျွန်တော်မအားလို့ Blog တွေမရေးကြတာပဲလို့ ထင်ကြလိမ့်မယ်။ နောက်ဆုံး ကျွန်တော့်ရဲ့ အခင်ဆုံးလို့ ပြောရမယ့် ပေါတာတောင် ကျွန်တော်သေပြီး (၆)လောက်နေမှ သိလိမ့်မယ်ထင်ပါတယ်။ (ဒါတောင်အိမ်ကို ဖုန်းဆက်မှ) ။ ဒါဆိုကျွန်တော့်ရဲ့ ဈာပနမှာ ပူဆွေးဝမ်းနည်းသူမရှိ၊ ခြောက်ကပ်ကပ်ကြီးနဲ့ ပြီးဆုံးသွား မှာလား။ ဒါဆိုရင်တော့ ပျင်းစရာကြီး ဖြစ်နေတော့မှာပဲ။ အဟုတ်သေးဘူးနဲ့ တူတယ်။ အမေ။ ကျွန်တော့်ရဲ့ ဈာပနာမှာ အမေကတော့ ငိုနေလေမလား။ မငိုလောက်ပေမယ့် အမေ၀မ်းနည်းနေ မှာတော့ သေချာတယ်။ အမေက ကျွန်တော့ကို အချစ်ဆုံးဖြစ်ပေမယ့် တစ်ခါမှအလို မလိုက်ခဲ့ဘူးတဲ့ အတွက် စိတ်မကောင်း ဖြစ်နေလေမလား။ ကျွန်တော်မရှိတော့ တဲ့အတွက် အမေနဲ့ စကားပြိုင် ပြောမယ့်သူ မရှိလို့ အမေပျင်းနေလေမလားမသိ။ ကျွန်တော်သေသွားခဲ့ရင် ကမ္ဘာ့သမိုင်းမှာလဲ မော်ကွန်းတင်နိုင်မှာ မဟုတ်၊ မြန်မာ့သမိုင်းမှာလဲ မော်ကွန်းဝင်နိုင်မှာမဟုတ်။ သတင်းစာထဲတောင် ကျွန်တော့နာရေး သတင်းကိုထည့် ဖြစ်မလားမသိ။ လူမသိသူမသိ သေဆုံးသွားရမယ့် အဖြစ်က တော်တော်တော့ ကြောက်ဖို့အကောင်းသား။ ကျွန်တော့ ၀ိညာဉ်ကတော့ သိမှာပါ။ ကျွန်တော်သေဆုံးခြင်းရဲ့ နောက်ကွယ်မှာ လူငယ်တစ်ယောက်ရဲ့ ----- ဆရာဖြစ်ချင်အိပ်မက်၊ လူငယ်တစ်ယောက်ရဲ့ -------er ဖြစ်ချင်တဲ့အိပ်မက်၊ လူငယ်တစ်ယောက်ရဲ့ မြန်မာနိုင်ငံ----- ဖြစ်ချင်တဲ့အိပ်မက် တွေကိုပါ မြေမြှပ်ပြီးသား ဖြစ်ကြောင်းကိုပေါ့။ ကျွန်တော့ နာရေးကြော်ငြာမှာ ဒီအိပ်မက်တွေအကြောင်း အလျင်းသင့်ရင် ။ ဘာပဲပြောပြော အားလုံးကို ကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်။ ဒီရက်ပိုင်းထဲ ကျွန်တော်မသေ သေးဘူးဆိုရင် ရဲ့ နားရေးကြော်ငြာ တစ်စောင်ကို ခင်ဗျားတို့ ဖတ်ခွင့်ရမှာပါ။
Posted by တေလေ at 2:53 PM 0 comments
ဲမြို.ကလေး
မြို.ကလေးရယ်..... ငါဟာမင်းကိုစတင်ခွဲခွာခွဲ.သူပါ ဒါပေမယ်......မင်းဟာ ငါ.ကို နှုတ်ဆက်တဲ.စကားတစ်ခွန်း ငါ.ရင်.ထဲကို သွင်းပေးခဲ.တယ်။ ။ သေချာပါတယ်..... မင်းကို ငါခွဲခွာခဲ.ချိန် မင်း.....ဘာမှမခံစားရဘူးလေ ငါ.....မင်းရင်ထဲမှာ မရှိတော.ပေမယ်..... အသစ် အသစ်သောရင်ခုန်သံတွေ မင်းဆီဝင်ရောက်လာပြီလေ။ ။ မြို.ကလေးရယ်..... ဒီတစ်ခါ မင်းဆီထပ်ရောက်ခဲ.ပါပြီ။ အခုတော.မင်းကငါ.ကို ကြိုဆိုနေပြန်တယ်။ ။ ငါမှတ်မိပါသေးတယ် မြို.ကလေးရဲ. မြစ်ကြားပေါ်မှာ ငါထပ်မံရှင်သန်ရဦးမှာပါ။ အရင်တုန်းက ငါ---- ငါးမမျှားတက်သေးဘူး။ ။ အခုတော. ငါ----- ငါးမျှားတက်ခဲ.ပြီလေ။ ဒီအတွက်ငါက မြို.ကလေးကို ကျေူးဇူးတင်ရမှာလား ကဲ.ရဲ.ရမှာလား။ ။ ဘာပဲဖြစ်ဖြစ် မြို.ကလေးပေါ်မှာ ငါ...... ငါးတစ်ကောင်တော.ရချင်တယ်။ ။
Posted by တေလေ at 2:47 PM 0 comments
Labels: ကဗျာ
Sunday, October 26, 2008
ယုံချင်နေ မယုံချင်နေ
ငါသည်သူမကို ချစ်မိချိန်မှစ၍ သာမန်လူ တစ်ယောက်မဟုတ်တော.။ အဘယ်ကြောင်.ဆိုသော် ငါသည် ၂၁ ရာစု၏ တစ်ဦးတည်းသော အချစ်သူရဲကောင်းဖြစ်လာ၍တည်း။
Posted by တေလေ at 2:45 PM 0 comments
Labels: ကဗျာ
ဝင်ရောက်ထွက်ခွာခြင်း
ခြေသံတွေ တလျှပ်လျှပ်နဲ. ငါ ရောက်ခဲ.တယ်။ ပျော်ရွှင်မှုများကို သူတို.ဆီက မျှဝေယူခဲ.တယ်။ သူတို.ကိုလည်း ငါ တက်နိုင်သလောက် ပြန်ပေးခဲ.တယ်။ အဲဒီအထဲမှာ..... မှ သူ(သူမ)တစ်ယောက် အတွက်တော. အပိုတစ်ခု ထည်.ပေးမိခဲ.တယ်။ အဲဒီအတွက် သူ....ပျော်ရွှင်မှာလား သူ....စိတ်ဆိုးမှာလား တစ်ခုခုပေါ. ငါသိချင်တယ် ။ ဒါပေမယ်. အဲဒီအပိုဆုကို....သူ ဖုံးကွယ်ဖို. ကြီုးစားတယ်။ ခြေသံတွေ တလျှပ်လျှပ်နဲ. ငါ ပြန်ထွက်လာခဲ.တယ်။
Posted by တေလေ at 2:40 PM 0 comments
Labels: ကဗျာ
Saturday, October 25, 2008
သင်မည်သူနည်း
သစ်၇ွက် ကြွေတာဘယ်သူကြောင်.လည်း သစ်၇ွက်ကြောင်. ပါပဲ၊ သူ၇ဲ. ၇ပီုင်ခွင်.ကိုးဗျ။ လေညင်းကတော. သစ်ရွက်တိုင်းကီု လှုပ်ခပ်စေမှာလေ။ ကြွေကျမိတဲ. သစ်ရွက်ကတော. ပျက်စီးမှာပေါ.။ ကျွန်တော်ကတော. ....... ရက်နေ.က တိုက်ခက်တဲ. လေညင်းမှာ လှုပ်ရှားကြွေကျမိတဲ. သစ်ရွက်တစ်ရွက်ပေါ.။ ဒီအတွက်တော. လေညင်းလေးကို ချီးကူးမိတယ်။ လေညင်းလေး ကျွန်တော်ကို တိုက်ခတ်ယူငင်မယ်. တစ်ခနကို စောင်.မျှော်ဆဲပေါ.။ ခင်ဗျားတို.ရော လေညင်းလား သစ်၇ွက်လား သစ်၇ွက်ဆို၇င်ေ၇ာ ကြွေကျပြီးလား။
Posted by တေလေ at 4:02 PM 0 comments
Labels: ကဗျာ
နေ.တစ်နေ. မေးခွန်းတစ်ခု
jan 22 ဆိုတာ မည်သို.သော အထိမ်းအမှတ်နေ. ဖြစ်မည်ကို ငါမသိခဲ.ပါ သေချာတာက နင်နဲတွေ.တယ်။ ငါဘက်က ဆူညံ့နေသလောက် နင်ကတော. နှုပ်ခမ်းကို တင်းတင်းစေ. အားလုံးကို မေ.ဖို. ကြိုးစားနေမလား ငါရဲ. ဆူညံ့မှုအတွက် ရလဒ် အာခေါင်တွေခြောက်သွေ.လာချိန် အခန်းလေးကို ကျောခိုင်း ဘယ်သူကိုမှ နှုတ်မဆက်ပဲ ငါထွက်လာတယ်။ အိမ်အပြန်လမ်း လျှောက်လာတဲ. ခြေလှမ်းတွေကို ငါရဲ. မျက်လုံ့းတွေနဲ. ငုံကြည်.ရင်း နှုတ်ခမ်းက သီချင်းတစ်ပိုင်းတစ်စတိုးတိုးလေး------ ပွဲသိမ်းသီချင်းတစ်ပုဒ်ကို ညည်းနေသလို အဆုံးသတ်သီချင်းတစ်ပုဒ်ကို ညည်းနေသလို နှုတ်ဆက်သီချင်း တစ်ပုဒ်ကို ညည်းနေသလို အသည်းကွဲသီချင်းတစ်ပုဒ်ကို ညည်းနေသလို ထွက်သက်သီချင်းတစ်ပုဒ်ကို ညည်းနေသလို ကားပေါ်မှာတော. လူတွေ သူတို.ဘာလုပ်နေကြသလဲ။ ကားပေါ်ကလူတွေငါ.အပေါ် မွန်းကျပ်မှုဟာ ငါရင်ထဲက နင်နဲ. ပတ်သတ်တဲ. မွန်းကျပ်မှုလောက် မရှိပါဘူး။ နင်.အတွက် ငါ မငိုပါဘူး စိတ်ဓာတ်တွေတော. ပြိုနေတယ်။ ကားကသာ တစ်မှတ်တိုင်ပြီး တစ်မှတ်တိုင် ငါကတော. အခန်းကျဉ်းထဲက နင်နဲ.တွေ.ချိန်မှာ ပြန်ကျန်နေတယ်။ နင်ငါ.ကို ဘာလို.စကားမပြောတာလဲ။ လမ်းပေါ်မှာ လျှောက်လာရင်း လူတွေကို အကဲခတ် ငါစိတ်က ဆုံးဖြတ်လိုက်တယ်။ ရန်ကုန် တစ်မြို.လုံးရဲ. စုစုပေါင်းအပူချိန် ၂၀ဒီဂရီ+၂၀ဒီဂရီ+၂၀ဒီဂရီ+----------------တွေ ငါ ခနျွှာကိုယ်ထဲရောက်နေတယ်။ အိမ်ရောက်တာနဲ နင်ကို သတိရတိုင်း နားထောင်နေကျ သီချင်းလေး ဖွင်.လိုက်ဦးမယ်။ ကံဆိုးတဲငါ နင်ကို သတိရခွင်. မရှိအောင် အမှောင်ထုနဲ .ဆီးကြိုနေတယ်.။ ငါရငိဘက်ထဲက နာနေတယ်။ နင်ငါ.ကို ဘာလို.စကားမပြောတာလဲ။ စဉ်းစားနေရငိးနဲ. သီးလိုက်မိတော. အလိုလေး----- ငါထမင်းစားနေတာပါလား။ ထွေထွေထူးထူး တော.မဟုတ်ပါဘူး။ နင်.အကြောင်းတွေးမိတိုင်း ဖြစ်နေကျလေးပါ။ အိပ်ရာထဲဝင်ခဲတော. အိပ်နိုင်ဖို. ကြိုးစားရပြီပေါ. မဖြစ်နိုင်ပါ။ အိပ်နိုင်ဖို. မဖြစ်နိုင်ပါ။ ဒီတော. စာတစ်အုပ်ကိုစွဲ ဖတ်ဖို.မဲတော. ကံ့ဆိုးစွာပဲ ငါ ယူလိုက်တဲ. စာအုပ်ထဲက စာသားတွေက နင်ငါ.ကို ဘာလို.စကားမပြောတာလဲ။
Posted by တေလေ at 1:31 PM 0 comments
Labels: ကဗျာ
Friday, October 24, 2008
ဘာပြောမိလို.လည်း
ညီညီတစ်ယောက် မြို.ထဲသို. ရုပ်ရှင်သွားကြည်.ရန် လိုင်းကားစောင်.နေမိတယ်။ အိမ်မှ သင်တန်းသွားရန်ဟု ဆိုပြီးထွက်လာသောကြောင်. အိမ်မှလူများ မြင်သွာမှာလည်း စိုးရသေးသည်။ ၄၃ ကားတစ်စီး ညီညီ ရပ်စောင်.နေသော မှတ်တိုင်သို. ထိုးစိုက်လာသဖြင်. ကားအခြေအနေကို အကဲခတ်လိုက်ရာ အနည်းငယ် ချောင်သဖြင်. တက်လိုက်သွားမိသည်။ ညီညီဆူးလေသို.သွားရန်ကားခပေးပြီးမှ သတိထားမိသည်မှာ ကားမှာချောင်သည်ဟု ထင်ပြီးတက်လိုက်မိရာမှ အတော်လေးကျပ်နေလေသည်။ မ၊ဥ အ၀ိုင်းသို.ရောက်သောအခါ လူတော်တော်များများထပ်တက်လာသောကြောင်. ကားမှာပိုကျပသွားလေသည်။ ထိုတက်လာသူများထဲမှ အတော်လေးလှသောအမကြီးတစ်ယောက်(၂၀လောက် ရှိပါလိမ်.မယ်) ကို ညီညီသတိထားမိသွားသည်။ ထို အမကြီးလည်း လိုင်းကားကျပ်ကျပ်တွင်တိုးဝှေ.ရင်း ညီညီရှေ.သို. ရောက်မှန်းမသိ ရောက်လာသည်။ အမကြီးက ဆူးလေထိဟု ကားခပေးစီးသည်ကိုတွေ.ရာ ညီညီပျော်သွားသည်။ ဟုတ်သည်လေ ထိုမမရဲ အလှအပကို ဆူးလေထိ ခံစားခွင်.ရပြီကိုး။ ကားကလည်း ဆက်မောင်းလာရင်း န၀ဒေးသို. ရော်ကာ ကားရပ်လိုက်ရာ မမ မှလှည်.ကြည်.လေသည်။ ညီညီတစ်ယောက် ပျော်သွားသည်။ ထိုအမကြီးမှ ကားတစ်ခါရပ်တိုင်း ညီညီကို လှည်.ကြည်.လေသည်။ ထိုအမကြီး မျက်နှာလည်း မကောင်းတော.။ ဘာများဖြစ်လို.လည်း ကိုယ်ကို ကို ပြန်ဆန်းစစ်ကြည်.မိရာ။ အော။ တွေ.ပါပြီ တရားခံကို။ ညီညီ ရှေ့တွင် လွယ်ထားသော ကချင်လွယ်အိတ်ထဲမှာ ခိုထီးအမဲလေးကို ထည်.ထားသည်ကိုး။ ဒါကြောင်. ကားရပ်လိုက်တိုင်း-------- ညီညီထိုအမကြီးအား အရမ်းအားနာသွားမိတယ်။ အထင်လည်းအလွဲမခံနိုင်။ လိုင်းကားပေါတွင် အော်ကြီးဟစ်ကျယ်လည်း မပြောချင်။ ထိုကြောင်. အမကြီူးနားကပ်ပြီး တိုးတိုးလေးပြောလိုက်မိသည်။ ထိုပြောလိုက်သောစကားကြောင်. အမကြီးလည်း အနီးဆုံးဖြစ်သော လမ်းနီမှတ်တိုင်တွင် ကမန်းကတန်း ဆင်းသွားလေသည်။ အဘယ်ကြာင်. ထိုသို. ဆင်းသွားမှန်းလည်း ညီညီ ယနေ.တိုင် စဉ်းစားမရဖြစ်နေလေသည်။ ညီညီပြောလိုက်သော စကားက **အမ ၊ ထီးပါဗျ ** ဟူတည်
Posted by တေလေ at 2:42 PM 0 comments
Labels: ဟာသ
Saturday, October 18, 2008
ရှာဖွေရန်
ကျောင်းပုံစံနောက်ခံတစ်ခု။ ဒါပေမယ့်မြန်မာနိုင်ငံက ကျောင်းတွေရဲ့ပုံစံနဲ့တော့ သိပ်မတူသလိုပဲ။ ကျောင်းလွှတ်ချိန် ကျောင်းဆင်းလာတဲ့ လူငယ်လေးတွေကတော့ အဖြူနဲ့အစိမ်းဝတ်စုံလေးတွေနဲ့။ ကျောင်းသားကျောင်းသူ အရေအတွက်ကတော့ (20) လောက်ပဲရှိပါလိမ့်မယ်။ အဲဒီအထဲက ကောင်မလေး တစ်ယောက်နောက်ကို ကျွန်တော်ပြေးလိုက်သွားမိတယ်။ စာသင်ခန်းထဲက ထွက်ထွက်ခြင်းမှာပေါ့။ သူ့ကိုကျောင်းလှေကားထိပ်မှာ မှီလာပြီး သူ့ပခုံးကို ကျွန်တော်ဖက်ပြီးဆင်းလာသလိုပဲ။ သူကတော့ သိပ်မကြိုက်သလိုပဲ။ ထူးခြားတာက ကျွန်တော်တို့နှစ်ယောက်ကို ကြည့်ပြီးပြုံးနေတဲ့၊ သဘောကျစွာကြည့်နေတဲ့ ကျောင်းသားအတော်များများဟာ ကျွန်တော့်သူငယ်ချင်းတွေဖြစ်နေမလားတော့မသိဘူး။ ဘာမှတော့သိပ် မသေချာပါဘူး။ သိပ်သေချာတဲ့အကြောင်းအရာတွေကို ကျွန်တော်မှတ်မိလာပါတယ်။ ကျောင်းတံခါးဝ ရောက်တဲ့အခါ သူ့ပခုံးကိုကျွန်တော်ဖက်ထားမိတယ်။ သူကလည်းကြည်ကြည်ဖြူဖြူပါပဲ။ ကျွန်တော့်စိတ်ထဲက အလိုလိုသိနေတာ ကဒီနေ့ဟာကျွန်တော်တို့နှစ်ယောက်ပထမဆုံး ချစ်သူဖြစ်တဲ့နေ့ပဲ ဆိုတာကိုပါ။ ကျွန်တော်သူ့ပခုံးကို ဖက်ပြီးလမ်းလျှောက်လာတဲ့အချိန်မှာ ဘာစကားမှ မပြောဖြစ်ပေမယ့် သူကတော့ သူ့အသိတွေရှေ့ရောက်ရင် သူ့ပခုံးပေါ်တင်ထားတဲ့ ကျွန်တော့လက်ကို ဆုပ်ကိုင်ထားလေရဲ့။ လျှောက်လာရင်းနဲ့ ကျွန်တော်တို့ရှေ့မှာ တံခါးတစ်ခုကိုတွေ့ရတယ်။ သူ့ကိုကျွန်တော်မေးလိုက်တယ် ။ ``ဘယ်ဘက်မှာကစားကွင်းရှိတယ်သွားမလား´´ သူက ``ဟင့်အင်း၊ ဟိုဖက်မှာဘုရားဖူးလို့ရတဲ့မျှော်စင်လေးရှိတယ်။ အဲဒီကိုသွားမယ်´´ ကျွန်တော့်စိတ်ထဲမှာ ဘာကိုစိုးရွံမိမှန်းတော့မသိဘူး။ဒါပေမယ့် သူ့အလိုကျကျွန်တော် လိုက်လျောခဲ့တယ် သွားနေရင်းသူနဲ့ကျွန်တော် ချစ်သူတို့သဘာဝ စကားလေးတွေပြောဖြစ်ခဲ့တယ်။ ``သူ့ကိုမျက်နှာအစိတ်အပိုင်းတစ်ခု ချင်းစီကြည့်တော့ ချောလည်းမချောဘူး၊ ရွံစရာကြီး´´လို့သူကရယ်ပြီး ပြောတယ်။ ကျွန်တော်ကသူ့မျက်လုံးကို လက်ဖ၀ါးနဲ့အုပ်ပြီး ``ဒါဆိုမကြည့်နဲ့ပေါ့၊ မျက်နှာတစ်ခုလုံးကို ကြည်ပေါ့´´ လို့ပြောလိုက်မိတယ်။ အဲဒီအချိန်မှာ အရမ်းသေချာသွားတယ်။ သူ့ကိုကျွန်တော့ဘ၀တစ်ခုလုံးစာအတွက် အရမ်းချစ်မိ သွားတယ်။ အစကတော့ သိပ်မသေချာသလိုပဲ၊ အခုတော့အရမ်းသေချာသွားမိတယ်။ တစ်ဘ၀လုံးစာပေါ့။ ကျွန်တော်တို့ဦးတည်ပြီးလာနေတဲ့ မျှော်စင်လေးကိုရောက်ဖို့ရာ ကျွန်တော့်တို့လမ်းဖြတ်ကူးဖို့ပဲ ကျန်တော့တယ်။ ကျွန်တော်တို့ကားလမ်းတစ်ဝက်ခန့် ဖြတ်ကူးအပြီးမှာ ယာဉ်ထိန်းရဲကားနှစ်စီး ဖြတ်မောင်းသွား တာကိုတွေ့လိုက်ရတယ်။ ကျွန်တော်တို့ကိုများဖမ်းမလားလို့ ကျွန်တော်စိုးရိမ်မိလိုက်ပါသေးတယ်။ ကျွန်တော်တို့ ကျန်ရှိနေသေးတဲ့ လမ်းတစ်ဝက်ကိုကူးနေရင်းနဲ့ -------------------- ကျွန်တော်အိပ်မက်က နိုးလာအောင်လုပ်လိုက်မိတယ်။ အိပ်မက်ကလန့်နိုးလာတာမဟုတ်ဘူးနော်။ ကျွန်တော့ရဲ့အိပ်မက်ကောင်းလေးကို အဆိုးအညံ့တွေနဲ့ အဆုံးမသတ်ချင်လို့ပါ။ ထူးတော့ထူးခြားတယ်ဗျ။ ကျွန်တော့ရဲ့တခြားအိပ်မက်တွေမှာ မိန်းမလေးတွေပါလာရင် လိင်မှုဆိုင်ရာ အညစ်အထေးတွေနဲ့ပြည့်နက်လို့။ ဒီအိပ်မက်လောက်လည်း မကြာရှည်ပါဘူး။ အိပ်မက်ကနိုးခဲ့ရင်လည်း စိတ်ပျက်စရာ အညစ်အထေးတွေနဲ့ပေါ့ဗျာ။ တကယ်ကိုစိတ်ပျက်စရာပေါ့ဗျာ။ ဒီအိပ်မက်လေးမှာတော့ ဖြူစင်သန့်ရှင်းစွာ ချစ်ခင်မှုကို ကျွန်တော်နားလည်မိတယ်။ ကြည်နူးမိတယ်။ နိုးထလာတဲ့အခါမှာလည်း စိတ်ထဲ ကြည်နူးပီတိဖြစ်မိပြီး တစ်ခါမှ မခံစားဖူးတဲ့ ခံစားမှုတစ်ခုကို ရရှိလိုက်ပါတယ်။ ကျွန်တော်အိပ်မက်က နိုးတဲ့အချိန်မှာ ကျွန်တော့မှာ တာဝန်တစ်ခုရှိသွားသလိုပဲ။ ကျွန်တော့်အိပ်မက် ထဲကချစ်သူကိုပဲ အပြင်မှာလည်း ချစ်မယ်ဆိုပြီးတော့ပေါ့။ သူ့ကိုကျွန်တော် အရမ်းတွေ့ချင်တယ်ဗျာ။ သူဘယ်မှာလည်း ကျွန်တော်မသိဘူး။
Posted by တေလေ at 3:24 PM 0 comments
Labels: အက်ဆေး
ပျောက်ဆုံးခန်း
ကျေးဇူးပြုပြီး ကျွန်တော်ကို စုံစမ်းပေးပါ။ ကျွန်တော် ကဗျာတစ်ပုဒ် သုံးနှစ်ခန်.က ပျောက်ဆုံးသွားတယ်။ ကဗျာလေး၇ဲ. စကားလုံးတွေ ချောင်းရေနဲ.အတူ စီးဆင်းသွားပြီလား။ ။ ဒါမှမဟုတ် ၂၀၀၃ ကပျောက်ဆုံးတဲ့ ကဗျာအုပ်မာ ကြားဝင်ခံ လိုက်ရပြီလား။။။။ တကယ်ပါ ကွန်တော် နေ.ဘက် စိတ်ကူး ညဘက် အိပ်မက် နေ.စဉ် ရက်ဆက် ဒီလိုနဲ. အသက်ဆက်နေတာပါ ကဗျာလေးရာ။။။။။။
Posted by တေလေ at 2:43 PM 0 comments
Labels: ကဗျာ
Friday, August 15, 2008
အင်မီနမ် ကျောကုန်းပေါ်က ဓါး
ရန်ကုန်မြို.မှာ ဓါးရောင်းတဲ.ဆိုင်တွေ ရှားပါးလာသလိုပဲ၊ ဒါပေမယ်. ကျွန်တော်မြင်နေတယ်။ ရန်ကုန်မြို.က လူတွေရဲ. လက်ထဲမှာ ဓါးတစ်ချောင်းဆီကိုင်လို.။ သူတို.ဘာလုပ်နေကြလဲ။ သူတို.ဘာလုပ်ဖို.လဲ။ ကျွန်တော်---- တွေ.ရသလောက်တော. သူတို.ဓါးတွေရဲ. ခေါ်ဆောင်ရာနောက်ကို တစ်လှမ်းချင်း တစ်ရွေ.ချင်း။ ကျောကုန်းတွေကို လိုက်ရှာနေတယ်။ ရန်ကုန်မြို.မှာ ဓါးကိုင်ထားတဲ.လက်တွေ သွေးစွန်းနေတဲ.ဓါးတွေ ဓါးဒဏ်ရာနဲ.ကျောကုန်းတွေ ကျောကုန်းပေါ်က စေးကပ်ကပ်သွေးတွေ အားလုံးရဲ. လက်ထဲမှာ ဓါ်းကိုယ်စီနဲ.။ ဓါးတွေအကြောင်း ကျောကုန်းတွေအကြောင်း သွေးတွေအကြောင်း နောက်ကျောကို ဓါးနဲ.ထိုးမယ်.သူတွေအကြာင်း ကျွန်တော်လေ.လာချင်မိတယ်။ အင်မီနမ် ကတော.ပြောတယ်။ နောက်ကျောကို ဓါးနဲ.ထိုးသူတွေနဲ. ပေါင်းမိဲပြီးတော. ကျွန်တော် တစ်ခုရလိုက်တယ်။ သူတို.က ခင်ဗျား နောက်ကျောပေးထားတဲ.အချိန်မှာပဲ ဓါးနဲ.ထိုးရဲတာ။ ဟုတ်မလား။ အင်မီနမ် ကို စိတ်ဝင်စားသွားတယ်။ ရန်ကုန်မြို.က လူတွေရဲ.လက်ထဲမှာ ဓါးတွေရှိမနေစေချင်ဘူး။ လူတွေရဲ ကျောကုန်းမှာ သွေးစက်တွေ မမြင်ချင်တော.ဘူး အင်မီနမ် ကိုဖိတ်ပြီး ရန်ကုန်မြို.ကိုလေ.လာခိုင်းရမယ်။ အဖြေတစ်ခုတော.ရမှာပါ။ လေဆိပ်ကို ရောက်လာတဲ. အင်မီနမ် ကျွန်တော်ပျော်သွားတယ်။ တစ်ခုခုတော. ရမှာပါလေ။ အင်မီနမ် ကို ၀မ်းသာစွာ ပခုံးဖက်ပြီး လမ်းလျှောက်လာရင်း ကျွန်တော်တို. ငြင်းခုံလာကြတယ်။ $လူတွေရဲ. လက်ထဲမှာ ဓါးတွေတွေ.လား$ $မတွေ.ဘူး။$ $ $ $ $ စောက်ရူး ဒီကောင် စောက်ရုးပဲ လူတိုင်းရဲ. လက်ထဲမှ ဓါးတွေကိုင်ထားတာ လုံးဝ မတွေ.ဘူးတဲ.။ ကျွန်တော်လက်ထဲမှာ ဘယ်အချိန်တည်းက ရောက်နေမှန်း မသိတဲ. ဓါးနဲ အင်မီနမ် ကျောကုန်းကို ကျွန်တော်ထိုးပစ်လိုက်ချင်လာတယ်။ ထိုးပစ်လိုက်မိတယ်။ ဘုရားရေ----- ဒီကောင်က ဘာမှတောင်မဖြစ်သလိုပဲ။ သူ. ကျောကုန်းက သွေးစက်တွေ တစ်စက်ချင်း တစ်စက်ချင်း လိမ်.လို. လိမ်.လို. ကျွန်တော် ဓါးကသူ.ကျောကုန်းမှာ တန်းလန်းစိုက်လို. ဒီကောင်က ဘာမှမဖြစ်ဘူးပဲ။ ကျွန်တော်အံ့သြပြီး သူကျောကုန်းကို သေချာကြည်.မိတယ်။ ခြောက်သွေ.နေတဲ. ဓါးဒဏ်ရာတွေ သွေးစိုနေတဲ. ဓါးဒဏ်ရာတွေ ခု ကျွန်တော် ထိုးလိုက်တဲ. ဓါးတန်းလန်းနဲ. ဒဏ်ရာ ကျွန်တော် ပိုပြီးစိတ်တိုလာတယ်။ ကျွန်တော်ကိုင်ထားမိတဲ.ဓါးကို အင်မီနမ် ရဲ. ကျောကုန်းပေါ် အဆုံးရောက်သည်.အထိ ကျွန်တော် ထိုးချလိုက်မိပြီ။ ကျွန်တော် မျက်နှာ ကတော.ရယ်လို.ရွှင်လို. စကားပြောတောင် မပျက်ဘူး၊၊ အင်မီနမ် နဲ.ကျွန်တော် လမ်းခွဲခဲ.ပြီ။ အနည်းငယ်ဝေးတော. အင်မီနမ် ကြမ်းပြင်ပေါ်လဲကျသွားတယ်။ ဘာကြောင်.လဲကျသွားလဲ သူမသိဘူး။ မကြာခင် အင်မီနမ် သေဆုံးတော.မယ်။ ကျွန်တော် တုန်လှုပ်သွားမိတယ်။ ကျွန်တော် ကျောကုန်းကို စမ်းကြည်.တယ်။ မတွေ. ဘာမှမတွေ. ဒါပေမယ်. ရှိနေမှာပါ။ သေစေလောက်တဲ. ဒဏ်ရာမဟုတ်တာ တစ်ခုတည်းပါ။ အင်မီနမ် ဆီက ကျွန်တော် တစ်ခုတော. ရလိုက်တယ်။ လူတွေဟာ ဘေးချင်းယှဉ် ပခုံးချင်းဖက် နောက်ကျောကို ဓါးနဲ.ထိုးတက်ကြတယ်။ အထိုးခံရတဲ. သူက ဘာမှတောင် မသိလိုက့်ပဲ သေဆုံးသွားနိုင်တယ်။.
Posted by တေလေ at 8:57 AM 0 comments
Labels: ကဗျာ
Thursday, August 14, 2008
ဖြတ်လျှောက်ခြင်း
ငါပါးစပ်က ရိုင်းစိုင်းတဲ. စကားသံတွေ ကြားနိုင်ပေမယ့် ဘယ်တော့မှ စကားလုံးလှလှတွေနဲ. လူမသတ်ဘူး။ အမှန်တရားဟာ ထာဝရလှပနေတယ်ဆိုရင်တောင် အမှန်တရားဟာ ရှားပါးမှုရဲ. သင်္ကေတလည်းဖြစ်တယ်။ အမှန်တရား……အမှန်တရားနဲ. လူတိုင်းကတော. တကြော်ကြော် အော်တက်တာပဲလေ အဲဒီ အော်သံတွေကိုက လိမ်နေတယ်ဆိုတာကို သိသိကြီးနဲ့ အကြိမ်ကြိမ် အဖန်ဖန် ပြန်လိမ်နေမိ အဲဒါ လူသားပီသခြင်းများလား။ ဟင်.အင်း…… ငြင်းပယ်ခွင်.ပြုပါ။ အလွဲသုံးစားမလုပ်ကြပါနဲ… ခင်ဗျားတို. ဘာသာရေးတွေက ခွင်.ပြုလို.လား ငါတစ်ယောက်တည်း ရှင်သန်ခွင်.ပြုပါ…… လူတိုင်းက ခွင်.ပြုပေမယ်. ငါကိုယ်ငါ ခွင်.မပြုနိုင်သေးသရွေ. ဆက်ညဉ်းနေဦးမယ်။ တိုးတိုးလေးးးးးးးး
Posted by တေလေ at 3:55 PM 0 comments
Labels: ကဗျာ
Tuesday, August 12, 2008
မြန်မာမှန်ရင်ဘောင်းဘီဝတ်ပါ။
ကျွန်တော်တို့မြန်မာနိုင်ငံက နေရာအတော်များများမှာ လွဲမှားစွာချမှတ်ထားတဲ.စည်းကမ်းလေးတစ်ခုကို ကျွန်တော် သတိပြူမိနေတာကြာပါပြီ။အဲဒါကတော.“မြန်မာယဉ်ကျေးမှုနဲ.ဆီလျော်သော ၀တ်စားဆင်ယင်မှု မျိုးကိုသာခွင်.ပြုသည်” ဆိုတဲ.စည်းကမ်းလေးပါဘဲ။ အဲဒီ စည်းကမ်းလေးအ၇ မြန်မာရိုးရာဝတ်စုံဆိုတာဘာလဲ။မြန်မာရိုးရာဝတ်စုံ အဖြစ်လူအများကလက်ခံယူဆထားကြတာ ကတော.“လုံချည်”ပါဘဲ။ ဒီတော. လုံချည်ဆိုတာ မြန်မာရိုးရာ ၀တ်စုံလားလို.မေးစရာရှိလာပါပြီ။ မဟုတ်ဘူးလို.ပဲဖြေ ရမှာဖြစ်တယ်။ ဒီနေရာမှာ လုံချည်နဲ.ပုဆိုးကို ခွဲခြားသိဖို.လိုလာပါပြီ။စုဘူးကသူငယ်ချင်းတွေသိမယ်လိုလည်းယူဆပါတယ်။ ဒီတော. ကျွန်တော.မရှင်းပြတော.ပါဘူး။ ကျွန်တော်တို.ရဲ.ဇာတ်လိုက် ဘောင်းဘီအ ကြောင်းပြေရရင် စိတ်မကောင်းစရာပါ။ဘောင်းဘီဝတ်တာဟာ အနည်းငယ်တော.အနှိမ်ခံနေရသလိုပဲ။ဒါပေမယ်. သမိုင်းကြောင်းကို ပြန်ကြည်.မယ်ဆိုရင် တော. မြန်မာတွေ ဘောင်းဘီ ၀တ်တာဟာ နှစ်ပေါင်း(2000)ခန်.ရှီ ပြီဖြစ်ပေမယ်.၊ပုဆိုးဝတ်တာကတော. နှစ်ပေါင်း(600)ခန်.သာရှိသေးကြောင်းအဲဒီတော.ဘောင်းဘီဝတ်တာရိုးရာ လုံချည်ဝတ်တာ တမီလ်ကုလားစရုက် သာဖြစ်ကြောင်းကိုဖတ်ဖူးပါတယ်။ ဒါအပြင် ဘောင်းဘီကို ဒီကနေ.မှာ အနောက်တိုင်း စရိုက်အဖြစ် အကြမ်းဖျဉ်းလက်ခံထားကြပါသေးတယ်။ဒါလည်းမှားနေပါသေးတယ်။“ဟ”ဒါဆို ဥေ၇ာပတိုက်သားတွေက ဘာဝတ်သလဲကွလိုမေးချင် စရာဖြစ်လာပါလိမ်.မယ်။ဟုတ်ကဲ. ဥရောပတိုက်သားတွေရဲ. ၀တ်စုံကတော. “စကတ်” ပဲဖြစ်ပါတယ်။ဒီနေ.ခောတ် ရောမရုပ်ရှင်ကားတွေမှာ ရောမစစ်သားတွေဟာ “စကတ်”၀တ်ထားကြတာကို အထင်အ၇ှားတွေ့မြင် နိုင်ပါတယ်။အာရှနဲ.ဥရောပ တို.ရဲ အနှစ်(100) ကြာ ခရူးဆိတ် စစ်ပွဲ အပြီးမှာ ဥရောပတိုက်သားတွေဟာ ဘောင်းဘီဝတ်ခြင်းရဲ. အကျိုး ကျေးဇူးတွေကိ သီမြင်လာ ကြပါတယ်။ ဒီတော. သူတိုရဲ.“စကတ်”ီဝတ် တဲ.ယဉ်ကျေးမှုကို စွန်.လွှတ်ပြီး ဘောင်းဘီကို တစ်စိုက်မတ်မတ် ၀တ်ေဆင်လာကြခြင်းပဲ ဖြစ်ပါတယ်။ နိဂုံးချူပ်အနေနဲ. ပြောရမယ်ဆိုရင်တော. ဘောင်းဘီဝတ်ခြင်းဟာ သူများရဲ.ယဉ်ကျေးမှုကိုယူငင်သုံးစွဲ တာမဟုတ်ဘဲ မိမိ တို.မြန်မာယဉ်ကျေးမှု အာ၇ှယဉ်ကျေးမှု ကိုထိန်းသိမ်းခြင်း သာဖြစ်ပါတယ်။ ဘောင်းဘီဝတ်လို.ရ တဲ.အကျိုးကျေးဇူးတွေကလည်း အများကြီးပါ။အဲဒီတော. မြန်မာမှန်ရင်ဘောင်းဘီဝတ်ပါလို.ပဲပြောလိုက်ပရစေ။
Posted by တေလေ at 9:05 AM 0 comments
Labels: ဆောင်းပါး
Wednesday, January 16, 2008
အချစ်ရူး
ကျွန်တော် လမ်းလျှောက်ထွက်ခဲ.တယ် လူတစ်ယောက် သူတစ်ကိုယ်လုံးလည်း မျက်၇ည်တွေစိုရွှဲ သူထီပ်လန်.နေတယ်။ ကျွန်တော်မေးမိတယ် သူလည်းပြောကြည်.တယ်။ အိပ်မက်ထဲမှာ သူချစ်သူပျောက်သွားလို.တဲ။ ကျွန်တော်လှည်. ထွက်လာမိတယ် သူလည်း ကျွန်တော်လိုပါဘဲ ဒီမြေပေါ်မှာ အရူးတွေဘယ်လောက်တောင် များနေပြီလဲ-----ချစ်သူ။
Posted by တေလေ at 3:34 PM 0 comments
Labels: ကဗျာ
Sunday, January 6, 2008
ယုံချင်နေ မယုံချင်နေ
ငါသည် သူမကို ချစ်မိချိန် မှစပြီး သာမန် လူတစ်ယောက် မဟုတ်တော. အဘယ်ကြောင် ဆိုသော် ငါသည် ၂၁ ရာစုတွင် တစ်ဦးတည်းသော အချစ်သူ၇ဲကောင်း ဖြစ်လာပေသည်
Posted by တေလေ at 2:22 PM 0 comments
Labels: ကဗျာ
