Monday, November 2, 2009

မိမိကိုယ်ကို ပြန်လည် စီတပ်ကြည့်ခြင်း/သောအခါ

ထိုသူဟာ မရှိခြင်းတွေရဲ့ သားကောင်/ကောင်း တစ် (ကောင်)ယောက် ကြောင်းကျိုးပြ ဆီလျှော်မှုများ၏ ဖောင်း ပြည့်ကားတင်းကျပ်လွန် လွန်းမှု တစ်ထောင့်တစ်ည အပြာရောင် ခဲသားဘောပင်န် တစ်ချောင်းဆီက ငွေရည်ပျံ ဖွဲ.တည်လာတဲ့ ခပ်ဖျော့ဖျော့ အလင်း(အမှောင်) စာသားတွေ နောက် ပြီး ကွင်းစတွေ၊ ကွင်းပိတ်တွေ၊ ထောင့်ချိုးတွေ ၊ ထောင့်ဖြတ်တွေ /ကန်.လန်ကာကြားက ဘာညာ သာရကာ(သာဓက) ကျွန်တော်ကို မဲဇာပို.ပါ လင်းနီညို.... Wimax ရှိတဲ့ မဲဇာအရပ်ကို ပို.ဆောင်ပေးပါ အသျှင် စီးကရက်တိုတွေ ရှိမယ်၊ ထိုင်ခုံပုတွေ ရှိမယ်၊ ဆိုင်းဘုတ်တွေ ရှိမယ်၊ တစ်ရှုးတွေ၊ ရေနွေးအိုးတွေ၊ တောက်တောက်ပြောင်ပြောင် ၀တ်စားဆင်ယင်ထားမယ့် လူငယ်တစ်အုပ်၊ အုပ်စုလိုက် တူရာစုထားတဲ့ ဈေးပေါမှုတွေ၊ မတူညီမှုတွေ၊ နောက်ဆုံး ခဲသား ဘောပင် အဆုံး၊ အစပိုင်း(ခြားမှု)တွေ ငါ့ကိုတွေ.မယ် 09 86 20841 သီချင်းစာသားတွေထဲ ကာမဆက်ဆံမှုတွေ ပြည့်လို. ကျွန်တော်တို. ပါးစပ်ထဲ သီချင်းစာသားတွေ လျှံတက်လို....ဝေ့၀ဲ(သို.မဟုတ်)ေ၀၀ါး ခင်ဗျား သီချင်းဆိုတက်ပြီလား အင်း....... အဲဒါကြောင့် ခင်ဗျား ပါးစပ်နဲ. ကာမဆက်ဆံတက်တာ မနေ.က ထက်ပိုပူတဲ့ နေပူအောက်မှာ သနပ်ခါး ပါးကွက်ကြား ခြားထားသလိုပဲဗျာ ရှင့်ကို ဘယ်သူက ဘာအတွက် ဘယ်လို ဟင့်အင်း မသိတော့ဘူး ဂုဏ် ငွေ အဆင့်အတန်း ယဉ်ကျေးမှု ဘာသာတရား အခြေအနေ စိတ်နေစိတ်ထား နောက် သနပ်ခါး ခင်ဗျားရော ကျွန်တော်ရော သူတို.ရော မစခင်တည်းက ခါးကြတယ် ဟယ်.... ဘယ်တုန်းက စလိုက်တာလည်း လူတစ်အုပ်၊ မျောက်တစ်အုပ်၊ အမှန်ခြစ် ၊ အမှားချစ် ပြစ်ပြစ်နှစ်နှစ် လောကဓံ(ဒဏ်) မှာ နစ် သူဟာ သူပဲ သူဆီကို သူ လူလူတူတူ ဆက်ဆံကြပါ Punk Not Dead တီရှပ် ၀တ်ပြီး အချစ်သီချင်း အေးဆေးသီဆိုနေသူတွေကို ယဉ်ကျေးမှုဖျောက်ဖျက်မှုနဲ. မီးပုံရှို.ပါ ..သူတို. အရိုးပြာကို မီးတင်ရှို.ပါ ကြယ်တွေရဲ့အလှတရာကိုးမခံစားတက်တဲ့လူ ဘာအလွမ်းလည်း သွားသေလိုက် အလင်းပဆစ်အိမ်တွေ ကြား(နား) မှာ စစ် နဲ.စစ်ဟာ စစ်စစ်ကြီးကို စင်စစ် ဖြစ် အဲဒါဟာ စစ်စစ် မစစ်စစ် အမှန်တရား အကြောင်းစွတ်ပြောနေလို ခင်ဗျား အမှားရဲ့ ချိုမြိန်မှုကို ခံစားတက်မှာ မဟုတ် ဟုတ် ဟုတ် တယ် ဟုတ်

0 comments: