Sunday, November 29, 2009

ခောတ်လွန်နေသော မဟားဒယား ဟိုဒင်းဟိုဟာ

ငါပြန်ရတော့လည်း အစုတ်၊ သူ.ကိုပေးတုန်းကလည်း အစုတ်.... ငါတို.အားလုံးဟာ အနုတ်(နှုတ်) တွေပဲ ကိန်းဂဏန်း ပြပုဒ်တွေ ငါတို.အားလုံးဟာ အပုတ်တွေ ၊ အသိုး(တိုး)စားကြတယ်ပေါ့.. ကိန်းဂဏန်း အမှန်စဉ် ထိုး(တိုး)ထား(တက်)တယ်/လာကြပြီ အမှတ်စဉ် ရွေးပါ Single Player Multi Player Internet Network Options Exit ဘယ်လိုဆော့ကြမလည်း ပျင်းတယ်...... ပြိုင်ရမှာပျင်းတယ်...တစ်ယောက်တည်း မပျော်ချင်ဘူး တစ်ယောက်တည်း ပျော်ရမှ ပျင်းတယ်...ဘယ်လို ဆော့ပြိုင်ကြမလည်း.. သူတို.ဟာ ပေါ့ ပေါ့ဆိုတာ ပေါ့ပ် သူတို.ဟာ ပေါ့ပ် ပေါ့ပ် ဆိုတာ ချိုသာပြီး လူတိုင်းနားစွဲလွယ်သော ပေါ်ပြူလာ ဂီတအမျိုးအစား ပေါပြူလာ ပေါ်ပင် ပေါ်လွင်ထင်ရှားသော လူသားများ သူတို.ဟာ ပေါ့ပ် သူတို.ကဗျာတွေဟာ ပေါ့ပ် Exit Are you sure you want to exit poem?

Yes No
ကြယ်တွေ ကြယ်တွေ ဟိုနားခပ်ဝေးဝေးမှာ နီးနီးလေး ကျန်ခဲ့ပြီထင်... ကြယ်တွေဟာ ခပ်ကျယ်ကျယ် မရယ်ရဲဘူး လူတွေ မရှက်တက်ဘူး ခွေးတွေ မဟောင်တက်ဘူး ငါဟာ မရှက်တက်ဘူး ငါဟာ ဟောင်တက်တယ် တဖြည်းဖြည်းတက်လာတယ် တက်မလာဘူး ငြင်း Request Time Out Request Time Out Request Time Out Request Time Out Reply from 192.168.1.254 bytes=32 time<1ms TTL=64 Reply from 192.168.1.254 bytes=32 time<1ms TTL=64 Reply from 192.168.1.254 bytes=32 time<1ms TTL=64 Reply from 192.168.1.254 bytes=32 time<1ms TTL=64 Reply from 192.168.1.254 bytes=32 time<1ms TTL=64 Reply from 192.168.1.254 bytes=32 time<1ms TTL=64 Reply from 192.168.1.254 bytes=32 time<1ms TTL=64 ကဲ ရပြီ ကြယ်တွေ အကြောင်း တဖြည်းဖြည်း ပြောရင်း ဒါမှမဟုတ် ပြောဖို. တက်လာပြီ သူ(သို.မဟုတ်) ကြိုးနဲ.ချိတ်ဆက် (သို.မဟုတ်) ကြိုးမပါသော ချိတ်ဆက်မှုတွေ (သို.မဟုတ်) သူ သို.မဟုတ်တွေ လူတိုင်းမှာကိုယ်ပိုင်ဘ၀ဆိုတာရှိတယ် ငါတို. ကိုယ်ပိုင်ဘ၀ဟာ ဒါပဲဆိုတဲ့အကြောင်း မဟုတ်သေးဘူး ငါတို.ကိုယ်ပိုင်ဘ၀လို. သူတို.ထင်တဲ့အရာဟာ မဟုတ်သေးပါဘူး ငါတို.ကိုယ်ပိုင်ဘ၀လို. ငါထင်တဲ့အရာဟာ အာ...မဟုတ်သေးပါဘူး ငါတို.ကိုယ်ပိုင်ဘ၀လို. ငါတို. ထင်နေတဲ့အရာဟာ
Game Over
သူတို.တွေဟာ ဆင် ကြံ (စင် ကျန်)

Sunday, November 22, 2009

ဒီ ဖရိမ် ပေါ်က ဒစ် ရှင် န ရီ ထဲကမထွက်နိုင်သ၍ တို့တွေဟာ 'ဆင်' ၏ တစ်ပိုင်းတစ်ဆ ကိုဆက်တွေးခြင်း ဒါမှမဟုတ်လည်း ချခြင်း ဆိုင်ရာ အတွေးများ ဒါမှမဟုတ်လည်း

ဒီနေ.ပေါ့ လင်းနီညို ကဗျာတစ်ပုဒ် ဖတ်ရတယ် ၊ အခုအိမ်အပြန် သူ.ကဗျာကို ငါ မမှတ်မိဘူး...သေချာတာက ငါ့ကို ချကြတော့မယ် တဲ့ သူ.ကဗျာထဲ ပြောထားတယ် ဒါပဲ ငါသိတယ် ဒါပဲ ငါမှတ်မိတယ် ငါမှတ်မိတာ ဒါပဲ ငါ့ကိုချကြတော့မယ်တဲ့... ချ အဲဒါပဲ အဲဒါပဲ အဲဒါပဲ အဲဒါပဲ ငါ မှတ်မိတယ် ငါမှတ်မိ သိတာ အဲ ချ ဒါပါပဲ ဆိုတာ ပါပဲ သိပြီး မှတ်မိ တာပါပဲ သိလိုက်တာ မှတ်မိ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ ချ သူတို. လား လင်းနီညိုလား ဘယ်သူတွေလည်း ငါ့ကို ချမှာ စဉ်းစား ငါ့ကို ဘာနဲ.ချမှာလည်း တုတ်နဲ.တဲ့ ဘာတုတ်လည်း သံတုတ်လား အေးစက်နေမှာပဲ.....ဦးအောင်ဇေယျ ကိုင်ခဲ့တဲ့ ၀ါးရင်းတုတ်နဲ.လား.....စစ်ပုလိပ်တို.ရဲ့ လက်ကိုင်တုတ် သစ်သားတုတ်ချောင်းတို.... ထင်းသားတုတ် ဒါမှမဟုတ် ယောင်္ကျားသားတစ်ယောက်ယောက်ရဲ့ ပူနွေးနေမယ့် တုတ်နဲ.လား ဟုတ်ပါပြီ ငါ့ကိုချကြပြီပေါ့ ဘယ်နေရာကို ချကြမှာလည်း ငါ့ ခေါင်းကို (ငါဟာ ခေါင်း(ဆောင်)လား) ချကြမှာလား ငါ့ကို ထိရင် အားလုံးပြီးပြီပေါ့....ငါ့ လက်မောင်းသားတွေ.....ငါ့ကျောကုန်း ငါခန္တာကိုယ် တစ်နေရာရာ သေသေချာချာ အင်း ချခြင်တဲ့နေရာကို ချကြ တစ်နေရာတော့ ချန်ထားဖို.လိုမယ် ထင် ချကြပြီဆို ဘာအသံထွက်မလည်း သံတုတ်နဲ. ချရင် ခေါင်းကို သံတုတ်နဲ.ချရင် ခွပ် ခနဲ.မြည်မလား ၀ါးတုတ်နဲ. ချရင်ရော အခြားနေရာတွေကို ချရင်ရော အဲဒီ သံတုတ် ၀ါးတုတ်တွေနဲ. အခြားနေရာတွေကို ချရင်ရော ဘာအသံထွက်မလည်း အခြား တုတ်တွေနဲ. ချမယ်ဆိုရင်ရော အင်း တကယ်လို.သာ ယောင်္ကျားသား တစ်ယောက်ရဲ့ ပူနွေးနေမယ့် တုတ်နဲ. မချသင့်တဲ့နေရာကို ချမယ်ဆို ဘာအသံထွက်မလည်း (လင်းနီညိုကတော့ သိလိမ့်မယ် အဲဒီ အသံကို) ချကြပြီဆို မာန်တွေ ဟန်တွေ အသံတွေ မှန်ကန်မှုတွေ ကြံဖန်မှုတွေ မြန်ဆန်မှုတွေ ဝေဖန်ခံရမှုတွေ ချကြပြီဆို လိုလိမ့်မယ် ကျွန်တော်အတွက် စဉ်းစားစရာ တစ်ခုရှိမယ် ချခံမလား ၊ခံ(ပြီးပြန်)ချမလား ၀န်ခံချက် >>>>လင်းနီညို၏ ကဗျာတစ်ပုဒ်အား ဖတ်ပြီး ဆက်လက်ရေးသားကြည့်ခြင်း လင်းနီညိုကဗျာအားဖတ်လိုက ကလစ်နှိပ်ပါ

Saturday, November 7, 2009

အသက် ဆိုသည်မှာ

အသက်ရှူရတာ တကယ်ကို ကြာတယ်နော်ညီမလေး အသက်ရှုသံကိုက နှေးတာပါ အစ်ကိုရယ် မဟုတ်ဘူး တကယ်က အသက်သေသွားတာကြာပေါ့ မင်းတို.နှစ်ယောက်လုံး သူပြောတာမယုံကြနဲ. ငါပြောပြမယ် အသက်ဆိုတာ..........

Monday, November 2, 2009

မိမိကိုယ်ကို ပြန်လည် စီတပ်ကြည့်ခြင်း/သောအခါ

ထိုသူဟာ မရှိခြင်းတွေရဲ့ သားကောင်/ကောင်း တစ် (ကောင်)ယောက် ကြောင်းကျိုးပြ ဆီလျှော်မှုများ၏ ဖောင်း ပြည့်ကားတင်းကျပ်လွန် လွန်းမှု တစ်ထောင့်တစ်ည အပြာရောင် ခဲသားဘောပင်န် တစ်ချောင်းဆီက ငွေရည်ပျံ ဖွဲ.တည်လာတဲ့ ခပ်ဖျော့ဖျော့ အလင်း(အမှောင်) စာသားတွေ နောက် ပြီး ကွင်းစတွေ၊ ကွင်းပိတ်တွေ၊ ထောင့်ချိုးတွေ ၊ ထောင့်ဖြတ်တွေ /ကန်.လန်ကာကြားက ဘာညာ သာရကာ(သာဓက) ကျွန်တော်ကို မဲဇာပို.ပါ လင်းနီညို.... Wimax ရှိတဲ့ မဲဇာအရပ်ကို ပို.ဆောင်ပေးပါ အသျှင် စီးကရက်တိုတွေ ရှိမယ်၊ ထိုင်ခုံပုတွေ ရှိမယ်၊ ဆိုင်းဘုတ်တွေ ရှိမယ်၊ တစ်ရှုးတွေ၊ ရေနွေးအိုးတွေ၊ တောက်တောက်ပြောင်ပြောင် ၀တ်စားဆင်ယင်ထားမယ့် လူငယ်တစ်အုပ်၊ အုပ်စုလိုက် တူရာစုထားတဲ့ ဈေးပေါမှုတွေ၊ မတူညီမှုတွေ၊ နောက်ဆုံး ခဲသား ဘောပင် အဆုံး၊ အစပိုင်း(ခြားမှု)တွေ ငါ့ကိုတွေ.မယ် 09 86 20841 သီချင်းစာသားတွေထဲ ကာမဆက်ဆံမှုတွေ ပြည့်လို. ကျွန်တော်တို. ပါးစပ်ထဲ သီချင်းစာသားတွေ လျှံတက်လို....ဝေ့၀ဲ(သို.မဟုတ်)ေ၀၀ါး ခင်ဗျား သီချင်းဆိုတက်ပြီလား အင်း....... အဲဒါကြောင့် ခင်ဗျား ပါးစပ်နဲ. ကာမဆက်ဆံတက်တာ မနေ.က ထက်ပိုပူတဲ့ နေပူအောက်မှာ သနပ်ခါး ပါးကွက်ကြား ခြားထားသလိုပဲဗျာ ရှင့်ကို ဘယ်သူက ဘာအတွက် ဘယ်လို ဟင့်အင်း မသိတော့ဘူး ဂုဏ် ငွေ အဆင့်အတန်း ယဉ်ကျေးမှု ဘာသာတရား အခြေအနေ စိတ်နေစိတ်ထား နောက် သနပ်ခါး ခင်ဗျားရော ကျွန်တော်ရော သူတို.ရော မစခင်တည်းက ခါးကြတယ် ဟယ်.... ဘယ်တုန်းက စလိုက်တာလည်း လူတစ်အုပ်၊ မျောက်တစ်အုပ်၊ အမှန်ခြစ် ၊ အမှားချစ် ပြစ်ပြစ်နှစ်နှစ် လောကဓံ(ဒဏ်) မှာ နစ် သူဟာ သူပဲ သူဆီကို သူ လူလူတူတူ ဆက်ဆံကြပါ Punk Not Dead တီရှပ် ၀တ်ပြီး အချစ်သီချင်း အေးဆေးသီဆိုနေသူတွေကို ယဉ်ကျေးမှုဖျောက်ဖျက်မှုနဲ. မီးပုံရှို.ပါ ..သူတို. အရိုးပြာကို မီးတင်ရှို.ပါ ကြယ်တွေရဲ့အလှတရာကိုးမခံစားတက်တဲ့လူ ဘာအလွမ်းလည်း သွားသေလိုက် အလင်းပဆစ်အိမ်တွေ ကြား(နား) မှာ စစ် နဲ.စစ်ဟာ စစ်စစ်ကြီးကို စင်စစ် ဖြစ် အဲဒါဟာ စစ်စစ် မစစ်စစ် အမှန်တရား အကြောင်းစွတ်ပြောနေလို ခင်ဗျား အမှားရဲ့ ချိုမြိန်မှုကို ခံစားတက်မှာ မဟုတ် ဟုတ် ဟုတ် တယ် ဟုတ်