Wednesday, October 21, 2009

ဖုန်းနဲ.ပြသာနာတက်တဲ့နေ.က ဖုန်းဘီလ်မဆောင်ရသေးကြောင်း ဖုန်းမဆက်ကြဘူး ဖုန်း

မြည်သံကြားတယ် အော်သံကြားတယ် နှိုးစက် စက်နှိုးလိုက်တာ ပိတ်လိုက်ရင် တိတ်သွားမယ် နှိးစက်ကို နှိုးစက် တိတ်သွားရင် အိပ်လိုက်မယ် နှိးစက် အိပ်လိုက်ရင် မြည်သံကြားတယ် စိတ်ထလာမယ် နှိုးစက် ဖုန်း ငါ့ကို ခေါ်လိုက်သေးလား နှိးစက် ဖုန်းလာတယ်တဲ့...၊ကျွန်တော်တစ်ခုပဲ ပြန်မေးကြည့်ချင်နေတာဗျ။ ဖုန်းဆက် (စက်) ပြော သွားတာလားလို.လေ ကျွန်တော်ခင်ဗျားကို လင့်ခ်ချိတ်ထားတယ်၊ အဲဒါကို သိလား၊ အေး....ငါရောပဲကွ လင့်ခ်ချိတ်ထားတယ် ဆိုတာက ဗျာ၊ ခင်ဗျားနဲ.ကျွန်တော်ရဲ့ ပတ်သတ်မှုကို ပြတာပေါ့ဗျာ... အင်း... ဘယ်လို ပတ်သတ်မှုရှိလည်းဆိုတော့ဗျာ... လင်မယားလိုပေါ့။ ဟေ့လူ၊ ခင်ဗျားနဲ.ကျွန်တော်က ယောင်္ကျားတွေနော်၊ ကျွန်တော်တို.ကလည်း လင့်ခ်(ခံစားချက်) လင်(လိင်)တူ ဆက်ဆံ (ဆက်ခံ) မိတာကိုး၊ ဒီကိစ္စကို မင်းသဘောတူလား ဖုန်း အဲဒီအဖွဲ.ကို ပန်.ခ် တွေလို မင်းထင်သလား မဟုတ်ဘူးလို. လျှောက်အော်သူတွေလည်း ရှိသပေါ့ကွာ၊ ဒါပေမယ့် ဟုတ်နေပါတယ် မင်း လက်ခံတယ်မို.လား၊ ဘာကိုလက်ခံမှာလည်း Big Bag ရဲ့ အပေအတေဆန်မှုကို မင်းရောငါရော တွေ.ရှိခဲ့ပါတယ်ကွာ ဖုန်း၊ မဟုတ်ဘူးလား ဖုန်း၊ မင်း ဒါတော့ဒါပေါ့ဗျာ၊ ဒါပေမယ့် ၊ ဒါက ၊ဒါဆို၊ ကျွန်တော် ဖုန်း မျက်(ခွက်) ကို ဆွဲထိုး(ကိုင်ပေါက်) လိုက်တယ်။ ခင်ဗျားကို ကျွန်တော် တက်လုပ်ထားတယ်ဗျ ခင်ဗျားကို ကျွန်တော် သတ်ပစ်လိုက်ပြီ အော..စာလုံးပေါင်းမှားလို.ဗျ၊ တကယ်က (tag)တဂ် လုပ်ထားတယ်... အဲဒီလို အင်း အဲဒီလို ရေးမှမှန်တယ်ဗျ၊ စာလုံးပေါင်း ဂရုစိုက်ဗျာ ခင်ဗျား.... ဒါနဲ. စကားမစပ် အဲဒီလူကို ခင်ဗျား တက်လုပ်မလား၊ သတ်ပစ်မလား... ဖုန်း အားသွင်းထားပါ၊ ဖုန်း မင်းထမင်းမှန်မှန်စားပါ ဖုန်း အချိန်မှန်မှန်အိပ်ပါ အစ်ကို ဆေးလိပ်တွေ သိပ်မသောက်နဲ.ဦးနော် (ဟာ..ညီမလေးရဲ့ စကားသံ ) ဘယ်က၀င်လာတာလည်း၊ ဖုန်းနဲ.ငါစကားပြောနေတာလေ ၊ဖုန်းကိုငါပြောနေတာလေ ၊ဖုန်းကငါ့ပြောသံကိုနားထောင်နေတာလေ..... ညီမလေး ဘယ်ကရောက်လာတာလည်း ဖုန်း မင်းသူ.ကိုခေါ်ထားသေးလား ဒါမှမဟုတ် ညီမလေးကို နှိးစက်ပေးလိုက်မိသလား ဖုန်း လင့်ခ်= link ကဗျာ၏ပထမဆုံးစာပိုဒ်အား ကျွန်တော်ဦးလေးမှ ပြုပြင်ပေးသည်။

1 comments:

နန်းညီ said...

ငါ့ “နွမ်းလျအိမ်ပြန်” ပြန်ပေး..