Wednesday, July 29, 2009

ရင်ပူစေတဲ့ ရိုက်ချိုးမှုမှာ . . . အဖျက်သမားတွေ . . . ယောင်ကိုင်းနေကြတယ်

ငယ်ငယ်က အိမ်မက်မက်တယ်ဗျ၊ ငုံ့ကြည့်တော့ ဘာမှ မရှိတာနဲ့ပဲ ဗီဒို အပေါ်(အသာ) တင်ထားလိုက်တယ်။ ထင်ထားတဲ့ အတိုင်းပါပဲ ဘယ်သူမှ မမွှေးခဲ့တဲ့ လေ က ၀ုန်း ခနဲ အတိုက်မှာ ပြာကျသွားကြတယ် ( သံမဏိ စကားလုံးတွေရယ်၊ လက်မဆေးရသေးတဲ့ မတရားမှုတွေရယ်၊ ဖားမက်ရဲ့ နောက်ဆုံးသီဝရီရယ် အမြစ်မခိုင်တဲ့ ကောင်တွေရယ်၊ (နောက်ထပ်ဖော်ပြမထားတော့ဘူး) . . . .) နောက်ဆုံးတော့လည်း ငါ နဲ့ အတူ အော် (ရယ်/ဆဲ) ကြပါ။ “အခု နာကျင်မှု ကလွဲရင် ဘာမှ အစစ်အမှန်မဟုတ်ဘူး” မတ်တယ်လစ်ကာ ချစ်ရတာ မောတယ်၊ ငြင်းခုံရတာမောတယ်၊ ရှင်းပြရတာမောတယ်၊ အားယားနေတာ မောတယ် (အခုတလော အမော မခံနိုင်ဘူး) ဘာတွေက အစစ်အမှန် ဆိုတာ မရှာချင်ဘူး(ခင်ဗျားတို့ သိရင်လည်း လာပြောပြမနေနဲ့တော့ (လွန်ကုန်ပြီ)) ကဗျာဆိုတာ အမွှေးနံ့သာ ဖြူးထားတဲ့ ဟင်းချိုတစ်ခွက်မှ မဟုတ်ပေပဲ။ ရက်စက်တယ်ဆိုတာတွေ ရက်တွေဆက်လာတဲ့ အခါ . . . ဒါလည်း လာဘ်စားမှုပဲ။ ဒါလည်း ညစ်ညမ်း မှုပဲ။ ဒါလည်း အမှားဟန်ဆောင်ထားတဲ့ အမှန်တရားပဲ။ ဒါလည်း သမိုင်းမတွင်ခဲ့တဲ့ ရှေးဟောင်းနှောင်းဖြစ်ပဲ။ ဒါတော့လည်း .. . ဒါပေါ့လေ။ ဒါပေမဲ့ ဒါတွေက . . . ဒါဒါ တွေရဲ့ ဖန်တီးမှု တစ်ခုမဟုတ်ဘူး။ ဘာသာစကားတစ်ခုရဲ့ အတွင်းသားကို မငမ်းမရ စုပ်နမ်း အရသာ ခံကြည့်နေတာ။ ထွီ . . . . မျက်နှာကို အသေးဆုံး သိမ်ငယ်သွားသည်အထိ . . . . အကြိမ်ကြိမ် အတောင်ပံတွေ . . . . နှင်းရည်စက်တွေ. . . မြင်ယောင်မိတာ . . . . ဖြူးဖွေးသွယ်လျတဲ့ ပေါင်တန်တွေ . . . သူတို့စိတ်ကူးလေးတွေထဲမျာ . . . အိုဟာရာတွေ အများကြီးပဲ . . . . ငါပြောနေကျလို . . . . . သြော် . . . . ကြည့်လို့တောင်မကောင်းဘူး . . . အခု ငါ အသက်နှစ်ဆယ် လည်း ပြည့်သွားတာ တစ်လလောက်ရှိပြီ။ လူတွေဝိုင်းပြီး လက်ညှိုးထိုးကြတယ်။ လူတွေဝိုင်းပြီး မျက်စောင်းထိုးကြတယ်။ လူတွေ ၀ိုင်းပြီး . . . . ထိုးကြတယ် ။ ငါ အဲသည်မှာ မရှိတော့တာ နှစ်ပတ်လောက်ရှိပြီပဲ။ (သူတို့ ဘာလုပ်နေပါလိမ့်) ထင်ထားတဲ့ အတိုင်း ခပ်နောက်တောက်တောက် မှန် နဲ့ ခပ်နောက်တောက်တောက် အတွေးအခေါ်တို့ ကြည်လင်မှုကို မုန်းတီး စက်ဆုပ်နေတာကို ၀မ်းသာစွာနဲ့ တွေ့လိုက်ရ။ (ထင်တာပဲ လေ) ထားလိုက်ပါတော့။ ဟို . . . နားမှာ ထားလိုက်ပါတော့။ ခပ်ဝေးဝေးမှာ ထားလိုက်ပါတော့။ တစ်ချို့ညတွေမှာ . .. ရန်ကုန်မြို့ကြီး တစ်ခုလုံးဟာ တုန်ယင်စိုစွတ်နေတာ ခင်ဗျားတို့သိကြလား။ ရေခဲရေရောင်းတဲ့ ကောင်လေးတွေ ပိုက်ဆံ လိုက်တောင်းတာ ခင်ဗျားတွေ့ဖူးသလား။ ခြေရာ အဟောင်းတွေ အရိုးမှာစွဲနေတာ ခင်ဗျားလက်ခံသလား။ မထင်ထားနဲ့နော် ငါ့ညီ။ နှစ်ပေါင်း နှစ်ဆယ် အသက်ရှင်လာပြီးတဲ့နောက် ငါ ဟာ လေမှာ ပျံ ဖို့ အသင့်ပဲ။ ( လေဆိုတာ၊ ဘာလဲ မမေးနဲ့) ငိုချင်သလိုလို ဖြစ်တိုင်း အပေါ့သွားလိုက်တယ်။ (ပေးလိုက်) တယောသံလို နွဲ့နောင်းနေတဲ့ အတိတ်ကံ က ငါ့ ကို ဖမ်းစား(ဖမ်းပြီးတော့ ၀ါးစား)လိုက်တယ် (တကျွပ်ကျွပ် တကြွပ်ကြွပ် တကျွတ်ကျွတ် တကြွတ်ကြွတ် နဲ့) “ ဟား ဟား ဟား” ( ငါရယ်တာ မဟုတ်ဘူးနော်) ထင်မထားပါနဲ့ ငါ့အစ်ကို။ အမှန်တရားဆိုတာ တံတားမလိုပဲ အစ်ကို့ ရင်ထဲကို ရောက်လာမှာပါ။ (အမှန်တရား ဆိုတာ ဘာလဲ၊ မမေးနဲ့) နားတစ်ဖက်ပိတ်ပြီး လမ်းဆက်လျှောက် သွားလိုက်၊ လမ်းဆုံးရင် . . . . ရွာရောက်မရောက်တော့ မသိဘူး၊ လမ်းတော့ ဆုံးမှာပဲ (စက်ဝိုင်းပုံလမ်းဆို ဘယ်လိုလုပ်မလဲ ကဲ) မိုးတွေရွာနေတဲ့ ကောင်းကင်ကို မော့ကြည့်ပြီး ချစ်သူကိုလွမ်းရတာ အရမ်း . . . (အလကား ဘာမှ မဟုတ်ဘူး ပေါချောင်ကောင်း အလုပ်ကြီး) သေခါနီးကျရင် ကိုယ့်ဘ၀ ကိုယ် ပြန်သိမ်းပိုက် ဖို့ မမေ့ဖို့ဆိုတဲ့ စကားကို ငါ သိပ်နားမလည်ပေမဲ့ ငါ ရင်မပူအောင် ရေသောက်ပြီး အော်နေပါရစေ။ ရေးသားသူ>>>> လင်းနီညိ (ကျွန်တော်သူငယ်ချင်းရဲ့ကဗျာလေးပါ၊ အွန်လိုင်းက သူငယ်ချင်းပေါ့၊ ကိုယ်ပိုင် Blog လုပ်ဖို. အခက်အခဲရှိတာရယ် ကျွန်တော်ကလည်း ဒီကဗျာလေးကို သဘောကျတာရယ်ကြောင့်တင်ပေးလိုက်ပါတယ်၊ အားပေးကြပါဦးလို.၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဘာပဲပြောပြော မိတ္တူစက်ကတော့ ဆက်လက်ခုတ်မောင်းနေဆဲပဲ။

မိတ္တူကူးစက်တွေကြားမှာ ကျွန်တော်မိတ္တူကူးနေတယ်။ စာရွက်တွေ တစ်ရွက်ပြီးတစ်ရွက် တစ်ရွက်ပြီးတစ်ရွက် အဲဒီစာရွက်တွေ တွေ.နေတဲ့ စာရွက်တွေ ဟိုလူအကြောင်း ဒီလူ.အကြောင်း မင်းအကြောင်း သူ.အကြောင်း ဒီလိုနဲ. ကျွန်တော်အကြောင်းတစ်ရွက်မှ မပါလိုက်ဘူး... ဝေပစ်လိုက်ရမလား ပစ်ဝေလိုက်ရမလား ကျွန်တော်ကတော့ မှင်တွေစွန်းနေပြီ..။ မှောင်နေတဲ့ မှင်တွေကြားမှာ မင်သက်မိ မင်းသတ်မိတာ ငါ့ကိုပါ မဟုတ်ဘူး ငါနှလုံးသားကိုပါ ကောင်မလေးရေ မင်းလက်နဲ.စွဲဆုပ်ချေမွထားတဲ့ မိတ္တူတစ်စောင်ဟာ ငါပါ... ပုံဖျက်ထားတဲ့ ငါ့အတ္တတွေကြားမှာ ငါ့ကိုသက်သက်သာသာ သတ်သေခွင့်နဲ. အသေသတ်သွားတဲ့ ဟေ့ မင်းပြုံးလိုက်တဲ့ အပြုံးတိုင်းဟာ ငါ့နှလုံးသွေးတစ်စက်ဆီပဲ ဆိုတာ မမေ့နဲ. တစ်စက်စက်နဲ. ဆက်ဆက် ဆက်ကာကျနေတဲ့ အပြုံးတွေ မမြင်ရင်ကြည့်ပါ အဲဒါ ငါအရှုံးတွေပါ မမြင်နိုင်ရင်မကြည့်ပါနဲ.တော့ မင်းပင်ပန်းလိမ့်မယ် ပင်ပန်းနေတဲ့ ပန်းလေးကို ငါအလိုမရှိဘူး မင်းလိုရင် ငါ့ကိုခေါ်သုံးပါ မင်းလိုရင် ငါ့ကိုပစ်မုန်းပါ မင်းအရင်လိုရင်တော့ ငါ့ကိုချစ်ပေးပါ ဘာပဲပြောပြော မိတ္တူစက်ကတော့ ဆက်လက်ခုတ်မောင်းနေဆဲပဲ။

Tuesday, July 28, 2009

ဘူတာရုံလေးထဲ ၀င်ကြည့်ပါ (၁၄၇)

ဘူတာရုံလေးထဲ ဘယ်တော့မှ မဆုံနိုင်ဘူးလို. တင်စားခံရတဲ့ မျဉ်းပြိုင်နှစ်ကြောင်း.....သံလမ်းလေးရေ မင်းတို.ကို နာမည်ဆိုးနဲ. ကျော်ကြားအောင် ပြုလုပ်နေကြတဲ့သူတွေ သူတို. မသိလေရောသလား ........ မင်းတို.ရဲ့ဆုံမှတ် ဘူတာရုံလမ်းခွဲလေးကို။ တစ်ချို.အနုပညာရှင်ဆိုသူတွေက သံလမ်းလေးကို အမျိုးမျိုးသရုပ်ဖော်နိုင်ပါရဲ့ ဒါပေမယ့်....သူတို.က မင်းတို.ရဲ့ ရသကို မခံစားနိုင်ဘူး မင်းတို.ရဲ့ ကျောကုန်းပူပူပေါ် ဖြတ်မလျှောက်ရဲဘူး။ ပြီးတော့လည်း မင်းတို.ကို ဥပက္ခာမျက်လုံးတွေနဲ. စိုက်ကြည့်နေကောင်းရဲ့ ဘူတာရုံလေးထဲ အဆောက်အဦးဟောင်းလေးတစ်ခုရဲ့အထဲ အဖိုးအိုတစ်ယောက် အဆောက်အဦးရဲ့ သက်တမ်းနဲ.အညီ အိုမင်းဆွေးမြ သူဘာကို စောင့်နေတာလဲ မနက်ဖြန်ရောက်လာမယ့် ငြိမ်းချမ်းရေးကိုလား မနက်ဖြန်ရောက်လာမယ့် စစ်မက်ဖက်ပြိုင်မှုတွေလား မနက်ဖြန်ရောက်လာမယ့် ရထားတစ်စီးကိုလား ဒါမှမဟုတ် မနက်ဖြန်ရောက်လာမယ့် သေခြင်းတရားကိုလား တစ်ခုခုပေါ့.... လက်တလောမှာတော့ အဖိုးအိုနဲ.ဆန်.ကျင်ဘက် သစ်လွင်လွင် စက္ကူဖြတ်ပိုင်းစ အချို လူတွေရဲ့လက်ထဲက ၁၀တန် စက္ကူတွေနဲ. လဲလှယ်ရင်း...လဲလှယ်ရင်း ဘူတာရုံလေးထဲ စက္ကူဖြတ်ပိုင်းစ တစ်ခုဆီပိုင်ဆိုင်သွားတဲ့လူတွေ တိတ်ဆိတ်စွာရော.....ဆူညံစွာရော ဒီနေ. မနက်ရောက်လာမယ့် ရထားတစ်စီးကို မျှော်နေတယ်။ မျှော်နေရင်း သူတို.အတွေးထဲမှာ........ဒီအကြောင်းတွေမရှိဘူး။ `မီးရထားတွေ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာ´ `သံလမ်းတွေ ဘယ်လိုတည်ဆောက်ထားတယ်ဆိုတာ´ `သံလမ်းတွေပေါ်မှာ ရထားတွေ မလိမ့်ကျအောင် ဘယ်လိုသွားတယ်ဆိုတာ´ `နောက်ဆုံး ဘူတာရုံလေးဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာ´ အဲ...တစ်ခါတစ်လေတော့ သူတို. စဉ်းစားမိကောင်းရဲ့။ ဒီစက္ကူဖြတ်ပိုင်းစတွေကို ငွေ ၁၀နဲ. ရအောင်လုပ်ပေးနိုင်ခဲ့တာ ကျေးဇူးတင်စွာနဲ့ ဘယ်သူလဲလို. အံသြမိတက်ကြတယ်။ တစ်ခါတစ်ရံပေါ့...တကယ်ကို တစ်ခါတစ်ရံပါ။ ဘူတာရုံလေးထဲ ဟိုးရှေးကို လျှောက်သွားကြည့်ပါ။ မီးရထား ခုံးကျော်တံတားလေးတစ်ခု သူကတော့ ကူညီချင်နေတယ်။ ဘူတာရုံလေးကို နေ.စဉ်ရောက်လာတဲ့ လူတွေမှာ အမြင့်ကြောက်ရောဂါရှိလေသလားမသိ။ ဟုတ်တယ်လေ...ခင်ဗျားတို. စဉ်းစားကြည့်ပေါ့ သူတို.ဘ၀မှာ အမြင့်တစ်နေရာဆိုတာ ဘယ်တုန်းကရှိဖူးလို.လည်း အခုလည်း ဒီခုံးကျော်တံတားလေးအပေါ်တက် ကျော်ဖြတ်ပြီး ဟိုးတစ်ဖက်မှာ လူမှုချမ်းသာခြင်းတွေရှိနေမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ကြာတော့လည်း ခုံးကျော်တံတားလေးဟာ လူဆင်းရဲတွေရဲ့ စွန်.ပစ်မှူနဲ.အတူ အထီးကျန်စွာ သံချေးတက်နေရဲ့ သူက လူဆင်းရဲတွေကို သူ.ကျောကုန်းပေါ်ဖြတ်နင်းစေချင်ပေမယ့် သူဆီရောက်လာတာက ဂစ်တာကိုင်လူငယ်တစ်ချို.လေ။ လူငယ်လေးတွေဆီက ဂစ်တာသံနဲအတူ ပျံလွင့်လာတဲ့ သံစဉ်အချို. `နောက်ဆုံးရထားလေး´ အစချီ တေးသံတွေ အသည်းကွဲ သီချင်းတွေ အလွမ်းသီချင်းတွေ ဂစ်တာကိုင်လူငယ်တွေရဲ့ အလွမ်းကို ဂစ်တာတစ်လက်နဲ. ခုံးကျော်တံတားလေးက ဖြေဖျောက်ပေးနိုင်ခဲ့ပြီ။ ဘူတာရုံလေးထဲ ကုန်တင်ကုန်ချလူငယ် တစ်ယောက်ရဲ့ အလွမ်းတွေကို ဖြေဖျောက်စေဖို. သူ.နှုတ်ဖျားမှာ သီချင်းမရှိဘူး သူ.လက်ထဲမှာ ဂစ်တာမ၇ှိဘူး။ သူ ခုံးကျော်တံတားလေးပေါ် တက်လွမ်းဖို. အချိန်မရှိဘူး။ ရင်ဘက်ထဲမှာ အလွမ်းတွေကို ထည့်သိမ်းရင်း ကျောကုန်းပေါ်မှာ ကုန်ထုတ်တွေတင်လို. တင်လို. အလွမ်းတွေကို မေ့မေ့သွားတယ်။ သူ.နှလုံးသားထဲမှာ အချစ် အလွမ်း ဘ၀ရဲ့ ခါးသီးမှု ဖြစ်ပေါ်လာတဲ့ အခက်အခဲ ဒုက္ခအစုစုတို.အတွက် ဘယ်သူ သာဓုခေါ်ပေးမှာလည်း။ ဘူတာရုံလေးထဲ လူတွေက တိုးပွားရင်းများပြားလာ တစ်နေ.ထက်တစ်နေ. တိုးပွားရင်း လူတွေကို ထူကာထပ်လို. ဒီအခြေအနေကို ဘူတာရုံလေး ပျော်နိုင်ပါ့မလား။ ကြည့်...လူတွေက ပုံစံမျိုးစုံ၊ အသွင်မျိုးစုံ၊ ကာလာမျိုးစုံ လာတာကတော့ အောက်ခြေလူတန်းစားတစ်ရပ်ထဲပါ။ ခင်ဗျားတို.နဲ.တော့ ကွာပါလိမ့်မယ်။ ဘူတာရုံလေးထဲ မိန်းမရဲ့ ဦးဆောင်မှုနောက်တစ်ကောက်ကောက်နဲ. နာခံမပျက် အရက်သမားယောင်္ကျားတွေရှိတယ်။ ခင်ဗျားတို. ပြောပြောနေတဲ့ မိန်းမနဲ. ယောင်္ကျားရင်ဘောင်တန်းနိုင်ရမယ်ဆိုတဲ့ စကားကို သူတို.သာလွန်အောင် လုပ်နိုင်ခဲ့ပြီလေ။ ဘူတာရုံခုံတန်းလေးမှာ ထိုင်နေတဲ့ သူတောင်းစား မိန်းမအိုတစ်ယောက် ဖုတ်ဖတ်ခါထသွားချိန် သူ.နေရာကို ၀င်ထိုင်ဖို. လူတွေ အလုအယက် မရွံရှာ တက်ကြဘူး။ ခင်ဗျားတို.ပြောပြောနေတဲံ လူသားအားလုံး တန်းတူဆိုတဲ့ စိတ်ဓါတ်က သူတို.ရဲ့ မွေးရာပါစိတ်ထားတွေပေါ့။ သန်းရှာ အတင်းတုပ်၊ ဒီလိုနဲ. အလုပ်ရှုပ်နေတဲ့ မိန်းမတစ်အုပ်ရဲ့ ဆေးပြင်းလိပ်တစ်တိုက chatting ၀င်ပြီး အရည်မရ အဖတ်မရ လုပ်နေတဲ့ ခင်ဗျားတို.ရဲ့ ကော်ဖီခွက်တွေထက် ငွေကုန်ကြေးကျသက်သာသလို ပျော်ရွှင်ရစ်မူး သာယာဖို.ကောင်းပြီး အပြစ်ကင်းတယ်။ ဘူတာရုံလေးထဲ လေလွင့်ယဉ်ကျေးလူငယ်တစ်ယောက် ကျောလောက်ထိ ဆံပင်ရှည်ရှည်ညင်းသိုးစွာနဲ. ပန်.ခ် အထိမ်းအမှတ် ဖျော့တော့တော့ အနက်ရောက်တီရှပ်တစ်ထည် ၀တ်နေကျ စုတ်ပြဲဂျင်း(န်)ထည်ကလည်း ပေပွလို. ကြမ်းနင်းရော်ဘာ ဆင်ကြယ်တစ်ရံနဲ.အတူ သူ.ဘ၀ကိုလည်း ခပ်ကြမ်းကြမ်းပဲ ဘူတာရုံအမိုးအောက် ချနင်းပစ်လိုက်တယ်။ ဘူတာရုံလေးထဲ အများတကာ မျှော်လင့်နေတဲ့ ဇာတ်လို်က်ကျော်ကြီးက ဥသြသံပေးလို. နွေရာသီမဟုတ်လည်း လူတကာကို ချိုမြစေခဲ့ပြီ။ တက်ကြွစေခဲ့ပြီ။ ထိုဇာတ်လိုက်ကျော်ကိုတော့ `ယ-၁၇´ ဟုခေါ်ကြပါ။ သူကထိုးအန်ချလိုက်တဲ့ လူတွေကြား လူတွေကြား သူက ထိုးအန်လိုက်တဲ့နေရာကို ဘူတာရုံလေးထဲက လူတွေ အလုအယက်တိုးကျပ်လို. အအန်ခံ ပစ္စည်းတွေ ထပ်ဖြစ်သွားကြပြီ။ သံလမ်းပေါ်မှာတော့ နာကျင်မောရှနေကြတုန်းပဲ။ ဘူတာရုံလေးထဲ --------------------------------- ---------------------------------- သံလမ်းပေါ်မှာတာ့ နာကျင်မောရှနေကြတုန်းပဲ။ူ

Monday, July 27, 2009

Suicide Club (2)

Youtube ကြည့်လို. အဆင်မပြေသူများအတွက် ဒေါင်းလုပ်လင့်က http://ifile.it/jor6tke

Saturday, July 25, 2009

suicide club (1)

ဂျပန်ရုပ်ရှင်ကားလေးပါ။ ကြည့်လို.ကောင်းမယ်ထင်ပါတယ်။ ကျွန်တော်လည်းအဆုံးထိမကြည့်ရသေးဘူး။ ဒါပေမယ့် သေချာပါတယ်...စိတ်ဝင်စားဖို.ကောင်းတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့စစပိုင်းမှာတင် ဂျပန်ကျောင်းသူလေး အယောက်ငါးဆယ် ကိုယ်ကိုကို ရထားလမ်းမှာ ရထားအကျိတ်ခံပီး သတ်သေသွားတာနဲ. စပြီးဖွင့်ထားပါတယ်။ Youtube ကြည့်လို.မရဘူး။ ဒေါင်းပြီးကြည့်ချင်တယ်ဆိုရင်တော့ http://ifile.it/ajgwdyr မှာဒေါင်းလုပ်လုပ်ပီးကြည့်နိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို. အကြိုက်ချင်းတူမယ်လို. မျှော်လင့်ပါတယ်။ အပိုင်း(၂)ကိုဆက်ပါဦးမယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Wednesday, July 22, 2009

ကျွန်တော်ကျွန်မတို.လက်ဖက်ရည်ဆိုင်ထိုင်ကြသည်။

ကျွန်တော်သည် လူငယ်တစ်ယောက်ဖြစ်သည်နှင့်အညီ လက်ဖက်ရည်ဆိုင် ထိုင်ရခြင်းကို အလွန်နှစ်သက်ပါသည်။ သို.သော် ကျွန်တော်ယခု အသက်(၁၉) နှစ်အရွယ်အထိ လက်ဖက်ရည်ဆိုင်ကို အကြိမ်(၅၀) ထက်ပိုမထိုင်ဖူးပါ။ ဘာကြောင့်လဲ ။ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းသည် တစ်ယောက်တည်းထိုင်ခြင်းထကု သူငယ်ချင်းများနှင့် ၀ိုင်းဖွဲ့ကာထိုင်ရခြင်းက ပိုရ်ျ အရသာရှိသည်ဟု ထင်သောကြောင့်ဖြစ်ပါသည်။ ကျွန်တော်တွင် သူငယ်ချင်းအများကြီးမရှိပါ။ ရှိသောသူငယ်ချင်းများသည်လည်း လက်ဖက်ရည်ဆိုင် သိပ်မထိုင်တက်ကြပါ။ တုံးအလွန်းသည်ဟု ဟားတိုက်ကြပါကလည်းကျွန်တော်နှင့် သုငယ်ချင်းများ ခံကြရရုံသာ။ လက်ဖက်ရည်ဆိုင် ထိုင်ခြင်းကို နှစ်သက်ကြသည့် လူကြီး၊ လူငယ်လူအများကြားတွင် ကျွန်တော်လည်းပါဝင်ပါသည်။ ကျွန်တော်သည် လက်ဖက်ရည်ဆိုင်ထိုင်လေ့ထိုင်ထမရှိသောလည်း လက်ဖက်ရည်ဆိုင်တွင် ခံစားရသော အကြောင်းတရား၊ အကျိုးတရားများကို နားလည်ပါသည်။ အပေါင်းအသင်းများနှင့် လက်ဖက်ရည်ဆိုင် ထိုင်ခြင်းကို နှစ်သက်သော ကျွန်တော်သည် တစ်ယောက်တည်း အေးဆေးငြိမ်သက်စွာ သုံးဆောင်ရသော လက်ဖက်ရည်ဆိုင် တစ်မျိုးတွင်ထိုင်တက်လာသည်။ ထိုဆိုင်ကို လူအများက Internet cafe ဟု ခေါ်သည်။ cafe ဆိုသောစကားလုံးသည် coffee ဆိုသော စကားလုံးနှင့် ဆင်တူသောကြောင့် ထိုဆိုင်လေးများကို ကျွန်တော်က ကော်ဖီဆိုင်ဟု သုံးနှုန်းပါသည်။ လက်ဖက်ရည်ဆိုင်တွင် လူအများစားသုံးကြသည်မှာ လက်ဖက်ရည်တစ်မျိုးတည်း မဟုတ်ပဲ အရာပေါင်းများစွာသော လူမှုရေးရာကိစ္စရပ်များကိုပါ စားသုံးကြပါသည်။ ကော်ဖီဆိုင်လေးထဲသို. ကျွန်တော် တစ်ယောက်တည်းဝင်လာခဲ့ရသော်လည်းဆိုင်ထဲရောက်ပါက အပေါင်းအသင်းများနှင့် လက်ဖက်ရည်ဆိုင် အရသာကို အပြည့်အ၀ခံစားလိုက်ရသည်။ လက်ဖက်ရည်ဆိုင်ထိုင်သောအခါ ကျွန်တော်တို. လူငယ်များသည် အာရုံတစ်ချို.ကို ဖြတ်သွားဖြတ်လာများအပေါ် ရွှေ.ပြောင်းထားတက်ကြသည်။ ထိုဖြတ်သွားဖြတ်လာများတွင် ယောင်္ကျားလေးများ၊ မိန်းမငယ်များစသည့်ဖြင့် မျိုးစုံပါဝင်ကြလေသည်။ မည်သို.ပင်ဖြတ်သွားဖြတ်လာများပြားစေကာမူ လူငယ်အမျိုးသားထု အတွက် မျက်စိအကျဆုံးမှာ အမျိုးသမီးငယ်များဖြစ်သည်။ လူငယ်တို.သည် လူငယ်တို.ဘာဝ ထိတွေ.ကြသည်။ ကြိမ်ဖန်များစွာ လက်ဖက်ရည်ဆိုင်ထဲထိုင်ကာ အမျိုးမျိုး နောက်ပြောင်ကြသည်.။ အမျိုးသမီးငယ်များကို မိမိတို. အတွေးနှင့် မိမိတို. အမျိုးမျိုး ဝေဖန်ပိုင်းဖြတ်ခွဲခြားတက်ကြသည်။ ကျွန်တော်ထိုင်သော ကော်ဖီဆိုင်လေးတွင်လည်း ဖြတ်သွားဖြတ်လာများ ပျားပန်းခတ်မျှ ရှုပ်ပွနေသည်။ လက်ဖက်ရည်ဆိုင်လူငယ်များ၏ အတွေ.အကြုံနှင့်တူတူပင်ဖြစ်သည်။ ထိုဖြတ်သွားဖြတ်လာများထဲ့ ကျွန်တော်၏ အာရုံ့များစီးမျောခြင်းကို chatting ဟုခေါ်သည်။ လက်ဖက်ရည်ဆိုင်နှင့် တစ်ခုကွာသည်မှာ ကော်ဖီဆိုင်များတွင် အမျိုးသမီးငယ်များလည်း အာရုံကို ဖြန်.ကျက်ထားကြသည်။ ထိုကြောင့် ကျွန်တော်တို.သည်လည်း စောင့်ကြည့်ခံ ဖြတ်သွားဖြတ်လာများဖြစ်သွားရသည်။ ခောတ်စနစ်အရ အမျိုးသမီးငယ်များသည် ကျွန်တော်တို. အမျိုးသားထုအား မျက်လုံးချင်း ယှဉ်ပြိုင်လာနိုင်ပြီဖြစ်သည်။ ကော်ဖီဆိုင်လေးတွင် အမျိုးသားနှင့် အမျိုးသမီးတို. တန်းတူဖြစ်သွားခဲ့ရပြီ ဖြစ်သည်။ လူငယ်တို.သည် လက်ဖက်ရည်ဆိုင်တွင်ထိုင်ရ်ျ ဖြတ်သွားဖြတ်လာ အမျိုးသမီးများထဲမှ မိမိတို.နှစ်သက်မိသူအချို.အား ချစ်ခွင့်ပန်ကြသည်။ အချစ်ကို ရရှိရန် အမျိုးမျိုးကြိုးစားကြသည်။ ချစ်သူဖြစ်သွားကြသည်လည်း ၇ှိသည်။ အသဲကွဲကာ လက်ဖက်ရည်ဆိုင်ထဲ ကျန်နေခဲ့သူတွေလည်းတစ်ပုံတစ်ပင်။ တစ်ခါတစ်ရံဉ် ချစ်သူလာရာလမ်းကို စောင့်မျှော်ရသောနေရာသည်လည်းကောင်း၊ ချစ်သူနှစ်ဦးဆုံဆည်းရာ နေရာသည်လည်းကောင်း လက်ဖက်ရည်ဆိုင်ဖြစ်သည်။ ကျွန်တော်ထိုင်သော ကော်ဖီဆိုင်လေးတွင်လည်း ဖြတ်သွားဖြတ်လာများကြားမှ အချစ်ဇာတ်လမ်းလေးများက ကြည်နူးဖွယ်ပင်။ chatting ထဲမှ လွမ်းမောဖွယ် ချစ်သူစုံတွဲများ၏ ပိတိအပြုံးလေးများက ကော်ဖီဆိုင်လေး၏ ကျေးဇူးပင်မဟုတ်လော။ ဒူးတိုက်ဆွေးနွေးသော အကြောင်းအရာပေါင်းများစွာသည် လက်ဖက်ရည်ဆိုင်ထဲတွင် ဆူညံစွာထွက်ပေါ်နေသည်။ အချို.က ဘာသာရေး၊ အချို.က အချစ်ရေး၊ အချို.က ပညာရေး၊ အချိုက အလုပ်အကြောင်း၊ အချို.က မိမိတို. ၀ါသနာပါရာ စသည်ဖြင့် စသည်ဖြင့် လူငယ်များ အပြုံးကိုယ်စီဖြင့် ဆွေးနွေးနေကြသည်။ ပြသနာ၏ အဖြေများကို ပူးပေါင်းရ်ျရှာဖွေနေကြသည်။ ကျွန်တော်နှစ်သက်မိသော ကော်ဖီဆိုင်လေးတွင ရှိသော ဆွေးနွေးပွဲနေရာများကို ကျွန်တော်တိုက forum ဟုခေါ်သည်။ တစ်ယောက်နှင့်တစ်ယောက်မမြင်ဖုူးပဲ တိုင်ပင်နေကြသော လူငယ်ပေါင်းများစွာက ကော်ဖီဆိုင်လေးထဲတွင် အကြောင်းအရာပေါင်းများစွာကို သိသွားပြီဖြစ်သည်။ အကြောင်းအရာပေါင်းများစွာကို ခေါင်းစဉ်တပ်နေကြပြီဖြစ်သည်။ လက်ဖက်ရည်ဆိုင်လေးထဲတွင် စာရွက်တို အပိုင်းအစများ ဟိုမှဒီမှ လွင့်ပျံနေသည်။ လူငယ်ချင်းချင်း ဝေမျှဖတ်ရှုနေသော ကဗျာအတိုအစ ၀တ္တုများဖြစ်ကြသည်။ တစ်ချို. သီချင်းခွေကြမ်းလေးများ ပင်ပါလိုက်သေးသည်။ တစ်ယောက်ရေးသောစာ တစ်ယောက်ဖတ်ရှုဝေဖန်ရင်း အနုပညာပေါင်းများစွာကို ဖန်တီးကာညီရင်းအစ်ကို စိတ်ဓါတ်ဖြင့် မိမိတို. ယုံကြည်ရာကို လျှောက်လှမ်းနေသော လူငယ်လေးများလည်းရှိသည်။ ထိုကဲ့သို. လူငယ်လေးများစုဝေးနေသော နေရာကို ကျွန်တော်တို.ကော်ဖီဆိုင်လေးတွင် Blogger အသိုင်းအ၀ိုင်းဟုခေါ်သည်။ တစ်ယောက်နှင့်တစ်ယောက် မသိကြသော်လည်း စာပေစိတ်ဓါတ်ဖြင့် အားမာန်သစ်များဝေမျှကာ ခံစားချက်တို. တူညီလာကြသည်။ လားရာမတူသော ခံစားချက်များ ပေါင်းစုံမိကြပေပြီ။ ကော်ဖီဆိုင်လေးထဲတွင် Blog link လေးများက ဟိုမှဒီမှ လွင့်ပျံနေခဲ့သည်။ လူငယ်များတီးတိုးတိုင်ပင်ကာ ခိုးကြောင်ခိုးဝှက်ရှာဖွေနေကြသော အကြောင်းအရာများလည်းရှိသည်။ကော်ဖီဆိုင်လေးထဲတွင် ကျွန်တော်တို.မျက်လုံးများ ဟိုကြည့်ဒီကြည့်ဖြင့် အခြေအနေကောင်းများစောင့်ကာ ခိုးကြောင်ခိုးဝှက်ဖြင့် လိင်မှုဆိုင်ရာ website များဆီလည်းရောက်ခဲ့ကြသည်။ လူငယ်များသည် စာသင်ကျောင်းမှပေးလိုက်သော သင်ခန်းစာများကို လက်ဖက်ရည်ဆိုင်တွင် တစ်ခါတစ်ရံ ပြန်ကြည့်တက်ကြသည်။ နားမလည်သည်များကို အချင်းချင်းပြန်လှန်မေးခွန်းထုတ်ကြသည်။ ကော်ဖီဆိုင်လေးထဲတွင်လည်း ကျွန်တော်တို.သည်များစွာသော ပညာရပ်များကို ဆည်းပူးကြသည်။ ကော်ဖီဆိုင်လေးသည် ပညာစုံပေးနိုင်သော တက္ကသိုလ်ငယ်လေးတစ်ခုနှင့် အလားသဏ္စာန်တူပေသည်။ ကော်ဖီဆိုင်လေးတွင် ကျွန်တော်တို.သည် ပညာရည်နို.သောက်စို.ကာ ကြီးရင့်ရပေဦးမည်။ ၀ါး.............ပျင်းဖို.ကောင်းလိုက်တာ။ ကျွန်တော်မျက်လုံးအစုံက နာရီကို လှမ်းကြည့်ကာ ကော်ဖီဆိုင်လေးကိုထွက်ခဲ့သည်။ ယခုအချိန်ဆိုပါက ကော်ဖီဆိုင်လေးတွင် ကျွန်တော်ချစ်သူစောင့်နေပေမည်။ ထို.ပြင် စကြနောက်ကြနှင့် ပျော်ရွှင်တက်ကြွဖွယ်ရာ သူငယ်ချင်းများလည်း ရှိနေပေသည်။ သူငယ်ချင်းများနှင့် ကျွန်တော်ချစ်သူ ဖတ်ရန်အတွက် ကဗျာတစ်ပုဒ်လည်း ကျွန်တော် memory stick ထဲပါလာပါသေးသည်။ ကျွန်တော်ဒီနေ.အချိန်ရမည်ဆိုပါက ခိုးကြောင်ခိုးဝှက်ကြည့်ရသော website တစ်ခုဆီသို. အလည်သွားရန်လည်း ဆုံးဖြတ်ထားပါသေးသည်။

Monday, July 20, 2009

တစ္ဆေတစ်ကောင်ရဲ့ညစာ

အမှောင်ထဲမှာ ပျော်တဲ့ငါဟာ.. တစ္ဆေတစ်ကောင် ကျေးဇူးပြုပြီး ငါ့ရဲ့အခန်းလေးကို အမှောင်ချထားပေးပါ။ ဆာလောင်မွတ်သိပ်မှုတွေ အပြည့်နဲ. လျှောက်လှမ်းလာတဲ့ ဒီခြေထောက်တွေ အနင်းကြမ်းခင်းအောက် မှောက်ရက်လဲတော့ ငါ့ ရေငတ်နှုတ်ခမ်းတွေက ခြောက်သွေ့ဆဲ နှုတ်ခမ်းဖျား ချေးညှော်သဲခြောက်လာကပ်တော့ လျှာရင်းနဲ. ထုတ်ယူမျိုသွင်းမိချိန် ငါ့ လည်ချောင်းတွေ ငါ့ ရင်ခေါင်းတွေ ငါ့ ကလိစာတွေ ငါ့ နှလုံးသားတွေ ကြမ်းရှခါးသက် တစ္ဆေတစ်ကောင် အတွက် အခန်းကျဉ်းလေးရဲ့ လိုအပ်ချက် စာတမ်းမှာ သက်သက်လွတ်ညစာက ဓါတ်မတည့်ဘူး။ ဘာပဲပြောပြော တစ္ဆေတစ်ကောင်ရဲ့ ညစာမှာ ဟစ်တလာရဲ့ လူမျိုးကြီးဝါဒီ ကြမ်းရှရှ နှုတ်ခမ်းမွှေးတွေမပါဘူး။ အရည်ကြီးတို.ရဲ့ ကျဆုံးခန်းတွေ မပါဘူုး ဗန်ဂိုးရဲ့ အားလူးစားသူတစ်ယောက်လည်း ငါမဟုတ်ဘူး ပါလက်စတိုင်းဒေသက ဘုရားသခင်ရဲ့ ဗိမ္မာန်တည်ရာမှာလည်း ငါ့ညစာကို ဘုန်းမပေးခဲ့ဘူး။ စိုင်လွန်းရဲ့ ပထမဆုံး စက္ကူပေါ်မှာ ညစာစာရင်းကို ရေးမှတ်ထားခြင်းလည်း မရှိဘူး။ ချိုးငှက်လေးရဲ့ အော်မြည်သံကို သံလွင်ခက်နဲ.ရောပြီး ငါ ဟင်းချိုချက်မသောက်ခဲ့ရိုး အမှန်ပါ။ မပီတပီ အလင်းတစ်ချို.ကို အားပြုလို. ဟောဒီ အမှောင်ခန်းလေးထဲက တစ္ဆေတစ်ကောင်ရဲ့ ညစာမှာ မရိုးသားမှုတွေ ပေကျံဆဲပဲလို. လူသားထုတစ်ရပ်လုံးက သတ်မှတ်ထားကြဆဲ။

Wednesday, July 15, 2009

A Deaf Learns to Play Violin


A Deaf Girl Learns to Play Violin - Pantene Chrysalis Commercial - The most popular videos are a click away တယောတီးသင်ပြီး တယောတီးတာကို စွဲလန်းတဲ့ ကောင်မလေးတစ်ယောက်အကြောင်းရိုက်ပြထားတဲ့ ဇာတ်လမ်းတိုလေးပါ။ သူနောက်ဆုံးစင်ပေါ်မှာတီးပြသွားတဲ့ တယောတီးကွက်လေးက တော်တော်လှပါတယ်။ ကျွန်တော်ဆို ကျက်သီးတောင်ထသွားသေး နားထောင်ရင်း။ တစ်ခုခုခံစားရမယ်လို.မျှော်လင့်ပါတယ်။ ကြည့်ရတာအဆင်မပြေဘူးဆိုရင်တော့ အောက်ကလင့်မှာ ဒေါင်းလုပ် လုပ်လိုက်ပါ။ http://ifile.it/j1vxwku

Thursday, July 9, 2009

ပြစ်မှတ်အပြင်ဘက်မှ စကားလုံးများ(ကျားပေါက်) အပိုင်း(၁)

ကလေးတစ်ယောက်ရဲ့ အကျီင်္ကျောကုန်းပေါ်က ရနံ. အရင်ဦးဆုံး ကျွန်တော်ပြောပြချင်သည်မှာ ပိတောက်ပန်းအကြောင်း ဖြစ်ပါသည်။ ကျွန်တော်ငယ်ငယ်ကတည်းကနေ ယခုအချိန်အထိ ဖတ်ရသမျှ မြန်မာစာပေ အရေးအသား အတော်များများတွင် ပိတောက်ပန်းကို ဖွနွဲ.ချီးကျူးကြသော ကဗျာဝတ္တူတွေကို ရှောင်ရ်ျ မလွတ်ခဲ့ပါ။ အရေးအသားတွေကလည်း လှပကြသည်။ ဂုဏ် မြောက်ကြသည်။ စာပေဆိုင်ရာ 'စံ' တစ်စုံတစ်ရာအဖြစ် စာသင်ခန်းအတွင်းမှာတောင်လေ့လာခဲ့ရသေးသည်။ သို.သော် တစ်နေ.မှာ - ကျွန်တော် ပိတောက်ပန်းကို စေ့စေ့ကြည့်မိသည်။ သေသေချာချာ အားရပါးရ (နဂိုသိထားနှင့်သော စိတ် အခံ များ၊ အသိပညာဟောင်းများမပါဘဲ) စိတ်ရှင်းရှင်းနှင့် နမ်း ရှိုက်ပစ်ထည့်လိုက်သည်။ ဟင် ညှီစို.စို.နှင့် ပုပ်အဲ့အဲ့ နံလိုက်သည့်ဖြစ်ခြင်း။ ဘာကြောင့်များ ဒီလောက်တောင် ညှီစို.စို.နံတဲ့ပန်း ကို ဖွဲ.နွဲ.ခဲ့ကြပါလိမ့်။ အကြိုက်ချင်း ကွဲလွဲမှုတွေ ရှိနိုင်ပါသည်။ ခံစားချက် ကွဲလွဲမှုတွေ ရှိနိုင်ပါသည်။ ဒါကြောင့် 'စံ' ထားသော သတ် မှတ်ချက်များသည် ကျွန်တော်တို.အတွက် ရယ်စရာ ဖြစ် ကောင်းဖြစ်လာနိုင်ပါသည်။ ကျွန်တော်တို.သည် လောကကြီးကို အမြစ်ကစပြီး ပြောင်းပြန်လှန်ပစ်ဖို.လည်း မရည်ရွယ်ပါ။ စည်းအပြင်ဘက် က လူတွေအဖြစ်နှင့်လည်း သူများနှင့်မတူအောင် တမင်ကြိုး စား စတန်.ထွင့်နေကြခြင်းလည်းမဟုတ်ပါ။ ကျွန်တော်တို.ဘာသာ ကျွန်တော်တို. နေသာသလို လေး နေကြည့်ခြင်း ဖြစ်ပါသည်။ မြင်သာသလိုလေး မြင်ကြည့် ခြင်း ဖြစ်ပါသည်။ ရေးတက်သလိုလေး ရေးကြည့်ခြင်း ဖြစ်ပါ သည်။ မျက်စိ နောက်ပါသည်ဟု ပြောလာလျှင်လည်း 'ဆောရီး' ဟု တောင်းပန်ရုံမှလွဲရ်ျ မတက်နိုင်ကြောင်း အား နာပါးနာ ပြုံးပြရပါဦးမည်။ ကျားပေါက်၏ စာအရေးအသား တစ်စုံတစ်ရာ (၀တ္တု၊ အက်ဆေး စသဖြင့် ကျွန်တော် ခေါင်းစဉ်မတပ်ရဲပါ) ကို ဖတ်ကြည့်သည့်အခါ စောစောက ပြောခဲ့သည့် ခံစားချက် ခံစားချက်ကို ခွန်အားပြင်းပြင်း ခံစားရပါသည်။ သူ စာရေးထားပုံမှာ လှပခြင်း၊ ဂုဏ်မြောက်ခြင်း၊ ကြီးကျယ်ခမ်းနားခြင်း၊ အလင်္ကာမြောက်ခြင်းတို.နှင့် အစ ချီသော စာပေလက်ရာမွန်များတွင် အံဝင်အောင် ကြိုးစား ထားခြင်း မဟုတ်ပါ။ သူ ရေးချင်သလို ရေးထားခြင်း ဖြစ်ပါသည်။ အဲသည် အချက်သည် အရေးကြီသးည်ဟု ထင်သော ကြောင့် ထပ်ပြောပါဦးမည်။ သူ ရေးချင်သလို ရေးထားခြင်း ဖြစ်ပါသည်။ ရေးချင်သလို ရေး 'တက်' ဖို. ဆိုသည်မှာ ရတောင့်ရခဲ ဆုလာဘ်ကြီးတစ်ခု ဖြစ်သည်ဟု ကျွန်တော်ပြောလျှင် ခင်ဗျားတို. မျက်နှာမဲ့ကြမည်လား မသိပါ။ လူတော်တော်များများက သင်ကြားခံထားရသည့် 'အတိုင်း' သာ ရေးတက်ကြသည်။ လေ့လာထားသည့် 'အတိုင်း' သာ ရေးတက်ကြသည်။ သိမှတ်စွဲနေသည့် 'အတိုင်း ' သာ ရေးတက်ကြသည်။ ဥပမာတစ်ခု ပြောပါမည်။ လူတော်တော်များများက ကိုယ့်ဝမ်းဗိုက်ထဲမှ ရင်သွေး ကို ဆရာဝန်ကြီးတစ်ယောက်အဖြစ် မွေးဖွားလိုက်ချင်သည်။ အင်ဂျင်နီယာကြီးတစ်ယောက်အဖြစ် မွေးဖွားလိုက်ချင်သည်။ ကျားပေါက်ကတော့ သူ.၀မ်းဗိုက်ထဲမှ ရင်သွေးကို ဘာကောင်ကြီးမျှ မဟုတ်သော နီတာရဲကလေးပေါက်စလေး အဖြစ်နှင့်သာ ရိုးရိုးသားသား မွေးထုတ်လိုက်လေသည်။ သူ.စာတွေဖတ်ပြီး ကျွန်တော် ပိတောက်ပန်းအား နမ်းခဲ့မိပုံကို ပြန်သတိရကာ ပြုံးဖြစ်သည်။ ကျားပေါက်လည်း လောကကြီးကို နမ်းမိပြီထင် သည်။ အမှားဗေဒအကြောင်း သင်တို.သိကြလိမ့်မည် ထင်ပါသည်။ အားလုံး အတူတူထိုင်နေကြသည့်အထဲ ခြင်က ကိုယ့်တစ်ယောက်တည်းကိုမှ ရွေးကိုက်သည်။ သီချင်း CD ချပ်တွင် အစင်းရာခြစ်ရာ ပါနေပြီ ဆိုလျှင် အဲသည့်နေရာကမှ ကိုယ်အကြိုက်ဆုံး သီချင်း စာသားဖြစ်နေတက်သည်။ ဒီတစ်ခေါက်ညှပ်သည့် ဆံပင်ပုံစံကို မကြိုက် ဘူး ဆိုကာမှ ဆံပင်ပြန်ရှည်တာက ပိုပြီး နှေးကွေးလွန်း နေသလို ထင်ရသည်။ ဒါမျိုးတွေက ကျွန်တော်တို.ခောတ်ကျမှ ဖြစ် တက်လွန်းသည်လား။ အဲသည်အခါကျလျှင် ကျွန်တော်တို. စိတ် ထဲတွင် 'ယားယံမှု' တစ်စုံတစ်ရာ ခံစားလာရတက်သည်။ ကျားပေါက်၏ စာတွေထဲမှာလည်း အဲဒီလို 'စိတ် ယားယံမှု ' တွေကို မြင်နေရလေသည်။ တစ်ခါတလေ လောကကြီးထဲမှာ ငါတို. နေ နေသည်ဟု ခံစားရသည်။ တစ်ခါတလေ လောကကြီးက သပ်သပ်၊ ငါတို. ကသပ်သပ်နေသည်ဟု ခံစားရသည်။ အဲသည်အခါ (ဘောလုံးသမားတွေလို) ကိုယ့် နာမည်လေး ကိုယ်ကျောကုန်းမှာထိုးပြီး နေနေချင်သည်။ ကျားပေါက်ကတော့ သူ.ကျော ကုန်းမှာ နာမည်ရေး ထိုးခဲ့ပြီ ထင်သည်။ မင်းခိုက်စိုးစန် ဆက်ပါဦးမည်။

Wednesday, July 8, 2009

ဖတ်ရန်မဟုတ်သောကဗျာ

အနံ မနေ.က ပြဇာတ်ထဲက အီးမေးတစ်စောင်ရောက်လာတယ်... အဲဒီ အီးမေးမှာ.ချစ်သူရဲ့ စကားသံတွေပါတယ်.. အဲဒီ အီးမေးမှာ.ချစ်သူရဲ့ အသက်ရှုသံတွေပါတယ်.. အဲဒီ အီးမေးမှာ. ချစ်သူရဲ့ ရက်စက်ခြင်းတွေပါတယ်.. အဲဒီ အီးမေးမှာ. ချစ်သူရဲ့ ဥပက္ခောတွေပါတယ်.. အဲဒီ အီးမေးမှာ. ချစ်သူရဲ့ အသိအမှတ် မပြုလိုခြင်းတွေပါတယ်.. အဲဒီ အီးမေးမှာ. ငါ.......... (၁) ကြယ်တွေကြွေကျတာလောက်ကို သနားတဲ့ငါ..... ငါ့ကိုခြွေချသွားတဲ့ မင်းကိုတော့ လေးစားတယ်... ဘာလို.များ...မင်းစကားလုံးတွေအောက် ငါ...နစ်မြုပ်ခဲ့ရတာလည်း။ (၂) နောက်တစ်ခါ မင်းနဲ. ထပ်ဆုံခဲ့ရင် နင်ပေးလာတဲ့ နမ်းရှိုက်ခွင့်ကို ငါ ငြင်းပယ်မယ်.. (၃) နင်မှာ လေ့ကျင့်စရာ စကားစစ်တလင်းတွေ အများကြီး ရှိပေမယ့် ငါမှာတော့ ချစ်စကားပြောဖို.ရာ နင်တစ်ယောက်ပဲ ရှိတယ်..ဆိုတာ မှတ်ထားပေးပါ။ တကယ်တမ်းတော့ ငါဟာလည်း နင်ရဲ့ စစ်တလင်းတွေထဲက လေ့ကျင့်ရေးကွင်းတစ်ခုသာ ဖြစ်ခွင့်ရခဲ့တဲ့ကောင်ပါ...။ (၄) ပြဇာတ်တစ်ပုဒ် ဆိုရင်တောင် သေချာပါတယ်.... နင့်အတွက်ငါက ဟားတိုက် လူရွှုင်တော်တစ်ယောက် ဘာပဲဖြစ်ဖြစ်... နင်ဟာ ငါ့နတ်သမီးပါလို. မျက်နှာငယ်စွာနဲ. ငါထပ်ကြွားလိုက်လိုက်မယ်။ (၆) ၀တ်ရည်ပန်းပွင့်တွေ ထိုးစုပ်စားသုံးခြင်းမှာ ပျော်ရွှင်နေတဲ့ ငါ့နှလုံးသားထဲက လိပ်ပြာမလေးရေ.... ငါ့ဆီ ပျံသန်းလာဖို.အတွက် မင်းရဲ့ တောင်ပံတစ်စုံက ယောင်လည်လည် ထပ်မလုပ်ပါနဲ.တော့ာလားကွာ...။ (၇) အရာအားလုံးကို အစပြုခဲ့တာ ဘယ်သူလည်းဆိုတာ မသေချာပေမယ့် နှုတ်ဆက်တေးကိုတော့ ငါမဆိုဘူး။ ငါ့ရင်ဘက်ကို ဆောင့်ကန် မင်းထားသွားမယ်ဆိုလည်း... မုန်းတယ် ဆိုတဲ့စကားတစ်ခွန်းတော့ ငါ့အတွက်ထားခဲ့ပေးမှဖြစ်မယ်။ အဲဒီ စကားအသုံးမပြောရက်ဘူးလို. မငြင်းပါနဲ. ချစ်တယ်ဆိုတဲ့ စကားတောင် ငါ့အတွက် ဟန်ဆောင်ထွက်ကျခဲ့သေးတာပဲ။ မုန်းတယ် ဆိုတဲ့ နင်စကားတစ်လုံးနဲ.မှ ငါ့ဘ၀အဆုံးကို ဖြေဖျောက်ဦးလို. ငါ့ကိုယ်ငါစမ်းသပ်ချင်တယ်။ (၈) ကဗျာတွေ မရေးတက်တဲ့ ငါ့ကို... ကဗျာတွေသင်ပေးခဲ့တဲ့ ငါ့ရဲ့ ကဗျာမလေးရေ............ မင်းအတွက်လေ..ငါ... `မင်းရက်စက်တယ်ကွာ´ ဆိုတဲ့ ကဗျာတစ်ပုဒ် မရေးပါရစေနဲ.ကွာ.....