Sunday, February 27, 2011
ဟာသတွေဟာ ဟာသတွေ ဖြစ်နေတဲ့အကြောင်းရယ်ပေါ့
Posted by တေလေ at 8:05 PM 0 comments
Labels: ကဗျာ
Tuesday, August 17, 2010
ခေါင်းစဉ်မပေးချင်ပါ
ဗီရိုလေးတစ်လုံး ရှိနေပါသည်။ သူ၏မျက်စိကို အနည်းငယ် မှေးစင်း၍ စောင့်ကြည့်နေပါသည် ။ ဗီရိုလေးသည် ဘာကိုမှ မမြင်ရပါ။ ထို့ကြောင့် ပြက္ခဒိန်တစ်ခုကိုလည်းကောင်း ၊ ထိုးသွင်းထားသော အတွင်းခံသုံးထည်ကိုလည်းကောင်း ၊ အိမ်ယာအောက်နစ်မြုပ်နေသော ဘီးကုတ်အမဲတွန့်လေးကိုလည်းကောင်း ကျောပိုးအိတ်တစ်လုံး၏ အတွင်းရေးကိုလည်းကောင်း ကောင်းကောင်းသိလိုက်ပါသည်။ ထိုအရာများကို သူသိပါသည်။ အကယ်စစ်စစ် သူသည် သူ့ကိုယ်သူ ဗရိုတစ်လုံးမှန်း မသိခဲ့ပါ။ သူသည် ဘာမှမဟုတ်မှန်းကိုလည်း မသိလိုက်ပါ ။ ပလာစတာရှစ်ခု ကပ်ထားသော စစ်ခြင်ထောင်တစ်လုံးကို ထောင်ထားပါသည်။ ဇာခြင်ထောင်တစ်လုံး ရေချိုးခန်းထဲတွင် စိမ်လျှက်သား ရှိနေပါမည်။ သူတို့သည် ဗီရိုလေးထဲတွင် တစ်ခါဖူးမှ မနေကြပါ။ ဗီရိုလေးက ဇာခြင်ထောင်နှင့် စစ်ခြင်ထောင်တို့သည် မျိုးတူစုများဖြစ်ကြောင်း ရှင်းပြသောအခါ သူတို့က မယုံကြပါ ၊ မသိကြပါ။ ရုပ်ရှင်ကြည့်နေပါသည် ၊ သီချင်းနားထောင်နေပါသည် ၊ စာအုပ်ဖတ်နေပါသည် ။ သို့သော ထိုအရာများထဲတွင် ကိုယ့်ဘ၀အကြောင်း ကို ကိုယ်တိုင်မသိကြကြောင်း မပါဝင်နိုင်ပါ။ ဒုတိယအကြီမ်မြောက် အကယ်စင်စစ် ဗီရိုလေးသည် သူ့ကိုယ်သူ ဗီရိုဟု အမည် မပေးထားပါ ။ သူသည် မည်သည့်အရာကိုမလည်း နာမည်တံဆိပ်မကပ်ပါ။ သူသည် ဘာကိုမှ အော်ခေါ်နေစရာမလိုသော ၊ မှတ်သားစရာမလိုသော ၊ အသိဥာဏ်မရှိသော အရာတစ်ခုသာ ဖြစ်နေသောကြောင့်ဖြစ်ပါသည် ။ ထို့အတွက် ယခု အက်ဆေး ယခုနေရာတွင် ပြီးပစ်လိုက်ပါသည်။
Posted by တေလေ at 7:35 PM 1 comments
Labels: အက်ဆေး
Monday, August 16, 2010
အဖြေအား ဖလာကျိတ်ခြင်း
မေးခွန်းတွေ ထုတ်ခဲ့တာများပြီမို့ ဟုတ်ကဲ့
မေးခွန်းတွေ ပြန်ပို့ပေးကြပါ။
ပေးပြီးစလစ်လေ ပြန်မတောင်းကြေး
မဟုတ်ဘူးလေ
လိုချင်တာ ထုတ်လိုက်တဲ့ မေးခွန်းတွေ မဟုတ်ဘူးလေ
ပြန်ထုတ်လာမယ့် မေးခွန်းတွေလေ
မရှိဘူးလား ၊ မတန်တာလား ၊ ဆွံအတာလား
မေးခွန်းကို မေးခွန်းထပ်ထုတ်ဖို့လေ
ဒါတွေနဲ့ မတည်ဆောက်ဘူးတဲ့လား
ဒါတွေဆိုတာ မရှိလည်း ဖြစ်တယ်ပေါ့
တည်ဆောက်ချင်တာ ဘာလည်း
မေးခွန်း
ဟုတ်ဘူးလေ အဲ့ဒါကို မဟုတ်ဘူးလေ
ထားတော့
ဒါတွေ ဆိုတာကရော ဘာလည်း
မေးခွန်း
ဟုတ်ရဲ့လား အ အ အ အ
သိဘူးတော်ရေ ဟုတ်ချင်လည်း ဟုတ်မှာပေါ့
လက်တွေ့ကျတာပဲ ပြောရမယ်ဆို
"မေးခွန်း" ဘယ်ပါတော့မလည်း
"မေးခွန်း" မပါတာကို ပြောတာလား ဒါမှမဟုတ် "မေးခွန်း" မပါတာကို ပြောတာလား
ဟင် ……တူဘူးလားရှင်
မတူဘူးလေ
ဘာလို့ မတူလည်းသိချင်လား
အဲ့ဒါ မေးခွန်းပဲ။
တေလေ
Posted by တေလေ at 5:17 PM 1 comments
Labels: ကဗျာ
ဇာတ်ညွှန်း
အကယ်ရ်ျ ဖြစ်နိုင်သည်ဆိုပါလျှင် ကံကော်ပန်း သုံးဆယ့်လေးပွင့်ရှိနေသင့်သည်။
သစ်ပင်အောက်မှာ ရွက်ခြောက်တွေ ကျွန်တော်ထိုင်စောင့်ကြည့်နေတယ်။
အချစ်ဆိုတာဘာလဲလို့ ကျွန်တော်မွေးမြူခဲ့တယ်။
သုံးထပ်မြင့်အဆောက်ထက်မှ ကျွန်တော်ကိုလှော်ခတ်လာခဲ့ကြသည်။
မိုးမြင့်စွန်းတိမ်တိုက် တစ်ခုအတွင်းမှာ ကျွန်တော်ကိုကျွန်တော်မေ့လျှော့သွားပါသည်။
လှပသော ကျွန်တော်ချစ်ရသည့် သူနှင့်ကျွန်တော်ပြန်လာခဲ့ကြသည်။
အပြန်လမ်းမှာ ပျောက်ကွယ်သွားသော်လည်း ရှာဖွေရန်မလိုပါ။
မေသူသည် နှစ်ပေါင်းနှစ်ဆယ်ကြာခဲ့ပါပြီ။
မင်းမော်လာပေးတဲ့ ငွေစံပယ်သုံးလိပ်လောက်ယူခဲ့ပါဟေ့
ကျွန်တော်အခန်းတံခါးပေါက်မှာ တိုးတိုးညင်းညင်းမြည်ဟည်းလာနေတယ်။
ငါတစ်ခုမေးမယ် ငါဘာဆက်ပြောရမှန်းတောင် မသိတော့ပါဘူးဟယ်
ဘာလို့ဒါတွေ ပြန်မေးချင်ရတာလဲ တောင်းပန်ပါတယ် ပြန်ပါတော့
နောက်တစ်နေ့ နာမည်ဆိုသည်မှာ ခေါ်စရာတစ်ခုသာဖြစ်ဧ။်။
သမီးလေး ဟိုအပင်မှာလည်း ပွင့်နေလိုက်တာနော်
ဘ၀ဆိုတာ သြော်
အကယ်ရ်ျ ဖြစ်နိုင်မည်ဆိုပါလျှင် ကျွန်တော်ပြန်လာတော့မည်မဟုတ်ပါ
တေလေ
P.S>>>> ဇော်ဇော်အောင်ဧ။် "ကတ္တီပါလွမ်းချင်း" အား ကျွန်တော်ဘာသာ
ဇာတ်ညွှန်းခွဲကြည့်ပြီးချိန်တွင် ဖြစ်လာသော စာလုံးများကို (ကောလိခ်ျ)
ယူသုံးထားခြင်းဖြစ်ပါသည်။
Posted by တေလေ at 10:50 AM 0 comments
Labels: ကဗျာ
Saturday, July 17, 2010
ာါာါာါာါာါာါာါာါာါာါာါာါာါာါာါာါ
ဝါးလို့မရတော့ဘူး သွားမကောင်းတော့လို့
သွားလို့မကောင်းဘူး ၀ါးမရတော့လို့
အရှုံးဆိုတာ အမြဲတမ်းရှိရမှာပဲ
ဝေါ…ဝေါ…ဝေါ… ခနဲ စီးဆင်းသွားတာ
ဘာတွေလည်း
မိုးရေထဲ ကားတွေဖြတ်မောင်းသွားသံပေါ့
မဟုတ်ဘူး…တကယ်က
အဲ့ဒါ အသံတွေ စီးဆင်းသွား ဖြတ်မောင်းသွားတာ
အရှုံးဆိုတဲ့ ငတိကို ဆုံးရှုံးရင်သွားပြီ
သူ့ကို မွေးမြူထားပါ
အာ….
မရိုးမယဉ်…မယဉ်မရိုင်း နံရိုးပြိုင်းပြိုင်းနဲ့
ဂျိုင်း…ဂျိုင်း…ဂျိုင်း
အား…
အာ… ဒီနေရာမှာ မသေသင့်သေးဘူးထင်
ဒိုင်း…ဒိုင်း…ဒိုင်း…
ကဗျာရဲ့ ဟိုးအောက်ဆုံး ခေါင်းစဉ်ကို ကြည့်လိုက်စမ်း
ဇန်း..ဇန်း..ဇန်း.. ….. ဇန်း..ဇန်း..ဇန်း..ဇန်း
ဈန်း..ဈန်း..ဈန်း.. …. ဈန်း..ဈန်း..ဈန်း..ဈန်း
စန်း..စန်း..စန်း.. …. စန်း..စန်း..စန်း..စန်း
စန့်စန့်ရန့်ရန့် သေတာကမှ တည်ကြည်ဖြောင့်မတ်ဦးမယ်။
သဝေ သဝေ သဝေ သဝေ သွေ သွေ သွေ သွေ သဝေ သဝေ
သေချာပြန်တွေးကြည့် လောကကြီးမှာ လူတစ်ယောက်အဖြစ်
ရပ်တည်ရတာ စိတ်ဝင်စားစရာအရှုံးပဲ
သြ… ကျွန်တော်မှားနေတယ်လား .. ဟဲဟဲ
အမှားဆိုတာလည်း အရှုံးတစ်မျိုးပဲလေ
အဲ့တော့ သူ့ကိုလည်း မွေးမြူထားရတာပေါ့
တကယ်မဆိုတဲ့အတွက် ဖြစ်နိုင်ပါတယ်။
မဆိုသလောက်ကလေးမှာဆို
ကဗျာခေါင်းစဉ် ရေးချနှစ်ခုထပ်ထားခြင်းအကြောင်း
Posted by တေလေ at 4:32 PM 0 comments
Labels: ကဗျာ
Sunday, July 11, 2010
ကဗျာစာအုပ်ထွက်ရှိခြင်း
ဘလော့ဂ်ဂါ ကဗျာဆရာများဖြစ်ကြသော "တေလေ ၊ လင်းရမ္မာ ၊ လင်းနီညို" တို့ ရေးသားထားသည့် "(ဆိုးရွားစွာ) "ထိ" "ခိုက်" (စေ) နိုင်ပါသည်" ဆိုသော ကဗျာစာအုပ်အား 10/7/2010 တွင် စတင်ဖြန့်ချိပြီ ဖြစ်ရာ ဝယ်ယူဖတ်ရှုအားပေး နိုင်ပါကြောင်း. . .။
စာအုပ်အမည် – (ဆိုးရွားစွာ) "ထိ" "ခိုက်" (စေ) နိုင်ပါသည်
ရေးသားသူ - တေလေ ၊ လင်းရမ္မာ ၊ လင်းနီညို
စာမူခွင့်ပြုချက်အမှတ် - ၆၂၀ ၀၃၆ ၀၅၁၀
မျက်နှာဖုံးခွင့်ပြုချက်အမှတ် - ၆၂၀ ၀၄၀ ၀၆၁၀
ထုတ်ဝေသူ - ငါတို့စာပေ
တန်ဖိုး - ၁၃၀၀ ကျပ်
ဝယ်ယူရရှိနိုင်သော နေရာများ(YGN)-
စာပေလောက (ပန်းဆိုးတန်း)
စာပေလောက-၅ (ပန်းဆိုးတန်း)
အင်းဝ (ပန်းဆိုးတန်း)
ပညာရွှေတောင် (ပန်းဆိုးတန်း)
အမေ့အိမ် (ပန်းဆိုးတန်း)
ရာပြည့်
(PEM sKoOL မှစီစဉ်ပြီး EXIT Poetry မှထုတ်ဝေ၍ နှစ်ကာလများစာအုပ်တိုက်မှ မြန်မာတစ်နိုင်ငံလုံး ဖြန့်ချီသည်။)
ဆက်သွယ်ရန်—
PEM sKoOL
Posted by တေလေ at 5:09 PM 0 comments
Labels: အမှတ်တရ
Friday, June 25, 2010
ဟေတီ ၄င်းတို့ လှပခြင်း ဆူနာမီ သမ္မတ
သူ ဒီကနေ့ညပိုင်း ပြောကြားမယ့် မိန့်ခွန်းဟာ သမ္မတ အိမ်ဖြူတော်၊ သမ္မတ ရုံးခန်းကနေ
မြေငလျင်နှင့် ဆူနာမီ အန္တရာယ် သတိပေးချက်။ မနေ့ ည (၂) နာရီခွဲ ပတ်ဝန်းကျင်ခန့်
သမ္မတ နေရာကို ဆက်ခံ သူတွေဟာ လဲ အမေရိကန်နိုင်ငံ တောင်ဘက်ခြမ်းက လူတွေဖြစ်ပါတယ်။
လှပခြင်း နှင့် ပညာရေးခေတ်ဝယ် လိုက်လျောညီထွေ စဉ်းစားခြင်းသည်
အင်ဒိုနီးရှား သမ္မတဧ။် ပေါ့ပ်အယ်လဘမ်သစ်
ခရာဗယ် ရိုင်ဇာ ဘောရယ် အေ့ ။ ခရာဗယ် ရိုင်ဇာ ဘောရယ် အေ့
နိုင်ဂျီးရီးယား သမ္မတ အလ္လာအမိန့်ခံယူခြင်းအပေါ်
သမ္မတ၊ သွင်၊ ရှေ့ဆောင်၊ နေပြည်တော်ရုပ်ရှင်ရုံများ သင်္ကြန်အကြိုနေ့အထိ
ဒီတခါ ငလျင်နဲ့ ဆူနာမီ အကြောင်းလေး တင်ထားပေးပါတယ်၊ အားလုံးဖတ်စေချင်ပါတယ်၊
ဂျေဇီး နဲ့ ရီဟားနားတို့က ဟေတီ ... ဟေတီ လူမျိုး ရက်ပ် အဆိုတော် ၀ိုင်ကလဖ်ဂျွန်
ဟေတီ ကယ်ဆယ်ရေး လုပ်ငန်းတွေ အခက်အခဲများကြား ကြိုးပမ်းနေကြရ
ဝန်ထမ်းများ၏ ဖော်ရွေ ပျူငှာသော ဝန်ဆောင်မှုများနှင့်အတူ လှပခြင်း တို့
ဘာကို ငိုကြွေးနေဦးမှာလဲ ဟေတီ ... ငါသိတာက ငါမသိတာပဲ ဟေတီ ငါမသိတာက ငါမရှိတာပဲ ...
နည်းပညာသုံး Storage Type Water Heater များသည် အရည်အသွေး မြင့်မားခြင်း
'ဒီဇိုင်း လှပခြင်း
ဆောရီးဘဲ ဟေတီ
လော့အင် (log in) ၀င်တယ်ဆိုတာ လင်အော်သလိုလား လင့်ခ်သြ လင်အော် လင်အောက်က
လင်အော်ပေါ့
ဟေတီ ရောက်မြန်မာနိုင်ငံ
ကျန်းမာ+လှပခြင်း+အရပ်ဆီ+အရောက်ပို+
သမ္မတ အလုပ်ထက် ဆရာဝန် ဖြစ်ချင်တဲ့ တရုတ် တိုင်ပေ ကျောင်းသားများ
"လှပခြင်း" သည်ယေဘုယျသဘော ဖြစ်သည်။ ယေဘုယျသဘောကိုသိရန်ဆင်ခြင်ဥာဏ်လိုအပ်သည်။
အမှန်ရှိသော ပရမတ်တရားများကို ဆူနာမီ ဆရာတော် ဦးဥတ္တမသာရ၏ မြန်မာလို
စနစ်ဆိုးကိုတော်လှန်ခြင်း · စိတ်၏လှပခြင်း · ခါးသက်ခြင်း၏ ... စိတ်၏လှပခြင်း ...
ဆူနာမီ သတိပေးချက် ပြန်ရုပ်သိမ်းလိုက်ပြီ..Tsunami watch issued for five
countries canceled ...
လော့အင် (log in) နဲ့ အိုင်ဒီ (ID ဘာကွာသလည်း အိုင်ဒီ အိုင်ဒီ
ဤဒိုင်တွင် မထိုးရ ၊ အီးထိုင်ပါသင့်ပါသည်
Posted by တေလေ at 9:44 PM 0 comments
Labels: ကဗျာ
Thursday, June 17, 2010
ယခုကဗျာသည် မနေ့က ရေးသော ကဗျာနှင့် မည်သို့မှ သက်ဆိုင်ခြင်း မရှိကြောင်း မယုံကြပါ
အပင်ဆိုတာ စိုက်ထားရုံနဲ့ မပြီးဘူးလေ ၊ ဒီ အပင်ဆီက အသီးတွေ အပွင့်တွေ မျှော်လင့် စားသုံးချင်သေးတယ် မဟုတ်လား...။ အဲ့ဒါဆို ရေလောင်းရတယ် ၊ ပေါင်းသင်ရတယ်။ စိုက်ထားပြီးရုံနဲ့ မရဘူးလေ... အချိန်လည်း စောင့်ရမှာပေါ့...။ အခုတော့ ရေမလောင်း ၊ ပေါင်းမသင်တဲ့ အပြင် ဘာမှ မသီးဘူးလား မပွင့်ရ ကောင်းလားဆိုပြီး ခြေနဲ့ ဆောင့ကန်ရသလား ။ အပင်ပို နာ ပါတယ်။ ရှင်သန်ဖို့တောင် ပတ်ဝန်းကျင်က ခွန်အားလေး နဲ့ ရုန်းကန်နေရရှာတာ... သူခမျာ။
သူတို့တွေ ၀မ်းနည်းတက်လာတာများ
ထွေထွေထူးထူး ခြားခြားနားနား မဟုတ်ပဲ ဖြစ်ကတက်
ဆန်းသစ် ထွင်သီ ထားတဲ့ ဇာတ်ကားတွေကြောင့်
"ဟား.. ကျွန်တော် လစာတစ်လစာတောင် ဖြစ်နေပါလား ဒီစာအုပ်က"
အမာ ၊ သူရုပ်ရှင်ထဲကလို ပြောကြည့်တာလား ၊ တကယ်ဝမ်းနည်းလို့ ပြောတာလား
အဲ.. ကြည့် မင်း ငါ့ကို ထဆဲပြီ ဟုတ်
ဟုတ် မဟုတ် ဟုတ်
"အား အားရှိ ဒီကွန်မြူနစ်ဝါဒကိုပဲ လာလာတိုက်နေကြတယ်_____ ဘာလည်း ရာဇ၀င် အရင်းရှင်ဝါဒီများ"
ကွန်မြူနစ်ဝါဒ ကမ္ဘာပေါ် ပြန်လည် လွှမ်းမိုးပါစေ (သို့) နီယိုကွန်မြူနစ်ဇင် ပေါ်ပေါက်ထွန်းကားပါစေ အာမင်!!
ယုံပါသလား...
တစ်ခါတစ်ရံ ဖြစ်ရပ်အချို့ ဖြစ်ဖူးသလို ထင်ယောင်မြင်မှား အာရုံတစ်လွှား ၀ိုးတ၀ါးများ
ဆင်စွယ်ရွာ အလံနီ လေသာတောင်
ငါပါခဲ့မှာပါကွာ ငါသိနေသလိုပဲ
ယုံပါသလား...
"ကွန်မြူနစ်ဖြစ်ရင် ဘာသာတရားကို တိုက်ရတယ် ။ ဘာသာကိုလဲ ယုံတယ် ၊ ကွန်မြူနစ်ဝါဒကိုလည်း ခံယူတယ်ဆိုရင် ဒီလူဟာ လူညာပဲ ။ ဒါကြောင့် ကွန်မြူနစ်တိုင်းဟာ ဘာသာတရားကို အမြဲတိုက်ခိုက်နေရတယ်"
(အလင်းဝင်လာသော ကွန်မြူနစ်များ)
"တစ္ဆေကြီးတစ်ကောင် ဥရောပကို ခြောက်နေတယ်" လို့ မောင်သာနိုး ဘာသာပြန်ခဲ့တယ်။
အဲ့ဒီ တစ္ဆေလေးကို မနေ့ကဗျာ
သတင်းစာထဲက ဆောင်းပါးမှာတွေ့လိုက်တယ်
မော်ဒန်/ပို့စ်မော်ဒန် သမားတွေရဲ့ တံတွေးခွက်ထဲမှာ
အသက်ခုနှစ်ဆယ်ကျော် /ရှစ်ဆယ်အိုတွေရဲ့ အတိတ်ဆိုးမှာ
ဒါတွေအားလုံး မြန်မာပြည်ထဲမှာ
ကျွန်တော် တွေ့လိုက်တဲ့ တစ္ဆေတစ်ကောင်
ဟဟား... ခင်ဗျားတို့ကို ခြောက်နေတယ်
ဟာ ကြောက်နေတယ်
အခုခောတ်ဟာ "ကိယကဲဂါးဒ်"
"ဥရောပတစ်တိုက်လုံး ချွတ်ခြုံကျရေး လမ်းပေါ်ရောက်နေပြီ"
နောက်ပြန်ဆွဲသွားလိုက်တာများ တစ်ခောတ်လုံးကို ကွာလို့
"ဒီကောင်မလေး ကောင်းကောင်းနေရဖို့ ရှင် လုပ်ပေးရမယ်"
"ဒီလိုဟာမျိုးက ပိုက်ဆံကုန်တယ် ။ ပိုက်ဆံ တစ်ပြားတစ်ချပ်တောင်မှ အလဟသာ မဖြစ်စေရဘူးလို့
ငါပြောခဲ့ပြီကော"
"ဒါပေမယ့် ရှင်က သိပ်ချမ်းသာတာ ၊ ဒီကလေးမလေးက သိပ်ဆင်းရဲနေတာတော့ မတရားဘူး"
"ဟင်း ၊ ကြီးကြီးကျယ်ကျယ် ။ တရားမျှတတယ်ဆိုတာ တန်းတူသူ အချင်းချင်းသာ ရှိနိုင်တယ်"
(ဆိုဖီရဲ့ ကမ္ဘာ - မောင်သာနိုး ဘာသာပြန်သည်)
မိမိတို့ရဲ့ ဖြစ်-ရှိမှုဟာ သူတစ်ပါးရဲ့ ဖြစ်-ရှိမှု အပေါ် လုံးဝ မထိခိုက်နိုင်ဖို့ဆိုတာ
ဖြစ်နိုင်ပါ့မလား ။
မဖြစ်နိုင် ဖြစ်နိုင် ဖြစ်နိုင်တယ်လို့ သာ ကောက်ချက်ချပါ ။
ရွေးပြောပါ ။
ရေလောင်းပါ ၊ ပေါင်းသင်ပါ ၊ နေရောင်ခြည်လည်း ထိတွေ့ပါစေ ၊ ကျွန်တော်တို့ အသီးတွေ သီးပွင့်ကြပါလိမ့်မည် ။
စားသုံးခွင့် ရှိ မရှိတော့ သူတို့ အာမ မခံကြပါ။
ထိုသူတို့ ဖြစ်ရှိမှု အ ဖြစ် ရှိနေကြပါကြောင်း
စာသားလေး တစ်ကြောင်း ထည့်ချင်တယ်ကွာ ၊ မထည့်ရဘူးလား ၊ ထည့်ချင်တယ်ကွာ
ထည့်မှာလား မထည့်ဘူးလား
"ပတ်ဝန်းကျင်က ခွန်အားအပေါ် ဘယ်လိုမြင်ပါသလည်း "
![]()
![]()
![]()
Posted by တေလေ at 12:52 PM 0 comments
Labels: ကဗျာ
Tuesday, June 15, 2010
သူမပခုံးပေါ် ခေါင်းလေးတင် ငါ့အလောင်းကောင် ငါကြည့်ပြီး သူမနဲ့အတူ ရှိုက်ငိုမယ်
အမေ... ကျေးဇူးပြုပြီး တိတ်တိတ်လေး နေပေးပါလားဗျာ
ကျွန်တော် ဆာလောင်ခြင်း ရဲ့ အရသာကို ခံစားကြည့်ချင်လို့ပါ
အခု ဆာလောင်နေလို့ပါ အခု အဲ့ အရသာကို ခံစားနေရလို့ပါ
Marylin Manson ပရိသတ်တွေဟာ စောင့်ကြည့်ခံရသူတွေပေါ့
အင်း..သူတို့ကလည်း လူတွေရဲ့ သက်ဝင်ယုံကြည်မှုနဲ့ ထုံးတမ်းစဉ်လာတွေကို စောင့်ကြည့်မိတာကိုး
သူက ကလေးတွေရဲ့ စာရိတ္တဏ္ဍိုင်ကို ပျက်ပြားစေတယ်လေ...
စာရိတ္တဆိုတာ ဘာသာရေး ယုံကြည်မှုကို ဆိုလိုတာပါ
ဒီခောတ်ကတော့ အဲ့လိုပါပဲ
ခင်ဗျားတို့လည်း လက်ခံထားတယ် မဟုတ်လား
အင်းလေ...သြ... ဖြစ်မှ ဖြစ်ရလေ...တကယ်က...ငယ်ငယ်ကတည်းက.... ဘုရားသခင်... မင်းလွဲနေပြီ... မင်းမကြောက်ဘူးလား... အို.... သူ့ကို အပြစ်မယူပါနဲ့
အနုပညာသည် မကြီးကျယ် မမြင့်မြတ်ကြောင်း ကြီးကြီးကျယ်ကျယ် ပြောရန်မလို
လွတ်လပ်မှုတွေ မရှိတော့ဘူး... လင်းပွင့်မှုတွေ ကုန်သွားပြီ
ဘယ်ဈေးနဲ့ ရမလည်း
ဖျက်ခနဲ အတွေးတွေသာ တဒင်္ဂထဲ စီးဝင် စိမ့်ဝင် ပျော်ဝင် ပြန့်ဝင်
ဖိတ်စဉ်
လူဆိုတာ စကတည်းက မှားခဲ့တာဆို
မင်းရော ငါရော ဟိုနားက သားလေးရော မှားခဲ့ကြတာပေါ့
သြ...မင်းနဲ့ အဲ့သားလေးက မမှားခဲ့ပါဖူး ဟုတ်စ
ဒါဆို ဒီနားဝန်းကျင်မှာ လူဆိုလို့
ထားပါလေ ဒါတွေက လေပါ။
နာနိုဆိုတာ နည်းပညာတစ်ခုပေါ့
ခုချိန် ဘုရားသခင် သာ ခင်ဗျား အိပ်မက်ထဲ ရောက်လာရင်
ခင်ဗျားကို နာနိုပစ္စည်းလေး လို့ တင်စားမလားပဲ
ဒါပေမယ့်
သိပ္ပံပညာကို သူ သိပ် စိတ်နာနေတယ်ကွယ်..
ဟ...ဟား...
မနက်က သားအမိ သားအဖတွေ ကျောင်းအပ်ပြီး ပြန်လာတာတွေ
တွေးလိုက်မိတယ်...။
သေချာစဉ်းစားကြည့်တော့လည်း လူတစ်ယောက်ကို
မွေးဖွားပြုပြင် စီမံ အုပ်ချုပ်ရတာလည်း အဟဲ
တစ်မျိုးလေး ရင်ခုန်စရာ ထင်ရဲ့...
စမ်းသပ်ကြည့်ကြဦးစို့...
ဟာ.....အမေ ခုထိ စကားတွေ ပြောတုန်းပဲလား..
Posted by တေလေ at 11:43 AM 1 comments
Labels: ကဗျာ
Monday, May 17, 2010
လောလော လတ်လတ် လေ
ပထမအရွယ်မှာ လသာတုန်း ဗိုင်းငင်ကြ
ဒုတိယအရွယ်မှာ ထွန်ရေးငင်ပြီး ချစ်ရေးငင်ကြ
တတိယအရွယ်မှာ အသက်ငင်ကြ
ဘာတွေကို ယုံကြည်ပြီး ရယ်စရာတွေ ကြုံလိုက်ကြတာလည်း
အလင်းမှိန်မှိန်လေးအောက်မှာ ကျွန်တော်ဟာ လှနေရှာပေါ့
အို... တရားသဘင် က်ျ လူမိုက်ကို ရုပ် ဖျက် (ဆီး) ပေးလိုက်ပါ..
မေတ္တာနဲ့ စေတနာကြားမှာ အဲ့ဒီရုပ်ဟာ အသုံးမ၀င်တော့လို့
သံယောဇဉ်ကြားထဲ ခပ်မှိန်မှိန် တိုးဝင်သွားတယ်။
သူ ဆက်လက်ပြီး လှနေဦးမှာပါ။
လူစိမ်းသူစိမ်းတွေက ခပ်စိမ်းစိမ်း စိုက်ကြည့်တော့
သူမလည်း မိမိဘာသာ စိမ်းကားလိုက်ရတယ်
အဲ့ဒီ သဘောကြောင်တွေကြား ရက်အတန်ကြာအထိ ရန်အတက် မရှိခဲ့တာလည်း
အံဖွယ်ပေါ့
ခပ်စိပ်စိပ် တွေးမယ် ဆိုရင်တော့ အံဖွယ်ဟာ သူနဲ့ ခပ်စိမ်းစိမ်းပါပဲတဲ့
ကျွန်တော် အဓိပ္ပါယ် ကို ကျွန်တော် မရှာမိပဲ သူပြောပြသမျှ ထိုင်နားထောင် လိုက်ရတယ်။
(အံသြစွာ)
ကျွန်တော် ပြောသမျှဟာ သူ့ အဓိပ္ပါယ်တွေမို့ သူက တစ်ခွန်းမှ မဟ နားထောင်ရှာတယ်။
နင် မရှိတဲ့ အခါ ငါလည်း မရှိတော့ပါ
ငါဟာ အစတည်းက မရှိတဲ့အရာ
ဒါဆို ဘယ်ဟာက တကယ်ရှိတာလည်း
' ဟေ့ကောင်၊ တေလေ မင်းသိလား ငါကရုပ်ချောသလောက် ကံဆိုးတဲ့ကောင်ကွ ' (လင်းနီညို)
ထိုကဲ့သို့သော လူအမြင်ကပ်ဖွယ်ရာ စကားများလည်း သူတို့ ဆိုတက်ကြသည်။
သို့သော်..
အလွန်ချစ်ခင် ကြည်နူးဖွယ်ကောင်းသော ဘ၀င်မြင့်စကားများ ဖြစ်ကြောင်း
ထိုသူတို့ အပြင် သင်တို့လည်း သိရှိကြောင်း ကျွန်ုပ်တို့အား ၀န်ခံပါလေ။
ကျွန်တော်တို့သည် မြေကြီးအား စူးစမ်းလေ့လာနေကြသော်လည်း မြေကြီးမှ ဖန်ဆင်းခံရသူများ ဟု ဆိုသည်
မြေကြီးသည် ကျွန်တော်တို့လားရာ ဖြစ်သော်လည်း သူ့အကြောင်းကို ကျွန်တော်တို့ မသိကြပါ
ထိုသူတို့သည် သူတို့ လာရာကို မသိသကဲ့သို့ သူတို့လားရာကိုလည်း မသိကြသေးပါ....
'ဖြည်းဖြည်းချင်း..အား... ကွဲသွားပြီ ထင်တယ်ရှင် ကျွတ် ကျွတ် အင်း အဆုံးသာ ထည့်လိုက်ပါတော့ ရှင် '
ဘ၀ဆုံးပြီိလို့တော့ မသတ်မှတ်ထားပါ
ဘ၀စဖို့အတွက် ဆုံးလိုက်ရခြင်း သက်သာ
ခို အချောင်လိုက်ခြင်း တစ်မျိုး မဟုတ်ကြောင်းလည်း သိနေပြီး ဖြစ်
Posted by တေလေ at 2:39 PM 3 comments
Labels: ကဗျာ
