Friday, December 18, 2009

ရိုးရိုးလေးရေးထားသော

နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်သွားတော့မယ် လမ်းရဲ့သယ်ဆောင်ရာ ဟိုအဝေးကို (ခင်ဝမ်း) တစ်ယောက်ပြီးတစ်ယောက် တစ်ပေါက်ပြီးတစ်ပေါက် အသီးသီးဟာ ခုန်ချ ကြိုးဆွဲချသေသွားတဲ့ ဂျူးတွေ ဂျက်ကော့ဗ်ရဲ့ အနီးအနားမှာ ရောမန္တိက ၀ါဒီတွေ အသက်သုံးဆယ် မကျော်ခင် သတ်သေကြ အီမိုချောချောလေးတွေ စိတ်ဓါတ်ကျ သတ်သေကြ သတ်သေကြတာ စိတ်ဓါတ်ကျလို. ၀ါသနာပါလို.မဟုတ်ဘူး သတ်သေတာဟာ အဖန်ငါးရာ ငါးကမ္ဘာနဲ.ဆိုင်သလား မင်းစူးစိုက်လုပ်ပါ ဟုတ်ကဲ့ ကျွန်တော် Suicide လုပ်လိုက်ပါမယ် ခွေနေမယ် ချောင်တစ်ချောင်ထဲမှာ အသေကောင်လို အယောင်ဆောင်ဆဲပါ (Big Bag) ဟန်ဆောင်သေလို.ရရင် မိနစ်ခြောက်ဆယ်စာလောက် ဖြစ်ဖြစ် မကောင်းကျောင်းပို.တဲ့ သေရွာကိုသွားကြမယ်လာ ဒီဘ၀မှာ ငါ အိစ်ပိုင်ရာဖြစ်သွားပြီ ရက်လွန်ပစ္စည်းဆိုတာ မသုံးကောင်းဘူးကွဲ.. ငါ့ကိုထားခဲ့လိုက် မထားခဲ့နဲ. ပစ်သွားလိုက် မပစ်သွားနဲ. မေ့ထားလိုက် သူတို.ဘ၀တွေ ဆင်းရဲကြတယ် ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲတယ် စိတ်ပိုင်းဆိုင်ရာ ဆင်းရဲတယ် အတွေးအခေါ် ဆင်းရဲတယ် လူနေမှုဘ၀ ဆင်းရဲတယ် ဒါနဲ. သူတို. သေတွင်းကို မဆင်းရဲတာ အံပါရဲ့ဗျာ.. ထပ်ပြောမယ် ငါဟာ ရက်လွန်ပစ္စည်း ငါ့ကိုယ်ငါ မသုံးဘူး ငါဟာ မတုံးဘူး မပြုံးပြနဲ. ပြုံးတယ်ဆိုတာ ဖြုန်းတာပဲ ကမ်းနားထိပ်မှာထိုင် ကြယ်တွေရွေ.နေတယ် သင်္ဘောတွေ ရွေ.နေတယ် ငါ့စိတ်တွေက သေနေတယ် ဘာမှမရှိ မရှိတာ ဘာမှမဟုတ်ဘူး ငါတို.ဘ၀တွေဟာ ခဏခဏ သေတက်ကြတယ် အချို.တွေက သတ်သေကြတယ် စိတ်ပျက်သူတစ်ချို. ပြတ်သားတဲ့စိတ် ငါ့စိတ်ပြတ်သားစွာနဲ. ငါ့ကိုငါစိတ်ပျက် သေချင်တယ် မေမေ သေဖို.ဆိုတာ လွယ်ပါသလား ဆိုဖီ ကသေသွားတယ်နောက်ဆုံး ငါလည်းသူ.လို ထွက်ပြေးသွားချင်တယ် ငါနဲ.ဘယ်တူထွက်ပြေးမလည်းဟေ့

0 comments: