Monday, September 7, 2009

မေ့ဆေးဆိုတာ မိုးညအိပ်မက်မြူ

မမေ့ခင်ကတည်းက မေ့တဲ့အကြောင်းတွေ ဘ၀ကို မေ့မေ့သွား(ချင်)တယ် မေမေ၊ အဲဒီတုန်းက ထုံးသုတ်ထားတဲ့ လမ်းဖြူဖြူတွေ တကျယ်တပြော တလွမ်းတဆွေး တသသ မေ့သွားတာပါပဲ မေ့ဆေး လို/မလို လိုလို မလိုလို လိုရမယ်ရ လူဟာ လူနဲ.လူအပေါ် လူလို ပြုကျင့်လိုက်တော့ လူ ဒါမှမဟုတ် လူ.တန်ဖိုး ကျ(ချ)သွား(လိုက်)တယ်။

ဟုတ်ပါတယ် မေမေ၊ အားလုံးဟာ မေ့ဆေးပေးခံထားရ/မေ့ဆေးထိုးထားကြတယ် ဆိုတာကို မေ့မေ့ သွား(ပြန်မလာတော့ဘူး)
လူနဲ.လူဟာ မောက်မောက်မာမာ အမောက်ထောင်လို. (လူနဲ.လူကြား ဘာ ရှိ ?(လည်း) ) မေ့ဆေးအထိုးခံထားရသူများ တန်းစီပါ သင်နဲ.သင်ကြား ကိုယ်ကျင့်သိက္ခာ (တရားတယ်တော့မထင်)တရား ထည့်သွင်းရန် ပြင်ဆင် ကျွန်တော်တို. အလုပ်လုပ်နေသည် သင်တို. အလုပ်လုပ်နေသည် ကျွန်တော်တို. ဘာလုပ်နေကြသလည်း သင်တို. ဘာလုပ်နေကြသလည်း မသိ မရှိ မမိ မမှီ မတိ သိမှ ရှိမှ မိမှ မှီမှ တိကျမှ လုပ်လို.ရမှာပါလား အေးအေး ကျွန်တော်တို. (သင်တို.) လုပ်လိုက်ပါမယ် အေးအေး မလုပ်နဲ. အေးအေး လုပ်မယ် မလုပ်ဘူး တစ်ခုခု
အေးအေးဆိုသည်မှာ အေးအေးဆေးဆေးလုပ်ကိုင်ခြင်းသို.မဟုတ် ညဉ်းငြူခြင်း
ကိုယ့်လမ်းကိုယ်လျှောက် ခြေထောက်တွေပေါက်တောင် ဆက်လျှောက်ရဲတယ် အဲ... ကိုယ့်လမ်းကိုယ်ခြောက် ဘ၀င်တွေတော့ မမြောက်(မျောက်)နဲ.(ပဲ) ခင်ဗျား ခြောက်နေတဲ့ လမ်းတွေလျှောက်နေတယ်.. မောင်မြင့်ဝေဟာ သူ.အမေကို မေ့ချင်ပါတယ်တဲ့ မောင်မြင့်ဝေဟာ ထားကို မေ့ချင်ပါတယ်တဲ့ မောင်သစ္စာဟာ နွယ်ကို မေ့ချင်ပါတယ်တဲ့ မောင်ညိုမှိုင်းဟာ မမရီကို မေ့ချင်ပါတယ်တဲ့ ခင်ဗျားတို. အဲ့ကောင်ကို မေ့ဆေးမပေးခဲ့တာလား မေ့ဆေးပေးဖို. ဘာတွေလိုအပ်ပါသလည်းဆိုရင် မေ့ချင်တဲ့စိတ် သို.မဟုတ် ချဉ်နေတဲ့မေ့စိတ် စိတ် စိတ် စိတ်ဟာ မေ့ဆေးပါပဲ မေ့ဆေးပေးခံရတာ စိတ်ပါပဲ၊ စိတ်ဟာ စိတ်ဆီပြန်ပါလာလား မပါလာဘူးလား၊(ဆိုင်၊ မဆိုင်) အဆီပြန်နေသော စိတ်များအကြောင်း စိတ် စိတ် စိတ် စိတ်ဟာ အဆီပြန်နေသော သောကလျှောက်လမ်းများ၊ ဖြတ်ထုံး၊နှောင်ထုံး၊ လူနဲ.လူဟာ သင်နဲ.သင်ဟာ မေ့ဆေးအပေးခံထားရကြောင်း မေ့ မေ့ချင်သော အရာများကိုမေ့ ၊တိုက်စား ၊ဖြတ်ချ၊ ကျော်ချ၊်

3 comments:

လင်းရမ္မာ said...

မေ့ဖို့ဆိုတာ ကိုမေ့ဖို့ မေ့ဆေးဆိုတာကိုမေ့နိုင်ရမယ်

NangNyi said...

အေးအေး ဖတ်မယ်/ မဖတ်ဘူး.. ဖတ်ဖတ် မဖတ်ဖတ်.. မန့်မယ်/ မမန့်ဘူး.. မန့်မန့် မမန့်မန့်
Word Verification ဖြုတ်ပါ.. သို့မဟုတ် ဖြုတ်ပေး.. ခု..
း(
ရူးပြီ

Anonymous said...

ခွိ.. မနန်းညီပြောတာ ရီရရ.. မရီရ.. ရီရီ.. မရီရီရရ.. ရီရရ မရီရရ.. ရီရီချင်လျက် ရီရီသွားတယ်.. :P

ကိုတေလေကို မေ့သွားပြီ.. :P