ကျွန်တော်တို့ဆီက ဟာသတွေကိုပဲ လိုချင်နေတာလားဗျာ
ကျွန်တော်တို့ အခြားဘာတွေပေးနိုင်သေးလည်း
ခင်ဗျားတို့ ကျွန်တော်တို့ဆီက ရနိုင်တာတွေကို် မသိခဲ့လို့လား
လူကောင်မကြီးတော့ဘူးလား ၊
အတွေးအခေါ်တွေ ၊ မကြီးထွားလာတော့ဘူးလား
လူကောင်မကြီးတော့တဲ့ နောက်ပိုင်းအတွေးအခေါ်တွေ မကြီးလာတော့တာလား
ဟာသတွေပဲရနိုင်သေးချိန်မှာ ကျွန်တော်တို့ လူကောင်မကြီးလာတော့ဘူး။
မွေးရာပါဖြစ်လာတဲ့ ဟာသတွေလား
လုပ်ယူထားတဲ့ ဟာသတွေလား
တဖြည်းဖြည်းချင်း ဖြစ်လာတဲ့ဟာသတွေလား
ကျွန်တော်တို့ ဟာသတွေလုပ်နေပါတယ် ၊ ဟာသတွေ လုပ်ရတာအခက်ဆုံးပါပဲ
ရှက်တက်ကြပါ ။
ရှက်တက်ကြပါ ။
ရှက်တက်ကြပါ ။
လောလောဆယ်တော့ ရယ်လိုက်တာပဲ ၊ မြေသြဇာကျွေးထားတဲ့ ဟာသတွေအတွက်
ရပါသလား ၊
ရပါသလား ၊
လူကောင်မကြီးလာတော့တဲ့ ဟာသတွေ ရပါသေးရဲ့လား
အခုစကားစုတွေကို ဟာသလို့သတ်မှတ်ပါ ။
အမှန်အကြောင်း မပြောကြပါနဲ့တော့ (မျက်နှာကြီးက ခက်ထန်ပြီး)
အကြောင်းအရာတွေ မှန်တယ်ဆိုတာ ခေတ်ကုန်သွားပြီ ။
အခုက ဟာသခေတ်
ကျွန်တော်က ရပ်နေတယ် ၊ ခင်ဗျားဘေးမှာ လာရပ်တယ်
မင်းနဲ့ငါ အဆင့်တူသွားပြီဆိုတဲ့ မျက်နှာပေးနဲ့
ကျွန်တော်က ရပ်နေတယ် ၊ ခင်ဗှားက ကျော်တက်သွားတယ်
ပြီး ကျွန်တော်ကို လှည့်ကြည့်
မင်းကိုငါ ကျော်တက်နိုင်ခဲ့ပြီ ၊ မင်းဘယ်လိုလိုက်လိုက် မမှီစေရဘူးဆိုတဲ့ မျက်နှာပေး
ဆက်လျှောက်
သူတို့က ဟာသပဲလိုချင်တော့ ဟာသပဲပေးနေရတဲ့ ကျွန်တော်တို့လည်း ဟာသကြီးကို ဖြစ်လို့
ဟုတ်တယ် မှတ်လား ဟာသကြီးရယ်
ဟာသကြီးက ပြောတယ် "ငါလည်းလျှောက်လာရတာ ကြာပြီ" တဲ့
တခါလောက် ပေးနားပါဆိုလား
တခါတလေတော့လည်း သနားပေးကြပါ ။
ဟာသတွေ သနားစရာကောင်းလာပြီနော်
စိတ်ညစ်တယ် ၊အော်ကြီးဟစ်ကျယ်နဲ့
အမှန်တရားတွေကို ဟာသလုပ်ပစ်ကြ
အမှန်တရားတွေဟာ ဟာသဖြစ်ကုန်ကြပါပြီ
ဟာသကြီးဟာ တဖြည်းဖြည်းချင်း
တဖြည်းဖြည်းချင်း
တဖြည်းဖြည်းချင်း
တဖြည်းဖြည်းချင်း လုပ်ယူထားတဲ့ မွေးရာပါပေါ့ ။
ကျွန်တော်တို့ဟာသတွေဟာ ရယ်ရတယ် ၊ မရယ်ရဘူးဆိုတဲ့ အကြောင်းကို အခုလုံးဝမဆွေးနွေးထားပါဘူး ။
Sunday, February 27, 2011
Subscribe to:
Posts (Atom)
