Friday, January 29, 2010
မြန်မာခောတ်ပေါ်မိသားစု (၂)
Posted by တေလေ at 1:23 PM 1 comments
Labels: ကောက်နှုတ်ချက်, ဆောင်းပါး
Thursday, January 14, 2010
သာဓကတွေ ၊ ဥပမာတွေ၊ ရှင်သန်မှုများ အကြောင်း
"ဆေးလိပ်တွေ သောက်နေတုန်းပဲလားဟင် "
"အင်း ၊ တစ်ခါတစ်လေပါ "
"မသောက်ပါနဲ.တော့လားဟင် "
"မရဘူး၊ အစ်ကို နှုတ်ခမ်းတွေက တပ်မက်ဖွယ်ရာ တစ်ခုခုကို အမြဲရှာနေမိတယ်၊ အစ်ကိုနှုတ်ခမ်းတွေရဲ့
တပ်မက်မှုမှာ ဆေးလိပ်က ထိပ်ဆုံးကပါတယ်။ "
"ဟင်၊ အခြားတစ်ခုခုနဲ. အစားထိုးကြည့်ပါလား၊ အစ်ကို လုပ်နိုင်မှာပါ။"
"အင်း၊ လုပ်နိင်ပါတယ်၊ အစ်ကိုနှုတ်ခမ်းတွေကို မင်းနှုတ်ခမ်းတွေနဲ. ထိကပ်ထားတာမျိုးပေါ့ "
ချာတိတ်တွေ ၊ အတိတွေမှာ ချာနေပုံများ ၊ အထိတ်တလန်.တွေ ရှာကြရင်း၊ ထိတ်လန်.စရာတွေ ရှာရင်း ၊ လျှာရင်း
မြတ်ဖို.တော့ တီဗီဖွင့်ပါ။
အတွဲတွေ အတွဲတွေ ကြည့်ရင်း ခုန်ရင်း ၊ ရင်ခုန်ကြည့်ရင်း ၊ ဒီနေ. အပူးလားပဲ
လူတွေ ပြောနေလိုက်ကြတာ ပြောနေလိုက်ကြတာများ ပုံပျက် ပန်း ပျက်၊ ပန်း ကပ်ဦးမလား ဗျာ၊ ဟေ့ကောင် စကားကို ကပ် မပြောနဲ. ၊ အော် ကပ်ဖားယပ်ဖား ပြောတက်ပါဘူးဗျာ ၊ဘူးတစ်လုံးဆောင် အိုတောင် မဆင်းရဲဆိုတိုင်း စွတ် မလုပ်နဲ.၊ အော...လုပ်ဇာတ်ခင်းတာမဟုတ်ပါဘူးဗျာ၊ စကားပန်းခင်းထဲမှာများ လူတွေ ပြောနေလိုက်ကြတာ ပြောနေလိုက်ကြတာများ ပုံပျက် ပန်းပျက်......။
လက်သည်းအမဲတွေ ဆိုးထားပြန်ပြီ၊ အကျီင်္အမဲတွေ ၀တ်ထားပြန်ပြီ၊ မျက်လုံးအမဲတွေ ဆွဲထားပြန်ပြီ
ပြန်ဖျက်....
ဟင့်အင်း၊ မဲနက်တောက်ပြောင်ထင်ရှားခြင်းများသည် နှစ်သက်ဖွယ်ကောင်းသည်။
ဆူသည်...ဆူသည်...သိပ်ဆူသည်၊ နားထဲတွင် ဆူညံလာသည်နှင့် မျက်ရည်များ ဝေ့တက်လာသည်။
ဆူလွယ်နပ်လွယ် အတွေးအခေါ်များကြားတွင် ၀ိရိယနှင့် ဖြစ်သော မျက်ရည်များ ဝေ့တက်လာသည်။
စိတ်ကဆောင်နေတယ်၊ အောင်ပြီပေါ့ ၊ ဒီစိတ်က ဟန်ဆောင်နေတယ်၊ မလုံမလဲနဲ. ပြန်မကြည့်နဲ.
လုပ်လေ၊ လုပ်ပေါ့
ခင်ဗျား စိတ်အတွက် ကျွန်တော် အခွန်ဆောင်ခဲ့ပြီးသား
ငြင်း (ညှင်း) ဦးမလို.လား
လက်ဖ၀ါးခြင်း ယှက်၊ ရင်ဖက်ခြင်း အပ်၊ ခံယူချက်ခြင်း တေ့၊ ရင်ခုန်သံချင်း တူ၊ မေတာဓါတ်တွေ ယူ
ပြီးရင်တော့ ကျောခိုင်း
ခင်ဗျားနဲ. ကျွန်တော် ပညာချင်းပြိုင်ကြရအောင်
သောက်ရေခွက်များ လမ်းလျှောက်ထွက်လာသည်။
ဝေါ်ကီတော်ကီများ မုတ်ဆိတ်ရိတ်ဓါးဖြင့် လှီးဖြတ်ခံရပြီးသည်နောက်တွင်
သောက်ရေခွက်များ မီးမောင်းထိုးပြကြသည်။
"ရှင်၊ ဒါဆို သမီးနှုတ်ခမ်းတွေက အစ်ကိုဆေးလိပ်ပြတ်ဖို. ကူညီနိုင်တာပေါ့နော် "
"အင်း"
Posted by တေလေ at 3:54 PM 2 comments
Labels: ကဗျာ
Friday, January 8, 2010
မြန်မာခောတ်ပေါ်မိသားစု (၁)
Posted by တေလေ at 2:29 PM 0 comments
Labels: ကောက်နှုတ်ချက်, ဆောင်းပါး
Tuesday, January 5, 2010
ကျွန်တော်အိမ် အနောက်ခန်းက အရူး
Posted by တေလေ at 12:26 PM 2 comments
Labels: အက်ဆေး
Saturday, January 2, 2010
ခရီးကပြန်ရောက်ပြီးနောက် တစ်ရက်နှစ်ရက်
Posted by တေလေ at 10:25 AM 5 comments
