Sunday, September 13, 2009

စိတ်ခံအားကျဆင်းမှုရောဂါ များ ကူး စက် ခံ ရ ခြင်း

ကိုယ်ခံအားကျဆင်းမှုရောဂါ အကြောင်းသင်သိပါပြီးပြီလား သင်မသိသေးပါက တစ်နေရာရာတွင်စုံစမ်းပါ ၊တစ်နေရာရာသည် သည်နေရာတွင်မဟုတ် တည်နေရာမသိ စိတ်ခံအားကျဆင်းမှုရောဂါ အကြောင်းသင်သိပြီးပြီလား သင်မသိသေးကြောင်းသင်သိပြီးပြီလား သင်သိထားသောအရာများ သင်ပြီးပြီလာိး စိတ်ခံအားကျဆင်းမှုရောဂါပြ ဇယား ရောဂါလက္ခဏာများ (၁) သနားတက်ခြင်း (၂)ယုံလွယ်ခြင်း (၃)သူ.ဖက်ကို.ဖက် မျှတွေးတက်ခြင်း (၄)လေးလေးပင်ပင်ရှိခြင်း (၅)ပြောပြရန် အကြောင်းအရာမဲ့ခြင်း (၆)မဲ့ခြင်းများကို လက်ခံတက်ခြင်း (၇)လက်ခံထားသော အရာများကို ပြောမပြခြင်း (၈)စကားမပြောခြင်း ယခုဖော်ပြထားသော ရောဂါလက္ခဏာ(နာရန်၊နာမကျန်းဖြစ်ရန်)များ သင့်တွင်တွေ.နေရပါသလား သနားပါတယ်ဆိုသော စကားရပ်အား ခွဲခြားစိတ်ဖြာကြည့်ရန် ပထမအဆင့် သူသနားတက်သောကြောင့် အခြားသူထံ သူ၏ ပါသွားတက်သည် ဥပမာ- သနား၍ ချစ်မိသွားသည် သနား၍ မုန်းလိုက်သည် သနား၍ ပေးလိုက်သည် သနား၍ စွန်.လိုက်သည် သနား၍ ယူလိုက်သည် သနား၍ သနားလိုက်သည် သနား၍ သနမှမှဝေးစေသည် စသည်ဖြင့် စသည် စသည်ဖြင့် ဆုံးသည် စသည်ဖြင့် ထိုသူထံတွင်ရှိသမျှဆုံးရှုံးသည်၊ သနားပါတယ်ဆိုတာ မိမိထံရှိသမျှ အသနားခံရသူထံ ပါသွားခြင်းသက်သက်သာဖြစ်ကြောင်း ဥပမာ ပထမအဆင့်မှာထစ်ထစ်သွားသောကြောင့် တစ်တစ်ခွခွအဆဲခံလိုက်ရ ဆက်မပါလာတော့ စက်ဟာဆက်ဖွင့်မရ

လွယ်လွယ်ယုံခြင်းအကြောင်းဆက်၍မရတော့ ယုံလွယ်ခြင်းသည် သင့်ထံတွင်ရှိမရှိ ပြန်လည်သုံးသပ်ပါ(ဆုံးဖြတ်ရန်မလို)
ထိုကြောင့် ထို.နှင့် ထိုသို. ထိုမှ ထိုထို ထိုသို.မှ ထိုသည်သို. ဆက်ရန်မရှိ မရှိကြောင်းတွေများနေပြီလား..... မရှိခြင်းတွေကိုလက်ခံထားသလား... မပြောချင်တော့ (ပြောပြီးဖြစ်) (၃) (၄) (၅) (၆) (၇) (၈) ထိုအကြောင်းများပြီးဆုံးသွားကြောင်း သင့်ထံတွင် စိတ်ခံအားကျဆင်းမှု ရောဂါရှိမရှိ မေ့လို. မေ့လို တစ်ခုကျန်ခဲ့တယ် ကိုးခုမြောက် ရောဂါ လက္ခဏာ ထည့်သွင်းရန် ဘာသာစကားဖြင့်တည်ဆောက်ထားသော ကဗျာများ ဖတ်လိုမှု ဘာသာစကားဖြင့်တည်ဆောက်ထားသော ကဗျာများ တည်ဆောက်လိုမှု ထိုအမှုများအကြောင်း

5 comments:

နေ့အိပ်မက် said...

မှန်လိုက်လေ

လေပြေ said...

(၃)
(၄)
(၅)
(၆)
(၇)
(၈)
ကိုတေလေခံစားရပါသတဲ့ ..... :)
ခံစားရပါသတဲ့ကိုတေလေ။

ကျောက်တာ said...

9 ခုမြောက်က ကြောက်စရာ လက္ခဏာကြီးဖြစ်နေမလား။

မိုးထက်အိမ် said...

တကယ်ကြီးလား...
အဒါဆို ကျနော် စိတ်ကျနေပြီထင်တယ်...

စာဖတ်သူ said...

အချက်အလက်တွေ အကုန်လုံးနဲ့ ကိုက်ညီနေလို့ သဘောကျသွားပါတယ်။=)