Saturday, July 25, 2009

suicide club (1)

ဂျပန်ရုပ်ရှင်ကားလေးပါ။ ကြည့်လို.ကောင်းမယ်ထင်ပါတယ်။ ကျွန်တော်လည်းအဆုံးထိမကြည့်ရသေးဘူး။ ဒါပေမယ့် သေချာပါတယ်...စိတ်ဝင်စားဖို.ကောင်းတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့စစပိုင်းမှာတင် ဂျပန်ကျောင်းသူလေး အယောက်ငါးဆယ် ကိုယ်ကိုကို ရထားလမ်းမှာ ရထားအကျိတ်ခံပီး သတ်သေသွားတာနဲ. စပြီးဖွင့်ထားပါတယ်။ Youtube ကြည့်လို.မရဘူး။ ဒေါင်းပြီးကြည့်ချင်တယ်ဆိုရင်တော့ http://ifile.it/ajgwdyr မှာဒေါင်းလုပ်လုပ်ပီးကြည့်နိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို. အကြိုက်ချင်းတူမယ်လို. မျှော်လင့်ပါတယ်။ အပိုင်း(၂)ကိုဆက်ပါဦးမယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

2 comments:

tin min htet said...

ကျွန်တော့် အနေနဲ့ကတော့ ဒီကားဟာ ဘလော့ဂ်မှာ မတင်သင့်တဲ့ ကားမျိုးလို့ ယူဆပါတယ်။ အထူးသဖြင့် သတ်သေသူတွေဟာ ကလေးတွေဖြစ်နေလို့ပါ။

ထင်အောင်ဈာန် said...

အင်း စဉ်းစားစရာပဲ။ တင်မင်းထက်ပြောတာကို။ ဒါပေမဲ့ အဲဒီကားက စိတ်ဝင်စားစရာတော့ လွှတ်ကောင်းတာပဲ။ ကျနော်တော့ ကြည့်ပြီးပြီ။ ကလေးတွေ ပါတယ်ဆိုတာ ဟုတ်တယ်။ ယူကျုပ်မှာ တင်ထားတဲ့ ဗီဒီယိုမှာ ကော်မန်းပေးတဲ့သူတွေကလည်း ဂျပန်တွေဟာ အောင်ကြူကြူတွေလို့ သမုတ်ထားတာရှိတယ်။ နောက်တစ်ခု စိတ်ဝင်စားဖို့ကောင်းတာက ရုပ်ရှင်ထဲမှာပါတဲ့ Suicide Club ဝပ်ဆိုက်ထ်ပဲ။ ရုပ်ရှင်ထဲမှာ ပါတဲ့လိပ်စာအတိုင်း ကျနော်သွားကြည့်ဖူးတယ်။ အမျိုးသမီးနဲ့ အမျိုးသားကို အနီရယ်၊ အဖြူရယ် အရောင်ခွဲပြီးဖော်ပြထားတယ်။ ဇာတ်ကားအရ အဖွဲ့ဝင်တစ်ယောက်က ကိုယ့်ကိုယ်ကို သတ်သေလိုက်ရင် အဖြူစက် ဒါမှမဟုတ် အနီစက်တစ်စက်တိုးတိုးလာတယ်။ ဘာရယ်မဟုတ် စိတ်ဝင်စားဖို့ တော်တော်ကောင်းတယ်။