Monday, July 20, 2009

တစ္ဆေတစ်ကောင်ရဲ့ညစာ

အမှောင်ထဲမှာ ပျော်တဲ့ငါဟာ.. တစ္ဆေတစ်ကောင် ကျေးဇူးပြုပြီး ငါ့ရဲ့အခန်းလေးကို အမှောင်ချထားပေးပါ။ ဆာလောင်မွတ်သိပ်မှုတွေ အပြည့်နဲ. လျှောက်လှမ်းလာတဲ့ ဒီခြေထောက်တွေ အနင်းကြမ်းခင်းအောက် မှောက်ရက်လဲတော့ ငါ့ ရေငတ်နှုတ်ခမ်းတွေက ခြောက်သွေ့ဆဲ နှုတ်ခမ်းဖျား ချေးညှော်သဲခြောက်လာကပ်တော့ လျှာရင်းနဲ. ထုတ်ယူမျိုသွင်းမိချိန် ငါ့ လည်ချောင်းတွေ ငါ့ ရင်ခေါင်းတွေ ငါ့ ကလိစာတွေ ငါ့ နှလုံးသားတွေ ကြမ်းရှခါးသက် တစ္ဆေတစ်ကောင် အတွက် အခန်းကျဉ်းလေးရဲ့ လိုအပ်ချက် စာတမ်းမှာ သက်သက်လွတ်ညစာက ဓါတ်မတည့်ဘူး။ ဘာပဲပြောပြော တစ္ဆေတစ်ကောင်ရဲ့ ညစာမှာ ဟစ်တလာရဲ့ လူမျိုးကြီးဝါဒီ ကြမ်းရှရှ နှုတ်ခမ်းမွှေးတွေမပါဘူး။ အရည်ကြီးတို.ရဲ့ ကျဆုံးခန်းတွေ မပါဘူုး ဗန်ဂိုးရဲ့ အားလူးစားသူတစ်ယောက်လည်း ငါမဟုတ်ဘူး ပါလက်စတိုင်းဒေသက ဘုရားသခင်ရဲ့ ဗိမ္မာန်တည်ရာမှာလည်း ငါ့ညစာကို ဘုန်းမပေးခဲ့ဘူး။ စိုင်လွန်းရဲ့ ပထမဆုံး စက္ကူပေါ်မှာ ညစာစာရင်းကို ရေးမှတ်ထားခြင်းလည်း မရှိဘူး။ ချိုးငှက်လေးရဲ့ အော်မြည်သံကို သံလွင်ခက်နဲ.ရောပြီး ငါ ဟင်းချိုချက်မသောက်ခဲ့ရိုး အမှန်ပါ။ မပီတပီ အလင်းတစ်ချို.ကို အားပြုလို. ဟောဒီ အမှောင်ခန်းလေးထဲက တစ္ဆေတစ်ကောင်ရဲ့ ညစာမှာ မရိုးသားမှုတွေ ပေကျံဆဲပဲလို. လူသားထုတစ်ရပ်လုံးက သတ်မှတ်ထားကြဆဲ။

2 comments:

မျက်မှန်လေး said...

ကဗျာတွေကိုကြိုက်တယ်.
ဒါပေမယ့်ကဗျာမရေးတတ်
ကဗျာရေးတတ်တဲ့သူတွေကိုအားကျမိပါတယ။်
သင်ပေးပါလားဟင်နည်းနည်းလောက်း)

puppeteer said...

ကဗျာလေးကကောင်းပါတယ်ခင်ဗျာ။ မုက်၏