Thursday, July 9, 2009

ပြစ်မှတ်အပြင်ဘက်မှ စကားလုံးများ(ကျားပေါက်) အပိုင်း(၁)

ကလေးတစ်ယောက်ရဲ့ အကျီင်္ကျောကုန်းပေါ်က ရနံ. အရင်ဦးဆုံး ကျွန်တော်ပြောပြချင်သည်မှာ ပိတောက်ပန်းအကြောင်း ဖြစ်ပါသည်။ ကျွန်တော်ငယ်ငယ်ကတည်းကနေ ယခုအချိန်အထိ ဖတ်ရသမျှ မြန်မာစာပေ အရေးအသား အတော်များများတွင် ပိတောက်ပန်းကို ဖွနွဲ.ချီးကျူးကြသော ကဗျာဝတ္တူတွေကို ရှောင်ရ်ျ မလွတ်ခဲ့ပါ။ အရေးအသားတွေကလည်း လှပကြသည်။ ဂုဏ် မြောက်ကြသည်။ စာပေဆိုင်ရာ 'စံ' တစ်စုံတစ်ရာအဖြစ် စာသင်ခန်းအတွင်းမှာတောင်လေ့လာခဲ့ရသေးသည်။ သို.သော် တစ်နေ.မှာ - ကျွန်တော် ပိတောက်ပန်းကို စေ့စေ့ကြည့်မိသည်။ သေသေချာချာ အားရပါးရ (နဂိုသိထားနှင့်သော စိတ် အခံ များ၊ အသိပညာဟောင်းများမပါဘဲ) စိတ်ရှင်းရှင်းနှင့် နမ်း ရှိုက်ပစ်ထည့်လိုက်သည်။ ဟင် ညှီစို.စို.နှင့် ပုပ်အဲ့အဲ့ နံလိုက်သည့်ဖြစ်ခြင်း။ ဘာကြောင့်များ ဒီလောက်တောင် ညှီစို.စို.နံတဲ့ပန်း ကို ဖွဲ.နွဲ.ခဲ့ကြပါလိမ့်။ အကြိုက်ချင်း ကွဲလွဲမှုတွေ ရှိနိုင်ပါသည်။ ခံစားချက် ကွဲလွဲမှုတွေ ရှိနိုင်ပါသည်။ ဒါကြောင့် 'စံ' ထားသော သတ် မှတ်ချက်များသည် ကျွန်တော်တို.အတွက် ရယ်စရာ ဖြစ် ကောင်းဖြစ်လာနိုင်ပါသည်။ ကျွန်တော်တို.သည် လောကကြီးကို အမြစ်ကစပြီး ပြောင်းပြန်လှန်ပစ်ဖို.လည်း မရည်ရွယ်ပါ။ စည်းအပြင်ဘက် က လူတွေအဖြစ်နှင့်လည်း သူများနှင့်မတူအောင် တမင်ကြိုး စား စတန်.ထွင့်နေကြခြင်းလည်းမဟုတ်ပါ။ ကျွန်တော်တို.ဘာသာ ကျွန်တော်တို. နေသာသလို လေး နေကြည့်ခြင်း ဖြစ်ပါသည်။ မြင်သာသလိုလေး မြင်ကြည့် ခြင်း ဖြစ်ပါသည်။ ရေးတက်သလိုလေး ရေးကြည့်ခြင်း ဖြစ်ပါ သည်။ မျက်စိ နောက်ပါသည်ဟု ပြောလာလျှင်လည်း 'ဆောရီး' ဟု တောင်းပန်ရုံမှလွဲရ်ျ မတက်နိုင်ကြောင်း အား နာပါးနာ ပြုံးပြရပါဦးမည်။ ကျားပေါက်၏ စာအရေးအသား တစ်စုံတစ်ရာ (၀တ္တု၊ အက်ဆေး စသဖြင့် ကျွန်တော် ခေါင်းစဉ်မတပ်ရဲပါ) ကို ဖတ်ကြည့်သည့်အခါ စောစောက ပြောခဲ့သည့် ခံစားချက် ခံစားချက်ကို ခွန်အားပြင်းပြင်း ခံစားရပါသည်။ သူ စာရေးထားပုံမှာ လှပခြင်း၊ ဂုဏ်မြောက်ခြင်း၊ ကြီးကျယ်ခမ်းနားခြင်း၊ အလင်္ကာမြောက်ခြင်းတို.နှင့် အစ ချီသော စာပေလက်ရာမွန်များတွင် အံဝင်အောင် ကြိုးစား ထားခြင်း မဟုတ်ပါ။ သူ ရေးချင်သလို ရေးထားခြင်း ဖြစ်ပါသည်။ အဲသည် အချက်သည် အရေးကြီသးည်ဟု ထင်သော ကြောင့် ထပ်ပြောပါဦးမည်။ သူ ရေးချင်သလို ရေးထားခြင်း ဖြစ်ပါသည်။ ရေးချင်သလို ရေး 'တက်' ဖို. ဆိုသည်မှာ ရတောင့်ရခဲ ဆုလာဘ်ကြီးတစ်ခု ဖြစ်သည်ဟု ကျွန်တော်ပြောလျှင် ခင်ဗျားတို. မျက်နှာမဲ့ကြမည်လား မသိပါ။ လူတော်တော်များများက သင်ကြားခံထားရသည့် 'အတိုင်း' သာ ရေးတက်ကြသည်။ လေ့လာထားသည့် 'အတိုင်း' သာ ရေးတက်ကြသည်။ သိမှတ်စွဲနေသည့် 'အတိုင်း ' သာ ရေးတက်ကြသည်။ ဥပမာတစ်ခု ပြောပါမည်။ လူတော်တော်များများက ကိုယ့်ဝမ်းဗိုက်ထဲမှ ရင်သွေး ကို ဆရာဝန်ကြီးတစ်ယောက်အဖြစ် မွေးဖွားလိုက်ချင်သည်။ အင်ဂျင်နီယာကြီးတစ်ယောက်အဖြစ် မွေးဖွားလိုက်ချင်သည်။ ကျားပေါက်ကတော့ သူ.၀မ်းဗိုက်ထဲမှ ရင်သွေးကို ဘာကောင်ကြီးမျှ မဟုတ်သော နီတာရဲကလေးပေါက်စလေး အဖြစ်နှင့်သာ ရိုးရိုးသားသား မွေးထုတ်လိုက်လေသည်။ သူ.စာတွေဖတ်ပြီး ကျွန်တော် ပိတောက်ပန်းအား နမ်းခဲ့မိပုံကို ပြန်သတိရကာ ပြုံးဖြစ်သည်။ ကျားပေါက်လည်း လောကကြီးကို နမ်းမိပြီထင် သည်။ အမှားဗေဒအကြောင်း သင်တို.သိကြလိမ့်မည် ထင်ပါသည်။ အားလုံး အတူတူထိုင်နေကြသည့်အထဲ ခြင်က ကိုယ့်တစ်ယောက်တည်းကိုမှ ရွေးကိုက်သည်။ သီချင်း CD ချပ်တွင် အစင်းရာခြစ်ရာ ပါနေပြီ ဆိုလျှင် အဲသည့်နေရာကမှ ကိုယ်အကြိုက်ဆုံး သီချင်း စာသားဖြစ်နေတက်သည်။ ဒီတစ်ခေါက်ညှပ်သည့် ဆံပင်ပုံစံကို မကြိုက် ဘူး ဆိုကာမှ ဆံပင်ပြန်ရှည်တာက ပိုပြီး နှေးကွေးလွန်း နေသလို ထင်ရသည်။ ဒါမျိုးတွေက ကျွန်တော်တို.ခောတ်ကျမှ ဖြစ် တက်လွန်းသည်လား။ အဲသည်အခါကျလျှင် ကျွန်တော်တို. စိတ် ထဲတွင် 'ယားယံမှု' တစ်စုံတစ်ရာ ခံစားလာရတက်သည်။ ကျားပေါက်၏ စာတွေထဲမှာလည်း အဲဒီလို 'စိတ် ယားယံမှု ' တွေကို မြင်နေရလေသည်။ တစ်ခါတလေ လောကကြီးထဲမှာ ငါတို. နေ နေသည်ဟု ခံစားရသည်။ တစ်ခါတလေ လောကကြီးက သပ်သပ်၊ ငါတို. ကသပ်သပ်နေသည်ဟု ခံစားရသည်။ အဲသည်အခါ (ဘောလုံးသမားတွေလို) ကိုယ့် နာမည်လေး ကိုယ်ကျောကုန်းမှာထိုးပြီး နေနေချင်သည်။ ကျားပေါက်ကတော့ သူ.ကျော ကုန်းမှာ နာမည်ရေး ထိုးခဲ့ပြီ ထင်သည်။ မင်းခိုက်စိုးစန် ဆက်ပါဦးမည်။

1 comments:

မိုးထက်အိမ် said...

ဆက်ပါဦးဗျာ... ဖတ်ချင်တယ်..