မိတ္တူကူးစက်တွေကြားမှာ ကျွန်တော်မိတ္တူကူးနေတယ်။
စာရွက်တွေ တစ်ရွက်ပြီးတစ်ရွက်
တစ်ရွက်ပြီးတစ်ရွက် အဲဒီစာရွက်တွေ တွေ.နေတဲ့ စာရွက်တွေ
ဟိုလူအကြောင်း ဒီလူ.အကြောင်း မင်းအကြောင်း သူ.အကြောင်း
ဒီလိုနဲ.
ကျွန်တော်အကြောင်းတစ်ရွက်မှ မပါလိုက်ဘူး... ဝေပစ်လိုက်ရမလား ပစ်ဝေလိုက်ရမလား
ကျွန်တော်ကတော့ မှင်တွေစွန်းနေပြီ..။
မှောင်နေတဲ့ မှင်တွေကြားမှာ မင်သက်မိ မင်းသတ်မိတာ ငါ့ကိုပါ
မဟုတ်ဘူး
ငါနှလုံးသားကိုပါ
ကောင်မလေးရေ မင်းလက်နဲ.စွဲဆုပ်ချေမွထားတဲ့ မိတ္တူတစ်စောင်ဟာ ငါပါ...
ပုံဖျက်ထားတဲ့ ငါ့အတ္တတွေကြားမှာ
ငါ့ကိုသက်သက်သာသာ သတ်သေခွင့်နဲ. အသေသတ်သွားတဲ့
ဟေ့ မင်းပြုံးလိုက်တဲ့ အပြုံးတိုင်းဟာ ငါ့နှလုံးသွေးတစ်စက်ဆီပဲ ဆိုတာ မမေ့နဲ.
တစ်စက်စက်နဲ. ဆက်ဆက် ဆက်ကာကျနေတဲ့ အပြုံးတွေ
မမြင်ရင်ကြည့်ပါ အဲဒါ ငါအရှုံးတွေပါ
မမြင်နိုင်ရင်မကြည့်ပါနဲ.တော့ မင်းပင်ပန်းလိမ့်မယ် ပင်ပန်းနေတဲ့ ပန်းလေးကို ငါအလိုမရှိဘူး
မင်းလိုရင် ငါ့ကိုခေါ်သုံးပါ မင်းလိုရင် ငါ့ကိုပစ်မုန်းပါ မင်းအရင်လိုရင်တော့ ငါ့ကိုချစ်ပေးပါ
ဘာပဲပြောပြော မိတ္တူစက်ကတော့ ဆက်လက်ခုတ်မောင်းနေဆဲပဲ။
Wednesday, July 29, 2009
Subscribe to:
Post Comments (Atom)

5 comments:
အရောင်အနံအရသာမရှိတဲ့ Blog ကို
အရောက်နောက်ကျလေခြင်း...
နောက် အသစ်တင်တိုင်းလာဖတ်မယ်..
အဟောင်းတွေလဲလာဖတ်မယ်..
လင့်ခ်ချင်သေးတယ်...
ခင်ခင်မင်မင်
ကျွန်တော်ဒီစာလေးတွေကို ကြိုက်တယ်ဗျ.
တခုရှိတယ် ရေးတဲ့သူနဲ့ တင်ပေးတဲ့ သူက
ကဗျာလို ဆိုပေမယ်။ကဗျာတစ်ပုဒ်တော့ မဟုတ်ဘူးဗျ။ ကျွန်တော်ဖတ်ဖူးခဲ့ တဲ့ ပုံစံ ဆိုရင် ဒါဟာ မော်ဒန် ဝတ္ထုတို တပုဒ်ပေါ့ ဆက်ရေးမယ်ဆိုရင် လည်း ဝတ္ထုကောင်း တခုပေါ့ ဗျာ ။ဆရာလုပ်တာ မဟုတ်ဘူး ဗျာနော်။အမြင် ကို ပြောပြတာပါ။ ကောင်းပါတယ် ကြိုးစားပါဗျာ
အားပေးလျှက်ပါ။
ခင်မင်မှုဖြင့်
အားလုံးကို ပျော်စေချင်တဲ့
ကျွန်တော်ပြောလည်း ခုတ်မောင်းဆဲ ဘဲမဟုတ်လား ကိုတေလေ
ကတေလေရေငါလည်းဆက်လက်ခုတ်မောင်းမင်းလည်း
ဆက်လက်ခုတ်မောင်း။စုတ်ပြတ်လာတဲ့တစ်နေ့ တူတူ
သေကြမယ်။အဟဲ.....
ဖတ်ရတာအဆင်ပြေပါ့ကွာ။
အရေးအသားလေးကောင်းပ
Post a Comment