အိမ်မက်
နာမည်ကြီးတယ်ဆိုတာဘာလည်း။ ဘယ်လိုအရာကို နာမည်ကြီးတယ်လို. ခေါ်သလဲ။လူတွေ ဘာလို.နာမည်ကြီးချင်ကြတာလည်း။တစ်ခုမှ ငါမသိဘူး။ ငါတစ်ခုမှ ငါမသိဘူး။ ငါဘာဖြစ်ချင်လဲ။ အဲဒါတော့ ငါကိုယ်ငါသိတယ်။ ငါက လောကမှာရှိတဲ့ အရာအားလုံးနဲ. တစ်ထပ်တည်း ပေါင်းစပ်ချင်တယ်။ အရာအားလုံးရဲ့ကောင်း ခြင်းဆိုးခြင်းကို ငါခံစားချင်တယ်။ သိချင်တယ်။ အရာအားလုံးဟာငါဖြစ်ချင်တယ်။ အဲဒီအတွက် ငါဘာလုပ်ရမလည်း ငါမသိဘူး။ လောကကြီးမှာ မေတ္တာတရားတွေ ထွန်းကားဖို. ဘာလုပ်သင့်လည်းငါမသိဘူး။ ငါပိုင်ဆိုင်တာဆိုလို. လူငယ်တစ်ယောက်ရဲ့ ခပ်ချာချာအတွေးတွေ၊ ခပ်ကြောင်ကြောင်ဦးနှောက်တစ်လုံး ငါမှာဒါပဲရှိတယ်။
အိမ်မက်၏မနက်ခင်း
တစ်ရက်။ငါနားထဲ အသံတစ်ခုကြားတယ်။ ကောင်မလေးတစ်ယောက်က နာမည်ကြီးလူသားတစ်ယောက်ကို အော်ခေါ်တဲ့အသံ။ အဲဒီအသံအောက်ကို အလိုက်သင့်ပြေးဝင်လာတဲ့ ခွေးလေးတစ်ကောင်။ အဲဒီ အဖြစ်ကို ငါနားက ကြားပြီး ငါမျက်လုံးနဲ.မြင်လိုက်ပြီး ငါနှလုံးသားက ပိတိနဲ. ပြုံးလိုက်တယ်။ ငါသာနာမည်ကြီးတစ်ယောက်ဆို၊ ငါချစ်တဲ့ ပရိသတ်တွေက သူ.ကိုချစ်တဲ့ တိရိစ္ဆာန်လေးတွေကို ငါနာမည်ပေးကြမယ်။ အဲဒီအချိန်ကျရင် ငါဟာခွေးတစ်ကောင်ဖြစ်မယ်။ ငါဟာ ကြောင်တစ်ကောင်ဖြစ်မယ်။ ငါရဲ့ပရိသတ်ဟာ ဆပ်ကပ်ထဲက ဒါမှမဟုတ် တိရိစ္ဆာန်ရုံကဆိုရင် ငါဟာ ကျားတစ်ကောင်ဖြစ်မယ်။ ငါဟာ ဆင်တစ်ကောင်လည်းဖြစ်နေနိုင်တယ်။ ငါနာမည်အောက်မှာ ငါဝိဥာဉ်တွေ ပူးကပ်သွားပြီး ငါဟာတိရိစ္ဆာန်တွေ အဖြစ်နဲ. ရပ်တည်နေနိုင်မယ်။ ငါရဲ့ ၀ိဥာဉ်မှာလည်း တိရိစ္ဆာန်သွေးတွေ စီးဆင်းရောက်ရှိလာမယ်။ငါရဲ့ သမိုင်းကြောင်းဟာ အထင်ကရ ထွန်းတောက်နေရင်။ စာအုပ်တွေထက်မှာ ငါ့နာမည်ပါလာလိမ့်မယ်။ ငါ့ရာဇ၀င်ကို ဖော်ကျူးကြမယ်။ ငါဟာ ကဗျာတစ်ပုဒ်ဖြစ်မယ်။ ငါဟာဝတ္တုတိုတစ်ပုဒ်ထဲက ညွှန်းဆိုရာ အက်ကြောင်းတစ်ခုဖြစ်မယ်။ ငါဟာ အမွှေးထုံဆုံး လမ်းပြကြယ်တစ်လုံးအနေနဲ. လူသားတွေရှေ့ကို ရောက်မယ်။ တစ်ချိန်မှာ ငါဟာ ငြိမ်းချမ်းရေးပန်းချီကားတစ်ချပ်ရဲ့ အမည်နာမလည်းဖြစ်လာနိုင်တယ်။ ဂီတသစ်တစ်ခုရဲ့ ရှုမျော်ခင်းလွင်ပြင်ကျယ်လည်း ဖြစ်မယ်။ငါဟာနောက်ထပ် အသစ်တွေ.ရှိတဲ့ ကမ္ဘာသစ်တစ်ခုလည်း ဖြစ်နေနိုင်တယ်။ ငါသာ ကမ္ဘာသစ်ဆို ငါလိုချင်တဲ့ အရာတစ်ခုကို သေချာဖော်ဆောင်ပေးမယ်။ ငါ့ကမ္ဘာသစ်မှာ အာဒံနဲ.ဧ၀အတွက် ငါဘယ်တော့မှ ပန်းသီးခင်းပျိုးမှာ မဟုတ်ဘူး။ ပန်းသီးပင်အစား ငြိမ်းချမ်းရေး ပန်းခင်းတစ်ခုငါပျိုးထားမယ်။ အဲဒိပန်းခင်းဟာလည်း ငါ့နာမည်နဲ. ဖြစ်နေနိုင်တယ်။ ဒါမှမဟုတ် ဗြဟ္မာကြီးလေးပါးရဲ့ မြေဆီမြေနှစ်တွေ ဘယ်တော့မှ မကုန်ခန်းစေရဘူးလို. ငါ့ကမ္ဘာသစ်မှာ ငါဂတိပြုတယ်။ ဒါမှ မဟုတ် ငါဟာမိခင်သစ်နဲ. အသစ်မွေးဖွားလာတဲ့ ကလေးငယ်တစ်ယောက် ဖြစ်သွားနိုင်သေးတယ်။ အဲဒီကလေးမှာ ငါရဲ့လူသားဆန်ခြင်းတွေ၊ ကောင်းမွန်ချိုမိန်လတ်ဆက်တဲ့ နှလုံးသား ၀ိဥာဉ်တွေ သူ.ဆီကိန်းအောင်းနေစေမယ်။ တစ်နေ. အဲဒီကလေးဟာ ငြိမ်းချမ်းရေးရဲ့ ဖခင်လည်းဖြစ်လာနိုင်တယ်။ ငါဟာ များစွာသော ဖြစ်ခွင့်တွေနဲ......
အိပ်ရာဝင်အိမ်မက်
ငါ့အိမ်မက်တွေရဲ့ လမ်းစကို ငါတွေ.ခဲ့ပြီ။ ငါသာနာမည်ကြီးခဲ့ရင် စတြာဝငှာအတွင်းမှာရှိတဲ့ အရာအားလုံးဟာ ငါနဲ.ထပ်တူကျနေရင် ငါ့နာမည်တွေစီးဆင်းနေမယ်။ ငါနာမည်အောက်မှာ ငါ့ဝိဥာဉ်တွေ စီးဝင်ခိုကပ်လို...။ကမ္ဘာသစ်တစ်ခုလုံးက ၀ိဥာဉ်တွေထပ်တူကျနေလိမ့်မယ်။ အားလုံးဟာ အတူတူပဲဆိုတာသိတဲ့တစ်နေ. ကမ္ဘာာကြီးက ငြိမ်းချမ်းနေမှာပဲလေ။ ငါ့နာမည်အောက်မှာသာ အားလုံးထပ်တူကျနေခဲ့ရင် ကမ္ဘာကြီးကလည်း.......။ငါနာမည်ကြီးမှ ဖြစ်တော့မယ်။ ငါနာမည်ကြီးမှဖြစ်တော့မယ် ဆိုတဲ့ အတွေးတွေနဲ.......
အိမ်မက်
ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးဟာလည်း ငါရဲ့အမည်နာမ ဖြစ်လာနိုင်တယ်။
Tuesday, June 30, 2009
Subscribe to:
Post Comments (Atom)

1 comments:
ဖတ်လို့ကောင်းတယ်တေလေရေ
အောက်က word verification ဖြုတ်လို့ရရင်
ဖြုတ်လိုက်ပါလား ကွန်မန့်ပေးလို့လွယ်တာပေါ့
Post a Comment