Monday, June 15, 2009

သုည= အပြုံး = သေဆုံးခြင်း = ကျွန်တော်

စကားလုံးပေါင်းမြောက်များစွာကို ချေပဖို. ဘယ်လိုစကားအသုံးအနှုန်းတွေ လိုအပ်ပါသလည်း။ အမှန်အတိုင်းဆို ကျွန်တော်ဘယ်စကားလုံးကိုမှ မချေပခဲ့ပါဘူး။ မချေပချင်ပါဘူး။ စကားတစ်ခွန်းတော့ ပြောခွင့်ပြုပါလေ။ ကျွန်တော်က သုညတစ်လုံးပါဗျာ။ အဲဒီစကားတစ်ခွန်းက အရာရာကို ချေပပြီးသား ဖြစ်နေတာက အံသြစရာ ကောင်းတယ်နော်။ တကယ့်ကို မရည်ရွယ်ခဲ့တဲ့ သုညတစ်လုံးပါ။ နင် ဒီအခန်းထဲမှာ နေနေသမျှတော့ ဘယ်တော့မှ သုညက တက်မှာမဟုတ်ဘူး။ ဟုတ်ကဲ့။ ပြောပါ….။ ကျွန်တော်ကျေနပ်ပါတယ်။ သုညတစ်လုံး ဖြစ်အောင် အချိန်ဘယ်လောက်ပေးရလည်း မသိတဲ့လူတွေအတွက် သုညတစ်လုံးဖြစ်ပြီးချိန် ကျွန်တော်ဘာမှ မပြောတော့တာကို ကျေနပ်ပေးကြပါ။ စကားပြောရင်းအမောဖောက်တာ ခံရခက်လွန်းလို.ပါ။ ပြောကြတယ်။ တစ်လောကလုံးက ပြောကြတယ်။ ကျွန်တော်ကို နှိမ်ချခွင့်ပြုပါ။ အရှေ့မှာ မြင်နေရတဲ့ သုညတစ်လုံးကို လက်ညှိုးနဲ.တောက်ထုတ်လိုက်ပါ။ အားစိုက်ထုတ်စရာတောင် မလိုပဲ ကမာရဲ့ အဝေးဆုံး မမြင်ကွယ်ရာကို ပုန်းရှောင်ပေးမယ့်သူဟာ ကျွန်တော်ပါ။ ဒါမှမဟုတ်လည်း ဆပ်ပြာပူဖောင်းတစ်လုံးကို လေနဲ. မှုတ်ထုတ်လိုက်သလို ပြုမူခြင်းမျိုးကိုလည်း ခွင့်ပြုနိုင်ပါတယ်။ ဟုတ်ကဲ့ ။ အားလုံးအပြီးမှာ ကျွန်တော်ပြုံးပါတယ်။ သုညတစ်လုံးဖြစ်တဲ့ ကျွန်တော်ရဲ့အပြုံးမှာ တစ်လောကလုံး ရှုံးသွားပါတယ်။ ကျွန်တော်ဘယ်သူ.ကိုမှ အညံခံခိုင်းခဲ့ခြင်း မရှိပါ။ တကယ့်ကို သွေးရိုးသားရိုးပါပဲ။ အားလုံးဟာ သူတို.အလိုကျသူတို. အရှုံးပေးသွားကြတာပါ။ အနီရောင်ကတီပါတစ်ခင်းလုံးပြည့်လျှံသွားအောင် ကျွန်တော်မောပါတယ်။ တစ်ယောက်ကမေးတယ်။ လူဆိုတာ ဘယ်လိုဖြစ်ရမလည်း သိလား။ ဘယ်လိုနေရမှာလည်း။ ကျွန်တော်က သူ.ကို ကျွန်တော်အမှန်တရားအတိုင်း လုံးဝန်းပြလိုက်ပါတယ်။ သုညတစ်လုံးရဲ့ ၀ိုင်းစက်မှုကို မြင်အပြီးမှာ လေးထောင့်ကျကျ၊ တြိဂံပုံ.... မဟုတ်ဘူး.... ဘာမှန်းမသိတဲ့ တောက်ခတ်သံတွေ အလုံးအရင်းနဲ. ဆုတ်ခွာသွားကြပါတယ်။ အမှိုက်မှန်သမျှ စွန်.ပစ်ရဲလောက်အောင် စေတနာကောင်းရင်တော့ ကျွန်တော်ကိုလည်း စွန်.ပစ်လိုက်ပါ။

0 comments: