တစ်ရက်သော နေ.တစ်နေ.။ နေ.တစ်နေ.ရဲ့ တစ်ရက်တာမှာ လူသားတွေ ပါဝင်ပေမယ့်။ လူသားတွေ မပါဝင်လည်း နေ.တစ်နေ.က ဖြစ်တည်နေတာပဲလေ။ လူသားက ဘယ်လောက် အရေးကြီးလို.လည်း။ လူသားက ဖျက်ဆီးခဲ့တယ်၊ဧဒင်ဥယျာဉ်၊နောက်နိုင်ငံတစ်နိုင်င်၊ နောက် ကမ္ဘာတစ်ခုလုံး ၊အားလုံးကို လူသားက ဖျက်ဆီးခဲ့ပြီးပြီ။ နောက်အခု စတြ၀ဏှာကို ဖျက်ဖို. ကြံနေပြန်ပြီ။ လူသားဆိုတာ မရှိတော့သင့်တော့ဘူး။ ပျက်သုန်းသင့်ပြီ။ လူသားတွေ ရှိသမျှ ကာလပတ်လုံး ကမ္ဘာကြီးက ပျက်ဆီးဖို.သာ ဖြစ်တယ်။ ကြောက်ဖို.ကောင်းလိုက်တဲ့ လူသားတွေ။ဘယ်တော့များမှ မျိုးသုန်းပျောက်ကွယ်မှာလည်းကွာ။ လူသားတွေကို ဖျက်ဆီးဖို. အချိန်တန်ပြီ။ ကမ္ဘာပျက်ကပ်ဆိုက်ရောက်ဖို. ငါမှာများ တာဝန်ရှိမလား။ လကမ္ဘာကိုတက် ဒုန်းလက်နက်တစ်လက်နဲ. ဖြိုခွင်းဖို.အသွား လူသားတို. ကမ္ဘာကို လည်ပြန်ကြည့်တော့။
လူသားတွေ အသက်ရှင်ဖို. ရုန်းကန်ရင်း၊ ရုန်းကန်ရင်း အသက်ရှင်လျှက်၊ တစ်ရက်ပြီးတစ်ရက် မေ့လို.သေဆုံးနေတယ်။ အသက်ရှင်တဲ့ ရက်တွေမှာ ငိုကြွေးလိုက်၊ ရယ်မောလိုက်။ ငိုကြွေးလိုက်တိုင်းလည်း ကမ္ဘာမြေက ပြေးထွက်ချင်စိတ်(လွတ်မြောက်လိုစိတ်) တွေ ဝေသီလို.၊နောက်တော့လည်း ဘာမဟုတ်တဲ့ အပျော်တစ်ခုနဲ. သေဆုံးရမယ်မှန်း သိသိကြီး အသက်ရှင်ဖို. ရုန်းကန်ကြပြန်တယ်။ သနားဖို.ကောင်းလိုက်တဲ့ လူသားဘ၀။ လူသားဘ၀လောက် သနားဖို.ကောင်းတဲ့ အရာရှိဦးမလား။ ကိုယ်ကိုကိုယ် သနားဖို.ကောင်းမှန်းနားမလည် `ငါဟဲလူသား´ ဆိုပြီုး တစ်လောကလုံးမှာ ရှိတဲ့ အရာအားလုံးကို ဖျက်ဆီး။ တစ်ခါတစ်ရံ လက်တစ်ဆစ်လောက် စိတ်ထားကောင်းချင်ယောင်ဆောင်သေးရဲ့။ ဘာပဲပြောပြော လူသားတွေ ပျော်ကြပါစေတော့။ လူသားတွေရဲ့ အပျော်နဲ. ကမ္ဘာတစ်ခုလုံးဟာ ပွဲဦးထွက်ကတည်းက လဲလှယ်ပြီးသားလေ။ ကမ္ဘာတစ်ခုလုံးဖြစ်တဲ့ ငါ ကပဲ တိတ်တိတ်လေး အဝေးဆုံးသို.....................။
Subscribe to:
Post Comments (Atom)

2 comments:
ဦးဆုံးလာမန့်တယ်....
တရားတွေပေါက်ပြီး တောထွက်တော့ မလို့လား...
ပေါက်မြောက်သွားရင် တရားဟော နည်းလမ်းပြပါဦးနော်
ဘယ်သွားမလို့လဲကွာ အဆင်ပြေရင်လဲ ပြောဦးလေကွာ
အဆင်ပြေပျော်ရွှင်ပါစေကွာ
Post a Comment