Friday, October 24, 2008

ဘာပြောမိလို.လည်း

ညီညီတစ်ယောက် မြို.ထဲသို. ရုပ်ရှင်သွားကြည်.ရန် လိုင်းကားစောင်.နေမိတယ်။ အိမ်မှ သင်တန်းသွားရန်ဟု ဆိုပြီးထွက်လာသောကြောင်. အိမ်မှလူများ မြင်သွာမှာလည်း စိုးရသေးသည်။ ၄၃ ကားတစ်စီး ညီညီ ရပ်စောင်.နေသော မှတ်တိုင်သို. ထိုးစိုက်လာသဖြင်. ကားအခြေအနေကို အကဲခတ်လိုက်ရာ အနည်းငယ် ချောင်သဖြင်. တက်လိုက်သွားမိသည်။ ညီညီဆူးလေသို.သွားရန်ကားခပေးပြီးမှ သတိထားမိသည်မှာ ကားမှာချောင်သည်ဟု ထင်ပြီးတက်လိုက်မိရာမှ အတော်လေးကျပ်နေလေသည်။ မ၊ဥ အ၀ိုင်းသို.ရောက်သောအခါ လူတော်တော်များများထပ်တက်လာသောကြောင်. ကားမှာပိုကျပသွားလေသည်။ ထိုတက်လာသူများထဲမှ အတော်လေးလှသောအမကြီးတစ်ယောက်(၂၀လောက် ရှိပါလိမ်.မယ်) ကို ညီညီသတိထားမိသွားသည်။ ထို အမကြီးလည်း လိုင်းကားကျပ်ကျပ်တွင်တိုးဝှေ.ရင်း ညီညီရှေ.သို. ရောက်မှန်းမသိ ရောက်လာသည်။ အမကြီးက ဆူးလေထိဟု ကားခပေးစီးသည်ကိုတွေ.ရာ ညီညီပျော်သွားသည်။ ဟုတ်သည်လေ ထိုမမရဲ အလှအပကို ဆူးလေထိ ခံစားခွင်.ရပြီကိုး။ ကားကလည်း ဆက်မောင်းလာရင်း န၀ဒေးသို. ရော်ကာ ကားရပ်လိုက်ရာ မမ မှလှည်.ကြည်.လေသည်။ ညီညီတစ်ယောက် ပျော်သွားသည်။ ထိုအမကြီးမှ ကားတစ်ခါရပ်တိုင်း ညီညီကို လှည်.ကြည်.လေသည်။ ထိုအမကြီး မျက်နှာလည်း မကောင်းတော.။ ဘာများဖြစ်လို.လည်း ကိုယ်ကို ကို ပြန်ဆန်းစစ်ကြည်.မိရာ။ အော။ တွေ.ပါပြီ တရားခံကို။ ညီညီ ရှေ့တွင် လွယ်ထားသော ကချင်လွယ်အိတ်ထဲမှာ ခိုထီးအမဲလေးကို ထည်.ထားသည်ကိုး။ ဒါကြောင်. ကားရပ်လိုက်တိုင်း-------- ညီညီထိုအမကြီးအား အရမ်းအားနာသွားမိတယ်။ အထင်လည်းအလွဲမခံနိုင်။ လိုင်းကားပေါတွင် အော်ကြီးဟစ်ကျယ်လည်း မပြောချင်။ ထိုကြောင်. အမကြီူးနားကပ်ပြီး တိုးတိုးလေးပြောလိုက်မိသည်။ ထိုပြောလိုက်သောစကားကြောင်. အမကြီးလည်း အနီးဆုံးဖြစ်သော လမ်းနီမှတ်တိုင်တွင် ကမန်းကတန်း ဆင်းသွားလေသည်။ အဘယ်ကြာင်. ထိုသို. ဆင်းသွားမှန်းလည်း ညီညီ ယနေ.တိုင် စဉ်းစားမရဖြစ်နေလေသည်။ ညီညီပြောလိုက်သော စကားက **အမ ၊ ထီးပါဗျ ** ဟူတည်

0 comments: