ငါ့ရဲ့မျက်နှာကို တစ်ချက်လောက်ကြည့်ပါ…သံစဉ်..။ လင်းပမှုတွေ ဖြိုးဖြိုးဖျက်ဖျက် တောက်ပဖို.တော့ မျှော်လင့်ပါရစေ……..။ ငါ့ရဲ့ နှလုံးသားကို မြင်သာအောင် ကြည့်ပေးပါဦး…။ ငါ့နှလုံးသားကနေတစ်ဆင့် မင်းနှလုံးသားကနေတစ်ဆင့် ငါတို…..ငါတို. နှစ်ယောက်ရဲ့ အတိတ်တွေအတွက် မင်းတစ်ချက်လောက်တော့ ပြုံးပြပေးပါ သံစဉ်…။ မြင်နေရတဲ့ ကောင်းကင်ပြာပြာကြီးအတွက်.. ပျံသန်းနေတဲ့ ငှက်ငယ်လေးတွေအတွက်.. အင်းယားကန်ရေပြင်ကို ဖြတ်သန်းလာတဲ့ လေနုအေးလေးတွေအတွက်.. အတူ လျှောက်လှမ်းဖူးတဲ့ မြေနီလမ်းလေးအတွက်..တိုးတိုးငြင်သာ ထွက်ပေါ်လာမယ့် စကားလုံးအချို.အတွက်.. ငါ့ပခုံးထက်က လွယ်အိတ်ခပ်ရွယ်ရွယ်တစ်လုံး အတွက်.. နောက်ပြီး.. ငါ့ရဲ့မနက်ဖြန်တွေအတွက်.. မင်းရဲ့ အပြုံးတစ်ချက်နဲ. အသက်သွင်းပေးပါ.. သံစဉ်..။ လောကမှာ အလိုအပ်ဆုံးဟာ ဘာလည်းဆိုတာကို ငါသေချာမသိခဲ့ပေမယ့် မင်းရဲ့ အပြုံးတွေကို မြင်တွေ.ခွင့်ရရင် ငါမှာလိုအပ်တာ ဘာတစ်ခုမှ မရှိတော့လို.ပါ သံစဉ်..။ အပြုံးတွေ အတွက် အချိုမြဆုံး တေးတစ်ပုဒ်မလိုပါဘူး.. ငြိမ်းချမ်းရေး အထိမ်းအမှတ် အပြာနုရောင်တွေလည်း မလိုပါဘူး.. ခပ်တေတေ စုတ်မွဲနေတဲ့ ခရီးဆောင်အိတ်ထဲက ဆွဲထုတ်ဖော်ပြဖို.လည်း မလိုပါဘူး.. ပီကာဆိုရဲ့ စုတ်ချက်တွေလည်း မဖြစ်နိုင်ပါဘူး.. မိုးခေါင်လို.တီးတဲ့ ဗုံသံကို တစ်ဝကြီးနားထောင်နေလို.လည်း ပြီးမြောက်သွားမှာ မဟုတ်ပါဘူး..။ သံစဉ်……အပြုံးတွေအတွက်.. ငါလိုတဲ….့ အပြုံးတွေအတွက် လိုအပ်တာက မင်းရဲ့……မင်းရဲ့… ငါပြောမပြတကိနိုင်တဲ့…့ငါ…..…ငါဘာမှန်းမသိတဲ့ ဖြူစင်လွန်းတဲ့ အတက်ပညာတစ်ချို.ပေါ့..။ မှော်မဆန်ဘူးဆိုတာတော့ သေချာပါတယ်…….။မင်းကိုငါ ချစ်စကားပြောခဲ့တဲ့တုန်းက မင်းမျက်နှာမှာ ဖြစ်ပေါ်သွားတဲ့ ရှက်ပြုံးလေးတွေက အရမ်းလှလွန်းတယ်ကွာ..။ မင်းရဲ့ရှက်ပြုံးလေးတွေ ယှက်ဖြာသွားတဲ့ အဲဒီညနေခင်းဟာ အသက်အ၀င်ဆုံး ညနေခင်း အဖြစ် အချစ်နတ်ဘုရားတို.ရဲ့်ရာဇ၀င်မှာ ရေးထိုးမှတ်တမ်းတင်လိုက်ကြတယ်…..ပန်းနုရောင်မင်ရည်ကျဲနဲ့ပေါ့…..။ အဲဒီအကြောင်းတွေ မင်းကို ငါပြန်ပြောမိတော့ မင်းကမယုံသလိုနဲ. မင်းကြိုက်တဲ့မင်းသမီးလေးရဲ့ အပြုံးနဲ. နှိုင်းယှဉ်ပြီး မေးလိုက်တော့ တကယ်ကို ငါ့မျက်လုံးတွေပြာဝေသွားခဲ့ရပါတယ်..။ ကောင်းကင်ကြီးတောင် အရောင်တွေ ပြယ်လွင့်သွားသလားမသိ…….။ဘယ်လိုများ မေးလိုက်တာလည်း.. သံစဉ်..။ငါ အမှန်အတိုင်းဖြေရရင်.. အဲဒီ မင်းသမီးလေးရဲ့ ရှက်ပြုံးလောက်တော့ မင်းအပြုံးက ဘယ်လှနေမလည်း.. သံစဉ်..။ ဒါပေမယ်..ဒါပေမယ်ပေါ့ကွာ…….အဲဒီမင်းသမီးလေးရဲ့ ရှက်ပြုံးမှာ သောကတွေပါတယ်.. ဖုံးကွယ်ခြင်းတွေပါတယ်.. သံမဏိဆန်တဲ့ စက်ရုပ်အပြုံးသာ ဖြစ်တယ်.. ကျီးကန်းတစ်ကောင်ရဲ့ အဖြူရောင်တောင်ပံတစ်စုံလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ခပ်ဝေးဝေးက လွင့်လာတဲ့ မသတီခြင်းတွေနဲ. ဆေးခြယ်ထားတဲ့ အပြုံးတစ်စုံပေါ့..။ အဲဒီအပြုံးမှာ ငွေသံတွေ တချွင်ချွင်နဲ. စိတ်ပျက်စရာကောင်းတယ်..။ အသေချာဆုံးကတော့ မင်းကြိုက်တဲ့မင်းသမီးလေးရဲ့ အပြုံးဟာ ဘယ်လောက်လှလှ ဘယ်သောအခါမှ အချစ်နတ်ဘုရားတို.ရဲ့ ရာဇ၀င်မှာ အရေးထိုးခံရလိမ့်မှာမဟုတ်ဘူး..။ ဘာလို.လည်း..။ ရာဇ၀င်မှာရေးထိုးနိုင်လောက်အောင် သံစဉ်.. မင်းရဲ့ ရှက်ပြုံးက ကြီးကျယ်ခမ်းနားလွန်းပါတယ်။ ကျင့်သားမရသေးတဲ့ နန်းဆောင်တစ်ခုရဲ့ မြင့်မြတ်မှုမျိုးပေါ့.. အရာရာကို မင်းက ထည့်သွင်းသတ်မှတ်နိုင်တဲ့ အပြုံးတွေပေါ့………။မင်းရဲ့ အပြုံးနဲ. ကံကောတစ်တောလုံးလည်း မွှေးခဲ့တယ်.. တောင်ကျစမ်းတွေလည်း အေးခဲ့တယ်.. ဂီတသံတွေလည်း ပိုပြီးသာယာခဲ့တယ်.. ကဗျာတွေလည်း ခမ်းနားခဲ့တယ်.. နောက်ငါဆိုတဲ့ ကောင်ကလည်း လူသားပို ဆန်လာခဲ့တယ်..။ အဲဒီတော့…….သံစဉ် မင်းပြုံးပါ..။ငါဘာမှန်းမသိတဲ့ မင်းရဲ့ ဖြူစင်လွန်းတဲ့ အတက်ပညာအချို.ဆိုတာ ရင်ခုန်သံကို မဖုံးကွယ်တက်တဲ့ မင်းရဲ့စိတ်ထားလေး (လူသားဆန်ခြင်း) ကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်..သံစဉ်..။မင်းရဲ့ အပြုံးတွေဟာ ရိုးသားမှုနဲ.ပျော်တက်တဲ့ အနုပညာတစ်မျိုးပေါ့။ သဘာဝက ပေးတဲ့ရိုးသားမှုဆိုတာဟာ မင်းရဲ့ အပြုံးတွေကို ရည်ညွှန်းတာ ဖြစ်ပါလိမ့်မယ်။ မင်းရဲ့ အပြုံးတွေလှပနေရတဲ့ အဓိက အကြောင်းအရင်းဖြစ်တဲ့ ရင်ခုန်သံတွေနဲ. အတူမင်းပြုံးပါ..။ မင်းရဲ့ ရင်ခုန်သံ အတက်အကျတွေနဲ. အတူ ကမ္ဘာမှာ အလှပဆုံး မင်းပြုံးပါ..။ ရင်ခုန်သံတွေနဲ. အတူထွက်ကျလာတဲ့ မင်းရဲ့ အပြုံးတွေဟာ အချစ်နတ်ဘုရားတွေရဲ့ မှတ်ကျောက်မှာ အစစ်ဆေးခံပြီးပြီမို. ရဲရင့်စွာပဲ မင်းအပြုံးတွေကို…………………..အလှတရားတွေအတွက် ဖြန်.ခင်းလိုက်ပါတော့။ အဲဒီညနေရဲ့ တောင်ပံတစ်စုံဟာ ဟိုးဝေးဝေးကို ပျံသန်းသွားမှာ မဟုတ်တော့ဘူး….. မေသံစဉ်။ လှပသောအပြုံး=ရင်ခုန်သံ
Friday, November 14, 2008
Subscribe to:
Post Comments (Atom)

2 comments:
ပေါက်စီလာလည်သွားတယ်ရှင့်...........
အရေးအသားလေးကောင်းလို့ အားပေးသွားတယ်နော်.
ချစ်သောတေလေရေ..........!!!!!!
ကောင်းတယ် တေလေရေ....။ နောက်လည်း ထပ်တင်ရင် ငါ့ကို ပေးဖတ်ဦး..။
Post a Comment