Friday, December 12, 2008

ကျွန်တော်ကျွန်မတို.လက်ဖက်ရည်ဆိုင်ထိုင်ကြသည်

ကျွန်တော်သည် လူငယ်တစ်ယောက်ဖြစ်သည်နှင့်အညီ လက်ဖက်ရည်ဆိုင် ထိုင်ရခြင်းကို အလွန်နှစ်သက်ပါသည်။ သို.သော် ကျွန်တော်ယခု အသက်(၁၉) နှစ်အရွယ်အထိ လက်ဖက်ရည်ဆိုင်ကို အကြိမ်(၅၀) ထက်ပိုမထိုင်ဖူးပါ။ ဘာကြောင့်လဲ ။ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းသည် တစ်ယောက်တည်းထိုင်ခြင်းထကု သူငယ်ချင်းများနှင့် ၀ိုင်းဖွဲ့ကာထိုင်ရခြင်းက ပိုရ်ျ အရသာရှိသည်ဟု ထင်သောကြောင့်ဖြစ်ပါသည်။ ကျွန်တော်တွင် သူငယ်ချင်းအများကြီးမရှိပါ။ ရှိသောသူငယ်ချင်းများသည်လည်း လက်ဖက်ရည်ဆိုင် သိပ်မထိုင်တက်ကြပါ။ တုံးအလွန်းသည်ဟု ဟားတိုက်ကြပါကလည်းကျွန်တော်နှင့် သုငယ်ချင်းများ ခံကြရရုံသာ။ လက်ဖက်ရည်ဆိုင် ထိုင်ခြင်းကို နှစ်သက်ကြသည့် လူကြီး၊ လူငယ်လူအများကြားတွင် ကျွန်တော်လည်းပါဝင်ပါသည်။ ကျွန်တော်သည် လက်ဖက်ရည်ဆိုင်ထိုင်လေ့ထိုင်ထမရှိသောလည်း လက်ဖက်ရည်ဆိုင်တွင် ခံစားရသော အကြောင်းတရား၊ အကျိုးတရားများကို နားလည်ပါသည်။ အပေါင်းအသင်းများနှင့် လက်ဖက်ရည်ဆိုင် ထိုင်ခြင်းကို နှစ်သက်သော ကျွန်တော်သည် တစ်ယောက်တည်း အေးဆေးငြိမ်သက်စွာ သုံးဆောင်ရသော လက်ဖက်ရည်ဆိုင် တစ်မျိုးတွင်ထိုင်တက်လာသည်။ ထိုဆိုင်ကို လူအများက Internet cafe ဟု ခေါ်သည်။ cafe ဆိုသောစကားလုံးသည် coffee ဆိုသော စကားလုံးနှင့် ဆင်တူသောကြောင့် ထိုဆိုင်လေးများကို ကျွန်တော်က ကော်ဖီဆိုင်ဟု သုံးနှုန်းပါသည်။ လက်ဖက်ရည်ဆိုင်တွင် လူအများစားသုံးကြသည်မှာ လက်ဖက်ရည်တစ်မျိုးတည်း မဟုတ်ပဲ အရာပေါင်းများစွာသော လူမှုရေးရာကိစ္စရပ်များကိုပါ စားသုံးကြပါသည်။ ကော်ဖီဆိုင်လေးထဲသို. ကျွန်တော် တစ်ယောက်တည်းဝင်လာခဲ့ရသော်လည်းဆိုင်ထဲရောက်ပါက အပေါင်းအသင်းများနှင့် လက်ဖက်ရည်ဆိုင် အရသာကို အပြည့်အ၀ခံစားလိုက်ရသည်။ လက်ဖက်ရည်ဆိုင်ထိုင်သောအခါ ကျွန်တော်တို. လူငယ်များသည် အာရုံတစ်ချို.ကို ဖြတ်သွားဖြတ်လာများအပေါ် ရွှေ.ပြောင်းထားတက်ကြသည်။ ထိုဖြတ်သွားဖြတ်လာများတွင် ယောင်္ကျားလေးများ၊ မိန်းမငယ်များစသည့်ဖြင့် မျိုးစုံပါဝင်ကြလေသည်။ မည်သို.ပင်ဖြတ်သွားဖြတ်လာများပြားစေကာမူ လူငယ်အမျိုးသားထု အတွက် မျက်စိအကျဆုံးမှာ အမျိုးသမီးငယ်များဖြစ်သည်။ လူငယ်တို.သည် လူငယ်တို.ဘာဝ ထိတွေ.ကြသည်။ ကြိမ်ဖန်များစွာ လက်ဖက်ရည်ဆိုင်ထဲထိုင်ကာ အမျိုးမျိုး နောက်ပြောင်ကြသည်.။ အမျိုးသမီးငယ်များကို မိမိတို. အတွေးနှင့် မိမိတို. အမျိုးမျိုး ဝေဖန်ပိုင်းဖြတ်ခွဲခြားတက်ကြသည်။ ကျွန်တော်ထိုင်သော ကော်ဖီဆိုင်လေးတွင်လည်း ဖြတ်သွားဖြတ်လာများ ပျားပန်းခတ်မျှ ရှုပ်ပွနေသည်။ လက်ဖက်ရည်ဆိုင်လူငယ်များ၏ အတွေ.အကြုံနှင့်တူတူပင်ဖြစ်သည်။ ထိုဖြတ်သွားဖြတ်လာများထဲ့ ကျွန်တော်၏ အာရုံ့များစီးမျောခြင်းကို chatting ဟုခေါ်သည်။ လက်ဖက်ရည်ဆိုင်နှင့် တစ်ခုကွာသည်မှာ ကော်ဖီဆိုင်များတွင် အမျိုးသမီးငယ်များလည်း အာရုံကို ဖြန်.ကျက်ထားကြသည်။ ထိုကြောင့် ကျွန်တော်တို.သည်လည်း စောင့်ကြည့်ခံ ဖြတ်သွားဖြတ်လာများဖြစ်သွားရသည်။ ခောတ်စနစ်အရ အမျိုးသမီးငယ်များသည် ကျွန်တော်တို. အမျိုးသားထုအား မျက်လုံးချင်း ယှဉ်ပြိုင်လာနိုင်ပြီဖြစ်သည်။ ကော်ဖီဆိုင်လေးတွင် အမျိုးသားနှင့် အမျိုးသမီးတို. တန်းတူဖြစ်သွားခဲ့ရပြီ ဖြစ်သည်။ လူငယ်တို.သည် လက်ဖက်ရည်ဆိုင်တွင်ထိုင်ရ်ျ ဖြတ်သွားဖြတ်လာ အမျိုးသမီးများထဲမှ မိမိတို.နှစ်သက်မိသူအချို.အား ချစ်ခွင့်ပန်ကြသည်။ အချစ်ကို ရရှိရန် အမျိုးမျိုးကြိုးစားကြသည်။ ချစ်သူဖြစ်သွားကြသည်လည်း ၇ှိသည်။ အသဲကွဲကာ လက်ဖက်ရည်ဆိုင်ထဲ ကျန်နေခဲ့သူတွေလည်းတစ်ပုံတစ်ပင်။ တစ်ခါတစ်ရံဉ် ချစ်သူလာရာလမ်းကို စောင့်မျှော်ရသောနေရာသည်လည်းကောင်း၊ ချစ်သူနှစ်ဦးဆုံဆည်းရာ နေရာသည်လည်းကောင်း လက်ဖက်ရည်ဆိုင်ဖြစ်သည်။ ကျွန်တော်ထိုင်သော ကော်ဖီဆိုင်လေးတွင်လည်း ဖြတ်သွားဖြတ်လာများကြားမှ အချစ်ဇာတ်လမ်းလေးများက ကြည်နူးဖွယ်ပင်။ chatting ထဲမှ လွမ်းမောဖွယ် ချစ်သူစုံတွဲများ၏ ပိတိအပြုံးလေးများက ကော်ဖီဆိုင်လေး၏ ကျေးဇူးပင်မဟုတ်လော။ ဒူးတိုက်ဆွေးနွေးသော အကြောင်းအရာပေါင်းများစွာသည် လက်ဖက်ရည်ဆိုင်ထဲတွင် ဆူညံစွာထွက်ပေါ်နေသည်။ အချို.က ဘာသာရေး၊ အချို.က အချစ်ရေး၊ အချို.က ပညာရေး၊ အချိုက အလုပ်အကြောင်း၊ အချို.က မိမိတို. ၀ါသနာပါရာ စသည်ဖြင့် စသည်ဖြင့် လူငယ်များ အပြုံးကိုယ်စီဖြင့် ဆွေးနွေးနေကြသည်။ ပြသနာ၏ အဖြေများကို ပူးပေါင်းရ်ျရှာဖွေနေကြသည်။ ကျွန်တော်နှစ်သက်မိသော ကော်ဖီဆိုင်လေးတွင ရှိသော ဆွေးနွေးပွဲနေရာများကို ကျွန်တော်တိုက forum ဟုခေါ်သည်။ တစ်ယောက်နှင့်တစ်ယောက်မမြင်ဖုူးပဲ တိုင်ပင်နေကြသော လူငယ်ပေါင်းများစွာက ကော်ဖီဆိုင်လေးထဲတွင် အကြောင်းအရာပေါင်းများစွာကို သိသွားပြီဖြစ်သည်။ အကြောင်းအရာပေါင်းများစွာကို ခေါင်းစဉ်တပ်နေကြပြီဖြစ်သည်။ လက်ဖက်ရည်ဆိုင်လေးထဲတွင် စာရွက်တို အပိုင်းအစများ ဟိုမှဒီမှ လွင့်ပျံနေသည်။ လူငယ်ချင်းချင်း ဝေမျှဖတ်ရှုနေသော ကဗျာအတိုအစ ၀တ္တုများဖြစ်ကြသည်။ တစ်ချို. သီချင်းခွေကြမ်းလေးများ ပင်ပါလိုက်သေးသည်။ တစ်ယောက်ရေးသောစာ တစ်ယောက်ဖတ်ရှုဝေဖန်ရင်း အနုပညာပေါင်းများစွာကို ဖန်တီးကာညီရင်းအစ်ကို စိတ်ဓါတ်ဖြင့် မိမိတို. ယုံကြည်ရာကို လျှောက်လှမ်းနေသော လူငယ်လေးများလည်းရှိသည်။ ထိုကဲ့သို. လူငယ်လေးများစုဝေးနေသော နေရာကို ကျွန်တော်တို.ကော်ဖီဆိုင်လေးတွင် Blogger အသိုင်းအ၀ိုင်းဟုခေါ်သည်။ တစ်ယောက်နှင့်တစ်ယောက် မသိကြသော်လည်း စာပေစိတ်ဓါတ်ဖြင့် အားမာန်သစ်များဝေမျှကာ ခံစားချက်တို. တူညီလာကြသည်။ လားရာမတူသော ခံစားချက်များ ပေါင်းစုံမိကြပေပြီ။ ကော်ဖီဆိုင်လေးထဲတွင် Blog link လေးများက ဟိုမှဒီမှ လွင့်ပျံနေခဲ့သည်။ လူငယ်များတီးတိုးတိုင်ပင်ကာ ခိုးကြောင်ခိုးဝှက်ရှာဖွေနေကြသော အကြောင်းအရာများလည်းရှိသည်။ကော်ဖီဆိုင်လေးထဲတွင် ကျွန်တော်တို.မျက်လုံးများ ဟိုကြည့်ဒီကြည့်ဖြင့် အခြေအနေကောင်းများစောင့်ကာ ခိုးကြောင်ခိုးဝှက်ဖြင့် လိင်မှုဆိုင်ရာ website များဆီလည်းရောက်ခဲ့ကြသည်။ လူငယ်များသည် စာသင်ကျောင်းမှပေးလိုက်သော သင်ခန်းစာများကို လက်ဖက်ရည်ဆိုင်တွင် တစ်ခါတစ်ရံ ပြန်ကြည့်တက်ကြသည်။ နားမလည်သည်များကို အချင်းချင်းပြန်လှန်မေးခွန်းထုတ်ကြသည်။ ကော်ဖီဆိုင်လေးထဲတွင်လည်း ကျွန်တော်တို.သည်များစွာသော ပညာရပ်များကို ဆည်းပူးကြသည်။ ကော်ဖီဆိုင်လေးသည် ပညာစုံပေးနိုင်သော တက္ကသိုလ်ငယ်လေးတစ်ခုနှင့် အလားသဏ္စာန်တူပေသည်။ ကော်ဖီဆိုင်လေးတွင် ကျွန်တော်တို.သည် ပညာရည်နို.သောက်စို.ကာ ကြီးရင့်ရပေဦးမည်။ ၀ါး.............ပျင်းဖို.ကောင်းလိုက်တာ။ ကျွန်တော်မျက်လုံးအစုံက နာရီကို လှမ်းကြည့်ကာ ကော်ဖီဆိုင်လေးကိုထွက်ခဲ့သည်။ ယခုအချိန်ဆိုပါက ကော်ဖီဆိုင်လေးတွင် ကျွန်တော်ချစ်သူစောင့်နေပေမည်။ ထို.ပြင် စကြနောက်ကြနှင့် ပျော်ရွှင်တက်ကြွဖွယ်ရာ သူငယ်ချင်းများလည်း ရှိနေပေသည်။ သူငယ်ချင်းများနှင့် ကျွန်တော်ချစ်သူ ဖတ်ရန်အတွက် ကဗျာတစ်ပုဒ်လည်း ကျွန်တော် memory stick ထဲပါလာပါသေးသည်။ ကျွန်တော်ဒီနေ.အချိန်ရမည်ဆိုပါက ခိုးကြောင်ခိုးဝှက်ကြည့်ရသော website တစ်ခုဆီသို. အလည်သွားရန်လည်း ဆုံးဖြတ်ထားပါသေးသည်။်

0 comments: