Monday, September 28, 2009
ဘ နှင့်စ၍ တ နှင့်ဆုံးသော
Posted by တေလေ at 12:58 PM 5 comments
Labels: ကဗျာ
Wednesday, September 23, 2009
အမေအတွက် ဖတ်စာ (၂)
ကျွန်တော်ချစ်တက်ခြင်းတွေ အားလုံး သူ သိမ်းပိုက်သွားပြီအမေ...
Posted by တေလေ at 1:31 AM 3 comments
Labels: အက်ဆေး
Thursday, September 17, 2009
ညည်းဖြစ်တဲ့ သီချင်းများ
ညည်းဖြစ်တဲ့သီချင်းများဆိုတဲ့ ခေါင်းစဉ်နဲ. ကိုဇောင်း tag ထားတာလေးပါ ။ ကျွန်တော်ညည်းဖြစ်တဲ့သီချင်းတွေက တစ်ခါတစ်လေ အော်ကြီးဟစ်ကျယ်၊ တစ်ခါတစ်လေ တိုးတိုးလေး တစ်ခါတစ်လေ စိတ်ထဲ ညည်းဖြစ်ပါတယ်။ အချို. သီချင်းစာသားတွေက တော်တော်တော့ ကြမ်းတယ် ဒါပေမယ့် ဘယ်တက်နိုင်မလည်း ကိုယ်က အဲဒါတွေညည်းမိနေတာကိုး :P ကျွန်တော်အကြိုက်ဆုံး BIG BAG ရဲ့ မင်းမရှိနေ.များ ဆိုတဲ့ သီချင်းပေါ့ မင်းမရှိနေ.များရယ် စိတ်ဓါတ်တွေကျတယ် ခဏလောက်တွေ.ချင်တယ် ပြန်ခဲ့ပါ နေရာဟောင်းမှာ ဘာလို.ညည်းဖြစ်လည်းဆိုတော့ ကိုးတန်းတည်းက တစ်ဖက်သတ်ကြိုက်ခဲ့ရတဲ့ ကောင်မလေး ရည်းစားရသွားတာကို သတိရတိုင်း ညည်းဖြစ်ပါတယ် ။ :P နောက်တစ်ပုဒ်ကတော့ BIG BAG ရဲ့ စွန်တစ်ကောင်လို ထင်တယ် စွန်တစ်ကောင်လို ဝေဟင်မှာ ပျံဝဲ ဘ၀ အတ္တခရီးမှာ ငါမောနေပြီ အဲဒီသီချင်းလေး နည်းနည်းပင်ပန်းလာရင်ညည်းဖြစ်တယ် နောက်တစ်ပုဒ်ကလည်း BIG BAG ပဲ ဒီတစ်ခါတော့ ရောဂါ တဲ့ သီချင်းနာမည်က အဲ့လိုထင်တယ် ရောဂါ အသေအချာ အဖြေရှာကြည့်ပါ ငါဟာလိမ်ခဲ့ဖူးသလား မင်းပဲပြန်မေးကြည့် မကောင်းဘူး ငါဟာ........... ဘာလို.အဲ့သီချင်းကို ညည်းဖြစ်လည်း မသိ ဒီတစ်ခါတော့ ကိုလေးဖြူ ရဲ့ လေလွင့်လူ ဆိုတာလေးခိုက်တယ်ဗျ လေနှင်ရာ လွင့်ခဲ့တိမ်တိုက်တစ်ခုပါပဲကွယ် ........ မျှော်လင့်ခြင်းနဲ. ဖမ်းဆုပ်ထားတဲ့ လက်တွေ အားနည်းသွားပြီကွယ်.... တေလေဆိုတဲ့နာမည်ကိုယူထားလို.လားမသိဘူး အဲသီချင်းကိုအရမ်းကြိုက်တာဗျ အက်ဆေးတောင် ပြန်ရေးထားသေး (ဒီမှာဖတ်) (ကြေငြာထည့်ပစ်လိုက်တယ် ) နောက်ပြီး မျိုးကြီး ရဲ့ နေခဲ့တော့ ဆိုတဲ့သီချင်း အတွေးဟောင်းများတော့ သန်.စင်အောင် ချေးချွတ်လိုက် မြင့်မြတ်တဲ့ကတိတစ်ခုတော့ ပေးထားဦး ကောင်းမွန်စွာ သိမ်းကာထားမလို. ............ တစ်ခါတစ်လေ အယူအဆဟောင်းတွေ အကြောင်း လာပြောနေတဲ့ လူတွေကိုတွေ.ရင် ပြုံးပြီး စိတ်ထဲက အဲ့သီချင်းလေး ညည်းနေလိုက်တယ်ဗျ... ပြိုင်မငြင်းတော့ဘူး သူနဲ. :) နောက်တစ်ပုဒ်က The Ants ရဲ့ သီချင်းတစ်ပုဒ်ပါ နာမည်တော့မသိဘူး သိပ်ပြီးဦးနှောက် မခြောက်နဲ. ဘ၀ဟာ ခဏပါ ပျော်သလိုပဲသွား ကြိုတွေးထားလို.မရတဲ့လောကကြီးမှာ အကုန် မျက်နှာဖုံးတွေပါ တစ်ခါတစ်လေ စိတ်အရမ်းညစ်လာရင် ညည်းဖြစ်တဲ့ သီချင်းလေးပါ ။ အမှတ်တရ အနေနဲ. ဒီသီချင်းကို အိဖူး ကလည်း သူညည်းနေကျသီချင်းပါတဲ့ နောက်တစ်ပုဒ်က OFFKEY ရဲ့ သီချင်းပါ နာမည်တော့သိဘူးဗျ မြန်မာ Underground Band ဆိုတော့ FUCK THE WORLD တစ်ပုဒ်လုံးမှာ အဲ့နားလေးပဲ ကျွန်တော်ရတယ် အဲ့နားလေးကိုပဲ ညည်းဖြစ်တယ် နောက်တစ်ပုဒ်ကလည်း Underground Band တစ်ခုဖြစ်တဲ့ Name ရဲ့သီချင်းေ- -ိုး မတွေ (တော်တော်ကြမ်းတယ်) အဟိ တစ်ပုဒ်လုံးမှာ အဲတစ်လုံးပဲနားလည်တယ် အဲနားလေးပဲ စိတ်ထဲက ပေါက်ကွဲဖြစ်တယ် မမိုက်ဘူးလား ရေးမယ်ဆို အများကြီးရှိပါသေးတယ် ဒီလောက်ပါပဲ ဆက် tag လိုက်မယ် ထုံးစံအတိုင်း ရဲဘော်လင်းနီညို လင်းရမ္မာ စုဘူးမှာတည်းက ခင်ခဲ့တဲ့ ကိုကြီးစိုးမိုး( သားကြီး) ကျွန်တော်တို. ပရိုဂျူဆာ စောတာယာ တို. ကို ဆက် tag ပစ်လိုက်ပါတယ်
Posted by တေလေ at 9:34 AM 1 comments
Labels: tags
Tuesday, September 15, 2009
ကဗျာဆရာ မေ့လျော့ထားသော အနာတရများ
သူဟာ ကဗျာ ဆရာလို့ ပြောဆိုခဲ့ဖူးတယ်... ဘဝရဲ့ အနုမာန အနာတရမှာ.. ဒဏ်ရာတွေ ကဗျာဖြစ်လို့.. သူကိုယ်တိုင် ကဗျာတွေ မွေးဖွားခဲ့တာ.. ကဗျာတွေ သန်စွမ်းဖို့ ကဗျာဆရာ စဉ်းစားခဲ့သလား.... အစွမ်းအစ ရှိရှိနဲ့ အကျပ်အတည်း ကြားက ကဗျာများကို ညှစ်ထုတ်ခဲ့တော့.. တခြမ်းပဲ့ဘဝနဲ့ ကဗျာတွေဟာ...ဘယ်မှာ ဘယ်မှာ... ကဗျာထဲမှာ တကိုယ်ရေ တကာယ နာကျင်မှုများနဲ့ ပြွတ်သိပ်နေပေမယ့်.. ဘေးနားက အစာ မစားရသေးတဲ့ ကလေးငယ်တယောက်ပါမလာဘူး.. ကဗျာထဲမှာ ချစ်ခြင်းမေတ္တာဟာ. တယောက်ထဲအပေါ် သက်ရောက်လို့ အစွမ်းကုန်တောက်ပ နေခဲ့တာ... အိုးမဲ့ အိမ်မဲ့ မိသားတစုရဲ့ တောင့်တမှုမှာ . ကဗျာဆရာဟာ ဘာမှ ပါမလာဘူး... သူ့အပြုံးက ဂုဏ်သိက္ခာရှိပြီး.. အဆင့်အတန်းတခုမှာ ဆုံးတယ်.. ကဗျာဆရာဆိုတာတော့ သူ့ကိုယ်သူ မမေ့လျော့ဘူး.. အဲဒီအချိန်မှာ သူဟာ ကဗျာရေးတယ်... ဘာသာစကားကို တတ်နိုင်သမျှ ဒုက္ခပေးတယ်... သူ့သိရှိမှုကို တတ်နိုင်သမျှ ဒုက္ခပေးတယ်.. အဆိုး ဆုံးက ကဗျာကို ဘက်ပေါင်းစုံက ဒုက္ခပေးတယ်.. ကဗျာဆရာဟာ ပျော်ရွှင်လို့.. သူ့လုပ်ဆောင်မှုကို ကျေနပ်တယ်... အဲဒီမှာ မြို့ကြီး ပြကြီးရဲ့ ခမ်းနားမှုနဲ့.. တောအလှတောင်အလှတွေနဲ့ ကဗျာဟာ ဝေဆာလို့.. သက်ရှိတကောင်မှ မပါဘူး.. ဘာသာ စကား အကျဉ်းအကျပ်မှာ ကဗျာဆရာဟာ လှပစွာ လှည့်ထွက်လို့... အဓိပ္ပါယ်တွေ တခုမှ မပါဘူး.. ကဗျာဆရာရဲ့ အကြောင်းအရာ ပေါင်းစုံကြား ရုန်းကန်ရမှုမှာ.. သူ့အတ္တကို လက်တလုံးခြား ချကျွေးခဲ့ရပြီး.. သူ့ကိုယ်သူ ထူထောင်နေရတာ... ပတ်ဝန်းကျင်ဟာ..ကဗျာဆရာအတွက် သီးသန့် အရောင်ပြောင်းခဲ့သလား.. အနေအထိုင် မတတ်ခြင်း တချို့နဲ့ ကဗျာဆရာဟာ နေထိုင်ပြီး.. ယုံကြည်ခြင်း ..ပေးဆပ်ရခြင်းမှာ အသားကျလို့... ကဗျာဆရာဟာ ကဗျာတွေကို ကျလောက်အောင် ရေးလို့.... ကဗျာဖတ်သူကတော့ .... ဘာမှ မရေးတော့ခြင်းသည်သာ...ကဗျာလို့.
Posted by တေလေ at 2:05 PM 0 comments
Sunday, September 13, 2009
စိတ်ခံအားကျဆင်းမှုရောဂါ များ ကူး စက် ခံ ရ ခြင်း
ကိုယ်ခံအားကျဆင်းမှုရောဂါ အကြောင်းသင်သိပါပြီးပြီလား သင်မသိသေးပါက တစ်နေရာရာတွင်စုံစမ်းပါ ၊တစ်နေရာရာသည် သည်နေရာတွင်မဟုတ် တည်နေရာမသိ စိတ်ခံအားကျဆင်းမှုရောဂါ အကြောင်းသင်သိပြီးပြီလား သင်မသိသေးကြောင်းသင်သိပြီးပြီလား သင်သိထားသောအရာများ သင်ပြီးပြီလာိး စိတ်ခံအားကျဆင်းမှုရောဂါပြ ဇယား ရောဂါလက္ခဏာများ (၁) သနားတက်ခြင်း (၂)ယုံလွယ်ခြင်း (၃)သူ.ဖက်ကို.ဖက် မျှတွေးတက်ခြင်း (၄)လေးလေးပင်ပင်ရှိခြင်း (၅)ပြောပြရန် အကြောင်းအရာမဲ့ခြင်း (၆)မဲ့ခြင်းများကို လက်ခံတက်ခြင်း (၇)လက်ခံထားသော အရာများကို ပြောမပြခြင်း (၈)စကားမပြောခြင်း ယခုဖော်ပြထားသော ရောဂါလက္ခဏာ(နာရန်၊နာမကျန်းဖြစ်ရန်)များ သင့်တွင်တွေ.နေရပါသလား သနားပါတယ်ဆိုသော စကားရပ်အား ခွဲခြားစိတ်ဖြာကြည့်ရန် ပထမအဆင့် သူသနားတက်သောကြောင့် အခြားသူထံ သူ၏ ပါသွားတက်သည် ဥပမာ- သနား၍ ချစ်မိသွားသည် သနား၍ မုန်းလိုက်သည် သနား၍ ပေးလိုက်သည် သနား၍ စွန်.လိုက်သည် သနား၍ ယူလိုက်သည် သနား၍ သနားလိုက်သည် သနား၍ သနမှမှဝေးစေသည် စသည်ဖြင့် စသည် စသည်ဖြင့် ဆုံးသည် စသည်ဖြင့် ထိုသူထံတွင်ရှိသမျှဆုံးရှုံးသည်၊ သနားပါတယ်ဆိုတာ မိမိထံရှိသမျှ အသနားခံရသူထံ ပါသွားခြင်းသက်သက်သာဖြစ်ကြောင်း ဥပမာ ပထမအဆင့်မှာထစ်ထစ်သွားသောကြောင့် တစ်တစ်ခွခွအဆဲခံလိုက်ရ ဆက်မပါလာတော့ စက်ဟာဆက်ဖွင့်မရ
Posted by တေလေ at 9:18 AM 5 comments
Labels: ကဗျာ
Saturday, September 12, 2009
suicide club 5
ဒေါင်းမယ်ဆိုရင်တော့ http://ifile.it/3gtkbpz
Posted by တေလေ at 3:32 PM 1 comments
Labels: video
Thursday, September 10, 2009
ဖြတ်လမ်း
Posted by တေလေ at 11:03 AM 0 comments
Labels: ကဗျာ
Monday, September 7, 2009
မေ့ဆေးဆိုတာ မိုးညအိပ်မက်မြူ
မမေ့ခင်ကတည်းက မေ့တဲ့အကြောင်းတွေ ဘ၀ကို မေ့မေ့သွား(ချင်)တယ် မေမေ၊ အဲဒီတုန်းက ထုံးသုတ်ထားတဲ့ လမ်းဖြူဖြူတွေ တကျယ်တပြော တလွမ်းတဆွေး တသသ မေ့သွားတာပါပဲ မေ့ဆေး လို/မလို လိုလို မလိုလို လိုရမယ်ရ လူဟာ လူနဲ.လူအပေါ် လူလို ပြုကျင့်လိုက်တော့ လူ ဒါမှမဟုတ် လူ.တန်ဖိုး ကျ(ချ)သွား(လိုက်)တယ်။
Posted by တေလေ at 10:37 AM 3 comments
Labels: ကဗျာ
Sunday, September 6, 2009
လေလွင့်သူ
လေနှင်ရာလွင့်ခဲ့ တိမ်တိုက်တစ်ခုပါပဲကွယ်……
ကျွန်တော်ချစ်သူ……
ကျွန်တော်မှာ ချစ်သူတစ်ယောက်ရှိခဲ့ပါလိမ့်မည်…. ကျွန်တော်သည် လွတ်လပ်ခြင်းကို မြတ်နိုးသလို သူမသည်လည်း လွတ်လပ်စွာ ပျံဝဲသော တိမ်တိုက်တစ်ခု……၊ ထိုသို.နှင့် ကျွန်တော်တို.သည် လွတ်လပ်ခြင်းကို အဖော်ပြုခဲ့ကြသည်…. ကျွန်တော်ကိုယ်တိုင်သည်လည်း အရောင်အဆင်းကင်းမဲ့တဲ့ တိမ်တိုက်တစ်ခု
မျှော်လင့်ခြင်းနဲ. ဖမ်းဆုပ်ထားတဲ့လက်တွေ……
ညနေခင်းတစ်ခုရဲ့လက်တွေ.မှာ ကျွန်တော်မမျှော်လင့်ပဲ ဆုပ်ကိုင်လိုက်မိတာက သူမ သို.မဟုတ် တိမ်တိုက်ပျိုမလေးရဲ့ လွတ်လပ်ခြင်းတွေ ….. ထာဝရလွှတ်မပေးဖို. ကျွန်တော်နဲ.သူမ ကတိပြုလိုက်တယ်… ကျွန်တော်စိတ်ထဲကလည် လှိုက်လှဲစွာ ယုံကြည်………. တကယ်ကို လှိုက်လှိုက်လှဲလှဲပါ
ဘယ်လိုဖြေရမလည်း ပေါ့ပါးခြင်းနဲ.ဘ၀…… ဘယ်ကိုသွားမလည်း
အတိအကျမသိတဲ့ ခရီးသည်တစ်ဦးရဲ့ ညနေများ…..
ကျွန်တော်ကိုယ်တိုင်ကလည်း မျှော်လင့်ချက်တွေပျောက်ဆုံးနေတဲ့ လေလွင့်လူငယ်တစ်ယောက် အဖြစ်နဲ. ဒီအိပ်မက်တွေ ဒီနေ.လည်တွေ ..တစ်ခုခု ဘာမှတော့ မသေချာဘူး..။ အတိကျဆုံးကတော့်ညနေတိုင်း ကျွန်တော်ျချစ်သူတိမ်တိုက်လေးနဲ. ကျွန်တော်ပေါ့ပါးစွာ ပျံဝဲ… အကာပြင်ထက်မှာ ကျွန်တော်တို.က အခမ်းနားဆုံး အောင်ပွဲပဲ..။
ညတိုင်းအိပ်မက်ထဲမှာ တစ်စုံတစ်ယောက် ငါ့ကိုရပ်စောင့်နေခဲ့….
မျက်လုံးပိတ်ထားမှ အိပ်ပျော်တာများလား…. ကျွန်တော်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ပါတယ်…. ကျွန်တော်အိပ်မက်တွေမှာလည်း ကျွန်တော်နှစ်ခြိုက်ပျော်ရွှင်ပါရဲ့…………….. လူပေါင်းသောင်းခြောက်ထောင်ရဲ့ အိပ်မက်တွေက ဘယ်လိုလည်း၊ ကျွန်တော်အိပ်မက်အတွက် ကျွန်တော်အထီးကျန်မဆန်ခဲ့ဘူး.. ကျွန်တော်ကို အစိမ်းသေဆန်ဆန် အခိုးအငွေ.တွေနဲ. ဆန်းကြယ်မွှေးကြိုင်စွာ အုံ.ဆိုင်းထားတယ်… ဟုတ်ကဲ့ …. သူမကျွန်တော်ကိုလိုအပ်နေပါတယ်… ကျွန်တော်နဲ.သူမ ဘ၀နှစ်ခုပေါင်းစပ်ဖို. သူမ ကျွန်တော် အိပ်မက်ထဲကနေတစ်ဆင့် ကျွန်တော်ကို…….
တစ်ညလုံး ငါ့ရဲ့အနား သက်ပြင်းများကြွေကျ
ကျွန်တော်ရဲ့အိပ်ရာဘေး ဟိုဘက်ဒီဘက်နားမှာ အဆက်တစ်ဝက်နဲ. ပင်ပန်းလိုက်ကြတာဗျာ…. ကျွန်တော်တို.သက်ပြင်းမောတွေ ဒီတစ်ညလည်း ကျွန်တော်ဘယ်လိုဆုံးဖြတ်ရမှာလည်း သူမကို ကျွန်တော်ချစ်ပါတယ်… ဒါပေမယ့်
ကျွန်တော်က……လူသားတစ်ယောက်
သူမက ……တိမ်တိုက်တစ်ခု
ကျွန်တော်တို.ကြားက အောင်သွယ်တော် ညနေခင်းကို မေးကြည့်ရဦးမယ်.. သက်ပြင်းတွေ ခဏခဏကြွေကျတဲ့ ဒီလိုညတွေက လွန်မြောက်ဖို. နည်းတစ်ချို.ပေါ့ …. ဒီညရဲ့ ကြယ်တွေက ကျွန်တော်တို. လောက်မမောဘူး……
အရောင်လွင့်လို.သွားပြီကွယ်…. အိပ်မက်လေးရယ်…………. ငါအဝေးဆုံးသွားချင်တယ်….
ကောင်းကင်တစ်ပြင်လုံးကို မော့ကြည့်လို. ကျွန်တော်ရဲ့ဖိနပ်မပါတဲ့ ခြေဗလာတွေ လောင်လွန်းလှပြီ နေလည်ခင်းတစ်ခုလုံးက ငါတို.ရဲ့ညနေကိုစောင့်ရဖို. ကြားကာလတွေပေမယ့် ကျွန်တော်ပင်ပန်းလှပါပြီ… ကျွန်တော်ရဲ့ချစ်သူက ရောင်စုံစုတ်ချက်တွေအတွက် အဖိုးတန်လှပေမယ့် ကျွန်တော်ရဲ့လွတ်လပ်မှု ညနေခင်းအတွက် အရာအားလုံးအပေါ် ကျွန်တော်ရင်ဘက်တစ်ခုလုံးက တန်ဖိုးမဲ့ခဲ့ရပြီလေ… ဘာပဲဖြစ်ဖြစ်ပါ.. ညနေခင်းကတော့ ဟိုဘက်ကို မျက်နှာလှည့် ငါတို.ကို ကျောခိုင်းခဲ့ပြီပဲ…..
ယုံကြည်ကိုးစားထားတဲ့ မင်းမျက်လုံးတွေ မှိတ်ပစ်လိုက်ပါကွယ်……
ချစ်သူလေးရယ် ငါတို.ဘ၀တွေအတွက် အထူးသဖြင့် ငါတို.လူသားတွေအတွက်… ငါ..မင်းကို….
မင်းအတွက်ငါရှိမှဖြစ်မယ်ဆိုရင်တောင် ဒါဟာ ……
စိတ်ကူးနဲ.အိပ်မက်ရယ် တကယ်တမ်းဖြစ်မလာခဲ့……
လူ.ဘ၀ရဲ့စုတ်ကြမ်းတွေပေါ့….ငါသိထားတဲ့
ညနေခင်း
လွတ်လပ်ခြင်း
အဖြူရောင်အခိုးအငွေ.တွေ
နောက်ပြီး
တိမ်တိုက်လေး…မင်း
ဘယ်လိုကြေကွဲမလည်း ဘယ်လိုငိုကြွေးမလည်း ချစ်သူလေးရယ် မင်းအတွက်ပဲ
ငါတို.ရဲ့ ဝေးလွင့်ခြင်းဟာ ထပ်မံလွတ်လပ်ခြင်း မဟုတ်ဘူး… ငါတို. အချည်နှောင်ခံလိုက်ရတာပါ… တကယ်တော့ ငါတို.ချည်နှောင်ခံလိုက်ရပြီ…. ငါတို.မုန်းတဲ့အရာတွေနဲ.ချည်နှောင်ခံလိုက်ရပါပြီ…. ငါတို….
ကြွေကွဲကြပြီ အဲဒီညနေခင်းကစလို. မင်းစတင်ငိုကြွေးခဲ့တာပေါ့ …. ငါတို.ကြားမှာ တူညီတာတစ်ခုတည်းပါ….. မင်းရောငါရော………
မျှော်လင့်ခြင်းနဲ. ဖမ်းဆုပ်ထားတဲ့လက်တွေ အားနည်းသွားပြီလေ….
အဲဒီလိုနဲ. ကျွန်တော်နဲ.သူမဝေးသွားခဲ့ရပါတယ်… ကျွန်တော်ဟာ တိမ်တိုက်ပျိုမလေးနဲ. ချစ်သူဖြစ်ခဲ့ပြီးပြီ….. အဲဒီအချိန်ကစလို. သူမက ကျွန်တော်ကိုသတိရတိုင်း ငိုကြွှေးတက်ပါတယ်… အဲဒီလိုအချိန်တွေကို လူတွေက မိုးရွာတယ်လို.ခေါ်ကြတယ်..။ သူမက ကျွန်တော်ကိုတကယ်ချစ်ခဲ့တာပါ ကျွန်တော်အတွက် သူမကျခဲ့ရတဲ့ မျက်ရည်တွေ ဒီနေ.ထိ စီးဆင်းနေဆဲပါပဲ… ကျွန်တော်သူမကို တကယ်ချစ်ခဲ့တယ်ဆိုတာကိုရော သူမသိအောင် ကျွန်တော်ဘယ်လို သက်သေပြရမယ်မှာလည်း……….
ဝန်ခံချက် ..... ဒီခေါင်းစဉ်လေးဟာ ကိုလေးဖြူရဲ့ လေလွင့်သူဆိုတဲ့ သီချင်းလေးပါ..။ စာသားတွေကလည်း အဲဒီသီချင်းကို ကျွန်တော်ခံစားရတဲ့အတိုင်းပြန်ရေးချထားတာပါ။
Posted by တေလေ at 12:38 PM 2 comments
Labels: အက်ဆေး
Friday, September 4, 2009
ဘာသာစကား၏ အလုပ်ပြီးမြောက်မှု
မိတ်ဆွေ သင်ဘယ်နားမှာ ရှိနေပါသလည်း ၊ဘယ်မှာနားပါသလည်း ခရီးတစ်ထောက် သင် ဘယ်ရောက်ချင်လည်း ချောင်တယ် မြန်တယ် တစ်ယောက် နှစ်ရာ အခု သင် သေချင်နေပါသလား မိတ်ဆက်ပေးပါရစေ ချောင်တယ် မြန်တယ် တစ်ယောက် နှစ်ရာ ချောင်တယ် (ကားဘီး) မြန်တယ် (သေရန်) ဘာသာစကား လုပ်သားများ၏ မိတ်ဆက်ပေးမှု အချိုးကျ သင့်ကိုသင် စိတ်ပျက်မှု ဘာသာစကား လုပ်သားများ၏ စိတ်ပျက်မှု အချိုးကျ သင့်ကိုသင် မိတ်ဆက်ပေးမှု ဘာသာစကား လုပ်သားများ၏ မိတ်ပျက်မှု အချိုးကျ သင့်ကိုသင် စိတ်ဆက်ပေးမှု ဘာသာစကား လုပ်သားများ၏ စိတ်ဆက်မှု အချိုးကျ သင့်ကိုသင် မိတ်ပျက်လိုမှု သင်တွင် ဆန္ဒရှိ မရှိ ၊ ဘာသာစကား လမ်းကြောင်းတွင် လိုက်ပါ စမ်းသပ် စီးနင်းရန် သင့်တွင် ဆန္ဒရှိ ဘာသာစကား လမ်းကြောင်းတွင် လိုက်ပါ နင်းစီးရန်၊ သင့်တွင် ဆန္ဒမရှိ
Posted by တေလေ at 9:29 AM 3 comments
Labels: ကဗျာ

