Friday, January 29, 2010

မြန်မာခောတ်ပေါ်မိသားစု (၂)

ပြိုကွဲသွားတဲ့ ခေတ်ပေါ်မိသားစုဘ၀ကို ဖော်ပြနိုင်တဲ့ ကဗျာတစ်ပုဒ်ကတော့ မိုးဝေးရဲ့ “မြစ်ဝကျွန်းပေါ်” ဆိုတဲ့ ကဗျာပါပဲ။ ကဗျာဟာ ၀ါကျင့်ကျင့်နဲ. မှုန်ဝါးနေတဲ့ အဖြူ၊အမဲ မိသားစု ဓါတ်ပုံလေး တစ်ပုံလိုဖြစ်နေတယ်။ မြစ်ဝကျွန်းပေါ် အဖြစ်အပျက်တွေကို ပြန်ကြည့်ဖို. ဆိုလို. ငါ့ခေါင်းအုံးအောက် က စာဟောင်းထဲမှာ ကမ်းပါးနောက်မှာ ကျန်ခဲ့တာက ငါတို.ရဲ့ နောက်တစ်နေ. ငါတို.ရဲ့ ဘယ်မှာမှန်း မသိသေးတာ နောက်ထပ် ပေါ်လာမယ့် သဲသောင် အိပ်လို. မပျော်တိုင်း ထထကြည့်ကြတဲ့ ငါတို.ရဲ့ မောင်နှမများ ငါတို. အမေ စိုက်ခဲ့တဲ့ သရက်ပင် ငါတို.နဲ. အတူမျောပါခဲ့ရတဲ့ သရက်သီးမျော ရေစီးက တအားသန်တယ် ငါတို. ပြန်မလာကြတော့ဘူး။ မိုးဝေး ကဗျာထဲမှာ ပြိုကျနေတဲ့ ကမ်းပါးတွေ၊ ရေစီးထဲမှာ မျောပါနေတဲ့ ဘ၀နဲ. အဖြစ်အပျက်တွေကို မြင်ရတယ်။ ပျောက်ဆုံးသွားတဲ့ မှတ်ဥာဏ်နဲ. ဖွဲ.စည်းထားတဲ့ကဗျာရဲ့ tone ဟာ “အတိတ်ကို လွမ်းဆွတ်ခြင်း “ကို နှိုးဆွပေးတယ်။ ကဗျာထဲက မိသားစုတစ်စု “ပြိုကွဲခြင်း” ဟာ အနှေးရိုက်ကွက်တစ်ခုကို ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတယ်။ အဲဒီ တမြေ့မြေ့ ပြိုကွဲမှုဟာ နောက်ဆုံးစာကြောင်းတွေမှာ မှ ရုတ်တရက် “ပြင်းထန်” လာပြီး အဖြစ်အပျက်ဟာ မူလအခြေအနေဆီ ပြန်မရောက်နိုင်တော့တာကို တွေ.ရတယ်။ ကဗျာဟာ စာဖတ်သူရဲ့ နှလုံးသားကို အဝေးဆုံးနေရာဆီ ခေါ်သွားပြီး အဲဒီနေရာမှာပဲ ထားပစ်ခဲ့တာကို တွေ.ရတယ်။ ခေတ်ရဲ့ “ကစဥ့်ကလျား ဖြစ်နေတဲ့ စိတ္တဇ” နဲ. ခေတ်ပေါ်မိသားစုရဲ့ “မတည်ငြိမ်မှု” ကို စိုင်းဝင်းမြင့် ရဲ့ “အရေးအသားတစ်ခု” ဆိုတဲ့ ကဗျာမှာ တွေ.နိုင်တယ်။ အရေးအသားတစ်ခု ၀င်ရိုးစွန်း တူလို. တစ်ယောက်ကို တစ်ယောက် တွန်းကန်ကြတယ် ကျွန်တော်တို. ညီအစ်ကို မောင်နှမတွေ။ အဖေဟာ အရောင်သန်းနေတဲ့ သတ္တု ကက်ဆတ်ကို အကျယ်ကြီးဖွင့်တယ် လက်မောင်းမှာ ဆေးမင်ကြောင် အ၀ိုင်းအ၀ိုင်းတွေနဲ. အဆုတ်တစ်ခြမ်း မကောင်းတော့ဘူး။ ကျွန်တော်တို. အမှားအယွင်းတစ်ခုခု လုပ်မိတာနဲ. အမေဟာ အိမ်ပေါ်က နှင်ချတော့တာပဲ ကျွန်တော်တို.ကလည်း ခေသူမဟုတ် ရွေ.တယ်။ ကျွန်တော်တို. ခေတ်စိတ္တဇများ ဆံပင်အရှည်ထားလိုက် ကတုံးဖြစ်လိုက် အိမ်ဟာ လက်ဖက်ရည်ဆိုင်လို ၀င်လိုက် ထွက်လိုက်။ ။ စိုင်းဝင်းမြင့် ကဗျာထဲက ဆေးမင်ကြောင် အ၀ိုင်းအ၀ိုင်းတွေ၊ တိုလိုက်ရှည်လိုက် ဆံပင်တွေဟာ ခေတ်ပေါ်လူ.အဖွဲ.အစည်းရဲ့ “ဟစ်စတိုးရီးယား”ကို ညွှန်းဆိုနိုင်တဲ့ နမိတ်ပုံတွေ ဖြစ်ခဲ့တယ်။ စိုင်းဝင်းမြင့်ရဲ့ နောက်ထပ် ကဗျာတစ်ပုဒ်၊ ဖြစ်တဲ့ “မိသားစု” ဆိုတဲ့ ကဗျာမှာတော့ ကဗျာဆရာရဲ့ အပြစ်ခံစားရတဲ့စိတ် လိပ်ပြာမသန်.ခြင်းနဲ. ခေတ်ပေါ်မိသားစုရဲ့ ရုန်းကန်ရှင်သန်ရမှုကို တွေ.မြင်ရတယ်။ မိသားစု မိသားစု ဆိုတာ တစ်ယောက် ရှေ.ရောက်ဖို. တစ်ယောက် နောက်ဆုတ်ရတယ် သစ်ကိုင်း တစ်ကိုင်း တိုးထွက်ဖို. သစ်ကိုင်း တစ်ကိုင်း အခုတ်ခံရတယ် မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ် သံစုံမြည်တယ်။ မိသားစုဆိုတာ လူ ခြောက်ယောက်ရှိ လူ ခြောက်ယောက် လက်ဆယ်ချောင်းရှိ လက်ဆယ်ချောင်း ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ် အိမ်ရှိ လူအကုန်။ မိသားစုဆိုတာ ရှင်သန်ဖို.အတွက် အဆက်မပြတ် တိုက်ပွဲဝင်ရတယ် ရန်ကုန်ဟာ စစ်မြေပြင်။ လဲကျသွားတဲ့ ငါ့ အဖေနေရာကို ငါ့ ညီလေးဝင်ခဲ့တယ် ယိုင်နဲ.သွားတဲ့ ငါ့ အမေနေရာကို ငါ့ ညီမလေးဝင်ခဲ့တယ် မိသားစုကို ငါမမြင်ခဲ့ဘူး ငါ့ အတွေးအခေါ်က သားသမီးဆိုတာ သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု။ ငါဟာ လမ်းပေါ်မှာ ကြီးပြင်းခဲ့လို. လမ်းနဲ. သွေးသားတော်စပ်တယ်လို. ထင်တယ်။ ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ ထရံ ငါ့ကြိုးကို တီးခတ်လိုက်တိုင်း သံကြောင်ထွက်တယ် ငါ့ မိသားစုမှာ မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ်ဆိုလည်း ငါပဲဖြစ်မှာ ငါ့မိသားမှ ကြမ်းခင်းတစ်ချပ် ကျိုးပဲ့နေတယ်ဆိုလည်း ငါပဲဖြစ်မှာ မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ မ၀င်တဲ့ ဂိုးတွေကို ငါသွင်းခဲ့တာ။ ။ စိုင်းဝင်းမြင့် မော်ဒန်မိသားစုရဲ့ မိသားစုဝင်တွေမှာ လိပ်ပြာမသန်.စိတ်နဲ. ကင်းတာ ဘယ်သူရှိသလဲ။ မော်ဒန်လူသားဟာ သူ.ကိုယ်သူ မဖြည့်ဆည်းနိုင်ဘူး။ သူ.မိသားစုကို သူ မဖြည့်ဆည်းနိုင်ဘူး။ တစ်နေ.တာ ရှင်သန်မှုဟာ တိုက်ပွဲဖြစ်တယ်။ ကဗျာဆရာပြောသလို ရန်ကုန်ဟာ စစ်မြေပြင်ဖြစ်တယ်။ ကျွန်တော်တို.အားလုံးရှေ.ကို ချီတက်နေတယ်။ ဘေးမှာ ဒဏ်ရာရနေတဲ့ သူတွေ၊ သေဆုံးနေတဲ့သူတွေ။ မတက်နိုင်ဘူး ။ ကျွန်တော်တို.ရှေ.ကို ဆက်လက်ချီတက်နေတယ်။ ရှေ.မှာ ဘာရှိသလဲ ။ မသိ။ ဘယ်သူမှ မသိ။ ဒီကဗျာဟာ ခေတ်ပေါ်မိသားစုဘ၀ကို အကဲခတ်နိုင်ဖို. နမူနာ ထုတ်ပြထားတဲ့ ကဗျာအချို.ပါပဲ။ တခြား ကဗျာဆရာတွေရဲ့ မိသားစု ကဗျာတွေလည်း အများကြီးရှိဦးမှာပါ။ အဲဒီကဗျာတွေကို ဖတ်ရတာဟာ မိသားစု ဓါတ်ပုံအယ်ဘမ်တွေကို လှည့်ကြည့်နေရသလိုပါပဲ။ အဲဒီ ဓါတ်ပုံတွေကို ပုံကြီးချဲ့လိုက်ရင် မော်ဒန်လူ.အဖွဲ.အစည်းရဲ့ ပုံသဏာန်ကို ထင်ထင်ရှားရှား မဟုတ်တောင် ခပ်ရေးရေးတော့ တွေ.မြင်နိုင်မယ်လို. ယူဆမိပါတယ်။ P.S >>>> ဆရာအောင်ခင်မြင့်ဧ။် တိမ်လွှာမို.မို.လွင်မှသည် ပို.စ်မော်ဒန်အနုပညာဆီသို. စာအုပ်မှ ဆောင်းပါးတစ်ပုဒ်အား တင်ပြခြင်းဖြစ်ပါကြောင်း

Thursday, January 14, 2010

သာဓကတွေ ၊ ဥပမာတွေ၊ ရှင်သန်မှုများ အကြောင်း

"ဆေးလိပ်တွေ သောက်နေတုန်းပဲလားဟင် "

"အင်း ၊ တစ်ခါတစ်လေပါ "

"မသောက်ပါနဲ.တော့လားဟင် "

"မရဘူး၊ အစ်ကို နှုတ်ခမ်းတွေက တပ်မက်ဖွယ်ရာ တစ်ခုခုကို အမြဲရှာနေမိတယ်၊ အစ်ကိုနှုတ်ခမ်းတွေရဲ့

  တပ်မက်မှုမှာ ဆေးလိပ်က ထိပ်ဆုံးကပါတယ်။ "

"ဟင်၊ အခြားတစ်ခုခုနဲ. အစားထိုးကြည့်ပါလား၊ အစ်ကို လုပ်နိုင်မှာပါ။"

"အင်း၊ လုပ်နိင်ပါတယ်၊ အစ်ကိုနှုတ်ခမ်းတွေကို မင်းနှုတ်ခမ်းတွေနဲ. ထိကပ်ထားတာမျိုးပေါ့ "

 

ချာတိတ်တွေ ၊ အတိတွေမှာ ချာနေပုံများ ၊ အထိတ်တလန်.တွေ ရှာကြရင်း၊ ထိတ်လန်.စရာတွေ ရှာရင်း ၊ လျှာရင်း  

                                                                                                   မြတ်ဖို.တော့ တီဗီဖွင့်ပါ။

အတွဲတွေ အတွဲတွေ ကြည့်ရင်း ခုန်ရင်း ၊ ရင်ခုန်ကြည့်ရင်း ၊ ဒီနေ. အပူးလားပဲ

လူတွေ ပြောနေလိုက်ကြတာ ပြောနေလိုက်ကြတာများ ပုံပျက် ပန်း ပျက်၊ ပန်း ကပ်ဦးမလား ဗျာ၊ ဟေ့ကောင် စကားကို ကပ် မပြောနဲ. ၊ အော် ကပ်ဖားယပ်ဖား ပြောတက်ပါူးဗျာ ၊ဘူးတစ်လုံးဆောင် အိုတောင် မဆင်းရဲဆိုတိုင်း စွတ် မလုပ်နဲ.၊ အော...လုပ်ဇာတ်ခင်းတာမဟုတ်ပါဘူးဗျာ၊ စကားပန်းခင်းထဲမှာများ လူတွေ ပြောနေလိုက်ကြတာ ပြောနေလိုက်ကြတာများ ပုံပျက် ပန်းပျက်......။

လက်သည်းအမဲတွေ ဆိုးထားပြန်ပြီ၊ အကျီင်္အမဲတွေ ၀တ်ထားပြန်ပြီ၊ မျက်လုံးအမဲတွေ ဆွဲထားပြန်ပြီ

ပြန်ဖျက်....

ဟင့်အင်း၊ မဲနက်တောက်ပြောင်ထင်ရှားခြင်းများသည် နှစ်သက်ဖွယ်ကောင်းသည်။

ဆူသည်...ဆူသည်...သိပ်ဆူသည်၊ နားထဲတွင် ဆူညံလာသည်နှင့် မျက်ရည်များ ဝေ့တက်လာသည်။

ဆူလွယ်နပ်လွယ် အတွေးအခေါ်များကြားတွင် ၀ိရိယနှင့် ဖြစ်သော မျက်ရည်များ ဝေ့တက်လာသည်။

စိတ်ကဆောင်နေတယ်၊ အောင်ပြီပေါ့ ၊ ဒီစိတ်က ဟန်ဆောင်နေတယ်၊ မလုံမလဲနဲ. ပြန်မကြည့်နဲ.

လုပ်လေ၊ လုပ်ပေါ့

ခင်ဗျား စိတ်အတွက် ကျွန်တော် အခွန်ဆောင်ခဲ့ပြီးသား

ငြင်း (ညှင်း) ဦးမလို.လား

လက်ဖ၀ါးခြင်း ယှက်၊ ရင်ဖက်ခြင်း အပ်၊ ခံယူချက်ခြင်း တေ့၊ ရင်ခုန်သံချင်း တူ၊ မေတာဓါတ်တွေ ယူ

ပြီးရင်တော့ ကျောခိုင်း

ခင်ဗျားနဲ. ကျွန်တော် ပညာချင်းပြိုင်ကြရအောင်

သောက်ရေခွက်များ လမ်းလျှောက်ထွက်လာသည်။

ဝေါ်ကီတော်ကီများ မုတ်ဆိတ်ရိတ်ဓါးဖြင့် လှီးဖြတ်ခံရပြီးသည်နောက်တွင်

သောက်ရေခွက်များ မီးမောင်းထိုးပြကြသည်။

 

"ရှင်၊ ဒါဆို သမီးနှုတ်ခမ်းတွေက အစ်ကိုဆေးလိပ်ပြတ်ဖို. ကူညီနိုင်တာပေါ့နော် "

"အင်း"

 

 

 

 

Friday, January 8, 2010

မြန်မာခောတ်ပေါ်မိသားစု (၁)

ကျွန်တော်ပြောလိုတဲ့ 'မြန်မာခောတ်ပေါ်မိသားစု' ဆိုတာဟာ ဆိုရှယ်လစ်ခေတ်အပြီးမှာ ပေါ်ပေါက်လာတဲ့ မိသားစုဘ၀၊ ပုံသဏာန်တွေကို ယေဘုယျဆိုလိုခြင်း ဖြစ်ပါတယ်။ အဲဒီ မော်ဒန်မိသားစုဘ၀ကို မလေ့လာခင်မှာ ဆိုရှယ်လစ်ခေတ် လူနေမှုဘ၀ကို အရင်အခြေခံကြည့်ဖို. လိုပါတယ်။ ဆိုရှယ်လစ်ခေတ်မှာ မိသားစုအများစုဟာ လူလတ်တန်းစား အလုပ်သမားတွေနဲ. ဖွဲ.စည်းထားတဲ့ ဆင်တူမိသားစု ဖြစ်တယ်။ မိသားစုတစ်ခုမှာ အလုပ်လုပ်သူဦးရေ များပြားလာတယ်။ စာရေးစာချီအလုပ်တွေ များပြားလာတယ်။ ကျေးလက်လူ.အဖွဲ.အစည်းဟာ အက်သံပေးလာခဲ့တယ်။ ကျေးလက်က လူဟာ လယ်ကွင်းထဲမှာ နွားကိုထားခဲ့ပြီး မြို.တက်လာတယ်။ မြို.ရောက်တော့ လယ်ကွင်းထဲက နွားလို ငေါင်စင်းစင်းကြီး ဖြစ်ရပြန်တယ်။မြို.မှာ အရက်ရှိတယ် ကွန်မြူနစ်ဝါဒ ရှိတယ်။ အပေါစား မိန်းမတွေရှိတယ်။ ကျပန်းအလုပ်တွေရှိတယ်။ ဒီလိုနဲ. ကျေးလက်မှာ မိသားစုဝင် လျော့လျော့လာခဲ့တယ်။ မြို.ရောက်တဲ့သူဟာ ပြန်လမ်းမရှိတဲ့ အရပ်ကိုရောက်သွားသလို မိသားစုဆီ ပြန်မလာနိုင်တော့ဘူး မြို.ဟာ တစ္ဆေတွေကို မွေးမြူထားသလိုမျိုး လူတွေကို မွေးမြူထားတယ်။ လူတွေဟာ မြို.ပြရဲ့ စားကြွင်းစားကျန်တွေကို စားသောက်ရင်း မကျွတ်မလွတ်နိုင်တဲ့ တစ္ဆေတွေ ဖြစ်ကုန်ကြတယ်။ မြို.ပြလူအဖွဲ.အစည်းဟာ အထီးကျန် ၀ိညာဉ်တွေနဲ. ဖွဲ.စည်းထားတဲ့ အရပ်ဖြစ်လာတယ်။ ဒီလိုနဲ. မြို.ရောက်တဲ့ သူတွေဟာ တောကို မပြန်ကြတော့ဘူး။ တောက မိခင်တွေဟာ နေညိုချိန် ပြန်မလာတော့တဲ့သားကို မျှော်နေကြတဲ့ ကြေကွဲဖွယ် မိန်းမအိုကြီးတွေ ဖြစ်ကုန်ကြတယ်။ အက်နေတဲ့ ကျေးလက် လူ.အဖွဲ.အစည်းဟာ ဆိုရှယ်လစ်ခေတ် အပြီးမှာတော့ ပြိုကွဲသွားခဲ့ပါတယ်။ ဆိုရှယ်လစ်လွန် ဟင်းလင်းပြင်(Post-socialist void) ဟာ ၀ဲကယက်တစ်ခုလိုမျိုး လူတွေရဲ့ စိတ်ဝိညာဉ်၊ အစဉ်အလာတွေနဲ. တန်ဖိုးတွေကို စုပ်ယူပစ်လိုက်တယ်။ လူတွေဟာ (စိတ်ထဲမှာ ဟာလာဟင်းလင်း ဖြစ်ပြီး) ဟောင်းလောင်းကြီး ဖြစ်ကုန်တယ်။ ကျေးလက်ဆက်တင်ကားကို ဖျက်ဆီးပစ်လိုက်ကြတယ်။ နီယွန်မီးတွေ လင်းလာတယ် ။ တိုက်အမြင့်ကြီးတွေ မှိုပွင့်တွေလို ရုတ်ချည်းပေါ်ထွက်လာတယ်။ မြို.ရဲ့ အဆင်တန်ဆာဖြစ်တဲ့ မိန်းမပျက်တွေနဲ. ခိုတွေရောက်ရှိလာခဲ့တယ်။ 'မိသားစု ဘ၀' ဟာ ကစဉ်.ကလျား ဖြစ်လာခဲ့တယ်။ ဒီလိုနဲ.ပဲ မော်ဒန်မ မိသားစုဘ၀၊ မော်ဒန်လူနေမှုဘ၀ဟာ တစစ အမြစ်တွယ်ခဲ့တယ်။ ကျွန်တော်တို.ဟာ ခေတ်နဲ. ငြင်းခုန်လု.ိ မရ။ ခေတ်နဲ. ငြင်းခုန်ရတာဟာ တစ္ဆေကောင်နဲ. ငြင်းခုန်ရသလိုပဲ။ ကျွန်တော်တို.ဟာ အရှိတရား နဲ. ငြင်းခုန်လို.မရ။ အရှိတရားနဲ. ငြင်းခုန်တာဟာ ကျောင်တောင်ကြီးနဲ. ငြင်းခုန်ရသလိုပဲ။ ဒီလိုနဲ.ပဲ 'မိသားစု' ဆိုတာရဲ့ အဓိပါယ်ကို ဖမ်းဆုပ်ဖို. ခက်ခဲလာခဲ့တော့တယ်။ ဆိုရှယ်လစ်စနစ် နိဂုံးချုပ်ချိန်မှာ မြို.ပြလူနေမှု ဘ၀ပုံစံထဲ စီးဝင် ရွေ.လျားလာခဲ့တဲ့ မိသားစုတစ်ခုကို အောင်ချိမ့်ရဲ့ 'ရပ်ကွက်' ဆိုတဲ့ ကဗျာထဲမှာ တွေ.မြင်နိုင်တယ်။ ရပ်ကွက် အပြင်မှာ ပျော်စရာနည်းနည်း လွင်ပြင် ဖုန်မှုန်.နဲ. မြက်ခြောက် ပိုးလောက်လန်း ထူပြစ် စိတ်ညစ်ဖို.ကောင်းတယ်။ ခိုလိုအိမ် ပရိဘောဂများ အနှံ ဖရိုဖရဲအရာများ ပွတွန်.သော အခန်းရှည်မျောမျော လေထဲမှာ သူတို.တစ်နေ.တာလုံး နေထိုင်ကြတယ်။ သူရယ် သူ. ညီမသုံးယောက်ရယ် ချာတိတ် နှစ်ကောင်ရယ် မွန်းလှောင်နေကြမှာပဲ။ ပွဲလမ်းရာသီရှိတဲ့ ရက်များဆို တစ်အိမ်သားလုံး အလည်ထွက်ကြပေါ့။ အထီးတည်း တိတ်ဆိတ်နေတဲ့ အခန်းမှာ ကျန်ရစ်ခဲ့တာ သူနဲ. လမ်းမကို ကြောက်မက်ဖွယ် ငေးမျှော်နေတဲ့ သူ.ရဲ့ မျက်လုံး လှလှတစ်စုံ။ အောင်ချိမ့် ဇန်န၀ါရီ ၊ ၁၉၈၇ အောင်ချိမ့်ရဲ့ ဇတ်ကောင် (မော်ဒန်လူသား) ဟာ အခန်းတစ်ခန်းထဲမှာ ပိတ်မိနေတာထက် သူ.ရဲ့ အထီးကျန်နေတဲ့ အဇ္ဖုတထဲမှာ ပိတ်မိနေတာဖြစ်တယ်။ ကဗျာရဲ့ အဆုံးက မျက်လုံးနှစ်လုံးဟာ ကဗျာထဲကို ချောင်းကြည့်ဖို. ဖွင့်ပေးထားတဲ့ ပြတင်းပေါက် နှစ်ပေါက်ပါပဲ။ အဲဒီကနေ ချောင်းကြည့်ရင် ဇာတ်ကောင်ရဲ့ ဟာလာဟင်းလင်း ခံစားမှုနဲ. ကင်းကွာခြင်း ခံစားမှု (Sense of alienation) ကို တွေ.ရမှာ ဖြစ်တယ်။ ကင်းကွာခြင်းဟာ မော်ဒန်အနုပညာရဲ့ အရေးပါတဲ့ အကြောင်းအရာ တစ်ရပ်ပဲဖြစ်တယ်။ ကဖ်ကာ (Kafka)ရဲ့ metamorphosis ထဲမှာ အဲဒီအကြောင်းအရာကိုပဲ သင်္ကေတပြု ရေးဖွဲ.ထားတာ တွေ.မြင်နိုင်တယ်။ မိသားစု၊ ပတ်ဝန်းကျင်နဲ. အဆက်အသွယ် မလုပ်နိုင်တဲ့ အင်းဆက်ပိုးကောင်ကြီး အသွင်ပြောင်းသွားတဲ့ ကဖ်ကာဇာတ်ကောင်ရဲ့ အဖြစ်ကတော့ ပိုပြီး အဓိပါယ် ကင်းမဲ့တာပေါ့လေ။ 'ရပ်ကွက်' ကဗျာ ရေးဖွဲ.ပြီးနောက် (၁၀)နှစ် အကြာမှာရေးဖွဲ.ခဲ့တဲ့ အောင်ချိမ့်ရဲ့ လမ်း ဆိုတဲ့ ကဗျာကတော့ အနရယ်တွေ ပြွမ်းတီးနေတဲ့ ခောတ်ပေါ်မိသားစု ဘ၀ရဲ့ ရှင်သန်မှုကို ထိတ်လန်.ဖွယ် အကောင်းဆုံးပြဆို နိုင်ခဲ့တယ်။ လမ်း မိသားစုများ အခန်းကဏ ကမ္ဘာဦး ပုံသဏာန် တစ်ဦးပြန်အလာ တစ်ဦးမျှော်ကြ မီးဖိုကြ ငါတို.ခောတ်မှာ ငါတို.ဟာ ချစ်မေတ္တာကို ယူလာနိုင်ခဲ့လို.လား အိမ်ပြန်လာကြတယ် ကားတစ်စင်း သေနေပေါ့ ညောင်ပင်ကြီးရဲ့ အောက်မှာ မိုးက မတိတ်တော့ဘူးလား ဟောဒီ လောကမှာ အောင်ချိမ့် (1996၊ ဒီဇင်ဘာ ၊ ရနံသစ်) အောင်ချိမ့်ရဲ့ ကဗျာဟာ ကတ်(၂)ကတ် ပဲပါတဲ့ အတိုဆုံး ရုပ်ရှင်ကားလေး တစ်ခုပါပဲ။ ကင်မရာဟာ မီးပုံဘေးက ကမ္ဘာဦး မိသားစုကို ရိုက်ပြနေရင်းက ရုတ်တရက် (ကတ်ပြောင်း)သွားပြီး မိုးတဖွဲဖွဲ ရွာနေတဲ့အချိန် အိမ်အပြန်လမ်းမှာ ညောင်ပင်ကြီး တစ်ပင်ကို (ဆိုးဆိုးရွားရွား) ၀င်တိုက်ထားတဲ့ ကားတစ်စီးကို ပြတယ်။ ဒါပဲ ၊ မြို.ပြဟာ တည်းခိုသူတွေကို ကြီးမားတဲ့ တန်ဖိုးတွေတောင်းဆိုတက်တယ်။ ကျွန်တော်တို.ဟာ မြို.ပြကို ပိုက်ဆံ၊ အချစ်၊ အသက်စတဲ့ မတန်မဆတန်ဖိုးတွေ ပေးဆပ်ကြရတယ်။ ကဗျာဟာ လူးလွန်.နေတဲ့ မီးတောက်တွေ နဲ. စတင်ထားပြီး 'တစိမ့်စိမ့် ရွာနေတဲ့မိုး'နဲ. အဆုံးသတ်ထားတယ်။ 'လူးလွန်.နေတဲ့ မီးညွန်.' တွေရဲ့ သင်္ကေတသဘောဟာ မိသားစုရဲ့ တောက်လောင်နေတဲ့ အပူမီး ဆိုရင် မတိတ်နိုင်ပဲ တစိမ့်စိမ့် ရွာချနေတဲ့ မိုးစက်တွေ ကတော့ အေးစက်တဲ့ (ရက်စက်တဲ့)့ ကံကြမ္မာ တရားပဲ ဖြစ်ပေလိမ့်မယ်။ ဆက်ပါဦးမည် P.S >>>> ဆရာအောင်ခင်မြင့်ဧ။် တိမ်လွှာမို.မို.လွင်မှသည် ပို.စ်မော်ဒန်အနုပညာဆီသို. စာအုပ်မှ ဆောင်းပါးတစ်ပုဒ်အား တင်ပြခြင်းဖြစ်ပါကြောင်း

Tuesday, January 5, 2010

ကျွန်တော်အိမ် အနောက်ခန်းက အရူး

ကျွန်တော်ရှေ့မှာ အခန်းကျဉ်းလေးတစ်ခုကို မြင်နေရပါတယ်။ အဲဒီအခန်းကျဉ်းလေးဟာ အိမ်တစ်လုံးရဲ့ အရိပ်အာဝါသအောက်မှာ ငြိမ်ငြိမ်လေးရှိနေပါတယ်။ အခန်းလေးရဲ့ထောင့် စာအုပ်စင်ဘေးက ခုတင်ပေါ်မှာ အရူးတစ်ယောက် ပန်းရောင်နုနု စောင်တစ်ထည်ကိုခြုံလို. အိပ်နေတက်တယ်။ သူ.နာမည်ကို ကျွန်တော်မသိပါဘူး။ သိစရာလည်း အကြောင်းမရှိသလို သိဖို.လည်း ခက်ပါလိမ့်မယ်။ သူက စကားသိပ်မပြောသလို စကားထဲမှာ သူ.နာမည်ပါအောင် ပြောဖို.က လူကောင်းတွေ အဖို.တောင် လွယ်တာမှတ်လို......ပြီးတော့ သူ.စကားသုံးက သိပ်ပြီးတိုးလွန်းတယ်။ ကျွန်တော်အထင်တော့ သူဟာ တော်တော်လေးကို စိတ်ကဏှာမငြိမ်ဘူး ထင်တယ်ဗျာ... သူဟာ အခန်းထဲက သူ.အိပ်ရာပေါ်မှာ အိပ်နေမယ်၊ နောက် ရေထသောက်မယ် ၊ပြန်အိပ်မယ်...နောက်အိမ်သာထဲ အဓိပါယ်မဲ့ ၀င်ထိုင်နေမယ်။ သူ.ကို အဲ့လို အမြဲတမ်းမြင်နေရတာ တကယ့်ကို စိတ်ပျက်စရာပါ။ တစ်ခါတစ်လေ သူ.ကိုအိပ်ရာပေါ်မှာ စာအုပ်တစ်အုပ် ဖတ်နေတာ မြင်ရရင်တော့ ဘာလို.လည်းမသိဘူး.... ကျွန်တော် တကယ်ကိုပျော်တယ်...ကျွန်တော်အမြင်မှာတော့ စာအုပ်တွေနဲ. သူဟာ သိပ်လိုက်ဖတ်တာပဲ....သူစာဖတ်နေတာကို မြင်ရင်ခင်ဗျားတို. သူ.ကိုကျွန်တော်လို ချစ်မိမယ်ထင်တယ်... ကလေးပေါက်စလေး တစ်ယောက်ကို ချစ်ဖို.ကောင်းလိုက်တာဆိုပြီး ချစ်ကြသလိုပေါ့....။ သူဟာ ဘယ်လိုလူမျိုးလည်း ဆိုတာ ကျွန်တော် မဝေခွဲတက်ပါဘူး။ သူ.ရဲ့ လုပ်ဆောင်ဖွယ် အ၀၀ကို သူလုပ်ချင်တာတွေ အားလုံးကို သူ.အိပ်ရာပေါ်မှာ သူလုပ်တက်တယ်။ ကျွန်တော် အထင်တော့ သူဟာ ငပျင်းလေး တစ်ယောက်ဖြစ်ပါလိမ့်မယ်... ဒါမှမဟုတ် ဘယ်ကိုမှ ထွက်မသွားရဲတဲ့ လူကြောက်တစ်ယောက်လည်း ဖြစ်နိုင်တယ်...သူဟာ လူကြောက်တစ်ယောက် ဟုတ်မဟုတ် မပြောတက်ပေမယ့် အပြင်ကပြန်လာလို. သူ.အခန်းထဲ ရောက်ရင် အချို.ရက်တွေဆို သူဟာ စောင်ခြုံပြီး တိုးတိုးလေးငိုနေတက်တယ်....တစ်ခါတစ်လေတော့လည်း ခုတင်ပေါ်ကနေ ခြေတစ်ဖက်အောက်ကိုချပြီး သူပြုံးနေတက်တယ်။ သူ.အပြုံးကလည်း တကယ့်ကို တိုးတိုးလေးပါပဲ..နှုတ်ခမ်းတွေကို အနာတရဖြစ်စေလောက်အောင် ဖိကိုက်ထားပြီး ဖြည်းဖြည်းလေး ပြုံးတက်တယ်....သူပြုံးတာကို အခြားလူတွေ မြင်တွေ.သွားမှာ စိုးရိမ်တဲ့ ဟန်မျိုးနဲ.ပေါ့.... ဒါမှမဟုတ် ပြုံးလိုက်ရင် သူမပီသမှာစိုးနေလေသလားပဲ....ကျွန်တော်နားလည်လိုက်တာကတော့ သူဟာ အပြင်လောကမှာ ဖြစ်ပျက်ခဲ့သမျှကို အခန်းထဲရောက်မှ ခံစားပစ်တဲ့ လူငယ်တစ်ယောက်ပေါ့... အဲဒါကြောင့် ကျွန်တော်ပြောတာ ပန်းရောင်ခြုံစောင်နဲ. ချာတိတ် ရူးနေပါတယ်လို.။ အခုတစ်လော ညအိပ်ရာဝင်တိုင်း သူ.အတွက် ကျွန်တော်စိတ်မကောင်းဖြစ်ရတယ် ၊ ကျွန်တော်ရဲ့ တစ်ယောက်တည်းသော အခန်းဖော် သူ.... သူ. ဆီက ကျွန်တော် ဆေးလိပ်နံရတယ်...သူ အိပ်ရာဝင်ပြီးလို. သူ.ဘေးနား ကျွန်တော်ဝင်လှဲလိုက်တိုင်း သူ.လက်ကြားက ဆေးလိပ်နံရနေတက်ပြီ...။ သူအပြင်မှာ ဆေးလိပ်သောက်တက်နေပြီ ထင်ရဲ့... ကျွန်တော်ကြားဖူးသလောက် ဆေးလိပ်သောက်ကြတာ စိတ်ညစ်လို....ပျင်းလို.တဲ့... အဲ့ဒီအတိုင်းသာဆို သူလည်း... အခန်းထဲမှာတော့ သူ.ပုံစံဟာ စိတ်ဓါတ်ကျနေသလိုပဲ...တစ်ယောက်တည်းရယ်... အဲဒါကို ကျွန်တော်သိတယ်။ အပြင်မှာရော သူတစ်ယောက်တည်း စိတ်ညစ်နေတာများလား...ကျွန်တော်မသိဘူး ၊ သူ.ရဲ့ အပြင်က ကိစ္စတွေကို ကျွန်တော်မှ မသိနိုင်တာ တစ်ရက် သူအိပ်ရာပေါ်မှာ စာရေးနေရင်း ရုတ်တရက် အပြင်ကို ထထွက်သွားတယ်...စာအုပ်ကဖွင့်လျှက်သားလေး ကျန်ခဲ့တယ် ။ သူကအဲ့လို စာတွေရေးနေကျဆိုပေမယ့် ဘာတွေရေးနေမှန်း ဘာအတွက်ရေးနေမှန်း ကျွန်တော်မသိနိုင်ခဲ့ပါဘူး။ ဒီနေ.တော့ သူဖွင့်လျှက်သား စာမျက်နှာလေး ကျွန်တော်အရောက် ပြေးဖတ်ကြည့်မိတယ်... ဒီနေ. ခြောက်လလောက်မတွေ.တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ. ငါတွေ.တယ် သူတို.နဲ. လက်ဖက်ရည်ဆိုင် ထိုင်တယ်...ကန်ပေါင်သွားတယ် အရမ်းပျော်ဖို.ကောင်းတာပဲ..... သူတို.တော့ မသိဘူး ငါ့ဘေးမှာ လူတွေရှိနေသေးတယ် ငါလူတွေဘေးမှာ ရှိနေသေးတယ် ကျွန်တော် ဖတ်လို.မပြီးသေးခင်မှာပဲ သူပြန်ဝင်လာတယ် အခန်းထဲကို...စာကို ငုံဖတ်နေတဲ့ ကျွန်တော်ကို သူဝင်တိုက်လိုက်တယ်... ကျွန်တော်လည်း အဲ့ဒီအချိန်ကစလို. သူနဲ.တစ်သားတည်း ဖြစ်သွားတယ် ဒီအခန်းလေးထဲမှာ..... အနက်ရောင် ဂစ်တာတစ်လုံး စိတ်လှုပ်ရှားမှုတွေ ပေးနိုင်တဲ့ ကိုရီးယားဇာတ်လမ်းတွဲ ကြောင်ကလေးတစ်ကောင် ထူးအိမ်သင်ရဲ့ သီချင်းတစ်ပုဒ်ကို ခြွေချသိပ်ထည့်ထားဖို. ဆေးလိပ်ပြာခွက် တစ်ခွက် ဖော်ဝေးရဲ့ ကဗျာအပိုင်းအစတွေ မရှိနေနိုင်တာ သေချာသလို အရူးတစ်ယောက်ရဲ့ အခန်းထဲ ကျွန်တော်ရောက်နေခဲ့တာ သေချာခဲ့တယ်

Saturday, January 2, 2010

ခရီးကပြန်ရောက်ပြီးနောက် တစ်ရက်နှစ်ရက်

တောင်တန်းတွေကို ထားခဲ့တယ် သံသယတွေနဲ. တောင်တန်းတွေပေါ် သံသယတွေနဲ.လမ်းလျှောက်အိပ်စက် ပါးစပ်ကတော့ တောင်ကြီးဖ၀ါးအောက်လို. လျှောက်ပြော ငါတို.အိမ်မှာ သိပ်ဆူတယ် မန်းလေးက လမ်းမတွေလိုပဲ အဖေအမေက ငါ့အတွက် ဟွန်းတွေတီးတယ် သူတို.အချင်းချင်း ဟွန်းသံတွေပေးတယ် သိပ်ဆူတယ် ဟွန်းသံတွေဟာ ဘာမှ အဓိပါယ်မရှိဘူး သိပ်ဆူတယ် "မင်းငါတို. သေမှာသိလိမ့်မယ်" "အာ. လီးတည်းမှပဲ သေလိုက်ပေါ့ဗျာ ခင်ဗျားတို.ကို သေချာမြုပ်ပေးမယ်" အဲ့လို အဲ့လို ပြောပြီး ငါမေ့ချင်ယောင်ဆောင် ဆက်အိပ်တယ် ငါ့အခန်းထဲမှာ ငါဆက်နေတယ် ငါ့အခန်းကို ငါချစ်တယ် နှစ်ရက် ငါရောက်တာ နှစ်ရက်ပဲရှိပါသေးလား လွန်ခဲ့တဲ့ခြောက်လကို ငါလွမ်းတယ်ကွာ ငါ့အိမ်ငါပြန်ရောက်တာ နှစ်ရက်ပဲရှိသေးပါလားနော် လွန်ခဲ့တဲ့ခြောက်လကဗျာ မနက်မိုးလင်းတာနဲ. ခုနှစ်နာရီဆို အိမ်ကထွက် အလုပ်သွား ညနေခြောက်နာရီထိ အလုပ်ထဲမှာပဲ အားလုံးကိုမေ့ထား ခြောက်နာရီထိုးပြီလား အလုပ်ကထွက်လာ အိမ်ပြန်ဖို. မဖြစ်နိုင်သေးဘူး တစ်ယောက်ယောက်နဲ.သွားတွေ. တစ်ယောက်မဟုတ် တစ်ယောက်နဲ.သွားတွေ. ငါဒီအချိန်အိမ်ပြန်လို. မဖြစ်သေးဘူး တစ်ယောက်ယောက်နဲ.တွေ.ရင် အနည်းဆုံး ကိုးနာရီထိနေ ပြီးမှ အိမ်ကိုပြန် အိမ်ရောက် ညဆယ်နာရီ ဆယ်တစ်နာရီပဲ ဘယ်သူနဲ.မှ စကားပြောဖို. မလိုတော့ဘူး ငါဘာသာအေးဆေးအိပ်ယုံပဲ ပြီးပြီ အဲဒီပျော်စရာနေ.ရက်တွေက ကျန်ခဲ့ပြီလား ခုတော့ တစ်နေကုန်အိမ်မှာ ငါမနေချင်တဲ့နေရာ မောလိုက်တာနော် ရန်ကုန်မြို.ကို ပြန်ရောက်ရောက်ချင်းမှာ အောင်ခင်မြင့်ကို မုန်းတယ် သူက ငါ့ကို စိုင်းဝင်းမြင့် ကဗျာတွေနဲ. ပြိုလဲကျအောင်လုပ်တယ် ငါ့ရင်ဘက်ကို အကြိမ်ကြိမ် ချိန်ရွယ် ရိုက်ခတ်တယ် နောက် ငါလဲကျတယ် ငါသေခါနီးမှာ ဖော်ဝေးရဲ့ သေတမ်းစာ (ကဗျာ) ကို ဖတ်ပြတယ် ပြီးတော့ ငါသေပစ်လိုက်တယ် နေမျိုးရဲ့ ကျွန်တော်ညီမလေးကို ဖတ်ပြီး ငါကဘာလို.ငိုချင်တာလည်း စိတ်ပျက်ပျက်နဲ. မှောက်လျှက်ပြန်အိပ် နာရီက မနက်ဆယ်နာရီတဲ့ ခရီးကပြန်ရောက်တည်းက ငါရေချိုးချင်စိတ်မရှိသေးဘူး ရေလည်းမချိုးဖြစ်တော့ဘူး