ပြိုကွဲသွားတဲ့ ခေတ်ပေါ်မိသားစုဘ၀ကို ဖော်ပြနိုင်တဲ့ ကဗျာတစ်ပုဒ်ကတော့ မိုးဝေးရဲ့ “မြစ်ဝကျွန်းပေါ်” ဆိုတဲ့ ကဗျာပါပဲ။ ကဗျာဟာ ၀ါကျင့်ကျင့်နဲ. မှုန်ဝါးနေတဲ့ အဖြူ၊အမဲ မိသားစု ဓါတ်ပုံလေး တစ်ပုံလိုဖြစ်နေတယ်။
မြစ်ဝကျွန်းပေါ်
အဖြစ်အပျက်တွေကို
ပြန်ကြည့်ဖို. ဆိုလို.
ငါ့ခေါင်းအုံးအောက် က စာဟောင်းထဲမှာ
ကမ်းပါးနောက်မှာ ကျန်ခဲ့တာက
ငါတို.ရဲ့ နောက်တစ်နေ.
ငါတို.ရဲ့ ဘယ်မှာမှန်း မသိသေးတာ
နောက်ထပ် ပေါ်လာမယ့် သဲသောင်
အိပ်လို. မပျော်တိုင်း
ထထကြည့်ကြတဲ့ ငါတို.ရဲ့ မောင်နှမများ
ငါတို. အမေ စိုက်ခဲ့တဲ့ သရက်ပင်
ငါတို.နဲ. အတူမျောပါခဲ့ရတဲ့ သရက်သီးမျော
ရေစီးက တအားသန်တယ်
ငါတို. ပြန်မလာကြတော့ဘူး။
မိုးဝေး
ကဗျာထဲမှာ ပြိုကျနေတဲ့ ကမ်းပါးတွေ၊ ရေစီးထဲမှာ မျောပါနေတဲ့ ဘ၀နဲ. အဖြစ်အပျက်တွေကို မြင်ရတယ်။ ပျောက်ဆုံးသွားတဲ့ မှတ်ဥာဏ်နဲ. ဖွဲ.စည်းထားတဲ့ကဗျာရဲ့ tone ဟာ “အတိတ်ကို လွမ်းဆွတ်ခြင်း “ကို နှိုးဆွပေးတယ်။ ကဗျာထဲက မိသားစုတစ်စု “ပြိုကွဲခြင်း” ဟာ အနှေးရိုက်ကွက်တစ်ခုကို ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတယ်။ အဲဒီ တမြေ့မြေ့ ပြိုကွဲမှုဟာ နောက်ဆုံးစာကြောင်းတွေမှာ မှ ရုတ်တရက် “ပြင်းထန်” လာပြီး အဖြစ်အပျက်ဟာ မူလအခြေအနေဆီ ပြန်မရောက်နိုင်တော့တာကို တွေ.ရတယ်။ ကဗျာဟာ စာဖတ်သူရဲ့ နှလုံးသားကို အဝေးဆုံးနေရာဆီ ခေါ်သွားပြီး အဲဒီနေရာမှာပဲ ထားပစ်ခဲ့တာကို တွေ.ရတယ်။
ခေတ်ရဲ့ “ကစဥ့်ကလျား ဖြစ်နေတဲ့ စိတ္တဇ” နဲ. ခေတ်ပေါ်မိသားစုရဲ့ “မတည်ငြိမ်မှု” ကို စိုင်းဝင်းမြင့် ရဲ့ “အရေးအသားတစ်ခု” ဆိုတဲ့ ကဗျာမှာ တွေ.နိုင်တယ်။
အရေးအသားတစ်ခု
ဝင်ရိုးစွန်း တူလို.
တစ်ယောက်ကို တစ်ယောက် တွန်းကန်ကြတယ်
ကျွန်တော်တို. ညီအစ်ကို မောင်နှမတွေ။
အဖေဟာ အရောင်သန်းနေတဲ့ သတ္တု
ကက်ဆတ်ကို အကျယ်ကြီးဖွင့်တယ်
လက်မောင်းမှာ ဆေးမင်ကြောင် အ၀ိုင်းအ၀ိုင်းတွေနဲ.
အဆုတ်တစ်ခြမ်း မကောင်းတော့ဘူး။
ကျွန်တော်တို. အမှားအယွင်းတစ်ခုခု လုပ်မိတာနဲ.
အမေဟာ အိမ်ပေါ်က နှင်ချတော့တာပဲ
ကျွန်တော်တို.ကလည်း ခေသူမဟုတ်
ရွေ.တယ်။
ကျွန်တော်တို. ခေတ်စိတ္တဇများ
ဆံပင်အရှည်ထားလိုက်
ကတုံးဖြစ်လိုက်
အိမ်ဟာ လက်ဖက်ရည်ဆိုင်လို
ဝင်လိုက်
ထွက်လိုက်။ ။
စိုင်းဝင်းမြင့်
ကဗျာထဲက ဆေးမင်ကြောင် အ၀ိုင်းအ၀ိုင်းတွေ၊ တိုလိုက်ရှည်လိုက် ဆံပင်တွေဟာ ခေတ်ပေါ်လူ.အဖွဲ.အစည်းရဲ့ “ဟစ်စတိုးရီးယား”ကို ညွှန်းဆိုနိုင်တဲ့ နမိတ်ပုံတွေ ဖြစ်ခဲ့တယ်။ စိုင်းဝင်းမြင့်ရဲ့ နောက်ထပ် ကဗျာတစ်ပုဒ်၊ ဖြစ်တဲ့ “မိသားစု” ဆိုတဲ့ ကဗျာမှာတော့ ကဗျာဆရာရဲ့ အပြစ်ခံစားရတဲ့စိတ် လိပ်ပြာမသန်.ခြင်းနဲ. ခေတ်ပေါ်မိသားစုရဲ့ ရုန်းကန်ရှင်သန်ရမှုကို တွေ.မြင်ရတယ်။
မိသားစု
မိသားစု ဆိုတာ
တစ်ယောက် ရှေ.ရောက်ဖို.
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်း တစ်ကိုင်း တိုးထွက်ဖို.
သစ်ကိုင်း တစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။
မိသားစုဆိုတာ
လူ ခြောက်ယောက်ရှိ လူ ခြောက်ယောက်
လက်ဆယ်ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိ လူအကုန်။
မိသားစုဆိုတာ
ရှင်သန်ဖို.အတွက် အဆက်မပြတ် တိုက်ပွဲဝင်ရတယ်
ရန်ကုန်ဟာ စစ်မြေပြင်။
လဲကျသွားတဲ့ ငါ့ အဖေနေရာကို
ငါ့ ညီလေးဝင်ခဲ့တယ်
ယိုင်နဲ.သွားတဲ့ ငါ့ အမေနေရာကို
ငါ့ ညီမလေးဝင်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး
ငါ့ အတွေးအခေါ်က
သားသမီးဆိုတာ သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု။
ငါဟာ လမ်းပေါ်မှာ ကြီးပြင်းခဲ့လို.
လမ်းနဲ. သွေးသားတော်စပ်တယ်လို. ထင်တယ်။
ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း သံကြောင်ထွက်တယ်
ငါ့ မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
ငါ့မိသားမှ
ကြမ်းခင်းတစ်ချပ် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ ဂိုးတွေကို ငါသွင်းခဲ့တာ။ ။
စိုင်းဝင်းမြင့်
မော်ဒန်မိသားစုရဲ့ မိသားစုဝင်တွေမှာ လိပ်ပြာမသန်.စိတ်နဲ. ကင်းတာ ဘယ်သူရှိသလဲ။ မော်ဒန်လူသားဟာ သူ.ကိုယ်သူ မဖြည့်ဆည်းနိုင်ဘူး။ သူ.မိသားစုကို သူ မဖြည့်ဆည်းနိုင်ဘူး။
တစ်နေ.တာ ရှင်သန်မှုဟာ တိုက်ပွဲဖြစ်တယ်။ ကဗျာဆရာပြောသလို ရန်ကုန်ဟာ စစ်မြေပြင်ဖြစ်တယ်။ ကျွန်တော်တို.အားလုံးရှေ.ကို ချီတက်နေတယ်။ ဘေးမှာ ဒဏ်ရာရနေတဲ့ သူတွေ၊ သေဆုံးနေတဲ့သူတွေ။ မတက်နိုင်ဘူး ။ ကျွန်တော်တို.ရှေ.ကို ဆက်လက်ချီတက်နေတယ်။ ရှေ.မှာ ဘာရှိသလဲ ။ မသိ။ ဘယ်သူမှ မသိ။
ဒီကဗျာဟာ ခေတ်ပေါ်မိသားစုဘ၀ကို အကဲခတ်နိုင်ဖို. နမူနာ ထုတ်ပြထားတဲ့ ကဗျာအချို.ပါပဲ။ တခြား ကဗျာဆရာတွေရဲ့ မိသားစု ကဗျာတွေလည်း အများကြီးရှိဦးမှာပါ။ အဲဒီကဗျာတွေကို ဖတ်ရတာဟာ မိသားစု ဓါတ်ပုံအယ်ဘမ်တွေကို လှည့်ကြည့်နေရသလိုပါပဲ။ အဲဒီ ဓါတ်ပုံတွေကို ပုံကြီးချဲ့လိုက်ရင် မော်ဒန်လူ.အဖွဲ.အစည်းရဲ့ ပုံသဏာန်ကို ထင်ထင်ရှားရှား မဟုတ်တောင် ခပ်ရေးရေးတော့ တွေ.မြင်နိုင်မယ်လို. ယူဆမိပါတယ်။
P.S >>>> ဆရာအောင်ခင်မြင့်ဧ။် တိမ်လွှာမို.မို.လွင်မှသည် ပို.စ်မော်ဒန်အနုပညာဆီသို. စာအုပ်မှ ဆောင်းပါးတစ်ပုဒ်အား တင်ပြခြင်းဖြစ်ပါကြောင်း
Friday, January 29, 2010
Subscribe to:
Post Comments (Atom)

1 comments:
စတိုင်သစ်ထဲမှာ ဒီဆောင်းပါးကို ဖတ်ခဲ့ဖူးတယ်...။ ကြိုက်တယ်။ ကျွန်တော်လည်း ပြန်ရိုက်တင်ဖို့ စိတ်ကူးရှိခဲ့ဖူးတယ်...။ ခုလို တင်ပေးတာ ကျေးဇူးပါ။
Post a Comment