ညီလေးရေ---
မင်းရဲ.စိတ်ကိုတင်းမထားပါနဲ.
ခဏလောက် လျှော.ချပြီး
တစ်ချက်လောက်ပြုံးကြည်.လိုက်ပါ။
မင်းအတွက် ကမ္ဘာကြီးက
တစ်ပတ်ပြန်လည်လာပါလိမ်.မယ်။
ညီလေးရေ---
လိုင်းကားကို စီးရတာ မပျော်တဲ.မင်း
အငှားယာဉ်ဈေးနှုန်းကိုသိခဲ.ရရင်
ငွေငါးဆယ်ပေးပြီး
လိုင်းကားကျပ်ကျပ်ကို တိုးစီးရတာ
တန်ပါတယ်ကွာ။
ညီလေးရေ ---
မြန်မာပြည်ပညာရေး ဘာဖြစ်တယ်ညာဖြစ်တယ်နဲ.
လျှောက်ပြောမနေပါနဲ.ကွာ
မင်းတောင်
သူငယ်တန်း စာမကျေညတ်ပဲ
တက္တ္ကသိုလ်တက်နေမဟုတ်လား။
ညီလေးရေ ---
ကျောင်းတက်ရမှာကို
စစ်တိုက်ထွက်ရမှာထက်ကြောက်တဲ.မင်း
ကျောင်းရောက်တော.လည်း
စာကြည်.တိုက်နဲ. အားကစားရုံကြား
မင်းခြေထောက်တွေ ကြွက်တက်နေတယ်မို.လား။
ညီလေးရေ---
မင်းကို လူထုးလူဆန်းလို.ပြောနေတဲ.လူတွေရဲ.
စကားနဲ. မာန်မတက်လိုက်ပါနဲ.
သူတို.မင်းနဲ. အတွင်းတွင်းကျကျပေါ်င်းမိတဲ.တစ်နေ.
စကားတင်း ဆိုကြလိမ်.မယ်။
`ဒီကောင်က ပေါကြောင်ရုးနှမ်းနေတာပါကွာတဲ.´
ညီလေးရေ---
မင်းဟာ လူသားတစ်ယောက်ဖြစ်တာနဲ. အညီ
လူတွေရဲ. စကားမှာ မျောနေမိရင်
လောကကြီးက မင်းကို
မနက်ဖြန်အတွက်
ရက်တစ်ရက်သတ်မှတ်ပေးမှာ မဟုတ်ဘူးကွာ။
ညီလေးရေ---
မနက်ဖြန်တစ်ရက်ဆိုတာကို
မေ.သွားခဲ.ရင်
အလင်းတစ်ချက် ထွန်းညှိလိုက်ပါ။
မင်းအသိုင်းအ၀ိုင်းမှာ
အရပ်အရှည်ဆုံးဟာ မင်းဖြစ်တယ်။
်
Saturday, January 24, 2009
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment