Monday, January 12, 2009

ဘ၀မဟုတ်သော ဒိုင်ဗင်ထိုးခြင်း

ဘ၀အကြောင်းတဲ. ဒသနဆန်ဆန်စကားလုံးတွေနဲ. သီကျူးနေတဲ. သီချင်းတစ်ပုဒ် ပိတ်ပစ်လိုက်စမ်းပါ အဲဒါ....မင်းဘ၀မဟုတ်ဘူး။ ဘ၀အကြောင်းတဲ. နာကျဉ်းခြင်း အပိုဒ်တွေနဲ. ရေးထားတဲ. ၀တ္တုတစ်ပုဒ် ဖတ်မနေပါနဲ. အဲဒါ....မင်းဘ၀မဟုတ်ဘူး။ ဘ၀အကြောင်းတဲ. ခံစားရမှု စကားစုတွေနဲ. ဖွဲ.သီထားတဲ. ကဗျာတစ်ပုဒ် တွေးမနေပါနဲ. အဲဒါ....မင်းဘ၀မဟုတ်ဘူး။ ဘ၀အကြောင်းတဲ. ရင်နှင်.အမျှ ရင်းပြီးပြောနေတဲ. လူတစ်ယောက်ရဲ. စကားစုတွေ နားထောင်မနေပါနဲ. အဲဒါ....မင်းဘ၀မဟုတ်ဘူး။ ဘ၀အကြောင်းတဲ. အဲဒါ....မင်းဘ၀မဟုတ်ဘူးလို.ပြောနေတဲ. ဒီကဗျာ ဆွဲဆုတ်ပစ်လိုက်စမ်းပါကွာ အဲဒါလည်း....မင်းဘ၀မဟုတ်ဘူး။ (ဆွဲမဆုတ်ရသေးရင်တော.) မင်းဘ၀ဟာ.....မင်းမှာပဲရှိနေပါတယ်။်

0 comments: