Sunday, January 4, 2009

သူငယ်ချင်းများနှင့် ကျွန်တော်

ကျွန်တော်အိမ်နဲ. ပြသနာတွေတက်နေတော. အိမ်မှာမနေချင်တာနဲ. ဘယ်သွားရင်ကောင်းမလည်းပေါ.။ ခါတိုင်းလို ကျောင်းဖွင်.ရင်လည်းအကောင်းသား။အိမ်ကဆူရင် ကျောင်းကိုပြေးသွားလိုက်ရုံပဲလေ။ခုတော. ဘယ်သွားရင်ကောင်းမလည်း ဆိုပြီးတော. စဉ်းစားတော. ytuကသူငယ်ချင်းတွေက သူတို.ကျောင်းကိုလာဖို.ခေါ် ထားတာရှိတော. ဖုန်းဆက်ပြီး နောက်နေ. သူတို.ဆီသွားမယ်ပေါ.။ နောက်နေ.သူတို.ဆီသွားမယ်ဆိုတော. ထုံးစံအတိုင်း အမေနဲ. ပြသနာကတက်ရော။ လူကသွားချင်စိတ်တောင် မရှိတော.ဘူး။ ဒါပေမယ်.ချိန်းထားပြီးသားဆိုတော.လည်း စိတ်ညစ်ညစ်နဲ. အိမ်ကထွက်လာခဲ.လိုက်တယ်။ သူတို.ကျောင်းကိုရောက်တော. သူတို.တာဝန်ကျေပါတယ်။ သူတို.သိသမျှ ကောင်မလေးတွေနဲ. မိတ်ဆက်ပေးပါတယ်။ ဒါပေမယ်. ကျွန်တော်က စိတ်မပါတော. သူတ်ု.မိတ်ဆက်ပေးတဲ. ကောင်မလေးတွေကတော. ကျွန်တော်ကိုစကား လာပြောပေမယ်. တစ်ယောက်နဲ.မှ ကျွန်တော်စကားပြန်မပြောဖြစ်ပါဘူး။ အဲဒီတော. သူတို.က ကျွန်တော်ကိုတောင် အမြင်ကတ်သွား ကြပါသေးတယ်။ တက်နိုင်ဘူးလေ ကိုယ်လည်းကိုဒုက်ခ နဲ.ကိုယ်ဆိုတော. ။ နောက်တော. ကျွန်တော်တို. ကောင်မလေးတွေကိုထားခဲ. ပြီး ကန်တင်းဒိုးကြတာပေါ.။ ကန်တင်းရောက်တော. သူတို.တွေဂီတာတီးကြတော. ကျွန်တော်ကဘေးကနေ ထိုင်နားထောင်ရတာပေါ.။ကျွန်တော်က သူတို.တီးတာသာ နား ထောင် နေတာ မျက်လုံးနဲ.စိတ်ကသူတို.ဆီမှာ မရှိဘူးဗျ။ သူတ်ု.အဲဒီမှာသီချငိးတစ်ပုဒ်တီးပါတယ်။ ကလေးတစ်ယောက်ရဲ.နူးညံ့တဲ.သဘောထား ဆိုပြီး အစချီလိုက်တာနဲ. သီချင်းကောင်းလေးတစ်ပုဒ်မှန်း ကျွန်တော်သိလိုက်ပါတယ်။ ပြီးတော. ကျွန်တော်နားမထောင်ဘူးတဲ. သီချင်းပဲဗျ။ သီချင်းစာသားတွေက မင်းအခက်အခဲတွေကြုံနေချိန်မှာဘယ်သူကိုတိုင်ပင်မလည်းပေါ.တစ်ယေက်တည်းမဖြေရှင်းပါနဲ.(အတိအကျတော. ဟုတ်ဘုး) ဆိုတဲ.သဘောမျိုးလေး သူတို.ဆိုနေတာ ဆိုတော. ကျွန်တော်စိတ်ဝင်စားသွားတယ်။ ဒါဘယ်သူသီချင်းလဲပေါ. ဆိုတာမေးဖို. သူတို.ကိုကြည်.လိုကိတော. သူတို.က ကျွန်တော်ကိုပြုံးစိစိနဲ. ကြည်.ပြီး ခံစာူးချက်အပြည်.နဲ. ဆိုနေ တာပဲ။ ကျွန်တော်သိလိုက်ပါပြီ ဒီကောင်တွေ ကျွန်တော်ကိုရည်ရွယ်ပြီးဆိုနေတာပဲ။ သီချင်းကတော.၀ိုင်းဝိုင်း ရဲ. ထာဝရ ဆိုတဲ.အခွေထဲကလို. ပြောပါတယ်။ ကျွန်တော် အဲဒီသီချင်းကို အရမ်းကြိုက်သွားပါတယ်။ ဒါပေမယ်. ကျွန်တော်အဲဒီအခွေကိုဝယ်နားမထောင်ခဲ.ပါဘူး။ ဘာလို.လဲဆိုတာ. အဲဒီနေ.က အဲသီချင်းလေးကြောင်. ကျွန်တော်စိတ်ပျော်ရွှင်ခဲ.ရတာမှန်ပေမယ်. ကျွန်တော်သူငယ်ချင်းတွေက ကျွန်တော်အတွက်ရည်ရွယ်ပြီးဆိုပေးတာမို.သာကျွန်တော် ကျေနပ်နိုင်ခဲ.တာလေ.။ သူငယ်ချင့်းရဲ. အနှစ်သာရဆိုတာလည်းအဲဒါပဲလေ လို.ကျွန်တော်သဘောပေါက်ခဲ.ရတယ်။ နောက်တစ်ခါ သူငယ်ချင်းစုံစုံလင်လင် နဲ. ဂစ်တာတစ်လုံးသာရှိခဲ.ရင် သူတို.ကိုအဲသီချင်းလေးနောက်တစ်ခေါက်ဆိုပြ ခိုင်းဦးမယ်ဗျာ။။်

0 comments: