Monday, March 16, 2009

ဗဟုသုတပုံပြင်နှင့် အတွေ.အကြုံအက်ဆေး

တစ်ခါက ရွာတစ်ရွာတွှုင် အလွန်စပ်စုသော သိချင်စိတ်ပြင်းသော ၈နှစ် ၉နှစ်အရွယ်ခန်.ရှိ ကလေးငယ် တစ်ယောက်ရှိလေသည်။ သူသည် ကလေးပီပီ လူကြီးများ၏ စကားဝိုင်းများတွင် လည်းကောင်း လူစုစု စုစု နှင်. တွေ.လျှင်သော်လည်းကောင်း အမြဲတမ်းလိုလို စိတ်ဝင်တစားသွားနားထောင်တက်လေသည်။ ထိုသို. သွားနား ထောင်တိုင်း လူကြီးများက မင်းကကလေးပဲရှိသေးတာ၊ ဗဟုသုတ လည်းမရှိပဲနဲ. သွားသွား ဟု အမြဲမောင်းထုတ် ခံရလေသည်။ တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ် မောင်းထုတ်ခံရပါများလာသောကြောင်. ချာတိတ်လည်း တော်တော်လေးပေါက်ကွဲပြီး ဗဟုသုတဆိုတာ ဘာလည်းဆိုသည်ကို အလွန်သိချင်နေလေသည်။ သူ.ကို ဗဟုသု တမရှိဘူးလို. ပြောတာကိုး။ ကျောင်းပိတ်ရက်တစ်ရက်တွင် သူသည် သူ.အဖေ၏လှေနှင်.ငါးဖမ်းထွက်ရန်လိုက်သွားခွင်.ရလေရာ သူ.အဖေအား လှေပေါ်တက်ခါနီးတွင် သူသိချင်နေသော ဗဟုသုတ အကြောင်းကို မေးလိုက်လေသည်။ `အဖေ ဗဟုသုတ ဆိုတာဘာလည်းဗျ´ `အေး ၊မင်းကို ငါးဖမ်းပြီးရင်ပြောပြမယ်ကွာ´ ဟု ဆိုသောကြောင်. ကလေးငယ်လည်း စောင်.ရလေ တော.သည်.။ ထိုနှင်. ငါးဖမ်းပြီးအပြန်တွင် အရမ်းသိချင်စိတ်ပြင်းနေသောကြောင်. မေးလိုက်မိပြန်လေသည်။ ထိုအခါ ဖခင်ကလည်းအတန်းပညာသိပ်မတက်သောကြောင်. ဗဟုသုတဆိုသည်ကို မည်သို.ပြန်ဖြေရမှန်းမသိ ဖြစ်နေလေသောကြောင်. အိမ်ရောက်ရင်ပြောပြမည်ဟု နှစ်သိမ်.လိုက်ပြန်လေသည်.။ သို.နှင်. သားအဖ နှစ်ယောက် လုံးအိမ်ပြန်ရောက်ရ်ျ သားဖြစ်သူက ထပ်မံမေးပြန်လေသည်။ ဖခင်ကလည်းထမင်းစားပြီးရင် ပြောပြမည် ဟုဆိုက ထပ်ချိန်းပြန်လေ သည်.။ ထမင်းစားချိန်ရောက်ရ်ျ သားအဖနှစ်ယောက်ထမင်းစားကြလေရာ သားဖြစ်သူက အဖေကိုမေးတာနှစ် ခါရှိပြီ ခုထိမပြောသေးဘူး ။ ခုတော.ပြောလောက်ပါပြီဟု ဆိုကာမေးလိုက်ပြန်လေရာ ထိုမျှအမေးထူသော သား အား အဖေက ဒေါသထွက်ထွက်နှင်. ဖြေလိုက်ပုံက `အေး၊ မင်းသိချင်တဲ. ဗဟုသုတ ဆိုတာ ဒါပဲဟေ.၊ ဒါပဲကွ´ (ဘာနဲ.နှိုင်းပြောလိုက်တယ်ဆိုတာတော. ရှင်းပြစရာမလိုဘူးလို.ထင်တာပဲ၊အားလုံ့းသိကြမှာပဲါ) ဟုပြောလိုက်လေသည်။ တစ်ရက်ရွာထဲတွင် အလှုရှိသောကြောင်. သားအဖနှစ်ယောက်အတူသွားကြလေသည်။ အလှုထမင်း အလှုဟင်းမှာ ကောင်းလွန်းသောကြောင်. ဖခင်ဖြစ်သူက အားရပါးရစားလေရာ အောက်စလွတ်နေ သည်ကိုတွေ. သွားသော သားဖြစ်သုက အော်ကြီးဟစ်ကျယ်နှင်. ဖခင်ကိုသတိပေးလိုက်ပုံက `အဖေ အဖေ ဗဟုသုတ ကြီးပေါ်နေတယ်ဗျ´ ဟုသတည်း။။။။ ပုံပြင်လေးကတော. ဒါပါပဲကွယ်။ ဒီပုံပြင် လေးကို ဖတ်ပြီး အမျိုးသားထုကြီးအနေနဲ. မိမိကို ဗဟုသုတ မရှိဘူးလို. ပြောလာကြရင် ဗဟုသုတရှိကြောင်း ကြွားလို.ရပြီပေါ.ဗျာ။ အမျိုးသမီးထုကြီးကလည်း မိမိမှာ ဗဟုသု တမရှိဘူးဆိုပြီး အားမငယ်ကြပါနဲ. အိမ်ရောက်ရင် အမေကိုပြန်မေးကြည်.ပါ.။ အမျိုးသမီးထုကြီးမှာလည်း အတွေ.အကြုံ ရှိကြောင်းသိရပါလိမ်.မယ်။ ဗဟုသုတနဲ. အတွေ.အကြုံ ဘယ်ဟာပိုအရေးကြီးတယ်ဆိုတာ ခေါင်းစားလိုက်ကြပါဦး။ အမျိုးသားထုကြီးရေ ကျွန်တော်တို.မှာ ဗဟုသုတရှိတယ်နော်။

0 comments: