Wednesday, March 11, 2009

ပေးဆပ်ခြင်းဟူသည်

ကျွန်တော်တို. ညီအစ်ကိုနှစ်ယောက်သည် တစ်ယောကိကိုတစ်ယောက်အလွန်ချစ်ကြသူများဖြစ်သည်။ အဖေ နှင်.အမေ ကွယ်လွန်သွားချိန်မှစရ်ျ အကိုကြီးသည် ကျွန်တော်အပေါ်တွင် အဖေလိုတစ်မျိုး အမေလိုတစ်သွယ် ပြုစုစောင်.ရှောက်ပေးခဲ.သည်။ အဖေနှင်.အမေချန်ထားခဲ.သော စီးပွားရေးလုပ်ငန်းများကို ပိုရ်ျတိုးပွားအောင် အစ်ကိုကြီးက ကြိုးစားလုပ်ဆောင်နိုင်ခဲ.ပြီး ကျွန်တော်အား လူ.လောကတွင် လိုလေးသေးမရှိ မျက်နှာမငယ် အောင် ပြုစုစောင်.ရှောက်ပေးခဲသည်။ အစ်ကိုကြီးသည် ပတ်ဝန်းကျင်က ချီးမွမ်းအားကျရလောက်အောင် ကျွန်တော်အပေါ်တာဝန်ကျေခဲ.သည်.။ ကျွန်တော်နှင်. အသက်ဆယ်နှစ်ခန်.ကွာသော အစ်ကိုကြီးသည် ကျွန်တော် ကျောင်းပြီးဘွဲ.ရရ်ျ အိမ်ထောင်ပြုချိန်ထိ လုံးဝအိမ်ထောင်မပြုပဲ လူပျိုကြီးဘ၀နှင်. ကျွန်တော်ကို ကျွေးမွေးစောင်.ရှောက်ခဲ.သည်။ ယခုကျွန်တော်၏ မင်္ဂလာပွဲတွင်လက်ဖွဲ.အနေဖြင်. အစ်ကိုကြီးသည် နောက်ဆုံးပေါ် ကားအသစ်စက်စက် တစ်စီး ကို လက်ဖွဲ.ရ်ျ ဟန်းနီးမွန်းခရီးထွက်စေခဲ.သည်။ ကျွန်တော်နှင်. ဇနီးသည်လည်း ဟန်းနီးမွန်းခရီးထွက်လာရင်း ကားပေါ်တွင် ကျွန်တော်၏ဇနီးသည်က ကျွန်တော်အား `မောင်ရဲ. အစ်ကြိုီကီးက မောင်အပေါ်မှာ တကယ်ကောင်းတာပဲနော်´ `အင်း ဟုတ်တယ် အမေနဲ.အဖေမဆုံးခင်ကတည်းက ပဲခင်ရဲ.´ `ခင်ဖြင်. မောင်အစ်ကိုကြီးက ဒီလောက်ကောင်းတဲ.ကားကြီးကို လက်ဖွဲ.လိမ်.မယ်လို. ယုံတောင်မယုံ နိုင်ဘူး´ `ခုယုံပြီမို.လား ´ ဟုပြောရ်ျ ချစ်ဇနှီး၏ မျက်နှာကို အစ်ကိုကြီးအတွက်ဂုဏ်ယူဝင်.ကြွားစွာ အပြုံးဖြင်. တစ်ချက်ကြည်.လိုက်ပြီး `ခင် ဗိုက်ဆာနေပြီလား ရှေ.မှာမောင်ဒီဘက်ကို ခရီးထွက်တိုင်း စားနေကျ ဆိုင်ကောင်းကောင်းလေး ရှိတယ် အဲဒီမှာပဲစားလိုက်တော.မယ်နော်´ `အင်း မောင်ကောင်းသလိုစီစဉ်ပါ´ ဟုဆိုသောကြောင်. ကျွန်တော်တို.လင်မယားလည်း ထမင်းဆိုင် လေးတွင် ကားရပ်ကာ ၀င်ရောက်စားသောက်ကြလေသည်။ ထမင်းစားပြီး ဆယ်မိနစ်ခန်. ထမင်းလုံးစီကာ နားပြီး နောက် ဆက်လက်ခရီးထွက်ရန် ကျွန်တော်တို.လင်မယား ဆိုင်ပြင်ကားဆီသို. လျှောက်လှမ်းလာရာ ကျွန်တော် တို. ကားအနှီးတွင် ကလေးငယ်တစ်ဦးကို တွေ.လိုက်ရလေသည်။ ထိုကလေးငယ်သည် အနည်းငယ်ဆင်းဆင်ရဲ ရဲပုံစံဝတ်ဆင်ထားပြီး ကျွန်တော်တို.ကားလေးအား တအံတသြအငမ်းမရ လှည်.ပတ်ငေးမောကြည်.ရှုနေလေ သည်။ ကျွန်တော်လည်းကလေးငယ်အား တရင်းတနှီးနှုတ်ဆက်မေးမြန်းလိုက်လေသည်.။ `ဟေ. ချာတိတ် မင်းက ဒီကားကိုသဘောကျလို.လားကွ´ `ဟုတ် ဒီကားက အစ်ကိုကားလားဗျ ကျွန်တော်အရမ်းစီးကြည်.ချင်လိုက်တာဗျာ´ ဟုမျက်နှာငယ်လေး နှင်.ဆိုရှာလေသည်။ `အေးကွ ဒီကားက အစ်ကိုကို အစ်ကိုရဲ. အစ်ကိုကြီးက မင်္ဂလာလက်ဖွဲ.အနေနဲ. ၀ယ်ပေးတာကွ´ လို.ဆိုတော. ကလေးငယ်က အံသြသော အားကျသောမျက်လုံးများနှင်. ကျွန်တော်အား `ဒါဆို အစ်ကိုကြီးက ဒီကားကို ပိုက်ဆံတစ်ပြားမှမကုန်ပဲနဲ. ရထားတာပေါ.နော်၊ အစ်ကို အစ်ကိုကြီးက အရမ်းအားကျဖို. ကောင်းတာပဲဗျာ´ `အေးပေါ.ကွ´ ဟု ကျွန်တော်က ဆိုလိုက်လေရာ ကလေးငယ်သည် `အင်း´ ဟုသက်ပြင်းရှည်ကြီးချရ်ျ ကျွန်တော်မထင်မှတ်ထားသော စကားအား ပြောချလိုက်လေရာ်. ဒီတစ်ခါအံသြသွားရသူမှာ ကျွန်တော် ဖြစ်သွား လေသည်။ ကလေးငယ်က ကျွန်တော်မှာလည်းအဲလို အစ်ကိုကြီးမျိုး ရှိရင်သိပ်ကောင်းမှာပဲ ဟု ပြောမည်ထင်ထားသောလည်းသူပြောလိုက်သောစကားမှာ `အင်း ကျွန်တော်လည်း အဲဒီလိုအစ်ကိုကြီးမျိုးဖြစ်ချင်လိုက်တာ´ ဟုဆိုလိုက်လေသည်။ ကျွန်တော် လည်းကလေးငယ်၏ မျက်နှာကိုစေ.စေ.ကြည်.ရ်ျ သနားသွားပြီး သူ.အား `ချာတိတ် မင်းဒီကားကို မြို.တစ်ပတ်လောက်မစီးကြည်.ချင်ဘူးလား´ ကလေးငယ်လည်းဝမ်းသာအား ရဖြင်. `အစ်ကိုတစ်ကယ်ပြောတာလား ဒါဆိုကျွန်တော် အိမ်ကိုအရင်မောင်းပေးပါလား အိမ်ခန၀င်ပြီး ညီလေး ကိုလည်း ပေးစီးချင်လို.ပါ´ ဆိုသောကြောင်. ကျွန်တော်လည်းကလေးငယ်အားတင်ဆောင်ရ်ျ ထိုကလေးငယ်၏ လမ်းပြမှုဖြင်. သူ.အိမ်သို.အရောက်တွင် ကလေးငယ်သည် ကားပေါ်မှ ဆင်းကာ ညီလေးရေ ညီင်္လေးရေ ဟု တ ကြော်ကြော်အော်ခေါ်ကာ အိမ်ပေါ်သို. အလျင်အမြန်ပြေးတက်သွားလေသည်။ ထို.နောက် သူအိမ်ပေါ်မှပြန်ဆင်း အလာတွင် သူသည် ခြေထောက်မသန်စွမ်းသော ကလေးတစ်ဦးအား ချီကာ ကျွန်တော်တို. ကားဆီသို.လျှောက် လာပြီး သူ.၏ညီငယ်အား `ညီလေးရေ ဒီကားက ဟောဒီအစ်ကိုရဲ.အစ်ကိုကြီးက ၀ယ်ပေးတာတဲ. ကိုကြီးလည်း တစ်နေ.ကျရင် ဒီလိုကားမျိုး ညီလေးစီးဖို. ၀ယ်ပေးမယ်လို. ဂတိပေးတယ်နော် ကိုကြီးကြိုးစားမယ်သိလား´ ဟု စိတ်အားထက် သန်စွာပြောဆိုပြီး ကျွန်တော်လည်းသူတို.ညီအစ်ကိုနှစ်ယောက်နှင်.အတူ မြီု.တစ်ပါတ်လျှောက်လည်အပြီး ဟန်း နီးမွန်းခရီးတစ်လျှောက်လုံးတွင် ကျွန်တော်အစ်ကိုကြီး၏ ကျေးဇူးမျက်နှာကို မြင်ယောင်ပြီး ရယူခြင်းမှရရှိသော ပိတိထက် ပေးဆပ်ခြင်းမှရရှိသော ပိတိသည်ပိုရ်ျ ချိုမြိန်အရသာရှိကြောင်းကို နားလည်ခံစားသိရှိလိုက်ရပါတော. သည်ခင်ဗျားး။ ပြီးပါပြီ ဟုတ်ကဲ.။ကျွန်တော် ရေဒီယိုက ကြားလိုက်ရတဲ.ဇာတ်လမ်လေးပါ။ ဇာတ်လမ်လေးကတော.တော်တော်မိုက် တယ်။ ရင်ထဲကို ရောက်စေခဲ.တဲ.ဇာတ်လမ်လေးပါ။ ဒီဇာတ်လမ်းလေးကိုဖတ်ပြီး ကျွန်တော်ရဲ. အရေးအသားညံ ဖျင်းမှုကြောင်. စာဖတ်သူရဲ.ရင်ထဲကို မရောက် ဘူးဆိုရင်တော. ကျွန်တော်ကို နားလည်ခွင်.လွှတ်ပြီးတော.ပဲ ဖတ် ရှုပေးကြပါလို.ပဲတောင်းပန်ပရစေ။ ကျွန်တော်တစ်ဦးတည်းအနေနဲ. ဒီဇာတ်လမ်းလေးကို နားထောင်ရပြီးတဲ. နောက် ပေးဆပ်ခြင်းအကြောင်းကို ကျွန်တော်အတွေးတွေက တိုက်ခိုက်ဝင်ရောက်သွားစေခဲ.တယ်။ ပေးဆပ်ခြင်း အကြောင်းကို မျက်စိအနောက်ခံပြီး ဆက်ဖတ်ပေးကြပါဦးနော်။ အမှန်အတိုင်း ပြောရရင် ပေးဆပ်ခြင်းဆိုတဲ. စကားလုံးကို ကျွန်တော် မွေးကတည်းက ကြားဖူးနေတာလို. ပြောရင်ရနိုင်မယ်လို.ထင်တယ်ဗျ ။ ပေးဆပ်ခြင်းဆိုတဲ.စကားလုံးကို လူတော်တော်များများရဲ. ပါးစပ်ထဲမှာ နောက် စာအုပ်တော်တော်များများမှာ ရုပ်ရှင်တစ်ချို.မှာ စသဖြင်.နေရာတော်တော်များများမှာကြားဖူးနေကြပါ။ ဒါပေမယ်. ပေးဆပ်ခြင်းရဲ. အဓပါယ် လေးနက်မှုကိုတစ်ခါမှမစဉ်းစားဖူးတာတကယ်ပါ။ အဲဒီနေ.ကတော. ပေးဆပ်ခြင်းအ ကြောင်းနဲ. ကျွန်တော် တော်တော်လေးခေါင်းနောက်သွားတာ ဒီနေ.ထိပါပဲ။ ဘာလို.လည်းဆိုတော. ကျွန်တော်က ဒီနေ.ထိ တစ်ခါမှပေးဆပ်ဖူးခြင်းမရှိတော. ငါဘယ်သူတွေကိုပေးဆပ်ပြီးပြီလည်းလို.စဉ်းစားမိတယ်။ ဘာကြောင်.စဉ်းစားလည်းဆိုတော. ပေးဆပ်ခြင်းက ရတဲ.ပိတိကို ကျွန်တော်ခံစားကြည်.ချင်လို.ပါ။ အဲဒါနဲ. စဉ်းစားတယ်ပေါ.ဗျာ။ ငါဘယ်သူတွေကို ပေးဆပ်ပြီးပြီလည်း ဘယ်လောက်ထိပေးဆပ်ပြီးပြီလည်း ငါပေးဆပ်ရ မယ်လူရောရှိလား ပေးဆပ်ခြင်းဆိုတာကရော စသဖြင်.စဉ်းစားမိတယ်ပေါ.ဗျာ။ တစ်ရက်ချက်တင်ထဲက အမတစ်ယောက်နဲ. စကားပြောခဲ.တဲ.အကြောင်းလေးကို အရင်ပြောကြည်.မယ်ဗျာ။ အဲဒီနေ.က အမကပြောတယ် မောင်လေးက အမကိုအရမ်းဂရုစိုက်တာပဲနော်တဲ. အဲဒီအတွက်ကျေးဇူးပါလို. ပြော တယ်။ အဲဒါနဲ.ကျွန်တော်လည်း ချက်ချင်းပဲ အမကိုတစ်ခါမှ ကျွန်တော်ဂရုမစိုက်ဖူးပါဘူးလို. ပြောလိုက်မိတယ်။ ဘာလို. ကျွန်တော်အဲလိုပြောမိလည်းဆိုတော. ကျွန်တော်က ကိုယ်ကိုကိုတောင်ဂရုစိုက်တာမဟုတ်တော. သူများကို ဂရုစိုက်ဖို.ဆိုတာအဝေးကြီးပဲလေ။ လူဆိုတာအတ္တသမားတွေကြီးပဲလို. ခံယူထားတဲ. ကျွန်တော်အ တွက်တော. သူ.ကိုဂရုစိုက်ပေးတယ်ဆိုတဲ. စကားဟာ အဲဒီအချိန်က ကျွန်တော်အတွက်တော်တော်ကြောက်ဖို. ကောင်းပြီး ကျွန်တော်ကို တုန်လှုပ်စေတဲ. စကားလုံးဆိုလည်းမမှားပါဘူး။ ဒါပေမယ်. စိတ်အေးအေးနဲ. ပြန်စဉ်းစားရင် သူ.ကို ကျွန်တော်အလေးထားတယ်ဆိုတာမှန်ပါတယ်။ နောက်ပြီး သူ.ကိုတလေးတစားဆက်ဆံ တယ်ဆိုတာလည်းဟုတ်ပါတယ်။ အားလုံနဲ.ယှဉ်ရင်သူ.ကို ဦးစားပေးတယ်ဆိုတာလည်း မလွဲမသွေပါပဲ။ အဲဒါတွေ ကိုပေါင်းလိုက်ရင် ဂရုစိုက်ခြင်း ဖြစ်တယ်ဆိုလည်း ကျွန်တော်ဘာမှပြန်ပြောနိုင်မှာမဟုတ်သလို ငြင်းနိုင်မှာလည်း မဟုတ်ပါဘူး။ သူ.ကို ကျွန်တော်ဂရုစိုက်တယ်ပေါ.ဗျာ။ အဲဒီနေ.က အမက ကျွန်တော်ကို အဲဒီလို ဂရုစိုက်တယ် ဆိုတဲ. စကားလည်းပြောလိုက်ရော ကျွန်တော် တကယ်ကို ဘာလုပ်လို. ဘာကိုင်ရမှန်းမသိတာနဲ. ရှက်တာလည်း ပါမယ်နဲ.တူပါတယ်။ ကျွန်တော်မပြောသင်.တဲ. စကားတွေတော်တော်ကြီးကို ပြောခဲ.မိတယ်ဗျ။ အဲဒါကို ပီနန်းလို. ခေါ်တဲ. အမခွင်.လွှတ်ပေးဖို. ဒီစာမျက်နှာကနေပဲ တောင်းပန်လိုက်ပါတယ်။ ကျွန်တော်က အဲလိုအူကြောင် ကြောင်ကောင် ဒါပေမယ်. မတန်မရာ ပေးဆပ်ခြင်းအကြောင်းတွေလျှောက်စဉ်းစားနေတယ်လို. အပြစ်တင်လည်း ခံရတော.မှာပဲဗျ။တက်နိုင်ဘူးလေနော်။ ကိုယ်ကမှ မစဉ်းစားပဲမနေနိုင်တာကိုး။ ဒါဆို လူတစ်ယောက်ကို အလေးထားခြင်း ၊တလေးတစားဆက်ဆံခြင်း၊ ဦးစားပေးခြင်းဆိုတာတွေဟာ သူ.ကိုပေးဆပ်တာနဲ. ဆိုင်လား။ နောက်ကုန်ကုန်ပြောရရင် လူတစ်ယောက်ကို ဂရုစိုက်တယ်ဆိုတာကရော ပေးဆပ်ခြင်းဆိုတဲ. ခေါင်းစဉ်အောက်ကိုထည်.လို.ရလား။ သေချာစဉ်းစားကြည်.ရင် ရမယ်တော.မထင်ဘူဗျနော်။ ပေးဆပ်ခြင်းဆိုတဲ.စကားလုံးက အရမ်းကိုမြင်.လွန်းတာကိုးဗျ။ ကျွန်တော် တကယ်ကို ယောင်လည်လည်ဖြစ်နေ ရတာပါ ။ ပေးဆပ်ခြင်းအကြောင်းကို စဉ်းစားမိတဲ. ကိုယ်ခေါင်းကိုလည်း ရိုက်ခွဲချင်စိတ်တောင်ပေါက်တယ်။ တကယ်။ ပေးဆပ်ခြင်းဆိုတာ ကျွန်တော်တစ်ယောက်တည်းခံယူထားတဲ. ဦးတည်ရာက ဘာကိုမှမမျော်လင်.ပဲ လုပ်ကိုင်ဆောင်ရွက်ပေးတာကို စစ်မှန်တဲ. ပေးဆပ်ခြင်းလို. ကျွန်တော်ပြောချင်တယ်။ အဲလို ပေးဆပ်ရာမှာ ပေးဆပ်ခံရတာ လူလည်းဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် အခြားအရာလည်းဖြစ်ချင်ဖြစ်မယ်ပေါ.ဗျာ ။တစ်ခုခုပေါ. ။ အဲဒီအတွက် သူဘယ်လိုထိလုပ်ပေးနိုင်မှ ပေးဆပ်တာလို.ခေါ်မလည်း။ တစ်ခါကလည်း ပန်ဒါရယ် ကျွန်တော်ရယ် ဇီရိုးရယ် ပါတီချက်မှာ ပေးဆပ်ခြင်းအကြောင်းပြောဖူးသေးတယ်။ အဲဒီမှာ ပြောဖြစ်တုန်းက မိဘတွေရဲ. ပေးဆပ်ခြင်းအကြောင်းကို တော်တော်လေးပြောဖြစ်ခဲ.ကြတယ်.။ ကျွန် တော်ထင်ပါတယ် မိဘတော်တော်များများက ကျွန်တော်တို. အပေါ်ပြုမူဆောင်ရွက်ပေးနေတာတွေကို ပေးဆပ်ခြင်းလို. ပြောလို.မရဘူးလို. ပြောမိတယ်။ ဘာလို.လည်းဆိုတော. သူတို. ကျွန်တော်တို.ကို ပြုမူဆောင် ရွက်ပေးတဲ. ကိစ တွေမှာ အနည်းနဲ.အများတော. ရယူလိုမှူတွေပါတယ်ဆိုတာ ဘယ်သူမှငြင်းနိုင်မယ်မထင်ပါ ဘူး။ ဒါပေမယ်. လူ.အသိုင်းအ၀ိုင်းမှာတော. လက်ခံနိုင်သူနည်းပါတယ်။ သိနေကြသည်.တိုင် ဘာပဲဖြစ်ဖြစ် မိဘရဲ. ချစ်ခြင်းဟာ သားသမီးတွေအပေါ်ပေးဆပ်ခြင်းပဲလို. လွယ်လင်.တကူခေါင်းစဉ်တက်လိုက်တာကတော. အကျင်.ပါနေကြပါပြီ။ အဲဒီနေ.က ပြောနေရင်းနဲ. ပိုင်းရီတ်ရောက်လာပြီး ကျွန်တော်ပြောတာတွေကို ထောက်ခံ သွားသေးလားမသိ။ ထားပါ လူလက်မခံနိုင်တဲ. အကြောင်းတွေ။ အဲဒီနေ.က ပန်ဒါက ပြောသေးတယ်ဗျ။ သူပြောသွားတာလေးကလည်း စဉ်းစားစရာပဲဗျ။ တစ်ခါတစ်လေကျရင် မလိုအပ်တဲ.ပေးဆပ်မှုတွေိုကြောင်. စိတ်ညစ်ရတယ်တဲ.။ မှန်လိုက်လေဗျာနော်။ ကိုက မလိုအပ်ပဲအတင်းပေး နေရင် ဘယ်သူစိတ်ဆင်းရဲရမလည်းဆိုတာကို ထည်.မတွက်ကြတော.ဘူးတဲ.လားဗျာ။ အဲဒီပေးဆပ်ခြင်းမျိုးကို ရောစစ်မှန်တဲ. ပေးဆပ်ခြင်းလို.ခေါ်မလားဗျ။ ဆော်ကားတာတော.မဟုတ်ပါဘူး။ အဲလိုအဖြစ်မျိုးတွေက ဒီနေ.ခောတ် ချစ်ကြကြိုက်ကြခါနီး လူငယ်တွေ၊ မိဘနဲ.သားသမီးတွေရဲ. ကြားမှာတွေတွေ.နေရသလိုပဲ။ အဲဒီပေး ဆပ်ခြင်းမျိုးက ပြသာနာဘကိကိုရောက်သွားကြတာများတယ်ဗျ။ ကျွန်တော်အထင်ပါ။ နောက်ပြီး ပေးဆပ်ခံနိုင်တဲ. လူတစ်ယောက်ရဲ. အရည်အချင်းကို ဘယ်လိုသတ်မှတ်ကြသလည်း။ ကျွန်တော်စိတ် ထင်ပေးဆပ်ခံဖို. လူတစ်ယောက်မှာ အရည်အချင်းမလိုပါဘူးနော်. ။ ပေးဆပ်မယ်.လူရဲ.စိတ်ကသာ အဓိကပါ။ ကျွန်တော်စဉ်းစားလိုက်တယ်။ ကျွန်တော်တကယ်ကို စိတ်ရှုပ်စေတဲ. ပြသနာပါ။ ကျွန်တော်ဘယ်သူကိုပေးဆပ်ရ မလည်းပေါ.။ ကျွန်တော်အဖေနဲ.အမေ မိဘနှစ်ပါးပေါ. သူတို.ကိုကျွန်တော်ပေးဆပ်ချင်လား ။ ဟင်.အင်း မဖြစ် နိုင်ဘူးလို.ထင်တယ်ဗျ။ ဒီတိုင်းတောင် ကျွန်တော်ကို ကြည်.မရတဲ.လူတွေ မရိုသေစကား ကျွန်တော်ကလည်း ကြည်.မရတဲ. လူတွေကို ပေးဆပ်ဖို.ဆိုတာတော်တော်ကို မဖြစ်နိုင်တဲ. ကိစပါ.။ ဒါဆို ငယ်ရွယ်သူတွေပြောပြော နေသလို ချစ်သူကို တစ်သက်လုံးပေးဆပ်သွားမယ်ဆိုတာကရော ။ ဒါက ပိုတောင်မဖြစ်နို်င်သေးတယ်။ ဒီင်္နေ.ထိ ချစိသူတစ်ယောက်မှ မရှိတဲ.လူကို ပေးဆပ်ဖို.ဆိုတာ ဝေးလွန်းပါတယ်.။ ကိုယ်ကိုတောင်မချစ်တဲ.လူက သူများ ကို ချစ်ပြီးပေးဆပ်ဖို. ဆိုတာ တော်တော်ကို စိတ်ကူယဉ်ဆန်တဲ. ကိစဖြစ်သွားပြီဗျ။ နောက်ပြီး အချို. စကားကြီး ကြီးကျယ်ကျယ်ပြောတက်တဲ. လူတွေပြောသလို တိုင်းပြည်နဲ. လူမျိုးကို ပေးဆပ်ဖို. ဆိုရင်ရော။ အင်း ကိုယ်ဟာ ကိုယ်တောင် ထမင်းမငတ်အောင် မိဘဆီခိုကပ်စားသောက်နေရသူက တိုင်းပြည်နဲ.လူမျိုးကိုပေးဆပ်မယ်ဆိုတဲ. စကားကြီးက တော်တော်ကိုရယ်စရာကောင်းနေပါလိမ်.မယ်။ ပြီးတော. ကိုယ်က ဘာအရည်အချင်းမှ ရှိတဲ. ကောင်လည်းမဟုတ်တော. ပန်ဒါပြောသလို မလိုအပ်တဲ. ပေးဆပ်မှုကြီးပဲဖြစ်မှာဆိုတော. တိုင်းပြည်တောင် ဒုကရောက်သွားနိုင်ပါသေးတယ်.။ ဒါဆိုမင်းက ဘာလို.ပေးဆပ်ရမယ်. လူကိုအသည်းအသန်စဉ်းစားနေရလည်းလို. မေးရင် ။ကျွန်တော် ခုနဇာတ် လမ်းလေးကို နားထောင်လိုက်ရပြီးကတည်းက ပေးဆပ်ခြင်းကရတဲ.ပိတိ ကိုခံစားချင်ခဲ.တာအမှန်ပါ.။ ဒါပေမယ်. ပေးဆပ်ဖို.ဆိုတာက ကျွန်တော်ပြောခဲ.သလို လွယ်တဲ.ကိစမှမဟုတ်တာနော်။ သူငယ်ချင်းတစ်ယောက်ကတော. ပြောဖူးတယ်။ သူ.ဘ၀မှ အရေးကြီးဆုံးက အမေနဲ.ညီမလေးတဲ. ။ သူတို.ကိုတက်နိုင်သလောက်ပေးဆပ်သွား မယ်ပေါ.လေ သူပြောဖူးတယ်။ တက်နိုင်သလောက်ပေးဆပ်သွားမယ်ဆိုတာ ကို ကျွန်တော်ကတော. စစ်မှန်တဲ. ပေးဆပ်ခြင်းထဲ လုံးဝမထည်.နိုင်တာ အမှန်ပဲဗျ။ ကျွန်တော်က ပေးဆပ်ခြင်းဆိုတာ ဘာကိုမှမျှော်လင်.ရယူခြင်း မရှိပဲ လူတစ်ယောက်ကိုဖြည်.ဆီးပေးတာ မိမိအသက်ကိုပါပေးဖို. အဆင်.သင်.ဖြစ်နေလောက်အောင် အရည်အ ချင်းပြည်.၀တာမျိုးကို စစ်မှန်တဲ.ပေးဆပ်ခြင်းလို. သတ်မှတ်ထားတယ်ဗျ.။ အဲဒါက ကျွန်တော်ရဲ.ပေးဆက်ခြင်းနဲ. ပတ်သတ်တဲ. စံပေါ.ဗျာ။ ကျွန်တော်ပြောတဲ. ပေးဆပ်ခြင်းမျိုးကို အချို.ရာဇ၀င်စာအုပ်တွေမှာများ တွေ.ရမလားမ သိ ။ အဲဒါကလည်း တကယ်စစ်မှန်ပါတယ်လို. ပြောလို.ရနိုင်ပါ.မလား။ ထားပါ ကျွန်တော်မသိနိုင်တဲ.ကိစတွေ။ ကျွန်တော်အထင်တော. တကယ်စစ်မှန်တဲ. ပေးဆပ်ခြင်းဆိုတာ ဒီနေ.ခောတ်ကြီးထဲမှာလုံးဝပျောက်ဆုံးသွားခဲ. ပြီဆိုတာပါပဲ။ ကျွန်တော်နဲ.အားလုံးပဲလွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်.။ ကျွန်တော်ရဲ.စာကို ပြီးတဲ. အထိ စိတ်အရှုပ်ခံပြီးဖတ်ပေးတဲ.အတွက်အားလုံးကို ကျေးဇူးပါပဲလို….။်

0 comments: