Wednesday, December 23, 2009
ရောင်းကုန်မဟုတ်ကြောင်း ကြေငြာချက်များ
Posted by တေလေ at 11:20 AM 0 comments
Labels: ကဗျာ
Sunday, December 20, 2009
ဝစ္စပေါက် သည် သိက္ခာဖြစ်ကြောင်း
Posted by တေလေ at 3:02 PM 0 comments
Labels: ကဗျာ
Friday, December 18, 2009
ရိုးရိုးလေးရေးထားသော
Posted by တေလေ at 10:21 AM 0 comments
Labels: ကဗျာ
Friday, December 11, 2009
အင်တာနက်သုံးပါတယ်။ ခင်ဗျားနဲ့လည်း ဆက်သွယ်ဖူးပါတယ်။
Posted by တေလေ at 11:29 AM 0 comments
Tuesday, December 8, 2009
အင်တာနက် သုံးတယ်မို.လား ကျွန်တော်နဲ. ဆက်သွယ်လိုက်ပါ
ငါဟာ စိတ္တဇ တပ်သားသစ်ပေါ့ သူတစ်ညလုံးငိုနေတာ သူသိတယ် ငါသိတယ် လူတွေမသိဘူး သူမကပြောတယ် ငါနတ္တိဖြစ်နေလားတဲ့ (ထိုလေသံတွင် စိုးရိမ်မှုပါနေသလား မပါဘူးလားဟု ကျွန်တော် မခွဲခြားတက်ပါ ) ဘ၀ရဲ့ပုစ္ဆာဟာ ဘာလည်း မင်းရဲ့ဘ၀ဟာ ....... ဘာ ...ပေါင်းများစွာ (ဒီပုစ္ဆာ) ဘာမှ မဖြစ်ပါဘူးဗျာ (ဆက်ပြောရန်မရှိ) မဖြစ်ရင် ပြောပြပါနော် (ဆက်ပြောရန်မရှိကြောင်း မသိပဲ မေးလိုက်ခြင်း) ဖြစ်အောင် ပြောပြရမယ်ပေါ့နော် "မဖြေချင်တာကို အတင်းအကျပ်မေးခြင်းဟာ အဲဒီလူကို လိမ်တက်အောင် သင်ပေးနေတာပဲ" (ကြားဖူးသော စကားတစ်ခွန်း ) မင်းရော ငါရော သူရော အခုစကားစပ်မိလို. ပြောကြည့်တော့ အားလုံး နတ္တိတွေဖြစ်နေပြီ......... ငါတို. မျက်ရည်တွေနဲ. ရယ်ကြရအောင် ဟေ့ကောင် မင်းဆက်မပြောနဲ.တော့ မင်းခံစားချက်ကို ငါတို.နားလည်တယ် ငါတို.သိတယ် ငါတို.ဟာလည်း... မင်းပါပဲ တော်တော်ပြောရ ခက်တာပဲ ခက်တာကို တော်တော်ပြောတာကိုး ဘယ်လိုလူလည်း မသိဘူး မသိတဲ့လူဟာ ဘယ်လိုလဲ ကောင်းကောင်းကို အပြောမခံဘူး အပြောမခံရတာ ကောင်းတယ် "သူ နဲ့ ငါ တကယ် ဝေးသွားပြီ မင်းသိလား ဟို ကဗျာ ဆန်ဆန် ပြောရရင်တော့ဦးနှောက်က အသိကို ရင်ဘတ်က မလိုက်နိုင်သေးဘူး" ငါ (ကျွန်တော့်သူငယ်ချင်း) နည်းနည်းပြုံးမယ်ထင်တယ် "နောက်တော့လည်း တစ်ယောက်တည်း နေရဲသွားမှာပါ'" အဝေးက ဖုန်ဆိုးလွင်ပြင်တွေ အဲ့စကား သိပ်ဟောင်းနေမလားမသိ အဝေးက ဖုန်ဆိုးလွင်ပြင်တွေ လည်ချောင်းထဲကို တစ်စချင်းတစ်ထစ်ချင်း နောက် နှလုံးသားထဲထိ သူငယ်ချင်းက ကျွန်တော်ကို ဟာသ တစ်ပုဒ်ပြောပြတယ် သူငယ်ချင်းး ဘုရားမဲ့ နဲ့ ဘုရားရှိ တို့တွေ့ကြတယ် ဘုရားကိုယုံတဲ့သူက ပြောတယ် လူတစ်ယောက် ဘုရားကျောင်းထိပ်က me: အင်း (ဒီအသံဟာ သူ.ကို အနှောင့်အယှက်မဖြစ်စေဘူး လို.ယုံတယ်) သူငယ်ချင်း : ခေါင်းလောင်းတိုင်ပေါ်တက်တယ်ပြုတ်ကျတယ်မသေဘူးဘုရားမဲ့က ပြောတယ် တိုက်ဆိုင်မှုပါ me: အင်း ဆက်ပြောလေကွာ ငါနားထောင်နေတယ် သူငယ်ချင်း: ဘုရားယုံ ဆက်ပြောတယ်နောက်တစ်ခါတက်တယ် ။ စောစောက တက်တဲ့သူပဲတဲ့ ထပ်ပြုတ်ကျတယ် မသေဘူး ဘုရားမဲ့ ပြောတယ် ဒါ တိုက်ဆိုင်မှု တဲ့ me: အင်း ဆက်ပြော သူငယ်ချင်း: နောက်တစ်ခါ ထပ်ဖြစ်တယ်စောစောကလူပဲတဲ့ ထပ်တက်တယ်တဲ့ ထပ်ပြုတ်ကျတယ်တဲ့ မသေပြန်ဘူးတဲ့ ဘုရားယုံတဲ့သူက ပြုံးပြီး ပြောတယ် ဒီတစ်ခါကိုရောမင်း တိုက်ဆိုင်မှုလို့ ပြောဦးမလားတဲ့။ ဘုရားမဲ့ ပြန်ပြောတယ်။ ဒါကတော့ လေ့ကျင့်မှုဖြစ်သွားပြီတဲ့ :) me: ဟဟား မင်းဘာကိုဆိုလိုချင်တာလည်းဟင် သူငယ်ချင်း: ဟာသ သက်သက်ရယ်ပါ ဒါဟာတကယ်ပဲ ဟာသသက်သက်လား ဒါဟာ ပုံပြင်တစ်ခုလား.ဒီစကားတွေက ဘုရားရှိနဲ.ဘုရားမဲ့က ပြောတာလား တကယ်က ဒါတွေအားလုံးကျွန်တော်သူငယ်ချင်းကပြောသွားတာပါ ခင်ဗျားမယုံဘူးလား နောက်တစ်ခေါက်ထပ်နားထောင်ကြည့်ပေါ့ ဒါပဲရှိတယ် အတိတ်ကံ ဆိုတာ မတရားမှသက်သက်ပဲ ငါတို.မှာ စိတ်ကျ ရောဂါရှိတယ်တဲ့ ဘယ်သူတွေပြောလည်းဆိုတော့ ဆေးပညာနယ်ပယ်က ချာတိတ်တွေပေါ့ အင်းငါတို.ဟာ အရူးတွေပေါ့ >>>တစ်ခါတစ်လေ ငါ လူသားအဓိက ၀ါဒီ ဖြစ်ချင်ဖြစ်နေမယ် ဥပမာ ကွာ မင်းရှေ့ မှာ (မြင်သာအောင်ပြောရရင်) ကောင်မလေး တစ်ယောက်ကို ခြေသေ့င်္ နှစ်ကောင်ဝိုင်းကိုက်ဖို့ကြံနေတယ်မင်းလက်ထဲမှာ သေနတ်ရှိနေမယ် မင်းဘာလုပ်မလဲ အသက်တစ်ချောင်းအတွက် အသက်နှစ်ချောင်းကို မင်းသတ်မလားငါတော့သတ်မယ် (လက်ဖြောင့်ပါစေလို့တော့ ဆုတောင်းတယ်) >>>ငါဆိုရင်တော့ကွာ ငါ့ပင်ကိုစိတ်နဲ.ဆိုရင်တော့ အဲဒီအဖြစ်အပျက်ကိုမြင်လိုက်ရရချင်းမှာဆိုရင်တော့ ကောင်မလေးကိုကယ်မိမယ်အဲဒီအဖြစ်အပျက်ကိုနည်းနည်းလေးစဉ်းစားချိန်ရမယ်ဆိုရင်တော့ ငါအဲနေရာကထွက်သွားမယ် ဒါပဲ >>>ဘာဖြစ်လို့လဲ မင်းက ဘာဖြစ်လို့ ထွက်သွားမှာလဲ (တကယ်က အဲ့လောက် မစိုးရိမ်သင့်ပါဘူး) ငါလား ငါ့အတွက်ကောင်မလေးကလည်းဘာမှမဟုတ်ဘူး အဲဒီအဖြစ်အပျက်ကလည်းဘာမှမဟုတ်ဘူး အရေးမကြီးဘူး အဲ့ဒီလိုငါထွက်သွားလို. လူမဆန်ဘူးလို. ငါ့ကိုကဲ့ရဲ့ကြရင်လည်းအဲဒါဘာမှမဟုတ်ဘူး အရေးမကြီးဘူးအဲ့လိုပဲခံစားမိတယ် >>> မင်းနဲ့ငါနဲ့ နည်းနည်းကွဲသေးတယ်ကွ ဒါပေါ့ လူပဲတစ်ယောက်နဲ့တစ်ယောက် တူလို့ ဘယ်ဖြစ်မလဲ (တွေ.လား ကျွန်တော်သူငယ်ချင်းက နတ္တိပီသစွာ လက်ခံသဘောပေါက်လွယ်တယ်) စဉ်းစားတယ် သူကပြောတယ် ငါသေရင်ငါ့အတွက်ကဗျာရေးပေးပါတဲ့ ကျွန်တော်ငြင်းလိုက်တယ် ဒါသူ.အသုဘရဲ့ ကဗျာပဲဆိုတာ သူ.ကိုပြောပြမယ် ထားပါဘာပဲပြောပြော မောင့်ဆီက ဝေးရာ ထွက်ပြေးတဲ့ မျဉ်းတစ်ကြောင်းရဲ့ ဆုံး(ဆုံ)မှတ်ဟာ ဘာများလဲလို့ ကျွန်တော်တို.ဟာ အရူးတွေပါလို.ထပ်ပြောရင်လေးနက်ပါလိမ့်မယ် မလေးနက်ချင်ပါဘူး လေးနက်နေပါတယ်
Posted by တေလေ at 12:01 PM 1 comments
Labels: ကဗျာ
