Wednesday, October 21, 2009

ဖုန်းနဲ.ပြသာနာတက်တဲ့နေ.က ဖုန်းဘီလ်မဆောင်ရသေးကြောင်း ဖုန်းမဆက်ကြဘူး ဖုန်း

မြည်သံကြားတယ် အော်သံကြားတယ် နှိုးစက် စက်နှိုးလိုက်တာ ပိတ်လိုက်ရင် တိတ်သွားမယ် နှိးစက်ကို နှိုးစက် တိတ်သွားရင် အိပ်လိုက်မယ် နှိးစက် အိပ်လိုက်ရင် မြည်သံကြားတယ် စိတ်ထလာမယ် နှိုးစက် ဖုန်း ငါ့ကို ခေါ်လိုက်သေးလား နှိးစက် ဖုန်းလာတယ်တဲ့...၊ကျွန်တော်တစ်ခုပဲ ပြန်မေးကြည့်ချင်နေတာဗျ။ ဖုန်းဆက် (စက်) ပြော သွားတာလားလို.လေ ကျွန်တော်ခင်ဗျားကို လင့်ခ်ချိတ်ထားတယ်၊ အဲဒါကို သိလား၊ အေး....ငါရောပဲကွ လင့်ခ်ချိတ်ထားတယ် ဆိုတာက ဗျာ၊ ခင်ဗျားနဲ.ကျွန်တော်ရဲ့ ပတ်သတ်မှုကို ပြတာပေါ့ဗျာ... အင်း... ဘယ်လို ပတ်သတ်မှုရှိလည်းဆိုတော့ဗျာ... လင်မယားလိုပေါ့။ ဟေ့လူ၊ ခင်ဗျားနဲ.ကျွန်တော်က ယောင်္ကျားတွေနော်၊ ကျွန်တော်တို.ကလည်း လင့်ခ်(ခံစားချက်) လင်(လိင်)တူ ဆက်ဆံ (ဆက်ခံ) မိတာကိုး၊ ဒီကိစ္စကို မင်းသဘောတူလား ဖုန်း အဲဒီအဖွဲ.ကို ပန်.ခ် တွေလို မင်းထင်သလား မဟုတ်ဘူးလို. လျှောက်အော်သူတွေလည်း ရှိသပေါ့ကွာ၊ ဒါပေမယ့် ဟုတ်နေပါတယ် မင်း လက်ခံတယ်မို.လား၊ ဘာကိုလက်ခံမှာလည်း Big Bag ရဲ့ အပေအတေဆန်မှုကို မင်းရောငါရော တွေ.ရှိခဲ့ပါတယ်ကွာ ဖုန်း၊ မဟုတ်ဘူးလား ဖုန်း၊ မင်း ဒါတော့ဒါပေါ့ဗျာ၊ ဒါပေမယ့် ၊ ဒါက ၊ဒါဆို၊ ကျွန်တော် ဖုန်း မျက်(ခွက်) ကို ဆွဲထိုး(ကိုင်ပေါက်) လိုက်တယ်။ ခင်ဗျားကို ကျွန်တော် တက်လုပ်ထားတယ်ဗျ ခင်ဗျားကို ကျွန်တော် သတ်ပစ်လိုက်ပြီ အော..စာလုံးပေါင်းမှားလို.ဗျ၊ တကယ်က (tag)တဂ် လုပ်ထားတယ်... အဲဒီလို အင်း အဲဒီလို ရေးမှမှန်တယ်ဗျ၊ စာလုံးပေါင်း ဂရုစိုက်ဗျာ ခင်ဗျား.... ဒါနဲ. စကားမစပ် အဲဒီလူကို ခင်ဗျား တက်လုပ်မလား၊ သတ်ပစ်မလား... ဖုန်း အားသွင်းထားပါ၊ ဖုန်း မင်းထမင်းမှန်မှန်စားပါ ဖုန်း အချိန်မှန်မှန်အိပ်ပါ အစ်ကို ဆေးလိပ်တွေ သိပ်မသောက်နဲ.ဦးနော် (ဟာ..ညီမလေးရဲ့ စကားသံ ) ဘယ်က၀င်လာတာလည်း၊ ဖုန်းနဲ.ငါစကားပြောနေတာလေ ၊ဖုန်းကိုငါပြောနေတာလေ ၊ဖုန်းကငါ့ပြောသံကိုနားထောင်နေတာလေ..... ညီမလေး ဘယ်ကရောက်လာတာလည်း ဖုန်း မင်းသူ.ကိုခေါ်ထားသေးလား ဒါမှမဟုတ် ညီမလေးကို နှိးစက်ပေးလိုက်မိသလား ဖုန်း လင့်ခ်= link ကဗျာ၏ပထမဆုံးစာပိုဒ်အား ကျွန်တော်ဦးလေးမှ ပြုပြင်ပေးသည်။

Monday, October 19, 2009

အနက်ရောင် ရင့်ရင့်နှင်းဆီတစ်ပွင့်အကြောင်း

A a A

Sunday, October 11, 2009

ဒီထဲအကုန်ထည့်ရေးလိုက်တယ်၊ အကုန်ဖတ်ပါ

ရှင်ဟာဘာလည်း ကျွန်တော်နဲ.သူက အဲဒီလို အဲဒီလို အရင် သိကြတယ်... နောက်သူနဲ. ကျွန်တော်က ပတ်သတ်ရာ ပတ်သတ်ကြောင်းက တဆင့် ပတ်သတ်ကြတယ်... ကျွန်တော့်အပြင် သူနဲ.သူက မတိမ်း(တူညီ) မယိမ်း(တူညီ) ဆိုတော့ ပတ်သတ်ကြတယ်။ အင်း... ကျွန်တော်က ဘုံလိုဖြစ်နေတာပေါ့။ ရှင်တို.တွေက ဘယ်လိုတွေကွာလည်း ကျွန်တော့်ထပ်သူက အဲဒီလို အဲဒီလောက်ကြီးတယ်ပေါ့ဗျာ နောက် ကျွန်တော်က ကြီးတယ်ပေါ့ဗျာ.. အဲဒီလို အဲဒီလောက်ပါပဲ လူကြီးနဲ.လူငယ်ကြား/ ထိုသူသုံးယောက်ကြား / ကျွန်တော်၊ သူနဲ.သူကြား ကျွန်တော်က အဓိကပေါ့ အင်း...ကျွန်တော်က ဘုံ(လာပြန်ပြီ) လိုဖြစ်နေတာပေါ့... သေချာတယ် ရှင် ဗိုလ်ဖြစ်ချင်နေတာ ခင်ဗျား/ ကျွန်တော်/ သူ/ ဗိုလ် ဖြစ်ချင်နေတာ.... (ဘယ်ဟာ နာမ်လည်း၊ ဘယ်ဟာ မှန်လည်း) ဗိုလ်ကျစိုးမိုးရေး ၀ါဒီလား...ဘုံဝါဒီလား... "အတွေးနဲ.အမြင်စကားလည်း နှုတ်ပိတ်နေမယ် အပေးနဲ.အယူစကားလည်း နှုတ်ဆိတ်နေမယ် အယူဝါဒကြိုးတွေ မချည်နှောင်လိုက်နဲ.ဦး" (ဆို-တင်ဇာမော်) အတ္တကြီးနေသူ တစ်သိုက်ရှိပါတယ် ကျွန်တော်တို.ဟာ အတ္တကို တသသနဲ. တနေကြတယ် (အ နေကြတယ်) သူတို. အတ္တတွေဝယ်နေကြတယ် ကျွန်တော်/တို. အနေကြတယ်(အနေကြပြီ) သူ.ကိုကြည့်ရတာ တစ်ခါ (ကား) လာလည်း ခါးထောက် နှစ်ခါ (ကား) လာလည်း ခါးထောက် အဲဒီလို အဲဒီလို ဒီလို အနေတာပါပဲ သူ သရုပ်ဆောင်နေသည်၊ ထို.ကြောင့် ဘ၀ကိုရှောင်ထားသည်၊ ထို.အတွက် ခါးထောက်သည်။ ကျွန်တော်ဟာ မင်းသားပါတဲ့ သူ.လက်မောင်းမှာ tatto တွေ ရှိပါတယ်ခင်ဗျာ အဲဒီတုန်းကတော့ လူတွေ/ စိတ်မှာ ကြီးမားတဲ့ ၀မ်းနည်းပူဆွေးရမှုတွေပေါ့ အဲဒီနောက်တော့ အဲဒါဟာ လူဦးရေ လျှော့ချခြင်း သက်သက်သာဖြစ်ကြောင်း အတည်ပြု အဲဒီရှေ့ (တုန်း)ကတော့ အဲဒါဟာ လူဦးရေ လျှော့ချခြင်း သက်သက်သာဖြစ်ကြောင်း တွေ.ရှိ ခင်ဗျား ဘာဘာသာလည်း၊ အဲဒါကို မေ့ပြီး ဆက်ဖတ်ပါ၊ ကျွန်တော်တို.ကတော့ ဖက်စပ် ပါပဲ ဆက်ဖတ်မလား၊ ဖက်စပ်လား ခင်ဗျားကို ဒီလိုတော့ ဆဲသွားတယ် (------)၊ ခင်ဗျား ဘယ် က လည်း၊ ဘယ်ဗျား ဘယ် ကား လည်း၊ ခင်ဗျား ဘာကို ကာ မလည်း၊ ခင်ဗျား ဘာကို ကွယ် မလည်း ကျွန်တော် ကိုးကွယ် ကာ ခံလိုက်ရတာ အဲတည်း က ပေါ့။ လူဟာ လမ်းလျှောက်ရင်း လျှောက်လမ်းတွေ မမှန်တော့ဘူး၊ မမှန်ကန်သူတွေကို ကန်ကြပါ၊ ဆောင့်ကန်ကြပါ၊ ဆောက်ဆန်ပြပြီးတော့ မ ထောက်ခံ(ဆက်ဆံ)ကြပါနဲ.။ ခင်ဗျားရဲ့ သူငယ်ချင်းဟာ ကျွန်တော်ပေါ့၊ ခင်ဗျားကတော့ ကျွန်တော်သူငယ်ချင်းမဟုတ်ဘူး။ "အဆုံးစွန်ပြောရရင် ချစ်တင်းနှီးနှောရာမှာတောင် ယောက်ျားလေးနဲ့ မိန်းကလေးဟာ ပိုမိုရင်းနှီးသွားကြတာမျိုး မဟုတ်ဘူး။ ကိုယ်ခန္ဓာချင်းသာ ကူးလူးဆက်ဆံမှုရှိပြီး စိတ်ချင်းက ကမ္ဘာခြားနေဆဲပဲရှိသေးတယ်။ အဆုံးစွန်ကျေနပ်သာယာမှု (Orgasm) ကိုတောင် တစ်ပြိုင်နက် ခံစားချင်မှ ခံစားရနိုင်တာမျိုး...။ ဒီတော့ ဒီကိစ္စဟာ ကြောက်စရာကြီးမဟုတ်ဘူးလား။" (www.tazar.co.cc မှ) ကြောက်စရာ ကြောက်ပါ။

Tuesday, October 6, 2009

အိပ်စက်ခြင်း

ရော့ခ်ဂီတ ကိုဆန်.ကျင် တွန်းလှန်ကြ.. ဒီစကားကို ကဗျာဆရာကပြောတာမဟုတ်ဘူး.. ဘယ်သူပြောတာလည်း ကဗျာဆရာလို. မသတ်မှတ်(ကျောက်တင်သည်)စေလိုသူ ကဗျာဆရာက ပြောတာ အဲဒါဘယ်သူလည်း ငါလား သူလား ခင်ဗျားလား တကယ်က တကယ်က ပေါ့။ ဝေးတယ် ဝေးတယ် သေးတယ် ခင်ဗျားတို. ကျွန်တော်နဲ.ဝေးတယ် သေးတယ် သေးတယ် ဝေးတယ် ခင်ဗျားတို. ဦးနှောက်တွေ သေးတယ် သူတို.နဲ. ကျွန်တော် သေးသေးလေး ဝေးတယ် တစ်မိနစ်နဲ.ခုနှစ်စက္ကန်.တဲ့ အခုထိ loading တက်တုန်း အဲ့လောက်ပဲတက်လာသေးတယ် အဲ့လောက်ပဲတက်သေးတယ် ဆိုတာ အဲ့လောက်ပဲတက်နိုင်တာကိုပြောတာလား အဲ့လောက်ပဲဆိုတာ အော တစ်မိနစ်နဲ.ခုနှစ်စက္ကန်. ဟုတ်ကဲ့ ခုနှစ်စက္ကန်.နဲ. တစ်မိနစ် မင်းနာကျင်နေရတာ ငါ့ကို မကြင်နာသေးလို.ပါ... ငါမင်းကိုပဲသိတယ်။ သူနဲ.မသိချင်ဘူး။ ငါမင်းကိုပဲချစ်တယ။် သူနဲ.ငါမချစ်ချင်ဘူး။ အင်း..အင်း မင်းကိုငါ သူ.လောက် မချစ်တော့ဘူး သူကငါ့ကိုမင်းလောက် မချစ်တော့ဘူး အစဆိုတာ ဘာကိုသတ်မှတ်ပြီဘယ်လိုကိုမှ ဆံုးတယ်ခေါ်မှာလဲ (အဲဒါ ဘယ်သူမေးတာလည်း) ကဗျာဆိုတာ ဘာစကာလုးံးတွေနဲ့မှ ဖွဲ့စည်းလို့ရမှာလား (သူကပဲထပ်မေးတယ်) ခင်ဗျားနားလည်လား (ကဗျာရေးသူက မေးတယ် ကဗျာဖတ်သူကို) ဗျာ ဘာကိုပြောတာလည်း စာလုံးပေါင်းပြန်စစ်ပါဦး (ကျွန်တော်က ပြန်မေးလိုက်တယ်)
စာလုံးပေါင်းတစ်ခုဟာ နှလံုးသားထဲက အတွေးထဲက စိတ်ကူးအပိုင်းအစလေး တစ်ခုလောက်တော့ အဖိုးမတန်ပါဘူး (သူက ပြန်ဖြေတယ်၊ နာမ်စားတစ်ခုသုံးလိုက်တယ်....မြေခွေးမ လို.)
ဒါပေါ့ဗျာ........နှလုံးသားကဘာတန်ဖိုးမှမရှိတာနော် (ကျွန်တော်က အရွဲ.တိုက်တဲ့လေသံနဲ. ပြောလိုက်တယ်) နှလုံးသားတစ်ခု တန်ဖိုးရှိမရှိဆိုတာ သူ့ကိုထည့်ထားတဲ့ ရင်ခွင်ရဲ့ မျက်စိပေါ်မှာ မူတည်တာပေါ့ကွယ်
“အလဲ့ မိုက်တယ်ကွာ ဒါလေးမယူနဲ့ ငါ့ဘာသာငါသုံးမယ်” (သူမက မပေးချင်ပေးချင်လေသံနဲ. ပြောတယ် ကျွန်တော်က ဗြောင်ယူသုံးလိုက်တယ်)
ပြီးတော့ ပြောတယ် ပေါက်တက်ကရတွေလျှောက်ပြောတယ်. မယုံနိုင်လောက်အောင် လျှောက် လျှောက် (သူမလည်း မေ့သွားတယ် ) အာဟာရ ဆိုတဲ့ စကားလုံးကို အပျင်းပြေသုံးကြည့်ချင်တယ် အာမေဋိတ် တွေ ဖြစ်ရမယ်ဆို ခင်ဗျားဘယ်လို သုံးမလည်း....ိအို အာ အင် အဲ အေ ဟို ဟာ ဟင် ဟဲ ဟေ ရ တစ်လုံးပဲလိုတော့တယ် သူနဲ.ပတ်သတ်တဲ့ အာမေဋိတ် တွေဘယ်ပျောက်နေလည်း... အာဟာရဖြစ်စေမယ့် အာမေဋိတ် ကဘယ်မှာလည်း. ရကောက်တစ်လုံးပဲကျန်တော့တယ် ကဲ ခင်ဗျားဘယ်လိုသုံးမလည်း..... အဲ့အဖြေကို စဉ်းစားစမ်း စမ်းပြီးစဉ်းစားမလား. စဉ်းစားပြီးစမ်းမလား အဲဒါကြောင့်ခင်ဗျားကို ပြောတာ ရော့ခ်ကို ထားခဲ့လိုက်တော့လို. သူ.လိုမတွေးနဲ.တော့

Friday, October 2, 2009

ယပ်တောင်ကမ်းခြင်း

အဲဒီလူရဲ့မယား သိပ်လှတယ်မို.လား

ခင်ဗျားဘာမှ ၀င်ပြောမနေပါနဲ.တော့

မြို.သစ်ကလည်း မီးမှိတ်ခဲ့ပြီပဲ။

ခင်ဗျားကလူဖြစ်သွားပြီတဲ့လား

ဒါဆိုလည်း

ခင်ဗျားကို ကျုပ်

ကယ်ဖို.လမ်းမရှိတော့ဘူးပေါ့

ဟိုဝေးဝေးက

ခပ်ပြုံးပြုံးလှုပ်ရွရွတွေဆီ….

မင်းရောက်သင့်ပြီ။

သေချာတယ်…သူငယ်ချင်း

မင်းကိုငါမကယ်နိုင်တော့ဘူး

မင်းဟာလူတစ်ယောက်အဖြစ်

စတင်

ဖောက်ပြားနေပြီပဲ။

မင်းလူဖြစ်သွားပြီ..သူငယ်ချင်း။

ငါ့နှာခေါင်းထဲ သွေးညှီနံတွေရတယ်

ဘွဲ.ရဆိုသူတို.နဲ…..

ပွေ.ဖက်မိခြင်းမှာ..

ကျောခိုင်း

ကျောခိုင်း

နောက်

တဖြည်းဖြည်းအဝေးဆုံးကို

ငါပြေးထွက်သွားလိုက်ပြီ….

ဝှါး…….

ရှုလိုက် ရှိုက်လိုက်….

အဆုတ်တစ်ခုလုံးပွင့်ထွက်သွားအောင်

ရှုလိုက်တာပေါ့

ငါ့နှလုံးသားတစ်ခုလုံး လင်းရှင်းထွက်သွားပြီ

ကျေးဇူးတင်ပါတယ်

တက္ကသိုလ်ဆိုသော

ဖုတ်ဆိုးမြေရယ်။

ပိုးဟပ်တစ်ကောင်လည်း

အခန်းထဲဝဲပျံ

သူထိတ်လန်.နေတာဗျ။

အကျီင်္အဖြူတစ်ထည်

ကျောကုန်းတစ်ခုလုံး အပေါက်ဗရပွနဲ..

လူတစ်ယောက်

Internet ဆိုင်တစ်ခုထဲဝင်သွားတယ်

သူ..

သူတောင်းစားတော့မဟုတ်ဘူး။

ကဗျာဆရာလိုလည်း

သူ.ကိုယ်သူ

တစ်ခါမှ

မကြွေးကြော်ခဲ့ရိုးအမှန်ပါ။

အဲဒီနေ.က

ယပ်တောင်တစ်ချောင်းရခဲ့ဖူးပါတယ်။

P.S ရေးထားတာတော်တော်ကြာပြီဖြစ်တဲ့ကဗျာလေးပါ၊ အသစ်မရေးဖြစ်တာနဲ.ပဲ