Friday, May 29, 2009

ပြည်တွင်း မဂ္ဂဇင်းတခုအား သွားရောက် ကန့်ကွက်ခဲ့ခြင်း

အွန်လိုင်းမှ စာရေးသူအပေါင်းတို့ ခင်ဗျာ.. ပြီးခဲ့သော ဧပြီလထုတ် ပြည်တွင်းမဂ္ဂဇင်းတစ်ခုတွင် အွန်လိုင်းမှ စာရေးသူ မနိုင်းနိုင်းစနေ ၏ စာမူဖြစ်သော ယောက်ျားနဲ့မိန်းမ စာမူ ကို မူလစာရေးသူ အား အသိပေးခြင်း မရှိ၊ စာရေးသူကလောင် အမည် ထည့်သွင်း ပေးခြင်းမရှိပဲ ထည့်သွင်း သုံးစွဲခဲ့ပါတယ်။ ထုတ်ဝေရေး ဘက်မှ ထိုကဲ့သို့သော အွန်လိုင်းမှ စာမူများကို ကာယကံရှင်အား အသိပေးခြင်း မရှိပဲ ပုံနှိပ်ဖော်ပြနေသည်မှာ မကြာခဏဆိုသလို ဖြစ်ပေါ်နေပါတယ်။ ယခုကိစ္စတွင်လည်း မူလစာမူရှင်၏ နစ်နာမှုကို ဖြစ်ပေါ်စေသဖြင့် အွန်လိုင်းစာရေးသူ များ၏ မူပိုင်ခွင့်ကို ကာကွယ်ပေးရန် ဆိုသော ရည်ရွယ်ချက် ဖြင့် ဖွဲ့စည်း ထားသော မြန်မာအွန်လိုင်း စာရေးသူများ အသင်း (Myanmar Online Writers Association) မှ အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ထိုမဂ္ဂဇင်းတိုက်သို့ သွားရောက် အသိပေး ခဲ့ပါတယ်။ အွန်လိုင်းမှ စာရေးသူ အပေါင်းတို့ခင်ဗျာ… ထိုကဲ့သို့ အွန်လိုင်းမှ စာမူများ ပြည်တွင်း မဂ္ဂဇင်း ဂျာနယ်များတွင် မူလစာရေးသူ အား အသိပေးခြင်း မရှိပဲ ပုံနှိပ်သုံးစွဲ ခြင်း၏ မူရင်း ပြဿနာမှာ အွန်လိုင်းစာဖတ်သူ တချို့မှ အချင်းချင်း Forward Mail များ ပို့သည့်အခါ မူရင်း စာရေးသူ (သို့မဟုတ်) မူရင်း ၀က်ဘ်ဆိုက် လိပ်စာကို ဖော်ပြပေးခြင်းမရှိ ကျင့်ဝတ် ပိုင်းဆိုင်ရာ စောင့်ထိန်း လေးစားမှု မရှိခြင်း များကြောင့် ဖြစ်ရကြောင်း တွေ့ရှိရပါတယ်။ အွန်လိုင်းမှ စာရေးသူ အပေါင်းတို့ခင်ဗျာ… အွန်လိုင်းတွင် ဖြစ်စေ၊ ပြင်ပတွင် ဖြစ်စေ စာမူတစ်ပုဒ် ရေးသား ဖို့အတွက် ကြိုးစား အားထုတ်ရခြင်းသည် မလွယ်ကူကြောင်း စာရေးသူများ အသိဖြစ်ပါတယ်။ ကျွန်တော်တို့ အွန်လိုင်းမှ ရေးနေသူများဟာ မိမိရေးသားသော စာမူအတွက် စာမူခ ရနေသူများ မဟုတ်ကြပါ။ ထို့အပြင် အွန်လိုင်းမှ ရေးသားသော သူများကိုလဲ အပြင် စာနယ်ဇင်း တချို့မှ အထင်မြင်လွဲမှား နေတတ်ကြပါတယ်။ ကျွန်တော်တို့ မိမိ၏ ကိုယ်ပိုင်ဆိုက်များ ပေါ်တွင်ရေးသား နေခြင်းများဟာ ကိုယ်ပိုင် ၀ါသနာ အရရေးသား နေကြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ စာရေးသားခြင်းသည် မည်သည့်အကျိုး အမြတ်ကိုမှမျှော်ကိုး ရေးသားနေခြင်း မဟုတ်ပဲ မိမိစရိတ်ဖြင့် မိမိ ရေးသား နေခြင်း ဖြစ်ပြီး ၀ါသနာ အရလည်းကောင်း၊ အသိပညာ ဖြန့်ဝေပေးစေချင်သည့် ရည်ရွယ်ချက်ဖြင့် လည်းကောင်း၊ ပြည်တွင်း စာပေလောကသို့ ၀င်ရောက်နိုင်ရန် အခက်အခဲများ ရှိနေခြင်း၊ (ဥပမာ- စာရေးသူသည် နိုင်ငံရပ်ခြားတွင် ရောက်ရှိနေခြင်း) များကြောင့် အွန်လိုင်းပေါ်တွင် ရေးသား နေကြခြင်း ဖြစ်ပါတယ်။ သို့ပါ၍ အထက်ပါကိစ္စကဲ့သို့သော အလားတူ အွန်လိုင်းမှ စာမူများ အခွင့်မရှိပဲ စာမျက်နှာများပေါ်တွင် ပုံနှိပ် ဖော်ပြထားသည်ကို တွေ့ရှိပါက mowa.admins@gmail.com သို့ဆက်သွယ်၍ အကြောင်းကြား ပေးကြပါရန်နှင့် အွန်လိုင်း သုံးစွဲသူများ အနေနှင့်လည်း Forward Mail များ ပေးပို့သည့်အခါ မူရင်း ကလောင်ရှင်၏ အမည်နှင့် လိပ်စာကို ထည့်သွင်း ပေးပို့ ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ထို့အတူ အွန်လိုင်းစာရေးသူများ အနေနှင့်လည်း ထိုကဲ့သို့သော အသိပေးခြင်းမရှိပဲ စာမူများ ကူးယူ သုံးစွဲခြင်းများကို ကန့်ကွက်ပေးကြပါရန် နှိုးဆော် အသိပေး အပ်ပါတယ်။ မြန်မာအွန်လိုင်းစာရေးသူများအသင်း (Myanmar Online Writers Association) myanmaronlinewriters.ning.com ဆရာ မင်းယွန်းသစ်ဧ။် အီးမေးအား ဖော်ပြခြင်း ဖြစ်ပါသည်။

Thursday, May 28, 2009

ကျွန်တော်နှင့်မြို.ပြ

ကြည့်ကြ။ အဲဒါ မြို.ပြ ယဉ်ကျေးမှုဖြစ်တယ်။ မြို.ပြလူနေမှုဘ၀ဖြစ်တယ်။ မြို.ပြ ရေစီးကြောင်းဖြစ်တယ်။ ဘယ်သူတွေက ဘာပြောပြော၊ မြို.ပြဟာ မြို.ပြအဖြစ် ဆက်လက်ရပ်တည်နေတယ်။ ကားပြတင်းပေါက်က ဖြတ်တိုက်လာတဲ့လေနဲ. မြစ်ပေါ်က ဖြတ်တိုက်လာတဲ့လေ၊ လေတိုက်နှုန်းချင်း တူလောက်ပါရဲ့။ ဘယ်ဟာက လေကောင်းလေသန်. ဖြစ်မလည်း။ မြို.ပြလူထုအနေနဲ. လေကောင်းလေသန်. အကြောင်းစဉ်းစားဖို. မလိုဘူး။ နှာခေါင်နှစ်ပေါက်က သူ.အလုပ်သူ လုပ်သွားလိမ့်မယ်။ မနက်မိုးလင်းကနေ မိုးချုပ်သန်းခေါင်အထိ ပြေးလွှားရုန်းကန် ခြေထောက်တွေ။ မြို.ပြလူထုဟာ ငပျင်းတွေ မဟုတ်ဘူး။ တိုးဝှေ.လို. ကျပ်ညပ်လိုင်းကားကို ချွေးတွေစိုရွှဲလည်း စီးနေကြတာပဲ။ မြို.ပြလူထုက ဇွဲရှိတယ်လေ။ တိုးတက်လာတယ်လို. ပြောပြောနေတဲ့ မြို.ပြစီးကြောင်းထဲက အင်တာနက်၊ ညစ်ညမ်းစကားလုံးတွေနဲ. တန်ဖိုးရှီတဲ့ စကားလုံးတွေကြား လူငယ်တွေ ပျော်ဝင်ခဲ့ကြတယ်။ သကာနှောထားတဲ့ ဟန်ဆောင်အပြောတွေမှန်း သိသိကြီးနဲ. ချက်တင်ခန်းမဆောင်မှာ လူငယ်တွေ ဘူဖေးစားသုံးတက်နေပြီ။ မြို.ပြထဲမှာ လူတွေက နှလုံးသားအစစ်အမှန်ဆိုတာကို ရှာဖွေကြပြန်တယ်။ ငမ်းငမ်းတက်တပ်မက်မှုတွေနဲ.၊ သူတို.ရဲ့ ရှာဖွေမှုကိုယ်တိုင်က တုပမှုတစ်ခုသာဖြစ်တယ်။ မြို.ပြမှာတော့ ကိုးကွယ်မှုနဲ. ယုံကြည်မှုဟာ တစ်ခြားစီဖြစ်တယ်။ ကိုးကွယ်ကြပေမယ့် မယုံကြည်ဘူး။ ယုံကြည်ပေမယ့် မကိုးကွယ်ဘူး။ ငွေကြေး၊အမှန်တရား၊ ဘာသာရေး အရာခပ်သိမ်းကိုက တစ်ခြားစီပါပဲ။ ကျောင်းသားအရွယ်လူငယ်တစ်ယောက်။ စားပြီးသောက်ပြီး စားရိတ်ငြိမ်း တစ်လခြောက်သောင်းတဲ့။ ဘာအလုပ်လဲ။ မိဘပိုက်ဆံနှိုက်တဲ့ အလုပ်လေ။ အကျင့်ပျက်ယဉ်ကျေးမှု မဟုတ်ဘူး။ မိဘအမွေဆက်ခံထိန်းသိမ်းခြင်းသက်သက်သာဖြစ်တယ်။ မြို.ပြယဉ်ကျေးမှုမှာ ခိုးဝှက်တယ်ဆိုတာမရှိတော့ဘူး။ အလုပ်ထဲက အင်တာနက်ကို သုံးတယ်။ အလုပ်ထဲက ဖုန်းကို ပြောတယ်။ အလုပ်ထဲက ပိုက်ဆံကို သုံးတယ်။ အလုပ်ထဲက.........သုံးတယ်။ အများညီတော့လည်း ခိုးခြင်းက ကွယ်ပျောက်ဂုဏ်ရှိနေတယ်။ ဘယ်သူကိုမှ အကောင်းမမြင်ပါနဲ.။ သူထေးတွေကလည်း တစ်ဆယ်တန်ကို တစ်ရာနဲ.ရောင်းလို. ခေါင်းပုံဖြတ်ခြင်းအောက်ကို သိသိသာသာကြီး တိုးဝင်နေတယ်။ စိတ်ပျက်စရာ မဟုတ်ဘူး။ မြို.ပြမှာ အကြာကြီး စိတ်ပျက်စရာမလိုဘူး။ အကြာကြီး ပျော်ဖို.မလိုဘူး။ အကြာကြီး ၀မ်းနည်းဖို. မလိုဘူး။ အကြာကြီး စိတ်တိုဖို. မလိုဘူး။ အကြာကြီး ကြည်နုးဖို.မလိုဘူး။ အကြာကြီး ငိုကြွေးဖို.မလိုဘူး။ အကြာကြီး ရယ်မောဖို.မလိုဘူး။ အကြာကြီး ချစ်စရာမလိုဘူး။ အကြာကြီး မုန်းလို.လည်းမရဘူး။ နောက်ဆုံး သေဖို.တောင် အကြာကြီး စောင့်စရာမလိုဘူး။ မယုံရင် လာနေကြည့်ပါ။ တကယ်တော့ ကျူပ်တို. မြို.ပြဟာနေတက်ရင်ဖြစ်ဖြစ်၊ မနေတက်ရင် ဖြစ်ဖြစ် ရင်ခုန်စရာ အပြည့်နဲ. လွှမ်းခြုံထားတယ်။ ကျုပ်ကတော့ ရန်ကုန်မြို.ပေါ်မှာနေရတာကို ဂုဏ်ယုနေမိတယ်။

Friday, May 22, 2009

သဝေထိုးဟရေအောက်ကမြစ် ဟေ့

ဟေ့၊ အမှန်တရား လူတိုင်းရဲ့ပါးစပ်ဖျားကို မင်းရောက်ခဲ့တယ်မဟုတ်လား မိမိကိုယ်မိမိ နှိပ်ချခြင်းဟာ အလွယ်ကူဆုံးသော လူထင်ကြီးအောင်ပြုလုပ်နည်းဆိုတာ မင်းရောငါရောသိတယ်။ အဲဒီဂေဟစနစ်ကို နာမည်ပေးရင် ‘ ကိုယ်ဂုဏ်ကိုယ်ဖော် မသူတော်” ပေါ့ စကားမစပ် အသိဥာဏ်ရဲ့ အတွင်းသား လှိုက်ဖိုတွေထဲ ဘာရှိလည်းသိလား။ ဆင်ခြင်တုံတရားတွေ (သို.)ရှေ့ရိုးစွဲ အတွေးအခေါ်တွေ(သို.)အလားတူဖြစ်ရပ်တွေ ဖြစ်ရပ်တွေတူခဲ့ကြလို. ရပ်ပစ်လိုက်တဲ့လားရာတွေ တုတ်ထိုးအိုးပေါက်ပြောတက်တဲ့ ငါ့ရဲ့.ကိုယ်ကျင့်တရား ဘယ်ရောက်သွားလည်း ဆယ့်ကိုးနှစ်ဆိုတဲ့ အချိန်ပစည်းက တိုက်စားသွားတာလား အနက်ရောင်နွံထဲ ကျွန်တော်စိတ်တွေတိုးဝင်၊ ၀င်တိုးနစ်မြုပ် ပျော်ရွှင် အဖြူရောင်ထက် အနက်ရောင်က ပိုပျောက်ဖို.ကောင်းတယ်ဆိုတာသိလား ခင်ဗျားဖြူစင်ပါ။ ရိုးသားဖြူစင်စွာ ခင်ဗျားတက်ကြွပျော်ရွှင်ပါ။ အနက်ရောင် ပျော်ရွှင်ခြင်းတွေ ကျွန်တော်ခင်ဗျားဆီ ခွဲမပေးနိုင်ဘူးဗျာ။ ဘာသာရေး မကြည်ညိုသူတွေကို ခင်ဗျားအံသြနေလား အဲဒါဆိုရင် ကျွန်တော်ကိုတရားစွဲပါ၊ ခုံရုံးတင်ပါ။ ဟေ့၊ လောင်ဇူ ဆရာကြီး ပြောတဲ့ သဘာဝတရားနောက် ကျွန်တော်လိုက်ခဲ့မယ်။ ဘာသာတရားအကြောင်း အလွယ်ကူဆုံး လေ့လာဖို. ဆော့ဖ်ဝဲတစ်ချပ် ကျွန်တော်ရေးထားပါတယ်။ “နီးစပ်ရာ အခွေရောင်းဆိုင်တိုင်းတွင် အခွေလွတ်တစ်ချပ်ဝယ်ယူရ်ျ နာယူနိုင်ကြပါကြောင်း” ဟေ့၊ ကပေါက်တိကပေါက်ချာ ငါ့ကဗျာထဲ မင်းဘာလာလုပ်တာလည်းကွ။်

Monday, May 18, 2009

ဖြတ်လျှောက်ခြင်း

ငါပါးစပ်က ရိုင်းစိုင်းတဲ. စကားသံတွေ ကြားနိုင်ပေမယ့် ဘယ်တော့မှ စကားလုံးလှလှတွေနဲ. လူမသတ်ဘူး။ အမှန်တရားဟာ ထာဝရလှပနေတယ်ဆိုရင်တောင် အမှန်တရားဟာ ရှားပါးမှုရဲ. သင်္ကေတလည်းဖြစ်တယ်။ အမှန်တရား……အမှန်တရားနဲ. လူတိုင်းကတော. တကြော်ကြော် အော်တက်တာပဲလေ အဲဒီ အော်သံတွေကိုက လိမ်နေတယ်ဆိုတာကို သိသိကြီးနဲ့ အကြိမ်ကြိမ် အဖန်ဖန် ပြန်လိမ်နေမိ အဲဒါ လူသားပီသခြင်းများလား။ ဟင်.အင်း…… ငြင်းပယ်ခွင်.ပြုပါ။ အလွဲသုံးစားမလုပ်ကြပါနဲ… ခင်ဗျားတို. ဘာသာရေးတွေက ခွင်.ပြုလို.လား ငါတစ်ယောက်တည်း ရှင်သန်ခွင်.ပြုပါ…… လူတိုင်းက ခွင်.ပြုပေမယ်. ငါကိုယ်ငါ ခွင်.မပြုနိုင်သေးသရွေ. ဆက်ညဉ်းနေဦးမယ်။ တိုးတိုးလေးးးးးးးး

Monday, May 11, 2009

ပုံပြင်မဟုတ်သော သူမနှင့်ကျွန်တော်

သူမလား မိုးကောင်းကင်က ကျလာတဲ. နတ်သမီးလေးပေါ.။ ကျွန်တော်လား မြေကြီးအောက်က ထွက်လာတဲ. ရုက္ခစိုးပေါ.။ သူမလား မနာလိုဖြစ်တက်ပါတယ်ဆိုတဲ. မိန်းမတွေကတောင် ချီးမွမ်းရတဲ. မိန်းမလှလေးပေါ.။ ကျွန်တော်လား မကဲ.ရဲ.တက်ပါဘူးဆိုတဲ. ယောင်္ကျားတွေကတောင် ရှုံချရတဲ. အကျဉ်းတန်သူပေါ.။ သူမလား တိုက်မြင်.မြင်.ကြီးတွေပေါ်က ဟိုတယ်ဆိုလား အဲဒီမှာ ကော်ဖီသောက်တယ်။ ကျွန်တော်လား လမ်းကြိုလမ်းကြားချုံပုတ်နားက Tea shopဆိုလား အဲဒီမှာ ချိုစိမ်.တစ်ခွက်တောင် နပ်မမှန်ဘူး။ သူမလား လက်ပြတားရင်ရပ်ပေးရတဲ. Taxi ဆိုလား အငှားယာဉ်ကို ဘယ်သွားသွား ဈေးမဆစ်ပဲ စီးတယ်။ ကျွန်တော်လား မှတ်တိုင်သွားစီးမှရတဲ. လိုင်းကားဆိုလား ခပ်ကျပ်ကျပ်ယာဉ်ကို ရွှေဧည်.သည်နဲ. အဓိပတိကို ရှောင်စီးရတယ်။ သူမလား ခံစားချက်တွေကို ကီးဘုတ်တွေပေါ်ကနေ ခပ်ရွှင်ရွှင်ရေးသားတယ်။ ကျွန်တော်လား ခံစားချက်တွေကို ခပ်နွမ်းနွမ်းစာရွက်ပေါ်ရေးသားဖို. ခဲတံတုံးနေတယ်။ သူမလား အချစ်ကို လက်ငါးချောင်းအပြည်.ထားပြီး ဂရုမစိုက်ကြောင်းပြတယ်။ ကျွန်တော်လား သူမတစ်ယောက်တည်းကို ချစ်ပြီး ကျန်သူတွေကို လျစ်လျုရျုတယ်။ သူမလား ကျွန်တော်ကို မချစ်နိုင်မှာသေချာတယ်။ ကျွန်တော်လား သူမကို ဆက်ချစ်နေတယ်။ သူမနဲ.ကျွန်တော်လား။ သူမနဲ.ကျွန်တော်လား။ သူမနဲ.ကျွန်တော်လား။

Wednesday, May 6, 2009

ကမ္ဘာသစ်ရဲ. ကျဆုံးခန်း

ဝေးလာလိုက် နီးသွားလိုက် မဟုတ်ဘူး။ အစကတည်းကိုက မရှိတာပါ။ မသေချာခြင်းတွေအောက်မှာ ကမ္ဘာဟောင်းကို ကျောခိုင်း ကမ္ဘာသစ်ကိုငါလက်နဲ.တည်ဆောက် ငါလက်နဲ.ဖျက်ဆီး အားလုံးက အစကတည်းက မှားယွင်းခဲ.တာပါ။ မရှိခြင်း ရှိခြင်းကြား ငါဗျာများရဦးမလား။ မလိုအပ်တာတွေ သိပ်များလွန်းတဲ ကမ္ဘာဟောင်းနဲ. မလိုချင်တာတွေသိပ်များလွန်းတဲ. ကမ္ဘာသစ် ဘာများကွာခြားလို.လည်းဆိုတဲ. မေးခွန်း ငါမမေးချင်တော.ဘူး။ ထာဝရဝေးကွာခြင်း။ သံယောဇဉ်ထားလိုက်မိတဲ. ကမ္ဘာသစ်ကကောင်မလေးရေ နင်နဲ. ငါ အစတည်းက ဝေးကွာ ဒီနေ.ဝေးကွာခြင်းဟာနောက်ဆုံးဖြစ်ပါစေ။ နင်.အတွက်ငါဟာ မတန်တဲ.ကောင်ပါ ဖြစ်လာမဲ.ရလဒ်မှာ ငါပြိုမှာသေချာပါတယ်။ စောစောစီးစီးပဲ ငါပြိုလိုက်တော.မယ်ကွာ။ ငရဲ ငါမကြောက်ပါဘူး။ ဘာကိုမှ မကြောက်ပါဘူး ဆိုရင်တောင် ငါလိမ်တာဖြစ်လိမ်.မယ် ငါတစ်ခုခုတော. ကြောက်လိမ်.မယ်။ ဒါပေမယ်. ငါမသိဘူး ။ ထားလိုက်ပါ။ အသိအမှတ်ပြုခံလိုခြင်းစိတ်ဆိုတာထက် တစ်ခုပိုပါလိမ်.မယ်။ ဒါပေမယ်. ငါမသိဘူး။ ငါဘာလိုလည်းငါမသိဘူး။ ငါသိတာက လောကမှာ ငါရှိလို.လည်း ဘာမှမဖြစ်ဖူး။ ငါ.အတွက်လောက မရှိလို.ဖြစ်ပါမလား။ စိမ်ခေါ်ကြည်.ရင်ကောင်းမယ်။ ငါ....သွားတော.မယ်။ မယုံပေမယ်... စမ်းသပ်ကြည်.မယ်။။။ှုငရဲ ကိုဒီနေ.ရောက်မလား မနက်ဖြန်ရောက်မလား နောက်တစ်ပတ်ရောက်မလား ဘယ်တော.ရောက်မလည်း အဲဒီတစ်ခုပဲငါသိချင်တယ်။ ကောင်မလေးရေ ကျန်ခဲ.ပါတော. မင်မရှိနိုင်တဲ. ငါကမ္ဘာ သေသော်မှတည်.အော်ကောင်း၏။ မင်းတစ်ယောက်တည်းဆိုတာထက်တော. ပိုပါတယ်။ အကြောင်းတရားတွေပေါ. ။ မင်းရေးလက်စ ၀တ္တုရှည် ကျုပ်ကို ဘယ်သူမှမရေးခိုင်းပါဘူး။ မင်းတင်ဖို. ကျန်တဲ.ပိုစ် ကျုပ်ကိုဘယ်သူမှ မရေးခိုင်းပါဘူး။ ထားလိုက်ပါ စောက်ရူးတစ်ကောင်ရဲ. စောက်ရုူထခြင်းတွေ။ တကယ်တော. အစကတည်းက ငါ.အတွက် ကမ္ဘာဆိုတော. မရှိခဲ.တာပါ ငါ.အတွက် မရှိတဲ. ကမ္ဘာမှာ ငါရှိတော.ရော။ အိုကေလေ သွားပါတော.မယ်။ လိုအပ်ခြင်း မလိုအပ်ခြင်းတွေကြား ဗျာများမိတဲ. ငါအပြစ်တွေပေါ. ဘယ်သူမှလည်း ခွင်.မလွှတ်ကြပါနဲ. ငါလည်းဘယ်သူကိုမှ မတောင်းပန်ဘူး။ ခွင်.လွှတ်ခြင်း ခွင်.မလွှတ်ခြင်းကြား ငါဘာမှမသိဘူး။ မသိဖို. ထပ်ကောင်းကြတာပေါ.။ လိုအပ်မှုတွေကိုသာတောင်းဆိုကြတဲ. လူတွေကြား ငါလူတစ်ယောက်မဖြစ်ချင်ဘူး။ ဖြစ်ခွင်. မဖြစ်ခွင်.ကိုလည်း ငါရွေးချယ်ခွင်.မရခဲ.ဘူး။ မနက်ဖြန် ဒီနေ.ထားလိုက်ပါ။ ဂျစ်ပစီတစ်ကောင်ရဲ.လမ်းပေါ်မှာ စကားလုံးတွေ မကြမ်းတော.ဘူး။ ယဉ်ကျေးလာတာလည်းမဟုတ်ဘူး။ ရှိကိုမရှိတော.တာ။ ဝေးကွာခြင်း ကမ္ဘာတစ်ခု ပြိုကျသွားပြန်ပြီ။

Monday, May 4, 2009

ကျွန်တော်သာစုဘူးမှာနာမည်ကြီးခဲ့ရင်

ကျွန်တော် မောင်တေလေသည် စုဘူးတွင် စာရေးရင်းရေးရင်း တဖြည်းဖြည်းနှင်. နာမည်ကြီးလာလေသည်။ မသိသူ မရှိသလောက်ကို ဖြစ်လာလေသည်။ စုဘူးမန်ဘာ ဆယ်ယောက်တွင် ကိုးယောက်လောက်က မောင်တေလေအား သိကြလေသည်။ မောင်တေလေအား မသိသူမှာ ယနေ.မှ မန်ဘာဝင်သူ ဖြစ်ပါလိမ်.မည်။ ထိုသူမှာလည်း တစ်ပတ်လောက်ကြာပါက မောင်တေလေအား သိသွားတက်ကြလေသည်။ မောင်တေလေကား အလွန်လူကြိုက်များ ရေပန်းစားလျက် ရှိလေသည်။ သို.နှင်. တစ်ရက်တွင် ကျွန်တော်လည်း အကြိမ် နှစ်ဆယ်မြောက် စုဘူးတွေ.ဆုံပွဲအား တက်ရောက်ချီးမြှင်.ပေးလေသည်။ ထိုတွေ.ဆုံပွဲတွင် ကျွန်တော်မမြင်ဖူးသော လူငယ်တစ်ယောက်က လာ၍ မိတ်ဆက်လေသည်။ ထိုလူငယ်နှင်. ကျွန်တော်စကားပြောဖြစ်ပုံက­­--- လူငယ် `အစ်ကို ကျွန်တော်ထိုင်မယ်နော်´ ကျွန်တော် `ထိုင်လေကွာ၊ရပါတယ်´ (စိတ်ထဲမှ) `ထိုင်တာများ ပြောနေရသေးတယ်၊ မထိုင်ချင်မတ်တပ်ရပ်နေကွာ´ လူငယ် `တေလေ ဆိုတာ အစ်ကိုနဲ.တူတယ် ဟုတ်ပါသလား ခင်ဗျား´ ကျွန်တော် `အော၊ဟုတ်ပါတယ် အစ်ကိုပါပဲ ငါ.ညီရ´ (စိတ်ထဲမှ) `ငါ.လောက်နာမည်ကြီးတဲ.ကောင်ကိုတောင် ခုမှ မြင်ဖူးတယ်ဆိုတော. ဒီကောင် ပိန်းတိန်းတိန်းနဲ. အူကြောင်ကြားပဲ´ လူငယ် `ဟုတ် အစ်ကို တွေ.ရတာဝမ်းသာပါတယ်´ ကျွန်တော် `အေး ခုလိုတွေ.ရတာ ၀မ်းသာစရာပါပဲ´ (စိတ်ထဲမှ) ` သူက ၀မ်းသာတယ်ဆိုပဲ ၊ငါမှာတော.မင်းရုပ်ကြီးကို မြင်ရတာ အော်ဂလီဆန်လိုက်တာကွာ´ လူငယ် `ကျွန်တော်က စုဘူးမှာ အရိပ်( အဲဒီနာမည် စုဘူးမှာ မရှိပါဘူးနော်၊ တော်ကြာငြိမှာစိုးလို.ဟဲ ဟဲ) ဆိုတဲ. နာမည်ပါ´ ကျွန်တော် `အော အရိပ်ဆိုတာလား ၊တွေ.ဖူးသလိုတော.ရှိသားကွ´ (စိတ်ထဲမှ) `အဲ အရိပ်တဲ. တစ်ခါမှလည်းမကြားဖူးဘူး ဘာကောင်လည်းဟ´ လူငယ် `ကျွန်တော် blog မှာနည်းနည်းပါးပါးတော. ရေးပါတယ် ခင်ဗျား ဖတ်ဖူးလားတော. မသိဘူးဗျ´ ကျွန်တော် `အေး၊ တစ်ချို.တော. ဖတ်ဖူးပါတယ်၊ အရေးအသား တော်တော်ကောင်းတာပဲကွ မင်းမဆိုးဘူး ညီရ´ (စိတ်ထဲမှ) `နာမည်တောင် ခုမှကြားဖူးတာ သူ.စာတွေငါက ဘယ်လိုလုပ် ဖတ်ဖူးမှာတုန်း၊ ကောင်းမှာလည်းမဟုတ်ပါဘူး ၊ကြည်.ရတာ အာပလာကောင်ပဲနေမှာ ´ လူငယ် `အာမဟုတ်တာ မကောင်းပါဘူး ကျွန်တော်ရေးတာတွေက ´ ကျွန်တော် `အာ မဟုတ်တာ မင်းကလည်း ကိုယ်ကိုကို နှိမ်.ချနေပြန်ပါပြီ ငါညီရေးတာတွေက အစ်ကို တကယ်ပြောတာ ကောင်းပါတယ်ကွ´ (စိတ်ထဲမှ) `ဟုတ်ပ ကိုယ်မကောင်းတာတော. သိသားပဲ ဒီကောင် ´ လူငယ် `အစ်ကိုတို. ရေးတာတွေကို မမှီပါဘူးဗျာ၊ မှီအောင်မနည်းကြိုးစားရဦးမှာပါ´ ကျွန်တော် `အစ်ကိုရေးတာတွေမကောင်းပါဘူး ညီရာ´ (စိတ်ထဲမှ) `အမယ် အမယ် သူ.အဆင်.နဲ.များ ငါကို မှီအောင်ကြိုးစားဦးမယ်ဆိုပဲ မဖြစ်နိုင်တာတွေ လာပြောနေတယ် ဒီတစ်သက် ကြိုးစားတောင်မှီမှာ မဟုတ်ဘူး ´ လူငယ် `အစ်ကို ရေးတာတွေ အရမ်းကောင်းတာဗျ ကျွန်တော်ဆို အားကျနေရတာ´ ကျွန်တော် `မကောင်းပါဘူးညီရာ အစ်ကိုက အပေါ်ယံပါ တကယ်ကောင်းတာက မငယ်တို. ၀ါဝါတို.ကမှ တကယ်ကောင်းတာကွ သူတို.ကမှ အနှစ်တွေ´ (စိတ်ထဲမှ) `အားကျရမယ်လေ အားကျရမယ် ဟဲဟဲ ဒီကောင် မြင်တက်သားပဲ စုဘူးမှာ ငါ.ထက်တော်တဲ.လူတစ်ယောက်မှ ရှိတာမဟုတ်ဘူး၊ လူငယ် `အင်း မငယ်တို. ၀ါဝါတို.ရေးတာတွေလည်းကောင်းတာပဲဗျ၊ တစ်မျိုးလေးပဲ´ ကျွန်တော် `ကောင်းတာပဲဗျ မဟုတ်ဘူးကွ ကောင်းကိုကောင်းတာ ´ (စိတ်ထဲမှ) `ဒီကောင်ကွာ ဟိုက စကားလုံးဆန်းဆန်းတွေနဲ. ပေါက်တက်ကရ လျှောက်ရေးတာကို များကောင်းတယ်လို. ပြောရတယ်ရှိသေးကွာ စောက်တလွဲကောင် ဒါကြောင်.လည်း မတိုးတက်တာ တစ်မျိုးလေး ကောင်းတယ်ပဲရှိရသေး´ လူငယ် `အစ်ကို က အချစ်အကြောင်းတွေသိပ်မရေးဘူးနော် မကြိုက်လို.လား´ ကျွန်တော် `အင်း မကြိုက်လို.တော.မဟုတ်ပါဘူးကွာ မရေးတက်လို.ပါ ရေးတက်တဲ.လူတွေရေးမှ ဖတ်လို.ကောင်းတာလေ ကြည်.ပါလား ကိုကြီးဝိုင်တို. ၀ါဝါတို.ရေးတာတွေဆို ဘယ်လောက်ဖတ်လို.ကောင်းလည်း´ (စိတ်ထဲမှ) `အချစ်အကြောင်းရေးတာများဘာခက်တုန်း စာရေးတဲ.နေရာမှာ အချစ် အကြောင်းလောက်လွယ်တာဘာမှ မရှိတော.ဘူး၊ စာပညာ မရှိတဲ.လူတွေပဲ အချစ်အကြောင်းရေးတာ အလကားကောင်တွေ´ လူငယ် `အစ်ကိုရေးတဲ. ဟာသတွေဆို အရမ်းရယ်ရတာပဲဗျ ´ ကျွန်တော် ` ဟုတ်လား စုဘူးမှာ ဟာသအရေးကောင်းတဲ. လူတွေ အများကြီးပါ အစ်ကိုက သူတို.လို အများကြီး မရေးနိုင်သေးပါဘူးကွာ´ (စိတ်ထဲမှ) `ငါလို အဆင်.အတန်းမှီတဲ. ဟာသရေးနိုင်တာ ငါမတွေ.ဖူးသေးဘူး တကယ်တော. ငါက ဘက်စုံတော်တဲ. ကောင်ပဲကိုး ဒီကောင်မြင်တက်သားပဲ၊ အချို.က ဟာသတာ ပြောတာ ပေါကြောင်ကြောင် တွေက များတာ ၊ ငါလို.အဆင်.မမှီပါဘူး။´ လူငယ် `အစ်ကို အင်တာဗျူးတွေလည်းဖတ်ရတယ်။ မိုက်တယ်ဗျ၊ ဘယ်လိုရည်ရွယ်ချက်နဲ. လုပ်ဖြစ်တာလည်းဟင်´ ကျွန်တော် `အဲဒါက စုဘူးမှာ လိုအပ်နေတဲ. ကွက်လပ်လေးကို ဖြည်.ပေးရုံသက်သက်ပါ လိုအပ်တယ်ထင်လို.လေ ၊ စုဘူးမန်ဘာတွေကြား ရင်နှီးမှုပိုရအောင်လို.ပါ ဒါပေမယ်.အစိကို မေးတာတွေက မကောင်းပါဘူးကွာ အခြားတစ်ယောက်ယောက်သာလုပ်ဖြစ်ရင် အရမ်းဖတ်လို.ကောင်းမှကွ´ စိတ်ထဲမှ `ဟ ဗျူးတာ ငါကို လူအထင်ကြီးအောင်သက်သက် လျှောက်လုပ်နေတာကွ ဘာမှမဟုတ်ဘူး။ လူစိတ်ဝင်စားအောင် လုပ်နေတာ ပြီးတော. ငါမှမလုပ်ရင် ဒီတာဝန်ကို ဘယ်သူက ကျေပွန်အောင်ထမ်းဆောင်နိုင်မှာမို.လည်း ´ လူငယ် `အင်းစကားပြောလို.လည်း ကောင်းတယ်ဗျာ အစ်ကို အနှောင်.အယှက်များ ဖြစ်သွားသေးလားမသိ´ ကျွန်တော် `အာ မဖြစ်ပါဘူးကွာ မဖြစ်ပါဘူးကွ ဒီလို စိတ်ဝင်တစား လာပြောတာကိုပဲ အစ်ကို ကတောင် ကျေးဇူးတင်ရဦးမှာ ညီရ´ (စိတ်ထဲမှ) `ဖြစ်တာပေါ.ကွာ သိပ်ဖြစ်တာပေါ. မင်းနဲ.ပြောနေရတာ အချိန်ပုတ်တယ် ကောင်မလေးတစ်ယောက်ယောက်နဲ. သွားပြောနေရရင် ရှယ်ပဲ ခုတော. လား ဟိုမှာသူများတွေ က ကြောင်နေပြီ ငါသာ အလွတ်ဖြစ်နေတာ မင်းတော်တော်ရှုပ်တဲ.ကောင်ပဲ ငါဖြတ်ရိုက်လိုက်ရ မကောင်းရှိရော.မယ် ငါဖွန်ကြောင်မဲ. အချိန်တွေ အလဟသ ဆုံးရှုံးတယ် ဒီကောင်ကွာ သူမျကိနှာကြီး မြင်နေရတာ ကျက်သရေကို မရှိဘူး´ လူငယ် `ကျွန်တော် ဟိုဘက်သွားမိတ်ဆက်လိုက်ဦးမယ်နော် သွားလိုက်ပါဦးမယ်ခင်ဗျား´ ကျွန်တော် `အေးညီသွားတော.ဖို.လား နောက်တွေ.လည်းခေါ်နော်ကွ မင်းနဲ.စကားပြောလို. ကောင်းတယ်ကွ´ (စိတ်ထဲမှ) `သွားသင်.နေတာ ကြာပြီကွ ဘာကောင်မှန်းမသိဘူး ၊နောက်ဘယ်တော.မှ မတွေ.ရပါစေနဲ.လို. ဆုတောင်းရမယ်´ P.S ကျွန်တော်စုဘူးမှာ တစ်ခါရေးဖူးတဲ့ စာလေးပါ။ စုဘူးက သူငယ်ချင်းတွေကို နောက်ပြီးရေးထားတာလေးပါ..