Monday, May 11, 2009

ပုံပြင်မဟုတ်သော သူမနှင့်ကျွန်တော်

သူမလား မိုးကောင်းကင်က ကျလာတဲ. နတ်သမီးလေးပေါ.။ ကျွန်တော်လား မြေကြီးအောက်က ထွက်လာတဲ. ရုက္ခစိုးပေါ.။ သူမလား မနာလိုဖြစ်တက်ပါတယ်ဆိုတဲ. မိန်းမတွေကတောင် ချီးမွမ်းရတဲ. မိန်းမလှလေးပေါ.။ ကျွန်တော်လား မကဲ.ရဲ.တက်ပါဘူးဆိုတဲ. ယောင်္ကျားတွေကတောင် ရှုံချရတဲ. အကျဉ်းတန်သူပေါ.။ သူမလား တိုက်မြင်.မြင်.ကြီးတွေပေါ်က ဟိုတယ်ဆိုလား အဲဒီမှာ ကော်ဖီသောက်တယ်။ ကျွန်တော်လား လမ်းကြိုလမ်းကြားချုံပုတ်နားက Tea shopဆိုလား အဲဒီမှာ ချိုစိမ်.တစ်ခွက်တောင် နပ်မမှန်ဘူး။ သူမလား လက်ပြတားရင်ရပ်ပေးရတဲ. Taxi ဆိုလား အငှားယာဉ်ကို ဘယ်သွားသွား ဈေးမဆစ်ပဲ စီးတယ်။ ကျွန်တော်လား မှတ်တိုင်သွားစီးမှရတဲ. လိုင်းကားဆိုလား ခပ်ကျပ်ကျပ်ယာဉ်ကို ရွှေဧည်.သည်နဲ. အဓိပတိကို ရှောင်စီးရတယ်။ သူမလား ခံစားချက်တွေကို ကီးဘုတ်တွေပေါ်ကနေ ခပ်ရွှင်ရွှင်ရေးသားတယ်။ ကျွန်တော်လား ခံစားချက်တွေကို ခပ်နွမ်းနွမ်းစာရွက်ပေါ်ရေးသားဖို. ခဲတံတုံးနေတယ်။ သူမလား အချစ်ကို လက်ငါးချောင်းအပြည်.ထားပြီး ဂရုမစိုက်ကြောင်းပြတယ်။ ကျွန်တော်လား သူမတစ်ယောက်တည်းကို ချစ်ပြီး ကျန်သူတွေကို လျစ်လျုရျုတယ်။ သူမလား ကျွန်တော်ကို မချစ်နိုင်မှာသေချာတယ်။ ကျွန်တော်လား သူမကို ဆက်ချစ်နေတယ်။ သူမနဲ.ကျွန်တော်လား။ သူမနဲ.ကျွန်တော်လား။ သူမနဲ.ကျွန်တော်လား။

1 comments:

အိဖူး said...

သူမလား ..
ဗိုက်ဆာဆာနဲ့စားလိုက်တာ ကျွန်တော့မုန့်တွေပါပါသွားတယ် ...။

ကျွန်တော်လား ..
သူမစားလိုက်လို့
ဗိုက်ဟောင်းလောင်းနဲ့ဖြစ်နေတယ် ...။