ငါပါးစပ်က
ရိုင်းစိုင်းတဲ. စကားသံတွေ
ကြားနိုင်ပေမယ့်
ဘယ်တော့မှ
စကားလုံးလှလှတွေနဲ.
လူမသတ်ဘူး။
အမှန်တရားဟာ
ထာဝရလှပနေတယ်ဆိုရင်တောင်
အမှန်တရားဟာ
ရှားပါးမှုရဲ.
သင်္ကေတလည်းဖြစ်တယ်။
အမှန်တရား……အမှန်တရားနဲ.
လူတိုင်းကတော.
တကြော်ကြော် အော်တက်တာပဲလေ
အဲဒီ
အော်သံတွေကိုက
လိမ်နေတယ်ဆိုတာကို သိသိကြီးနဲ့
အကြိမ်ကြိမ် အဖန်ဖန်
ပြန်လိမ်နေမိ
အဲဒါ
လူသားပီသခြင်းများလား။
ဟင်.အင်း……
ငြင်းပယ်ခွင်.ပြုပါ။
အလွဲသုံးစားမလုပ်ကြပါနဲ…
ခင်ဗျားတို. ဘာသာရေးတွေက
ခွင်.ပြုလို.လား
ငါတစ်ယောက်တည်း
ရှင်သန်ခွင်.ပြုပါ……
လူတိုင်းက ခွင်.ပြုပေမယ်.
ငါကိုယ်ငါ ခွင်.မပြုနိုင်သေးသရွေ.
ဆက်ညဉ်းနေဦးမယ်။
တိုးတိုးလေးးးးးးးး
Monday, May 18, 2009
Subscribe to:
Post Comments (Atom)

1 comments:
အမှန်တရား……အမှန်တရားနဲ.
လူတိုင်းကတော.
တကြော်ကြော် အော်တက်တာပဲလေ
အဲဒီ
အော်သံတွေကိုက
လိမ်နေတယ်ဆိုတာကို သိသိကြီးနဲ့
အကြိမ်ကြိမ် အဖန်ဖန်
ပြန်လိမ်နေမိ
အဲဒါ
လူသားပီသခြင်းများလား။
အဲဒီစာသားလေးတွေ ကြိုက်တယ်ဗျာ
အားပေးလျက်ပါ
Post a Comment