Sunday, April 5, 2009

မနက်ဖြန်ရောက်လာမည့် ပျော်ရွှင်ခြင်း

ကျွန်တော်ကိုတင်ဆောင်လာတဲ. ကားလေးဟာ `လွီုက်လွိုက်မန်.´ ဆိုတဲ. ဆိုင်းဘုတ်တွေကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ရင်း ဒီမြို့လေးကို ညင်သာစွာ ရောက်စေခဲ့တယ်။ ကျွန်တော့်ဘ၀မှာ တစ်ခါမှ မမြင်ဖူးတဲ့ တောင်စဉ်တောင်တန်း တွေနဲ့အတူ အချစ်ဆိုတာကိုလည်း စတင်သိရှိခွင့် ရခဲ့တယ်။ ဟုတ်ကဲ့ ကွာခြားတာဆိုလို့ သူမက ကျွန်တော့်နှလုံးသားကို မြန်မြန်ဆန်ဆန်ကြီး ရောက်ရှိခဲ့တယ်။ ဒီမြို့လေးကို ရောက်ခဲ့ရပုံနဲ့ သူမကို ချစ်မိခဲ့ပုံကတော့ အဲဒါလေးပဲ ကွာပါတယ်။ နှစ်မျိုးလုံးကတော့ ကျွန်တော့်အတွက် အသစ်အဆန်း ရင်ခုန်ဖွယ်ရာ တွေပါပဲ။ မနက်ခင်း ကျောင်းဖွင့်ရက် တစ်ရက်ကို သူမမျက်နှာကို ငေးကြည့်ခြင်းအားဖြင့် ကျွန်တော်က စတင်ခဲ့တယ်။ မနက်ခင်း နိုင်ငံတော် သီချင်းဆိုချိန်မှာ ကျွန်တော်က သူမနှုတ်ခမ်းလေးတွေကို ငေးပြီး သူမအတွက် အချစ်သူချင်းလေး တစ်ပုဒ်လောက် ဆိုပြချင်မိတယ်။ တစ်ခါတစ်ရံလည်း အမှတ်အမဲ့ ဆိုမိစေခဲ့တယ်။ ကျွန်တော့်အပြစ်တော့ မဟုတ်ပါ။ သူမနှုတ်ခမ်းလေးတွေက ကျွန်တော်ဟန်မဆောင် နိုင်လောက်အောင် လှလွန်းတယ်။ သူမဆိုသည်မှာ ကျွန်တော်တို့ အတန်းတွင်သာမက ကျွန်တော်တို့ ကျောင်းတွင်မှာ အလွန်နာမည်ကြီးလှသော ရှစ်တန်းကျောင်းသူလေး ဖြစ်သည်။ ကျွန်တော်သည် သူမနှင့် တစ်ခန်းတည်း စာသင်ကြားခွင့် ရသည့်အတွက် အလွန်ဂုဏ်ယူမိသည်။ တကယ်တော့ သူမ၏ မျက်နှာကို ငေးကြည့်နေခွင့်တွင် ပျော်ပိုက်နေခြင်းသာ ဖြစ်သည်။ ကျွန်တော် ယခုတက်ရောက်နေသော ကျောင်းလေးသည် ယခင် ကျွန်တော်တက်ခဲ့ဖုးသော မြေပြန့် ဒေသမှ အထက်တန်းကျောင်းလေးများနှင့် အလွန်ကွာခြားနေခဲ့သည်။ ဒီကျောင်းလေးမှ ကျောင်းသား ကျောင်းသူများသည် မနက်ပိုင်းသာ ကျောင်းတတ်ကြသည်။ ကျောင်းလေး၏ စာသင်ချိန်မှာ တစ်နေ့လုံး တက်ရောက်သော ကျောင်းဖြစ်သော်လည်း မနက်ကိုးနာရီမှ နေ့လည် ဆယ်နှစ်နာရီထိ တက်ပြီး ထမင်းစား ချိန်တွင် အိမ်ပြန်စားစေပြီး နေ့လည် တစ်နာရီမှ ညနေသုံးနာရီထိ ပြန်တက်ရသော ကျောင်းမျိုးဖြစ်သည်။ ထမင်း စားချိန်မှ အပြန်နေ့လည် ပိုင်းကျောင်းတက်ချိန်တွင် တက်ရောက်သော ကျောင်းသား ကျောင်းသူ အရေအတွက်မှာ နှစ်ဆယ်ထက်မပိုပေ။ ထိုနှစ်ဆယ်ခန့် ရှိသောအရေအတွက်တွင် သူမနှင့် ကျွန်တော်သည် အမြဲတမ်းပါဝင်သည်။ ရောက်ခါစက ထိုကျောင်းလေးသည် ကျွန်တော့်အတွက် အထူးအဆန်းဖြစ်နေစေခဲ့သည်။ ကျောင်းသားကျောင်းသူ အများစုမှာ အလွန်ရိုင်းစိုင်း၍ တစ်ခါတစ်ရံ ဆရာဆရာမများအား ပြန်ပြောတတ် ကြပေသေးသည်။ ကျွန်တော့်အတွက် ထိတ်လန့်စရာများနှင့် ပြည်နှက်နေသော်လည်း သူမရှိနေသည့် အတွက် ကျောင်းတက်ရသည်ကို ကျွန်တော် အလွန်ပျော်သည်။ သူမသည် ထိုလူအများစုနှင့် မတူ ကွဲပြားသည့် အတွက်လည်း ကျွန်တော်က မဆီမဆိုင် ကျေနပ်ရသေးသည်။ သူမအား အမြဲမပြတ် ကြည့်ငေးနေချင်သော ကျွန်တော်သည် ကျောင်းပိတ်ရက်များတွင် သူမကို တွေ့ခွင့်ရရန် ကချင်ဘုရားကျောင်းလေးရှေ့က အုတ်ခုံတွင် သူမကို စောင့်နေမိတက်သည်။ သူမသည် ကချင် မလေးတစ်ဦးဖြစ်သည်။ ဘုရားကျောင်းသို့ သူမရောက်လာလျှင် အမြဲလိုလို ပြုံး၍ပျော်ခဲ့ရသည်။ သူမထိုင်နေကြ ခုံတန်းလေး၏ နောက်ဖက် ခပ်စောင်းစောင်း တစ်နေရာမှ ခုံတန်းလေးသည် ကျွန်တော် ထိုင်နေကျ နေရာလေး ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။ ကချင်ဘာသာဖြင့် ဓမ္မသီချင်းများကို သီဆိုချိန်တွင်တော့ ကချင်စကား မတတ်သော ကျွန်တော့်အတွက်တော့ ဓမ္မတေးစာအုပ်ပေါ်တွင် သူမမျက်နှာကိုဖော်ပြီး အချစ်သီထချင်း အေးအေးလေးတွေကို သူမအတွက် ကျွန်တော်ညဉ်းနေမိသည်။ သူမ မည်သည့် သီချင်း ကြိုက်သည်ကို ကျွန်တော်မသိခဲ့ပါ။ တစ်ရက်သော ဘုရားကျောင်းလေးမှ အပြန် သူမနောက်မှ ကျွန်တော် အမှတ်မထင် လိုက်သွားမိခဲ့သည်။ ထိုနေ့က သူမ၏အိမ်ပုပုသေးသေးလေးကို သိခွင့်ရခဲ့သည်။ ခရစ္စမတ်နေ့နှင့် အခြားသော အခါကြီး ရက်ကြီး ရက်မြတ်များတွင် ကျွန်တော်၏ ညပိုင်းအချိန်လေး များကို ဘုရားကျောင်း၏ ထိုင်ခုံလေးတွင် ထိုင်ရင်း သူမ၏ တယောထိုးသံလေးကို မက်မက်မောမော နားစိုက်ရင်း အချိန်များကို အကျိုးရှိစွာ အသုံးချတတ်သည်။ တယောထိုးနေသော သူမ၏ လက်ချောင်းလှလှ လေးများကို ငေးကြည့်ရင်း တယောထိုးသံလေးကို နားဆင်ရင်း ကျွန်တော့်နှုတ်မှ သီချင်းသံစဉ် တစ်ပိုင်းတစ်စကို တိုးတိုးလေး ဆိုရင် ကျွန်တော်၏ မျက်စိနား နှုတ်ခမ်းတို့သည် အငမ်းမရ အလုပ်ရှုပ်နေခဲ့သည်။ သူမ၏ တယောဘိုးတံ ထိပ်ဖျားတွင် ကျွန်တော်၏ ၀ိညာဉ်သည် ကပ်ငြိသွားပြီး ထိုအချိန်၌ ကျွန်တော့်ဘ၀ တစ်ခုလုံးသည် တယောလေး တစ်လက်သာ ဖြစ်ပေသည်။ သူမအနေဖြင့် ကျွန်တော်၏ အသက်ဝိညာဉ်ကို တယောသံလေးဖြင့် နှုတ်သိမ်း သွားမည်ဆိုပါက ကျွန်တော် ငြင်းရက်နိုင်မည် မဟုတ်ပေ။ တဖြည်းဖြည်းနှင့် ရှမ်းပြည်နယ်နေ့ ကျင်းပသော ရက်များသို့ ရောက်လာခဲ့တယ်။ ထိုရက်များတွင် ထိုကျောင်းမှ ကျောင်းသား ကျောင်းသူ အားလုံး ပျော်ရွှင်နေကြသည်။ အလွန်စည်ကားလှသော လွယ်ကိန်းခမ်း တောင်ပေါ်ဘုရားပွဲလေးတွင် ညတိုင်းသူမကို ကျွန်တော် မသိမသာကော၊ သိသိသာသာကြီးပါ လိုက်ရှာ နေမိတယ်။ တစ်ညမှ သူမအား တွေ့ခွင့်မရ။ အိမ်အပြန် အိမ်မက်ထဲတွင်သာ သူမနှင့် ကျွန်တော် တောင်စောင်း လေးတွင် ယှဉ်တွဲကာ မီးရှုးတိုင်များ ပစ်ဖောက်ကာ ပျော်နေကြသည်။ ကျွန်တော် ကြိုထင်ထားသည့်အတိုင်း ကျောင်းလေးတွင် မနက်ပိုင်းသာ ကျောင်းတက်ကြသော ကျောင်းသူကျောင်းသားများက ပွဲတော်အား အကြောင်း ပြကာ ပျောက်နေခဲ့ကြသည်။ ထိုနေ့များတွင် ကျောင်း၌ စာမသင်သော်လည်း ကျွန်တော် နေ့တိုင်း ကျောင်းကို ရောက်သည်။ သူမသည်လည်း နေ့တိုင်းကျောင်းလာတတ်သည်။ ထိုရက်များတွင် သူမနှင့် ကျွန်တော် ပထမဆုံး စကားပြောခွင့်ရခဲ့သည်။ ထိုနေ့က လူရှင်းလှသော စာသင်ခန်းလေးထဲ၌ သူငယ်ချင်းတစ်ယောက်အား နောက်၍ ``မ၊ မလာရ´´ ဟူသော စာတန်းလေးကို မရည်ရွယ်ပဲ ရေးခိုင်းမိသည်။ ထိုစာတန်းလေးအား ဖက်၍ ကျွန်တော်၏ ရည်ရွယ်သူ သူမက ``မလာရ´´ ဟူသော စာတန်းအား ဆန့်ကျင်၍ သူမသည် ကျွန်တော့် သူငယ်ချင်းဆီ တန်းတန်းမတ်မတ်ကြီး ရောက်လာ၍ ရန်တွေ့ခဲ့သည်။ ကျွန်တော့်သူငယ်ချင်းက ကျွန်တော်ရေးခိုင်း၍သာ ဖြစ်ကြောင်းဆိုရာ သူမ၏ ဒေါသမြှားဦးက ကျွန်တော့်အား ``ဒါ ၊ နင်သဘောလဲ´´ဟူသော စကားနှင့် ပစ်ခွင်း လိုက်သည်။ ကျွန်တော် စက္ကန့် (၃၀)ခန့် သူမအား စိုက်ငေးကြည့်ကာ စကားရှာမရဖြစ်နေမိသည်။ ကျွန်တော့် စိတ်ထဲတွင် ပထမဆုံး ပျော်ရွှင်းခြင်း ဖြစ်ပြီးနောက် တစ်ဆက်တည်း ၀မ်းနည်းခြင်းကိုပါ ခံစားလိုက်ရသည်။ ပျော်ရွှင်ခြင်းမှာ သူမ၏ စကားသံသည် ကျွန်တော့်အတွက် ရည်ရွယ် ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်ပြီး ထိုစကားသည် သူမက ကျွန်တော့်အား မနှစ်မြှို့မှုမှဖြစ်ပေါ်လာခြင်းဟူသော အသိကြောင့်ဖြစ်သည်။ သူမအား ကျွန်တော် ``ဆောရီး´´ဆိုသော စကားတစ်ခွန်းသာ ဆိုနိုင်ပြီး တောက်ခေါက်ထွက်သွားသော သူမကို ကျွန်တော်၏ အသိစိတ်တွင် ထာဝရ ဝေးကွာခြင်းဟု နားလည်လိုက်မိသည်။ နောက်နေ. နောက်နေ.များတွင် သူမသည်ကျွန်တော်နှင်. အဖြစ်အပျက်များကို မေ.သွားမည်ဆိုသည်မှာ သေချာလွန်းလှပါသည်. ။တဖြည်းဖြည်းနှင်.ဆိုသလို ကျောင်းပိတ်ရန် ရက်များရောက်ဖို. ကျောင်းတော်လေးတွင် နှုတ်ဆက်ပွဲဆန်ဆန် ပွဲတော်လေးတစ်ခု နေ.တိုင်းကျင်းပနေသည်။ မြေပြန်.ဒေသမှကျောင်းများတွင် ကျောင်းသင်္ကြန် ကဲ.သို. ပုံစံမျိုးလေးဖြစ်သည်. ။ တောင်ပေါ်ဒေသဖြစ်သောကြောင်. ထိုပွဲတော်လေးသည် အလွန်သင်.တယ်သော ပုံစံဖြစ်သည်။ သူတို.သည် တစ်ယောက်၏ပါးကို တစ်ယောက်က နှုတ်ခမ်းနီနှင်. သုတ်လိမ်းသော ပွဲတော်လေးဖြစ်သည်.။ သူတို.သည်နှင်.ကျွန်တော်သည် တစ်သွေးတည်းတစ်သားတည်းဖြစ်၍ သူတို.၏အပျော်သည် ကျွန်တော်၏အပျော်ဖြစ်သော်လည်း ကျွန်တော်အဝေးကသာ ကြည်.ငေးနေမိသည်.။ တစ်ယောက်နှင်.တစ်ယောက် အပြန်အလှန်ဆော.ကစားရင်း သူမသည်လည်း ကျွန်တော်အနားသို. မကြာခဏ ရောက်လာတက်သည်.။ ထိုအချိန်မျိုးတွင် ကျွန်တော်အိမ်မှ အမှတ်မထင် ယူလာမိသော နှုတ်ခမ်းနီထောင်.လေး အား အဖုံးဖွင်.ပြီး သူမ၏ ပါးပြင်နုနုပေါ်တွင် အပြေးလေး ပွတ်သပ်ပေးလိုက်ချင်မိသည်။ သို.သော် သူမစိတ်အနှောင်. အယှက်ဖြစ်သွားမလားဆိုသော စိတ်ကို ၊ သူမ၏ ပါးပြင်ကို ကျွန်တော်ကြောင်. အနာတရ မဖြစ်စေလိုသော စေတနာတို.က ကျွန်တော်လက်ကို အနိုင်ယူသွားခဲ.သည်။ သူမသည် ကျွန်တော်အတွက်မဟုတ်သော်လည်း ကျွန်တော်ကရော။ ကျွန်တော်ကရော ။ ဘာပဲပြောပြော သူမကို ကျွန်တော်ချစ်မိခြင်းကိုတော. ကျွန်တော် လက်ထဲမှ နှတ်ခမ်းနီထောင်.လေးက သက်သေလိုက်ပးမည်ဟု ထိုနေ.က ပြောသော်လည်း ကျွန်တော် ငြင်းပယ်လိုက်မိသည်.။ ပြန်ရမည်ပေါ.။ ကျောင်းပိတ်ရက်များတွင်တော. ကျွန်တော်မချစ်နိုင်တော.သော မြေပြန်.ဒေသလေးဆီ တစ်ခါက အိမ်ဆီသို. ပြန်ပြောင်းရတော.ပေမည်။ ထို.နောက်တစ်နှစ်တာ ကျောင်းတက်ခြင်းကို မြေပြန်.ဒေသလေးတွင် ပြုလုပ်ရပေဦးမည်.။ သူမသည်လည်း အခြားသော မြေပြန်.ဒေသလေးတစ်ခုတွင် ထုံးစံအတိုင်း ကျောင်းသွားတက်မည်မှာ သေချာပါသည်.။ သူမနှင်. ကျွန်တော်ဝေးကွာခြင်းတွင် မြို.ကလေးက ကျွန်တော်တို.နစ်ဦးလုံးကို သာတူညီမျှ နှုတ်ဆက်ပါလေစ။ မြို.ကလေးရယ် နှုတ်ဆက်တဲ. အနေနဲ. သူမကို တင်းကျပ်စွာ တစ်ခေါက်လောက်တော. ဖက်ထားပေးပါ။ ပြီးရင် ကျွန်တော်ကိုလည်း တစ်ခေါက်လောက်တော. တင်းကျပ်စွာ ဖက်ထားပေးပါ။ စိတ်မပါလည်း ဖက်ထားပေးပါ။ သူမရဲ. ကိုယ်သင်းနံတွေ သင်.ဆီကနေတဆင်. ကျွန်တော်ကို ရှုရှိုက်ခွင်.ပေးပါ။ သူမကို ထာဝရသိနေစိတ် ပေးသနားပါလို. မည်သူဆီ တောင်းဆိုရမှန်း ကျွန်တော်မသိပါ။ သို.သော် ကျွန်တော်၏ အပြင်းထန်ဆုံး ဆန္ဒဖြစ်ပါသည်… ခွင်.ပြုကြပါ။ နောက်တစ်နှစ် နွေရာသီ ကျောင်းပိတ်ချိန်တွင် ကျွန်တော်သည် သူမ၏ အိမ်ရှေ.တွင် မည်သူ. ခွှုင်.ပြုချက်ကိုမှ မယူပဲရောက်နေပါမည်။ ထိုအချိန်တွင် ပြောင်းလဲနေမည် ဖြစ်သော သူမ၏ ရုပ်ပုံလွှာကိုမှန်းဆပြီး ကျွန်တော်စိတ်ကူး ပျော်မြူးနေလိမ်.မည်ဖြစ်သည်။ သူမသည် ဆံပင်လေးများရှည်လာပြီး ပိုလှလာမည်လား။ ဒါမှမဟုတ် နဂိုဆံပင်အတိုင်း ပိုလှလာမည်လား။ ဘယ်လိုပုံဖြစ်ဖြစ် သူမသည်ကျွန်တော်အတွက် တစ်ရက်ထက် တစ်ရက်ပိုလှနေမည်ဖြစ်ကာ ကျွန်တော်၏အချစ်သည်လည်း တစ်ရက်ထက်တစ်ရက် ပိုတိုးကာ ချစ်နေမည်မှာ စိတ်ကူးစရာပင်မလိုတော.ပါ။ နောက်တစ်နှစ် နွေရာသီ ကျောင်းပိတ်ရက်များကို မျှော်ရင်း……….မျှော်ရင်း……….။ ကျွန်တော် ပျော်ရွှင်နေပါတော.သည်။်

0 comments: