မေးခွန်းတွေ ထုတ်ခဲ့တာများပြီမို့ ဟုတ်ကဲ့
မေးခွန်းတွေ ပြန်ပို့ပေးကြပါ။
ပေးပြီးစလစ်လေ ပြန်မတောင်းကြေး
မဟုတ်ဘူးလေ
လိုချင်တာ ထုတ်လိုက်တဲ့ မေးခွန်းတွေ မဟုတ်ဘူးလေ
ပြန်ထုတ်လာမယ့် မေးခွန်းတွေလေ
မရှိဘူးလား ၊ မတန်တာလား ၊ ဆွံအတာလား
မေးခွန်းကို မေးခွန်းထပ်ထုတ်ဖို့လေ
ဒါတွေနဲ့ မတည်ဆောက်ဘူးတဲ့လား
ဒါတွေဆိုတာ မရှိလည်း ဖြစ်တယ်ပေါ့
တည်ဆောက်ချင်တာ ဘာလည်း
မေးခွန်း
ဟုတ်ဘူးလေ အဲ့ဒါကို မဟုတ်ဘူးလေ
ထားတော့
ဒါတွေ ဆိုတာကရော ဘာလည်း
မေးခွန်း
ဟုတ်ရဲ့လား အ အ အ အ
သိဘူးတော်ရေ ဟုတ်ချင်လည်း ဟုတ်မှာပေါ့
လက်တွေ့ကျတာပဲ ပြောရမယ်ဆို
"မေးခွန်း" ဘယ်ပါတော့မလည်း
"မေးခွန်း" မပါတာကို ပြောတာလား ဒါမှမဟုတ် "မေးခွန်း" မပါတာကို ပြောတာလား
ဟင် ……တူဘူးလားရှင်
မတူဘူးလေ
ဘာလို့ မတူလည်းသိချင်လား
အဲ့ဒါ မေးခွန်းပဲ။
တေလေ

1 comments:
မေးခွန်းလိုချင်ရင် မလွယ်ဘူးဗျ .. ကျနော်တို့ ကျောင်းတက်တုန်းကတော့ တော်တော် ကတော့ လိုက်ရတာ ....
Post a Comment