အဆင်မပြေမှုတွေကြား
အဆင်ပြေလားဆိုတဲ. စကားကို
ဟန်ဆောင်ပန်ဆောင်ပဲ
ဟုတ်ကဲ. ပြေပါသည်ခင်ဗျားလို.
ပြောတက်ရမည်။
ခင်ဗျားတို.
မကောင်းဆိုးဝါးဆိုတာ
မြင်ဖူးကြလား။
မမြင်ဖူးရင် ရှေ.ကအခန်းထဲ
ဝင်ကြည်.လိုက်ပါ။
အဲဒီ မကောင်းဆိုးဝါးက
မကောင်းဆိုးဝါးတွေရဲ. မကောင်းကြောင်းကို
ရှင်းပြနေတယ်။
မြင်နိုင်အောင်ထပ်ကြည်.ပါ။
အဲဒီမကောင်းဆိုးဝါးဟာ
ကျုပ်ဖြစ်တယ်။
ကျုပ်ကိုယ်ထဲက
မကောင်းဆိုးဝါးကောင်က
လှစ်ခနဲ ပြေးထွက်။
သူ.ကို ပြန်လိုချင်ဇောနဲ.
ကျုပ်ကိုကျုပ် နောက်ပြေးလိုက်
အမောဟိုက်နေတဲ. ဒီကောင်ကို
ရေတစ်ခွက်ဖေးတိုက်မယ်. သူတောင်မရှိ။
တကယ်လို.
ကျုပ်သာသေသွားခဲ.ရင်
ကျုပ်ကိုကျုပ်တောင်
မသနားဘူး။
Saturday, February 21, 2009
Subscribe to:
Post Comments (Atom)

1 comments:
ဒါလေး ဖတ်လိုက်ရတော့ မင်းခိုက်စိုးစံ ရဲ့ စုန်း ကို သွားသတိရတယ်..
Post a Comment