မီးပိတ်လိုက်လည်း ကိစ္စ မရှိပါဘူး... ငါက
ငါ့ အလင်းနဲ့ ငါ တောက်ပပြီးသား
"ဟေ့ကောင်... မင်း သတ္တိရှိရင် ခွေးလိုဟောင်ပြပါလား "
" နင် တင်လိုက်ရင် စာသားတွေက မိုက်ရိုင်းလိုက်တာဟာ"
" ဟာ.. ကျုပ် တင်ထားတာတွေက မှားနေလို့လား ဒါဆို "
" အဲ... မှားတော့ မမှားဘူးပေါ့... ဒါပေမယ့် "
" ဒါပေမယ့်.. ဘာဖြစ်လည်း "
" အင်း... မှန်တော့မှန်ပါတယ်... ဒါပေမယ့် ရိုင်းတယ် "
(Chat List တစ်ခုမှ )
သူ့မှာ သတ္တိလည်း မရှိတော့ဘူး ၊ ပြီးတော့ သတိ နဲ့ သိတက်မှုရောပေါ့
ခရီးဝေး လက်ဆောင်များ
၁၉၇၀ ခုနှစ်လောက်က ပေါ်ပေါက်ခဲ့တဲ့ အမျိုးအစားတွေနဲ့ တူပါသလား ခင်ဗျာ
ဟယ်.. မနှိုင်းကောင်း မယှဉ်ရာ
တစ်ခုတော့ တူ/ပြော နေတုန်းပဲ
ကဗျာ ဆိုတာ ကဗျာ လို့ပဲပေါ့
တကယ် က ကယ်ထားတာလည်း မရှိဘူး ၊ တ လည်း မတမ်းဘူး
a r l o
ပျင်းလာပြီ ၊ ထွက်သွားတော့မယ်။ နှုတ်ဆက်မယ့် သူတွေကိုရော ၊ နှုတ်ဆိတ်နေမယ့် လူတွေကိုရော ထားခဲ့တော့မယ် ။ ပတ်ဝန်းကျင်က ညို့ညို့မှိုင်းမှိုင်း နဲ့ ဖြစ်နေတဲ့ အချိန် ငါ ပြင်ဆင်ထားမယ် ၊ လူ့လောက က သူဘာတွေ ယူသွားတယ် ဆိုတာ ဘယ်သူမှ မသိနိုင်အောင်ပေါ့ ။ မနက်အလင်းမှာ အားလုံးကို ပြုံးပြပြီး သူထွက်သွားတယ် ။ ငါလေ လမ်းခရီးမှာ ဘာတွေ တွေ့ရဦးမှာလည်း ။ တကယ်တော့ သူရဲ့ လမ်းခရီးမှာ... မဟုတ်သေးဘူး ... သူက ထွက်သွားပြီ ဆိုပေမယ့် သူ့မှာ လမ်းခရီးမှ မရှိတာ ။ လမ်းခရီးလို့ ထင်တဲ့ အဆုံးမှာ သူက ရပ်နေတာပါ ။ ရပ်နေတဲ့ သီချင်းတွေ အသီးသီး ထပွင့်ကြတယ် ၊ ဘယ်မှာလဲ.. ဘယ်မှာလဲ.. ဘယ်နားမှာလဲ..ငါ ကြားပြီး ငါ မသိတာ သိပ်ဆိုးတာပဲ ။ သူ ဘာမှ မကြားနိုင်ပဲ လောကကြီး အသံဆိတ်ခဲ့တာ ကြာခဲ့ရောပေါ့.... ဟိုးမှာ ..ဘာမှ မရှိ ၊ ဒီမှာလည်း ဘာမှမရှိ... အဲ့ဒီ ဘာမှ မရှိတဲ့ အထဲမှာ ဘာမှ မရှိခဲ့ဖူးဘူး။
တံခါးပိတ်လိုက်လည်း ကိစ္စမရှိပါဘူး ... ငါက
ငါ့ လွတ်လပ်မှုနဲ့ ငါ ပွင့်လင်းပြီးသား
